ခေတ်အဆက်ဆက် ဒုက္ခများ

ရှေးကတော့ သတင်းစကားပါးချင်ရင် ဆက်သားလှတ်ပြီး အပို့ခိုင်းတယ်။ ဆက်သားလှတ်ရတာလည်း စိတ်ကပူရပန်ရ ကုန်းတစ်တန်ရေတစ်တန်နဲ့ ခရီးရက်ရှည်သွားမှ ပို့ချင်တဲ့ သတင်းရောက်ရတယ် ပို့တဲ့လူလည်းစိတ်မောရသလို မျော်တဲ့လူလည်းစိတ်ပင်ပန်း ပို့တဲ့လူလည်းပင်ပန်းရတယ် ဒီလို ဒုက္ခတွေကနေလွတ်ချင်ပြန်သတဲ့။
လူတွေပင်ပန်းလို့သနားလို့ဆိုပြီး ခိုလေးတွေကို ဘိန်းကွေးလှတ်ရပြန်တော့ အရင်ကထက်တော့မြန်တယ် သို့ပေမယ့် ဘိန်းစားခိုဆိုတော့ လမ်းမှာလည်းပျောက်လို့ပျောက် သေလိုသေနဲ့ မျော်ရပူရတဲ့ ဒုက္ခကပိုတက်လာပြန်တယ် ဒါမျိုးဒုက္ခများကလည်း လွတ်ကင်းလိုကျပြန်တယ်။
စာပို့သမားကြီး ကိုယ်တိုင်လာပို့တဲ့ခေတ် ရောက်ပြန်တော့လည်း စာတိုက်ကနေ စာရေးမ ခိုးဖတ်လို့ ရည်းစားစာ တစ်ရပ်လုံးသိကုန်တဲ့ဒုက္ခရယ် နိုင်ငံခြားကစာဆိုရင် ဘာမှလည်းမဆိုင်ပဲ မုန့်ဖိုးပေးပြီးရွေးရတဲ့ ဘဝမျိုးတွေကနေ ကင်းလွတ်ချင်ပြန်တယ်။
ဗမာလိုဘယ်လိုစိတ်ကူးပေါက်ပြီး နာမည်ပေးလိုက်မှန်းမသိတဲ့ လိပိဒီပိကာကျမ်း ထဲကဟာမျိုးတွေသုံးတဲ့ခေတ် ရောက်ပြန်တော့လည်း “သားမောင်ကျန်းမာသည် အဖေတို့ အမေတို့ ကျန်းမာရဲ့လား အဆောင်လခ အမြန်ပို့ပါ” ဒါမျိုး မြန်မြန်ရောက်ပြန်တော့လည်း “အိမ်း… အဖေတို့အမေတို့ နေကောင်းသည် ပေးထားတဲ့ငွေ အကုန်မြန်လှချည်လား” ဒါမျိုးတွေ ချက်ချင်းပြန်မဖြေနိုင်တဲ့ အဖြစ်များမှလည်း လွတ်ကင်းလိုကြပြန်တယ်။
အပြန်အလှန် စကားပြောနိုင်တဲ့ စကားပြောတယ်လီဖုန်း ခေတ်ရောက်ပြန်တော့လည်း ဖုန်းဆက်ချိန်အိမ်မှာ ငုတ်တုတ်မရှိခြင်း ဖုန်းပျက်သဖြင့် ရုံးကိုအကြောင်းကြားရခြင်းနှင့် လက်ဘက်ရည်ဖိုး ပေးရခြင်းများမှလည်း ကင်းဝေးလိုကြပြန်တယ်။
ပြေးရင်းလှားရင်းပြောလို့ရတဲ့ မိုဘိုင်းဖုန်းများ ရရှိပြန်တော့လည်း မဆက်စေချင်သူများ ပြန်မပြောချင်သောသူများ ညကြီးအချိန်မတော် ကိစ္စအရေးမကြီးပဲ ဖုန်းဆက်ခံရခြင်းများမှလည်း ကင်းဝေးချင်ကြပြန်တယ်။
အရေးကြီးစာများ ခရီးသွားရင် ဖတ်ရန်ဆိုပြီး အီးမေးဆိုသော အရာကိုဖုန်းပေါ် တင်လိုက်ပြန်တော့ အရေးမကြီးသော Spam များအားတိုင်းဝင်ခြင်းမှ လွတ်ကင်းလိုပြန်တယ်။
ခတ်အဆက်ဆက် ကြုံတွေခဲ့ရသော ဤမှန်ကန်သော ဒုက္ခများကြောင့် Messenger ဆိုသောအရာကို ဖုန်းပေါ်တင်ကြသောခေတ်တွင် ကျွန်တော်မျိုးအား အရေးမကြီးပဲ ခဏခဏလှမ်းခေါ်တတ်သော Chat ဒုက္ခများမှ ကင်းဝေးရပါလို၏။

4 thoughts on “ခေတ်အဆက်ဆက် ဒုက္ခများ

  1. ဧတေန သစ္စဝဇ္ဖေန ….. :)
    ဒါလည်းပဲ ပေါက်ကွဲမှုပဲလား….

  2. အဲဗျ
    း) အမှန်တွေကိုကင်းဝေးလိုနေပါလားဗျ
    း)

  3. ရန်ကုန်မှာတုန်းကဗျာ ဟိတ်ကောင် မင်းဒီနေရာလာခဲ့ ဘယ်အချိန်ဆို
    သူကော ကိုယ်ကော နာရီဝက်နောက်ကျသွားရင် စုံ တယ်။
    ဒီရောက်တော့ ဟိတ်ကောင် မင်းဒီနေရာလာ ဆိုရင် ၁၅ မိနစ်တစ်ခါလောက်
    မင်း ဘယ်နားရောက်ပြီလဲ ငါဒီနားရောက်ပြီ ကိုယ်ကိုယ်တိုင်ကလည်း ဒီလိုပဲ
    ငါ ကဒ်ဖုံးသုံးနေတာပဲ ဒီလိုမှ ဆက်မပေးရင် ဖုံးကဒ် ကုန်စရာမရှိဘူး တွေးသေးတာ။
    handphone မရှိရင် လောကကြီးမှာ ကိုယ့်လောက် လောကနဲ့
    အဆက်အသွယ် ပြတ်နေတဲ့လူ မရှိလောက်တော့ဘူး ထင်တတ်တာက တစ်မျိုး
    စိတ်အေးလက်အေး ဖုံးပိတ်နေရင် စိတ်ပူတတ်ကြတဲ့လူကလည်း များတော့ခက်သား
    (ဆိုင်တော့မဆိုင်ဘူး =D

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">