မေး။ ။ ဆရာကြီးအခု အလုပ်ထဲမှာ သံရွေးတဲ့နေရာတွေ မှာဆရာကြီးပါဝင်သလား။
ဖြေ။ ။ အဲဒါတွေလောက်တော့ တပည့်တွေခိုင်းရတာပေါ့ဗျာ။
မေး။ ။ ဒါဆိုရင်သံစပ်တဲ့နေရာမှာ ဆရာကြီးကိုယ်တိုင်ဝင်လုပ်တာပေါ့နော်။
ဖြေ။ ။ ဒါတွေလည်း ကျုပ်ပါစရာမလိုပါဘူး တပည့်တွေရှိနေတာပဲဟာ။
မေး။ ။ ဒါဆိုရင် တူထုတဲ့နေရာမှာ ဆရာကြီးကိုယ်တိုင်လုပ်ပါသလား။
ဖြေ။ ။ အောင်မယ်လေးမောင်ရယ် ကျုပ်အသက်ကြီးပါပြီ ဒီလောက်တော့ ကျုပ်ပါစရာမလိုပါဘူး တပည့်တွေခိုင်းပေါ့။
မေး။ ။ ဒါဆိုရင်အချောသတ်တော့ ဆရာကြီးလုပ်ပါသလား။
ဖြေ။ ။ ငါ့မှာ တပည့်အရင်းတွေရှိပါတယ် အဲဒါတွေကို သူတို့လုပ်တယ်လေ။
မေး။ ။ ဒါဆိုရင် နောက်ဆုံးဆေးသားတင်တော့ ဆရာကြီးကိုယ်တိုင်တင်တာပေါ့နော်။
ဖြေ။ ။ အမွေခံမည့် တပည့်တစ်ယောက်ရှိတယ် အဲဒါသူအတွေ့အကြုံရအောင် ခိုင်းလိုက်တာပေါ့။
မေး။ ။ ဒါဆိုရင်ဆရာကြီးက အလုပ်ထဲမှာ ဘယ်နေရာမှာအဓိကပါဝင်ပါသလဲ။
ဖြေ။ ။ အကုန်လုံးက တပည့်တွေခိုင်းဖြစ်တာပဲ ကျုပ်ကတော့ ဖိုဆွဲတာပေါ့ဗျာ။
ဟ ဟ.. အဲလိုဆရာကြီးတော့ ကျနော်လညး် လုပ်ချင်သပဗျာ…
ဟိုက် တော်လိုက်တဲ့ ဆရာကြီးပါလားဗျာ
း)
း) အင်းသူလဲဖိုဆွဲတော့ ဆွဲသားပဲ တော်သေးတာပေါ့
ဘာမှမလုပ်တာထက်စာရင်
း)
း)
ဟိဟိ..
ဒီကဆရာကြီးရော.. ဘာလုပ်နေသလဲဗျ..
ဟေ့ တို့ဆရာကြီး လူပျိုကြီးရော ဘာတွေလုပ်နေတုန်း
ဆောင်းဆောင်းကပြောတယ် ဖိတ်စာက တစ်ခြမ်းထဲဆို ရို်က်မပေးဘူးတဲ့
ခင်မင်စွာဖြင့်
သီဟသစ်
တို့ ဆရာကြီး လူပျို လှည့်နေတုန်းဟ..:P
ဆရာကြီးပါဆိုမှ..
ဘာမှမလုပ်ရလို့ ဆရာကြီးဖြစ်နေတာပေ့ါ.. း)
ဆရာကြီးပါဆိုမှ..
ဘာမှမလုပ်ရလို့ ဆရာကြီးဖြစ်နေတာပေ့ါ.. း)