အရွေးမှန်ခဲ့ကြပါစေ

တစ်ခါတစ်ရံတော့ အထင်နဲ့အမြင်နဲ့လွဲတတ်တယ် အချိန်တွေကုန်လွန်သွားတော့မှ အမှန်ကိုမြင်မိတာလဲရှိတယ်။ အတတ်ပညာတစ်ခုတတ်ဖို့ ဖြတ်လမ်းမရှိပါဘူး အရင်းအနှီးများပါတယ် အချိန်တွေ ငွေတွေ ကြိုးစားမှု့တွေ အများကြီးရင်းရတာပါ။ အတတ်ပညာတစ်ခုကို အတိုင်းအတာတစ်ခုအထိ တတ်မြောက်တယ်လို့ ပြောလို့ရတဲ့လူတစ်ယောက်ကို မေးမြန်းလို့ ပြန်ဖြေလိုက်တဲ့အဖြေဟာ ကိုယ်နားမလည်တာ တစ်ခုနဲ့တော့ လျိုတယ်လို့ပြောရင် မှားတတ်ပါတယ်။ တစ်ကယ်က အတတ်ပညာတစ်ခုမှာ လျို့ဝှက်ချက်ဆိုတာမှ မရှိတာပဲ တတ်ကွမ်းအောင် အမျိုးမျိုးကြိုးစားခဲ့ပြီးမှ တတ်မြောက်ခဲ့တာပဲ လျို့ဝှက်ချက်ကို လက်ဆင့်ကမ်းလို့ တတ်မြောက်တယ်ဆိုတာ မရှိပါဘူးလေ။ သင်တယ်ဆိုတာကလည်း အတိုင်းအတာတစ်ခုအထိ အခြေခံရှိမှအဆင့်ဆင့်သင်လို့ရပါတယ်။
ညီအစ်ကိုလိုဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိလို့ ကျောင်းတုံးကသူငယ်ချင်း တစ်ယောက်နဲ့ အွန်လိုင်းမှာပြန်ဆုံကြောင်းနဲ့ ဂုဏ်ထူးတန်းမှာ UML နားလည်အောင်ရှင်းမပြပဲ လျိုထားလို့ဒေါသထွက်ကြောင်း ရန်တွေ့ခံရတယ်လို့ ပြောပြပါတယ်။ တစ်ကယ်က အခြေခံမရှိလို့မလိုက်နိုင်တာကို နားမလည်အောင်ရှင်းတယ် ထင်တာပါ။ အတန်းကြီးလာတာနဲ့အမျ ပရိုဂရမ်းမင်း မတတ်ရင်စာတွေက အလွယ်ပြောရရင် ကကြီးခခွေးမတတ်ပဲ ကဗျာစပ်သင်သလိုဖြစ်နေတာပါ။ တစ်ကယ်က Relation တွေဆိုတာက ဘယ်ဘက်ကဘာဆိုတာ ရှင်းစရာမှမလိုတာပဲ OOP သိတဲ့လူက ဘယ်ဘက်မှာ Variable ဘယ်နှစ်လုံးကြေငြာတယ်ဆိုတာပ UML ပုံကိုကြည့်ပြီး မျက်စေ့ထဲမြင်လိုက်တာပါ။ ဒီတော့ပုံကိုဘယ်လိုဆွဲပဲ သင်ပေးလို့ရတယ် နားလည်ဖို့ကတော့ အရင်ကတည်းက အတိုင်းအတာတစ်ခုအထိ ရှိနေခဲ့ရမှာကိုး ဘယ်သူကအမြဲတမ်း ကကြီးကနေ အအထိပြောပြချိန်မရှိပါဘူး။
နောက်ပြီးတော့ဆရာမလိုဘူးလို့ မပြောပါဘူး ရှိတာကကောင်းပါတယ်။ ဒါပေမယ့်သိထားဖို့က ဒီဆရာဘယ်လိုသင်သင် ကိုယ်က တစ်ဝက်ရဖို့တောင်မလွယ်ပါ ဒါကသင်ကြားခြင်းနဲ့ သင်ယူသူကြားမှာ အမြဲဖြစ်နေတဲ့အကြောင်းပါ။ ဆရာလိုတတ်ချင်ရင် ဆရာကိုသင်ခိုင်းလို့မဖြစ်ဘူး ဆရာသင်ယူခဲ့သလို သင်ယူမှသာဖြစ်နိုင်ပါတယ်။ ဆရာတစ်ယောက်က သင်ပေးတာကောင်းရင် တပည့်တွေသဘောကျတယ် နာမည်ကြီးပါတယ် ဒါပေမယ့် တတ်သမျသိသမျကို အိတ်သွန်ဖာမှောက် အာပေါက်အောင်သင်ပါစေ ဒါပေမယ့်တပည့်တွေကို အကုန်သင်မပေးပဲ လျိုထားတယ်လို့ပြောလို့ရပါတယ်။ အဲဒီ့လိုဆရာမျိုးမှာ တပည့်ပေါပေမယ့် ထူးခွန်တဲ့တပည့်နည်းပါတယ်။ တစ်ကယ်တတ်စေချင်တဲ စေတနာရှိရင် အခြေခံလောက်တတ်ရင် ဆက်သင်စရာမလိုပါဘူး။ ကိုယ့်လမ်းကိုယ်သွားနိုင်အောင် ဆရာလျောက်ခဲ့တဲ့လမ်းကို တပည့်ကိုလှတ်နိုင်ရမယ်။ ဒီလိုဆရာမျိုးမှာတော့ တပည့်နည်းတတ်ပါတယ် နည်းတာမဟုတ်ပါဘူးလေ တပည်ကကြာကြာမနေနိုင်တာပါ။ ဒါပေမယ့် ကျန်တဲ့တပည့်တွေမှာ ထူးခွန်တဲ့တပည့်များပါတယ်။ ဒါ့ကြောင့် ညီငယ်ညီမငယ်များ မူကြိုဆရာများ၏လက်မှ လွတ်ကင်း၍ အင်မတန်ခိုင်းသော ဆရာများ၏ထံတွင် ကြာရှည်စွာနေနိုင်ကြပါစေ ဆရာအရွေးမှန်ခဲ့ကြပါစေ။

9 thoughts on “အရွေးမှန်ခဲ့ကြပါစေ

  1. ဆရာကောင်းရဖို့မလွယ်ဖူး တကယ့်တတ်ပြီး တကယ့်စေတနာနဲ့သင်ပေးမယ့်
    ဆရာမျိုး ရှားပါးလာပြီထင်တယ် ဒါပေမယ့်လဲ သင်ဆရာမြင်ဆရာကြားဆရာ
    အားလုံးက ဆရာတွေပါပဲဗျာ

  2. ဟေ့လူကြီး ချောက်မတွန်းနဲ့ စာလာလာသင်ခိုင်းနေလို့ သင်တော့မပေးနိုင်ဘူး ခိုင်းတော့ခိုင်းပေးနိုင်တယ်လို့ ကြေငြာတဲ့အနေနဲ့ရေးထားတာ။ :P

  3. အစ်ကိုကြီး ကျွန်တော့်ကိုလေ OOP လေး ပြန်သင်ပေးပါလား။ weekend တွေမှာ လာသင်မယ်လေ။ :D

  4. မှန်မှန်လာနိုင်ရင် သင်ပေးမယ် တစ်ပါတ်ကို နှစ်ရက် တစ်ရက်တစ်ခန်း တစ်ပါတ်စာကအိမ်စာပဲ :P

  5. အင်း… ကျနော် သိပ်မပြောတတ်ပါဘူး….. အခြေခံကျမး်ကျင်ဖို့တော့ ဆရာတွေအနေနဲ့ အုပ်မြစ်ချပေးဖို့လိုတယ်လို့ မြင်တာပေါ့နော်….

  6. ပေးတဲ့လူကပေးပေမယ့် ယူတဲ့လူကယူတတ်မှရတာပါဗျာ…

  7. ဆယ်တန်းတုန်းက guide လုပ်ပေးတဲ့ မမတွေကို လွမ်းပါတယ် =D
    ဆိုင်တော့လည်း မဆိုင်ဘူး

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">