ဘယ်လောက်ကြာကြာခံမလဲမသိ

ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်နှစ်ဝက်စာမေးပွဲပြီးလောက်က စပြီးတော့ ဆရာတစ်ယောက်ဆီမှာ Database သင်တန်းတက်ဖြစ်တယ် ကျွန်တော်ကအပြင်သင်တန်း တက်ခဲပါတယ် ကိုယ့်ဟာကိုယ်ပဲ စာဖတ်တာ များပါတယ် ကျွန်တော်နားလည်တဲ့ Programming Language တွေဟာ တစ်ခါမှသင်တန်းမတက်ပဲ ကိုယ်တိုင်ပဲလေ့လာထားတာပါ။ အဲဒီ့ဆရာကတော့ ကျွန်တော့််အတွက် အင်မတန် ကျေးဇူးကြီးပါတယ် Software Development, Database Management အတွေ့အကြုံတွေက ဆရာ့ဆီမှာလုပ်ရင်း ရခဲ့တယ်လို့ပြောလို့ရပါတယ်။ ကျွန်တော်က Academic သမားဖြစ်ပေမယ့် Business Software Development ကိုလုပ်နိုင်ခဲ့တာက ဆရာ့ကြောင့်ပါ။
ဆရာနဲ့နေခဲ့စဥ်က မီးလောင်သွားတဲ့ MICT တောင်မရှိသေးပါဘူး အစကတော့ သင်တန်းကဆရာအိမ်မှာပဲဖွင့်တယ် နောက်တော့ လမ်း ၈ဝ ဖားသားလဖုန်းဘေးက Resource Centre မှာစုပြီးဖွင့်တော့ အဲဒီ့ကိုပြောင်းကြပြန်တယ်။ Mandalay MCSA မှာလည်း ဘာတွေဖြစ်တယ်မသိဘူး ကွန်ပျူတာတက္ကသိုလ်က ဆရာဆရာမတွေအကုန်လုံး နှုတ်ထွက်လိုက်တယ် အသင်းဝင်လည်းသိပ်မရှိပါဘူး။ MCSA ဆိုတာ အခုတော့ MCPA လို့နာမည်ပြောင်းထားတာကြာပါပြီ Academic ကလူတွေထွက်ကုန်လို့ Scientist နာမည်ခံလို့မကောင်းလို့ Professional လို့ပြောင်းတယ်ထင်ပါတယ်။ အသင်းမှာ ဆွဲဆောင်မှု့ရှိအောင် အပတ်စဥ် ဆွေးနွေးပွဲလေးတွေ လုပ်မယ်ဆိုပြီး ဆရာကအကြံပေးတယ် အဲဒီ့အချိန်က ဆရာ့အမျိုးသမီးက MCSA အတွင်းရေးမှူးတာဝန်ယူထားချိန် ထင်ပါတယ် သိပ်မသေချာတော့ဘူး။ အသင်းအနေနဲ့ မလုပ်နိုင်ခင်မှာ အစမ်းအနေနဲ့ သင်တန်းမှာပဲမင်းတို့ အပတ်စဥ်စနေနေ့တိုင်း ခေါင်းစဥ်တစ်ခုစီနဲ့ ဆွေးနွေးကြဆိုပြီး ခိုင်းလိုလုပ်ကြပါတယ်။
ကျွန်တော်အပါအဝင် ငပွကြီး ၃ ယောက်တစ်လှည့်စီပြောမယ်ပေါ့ လူစုကြတယ်။ ပထမဆုံးတစ်ပါတ်မှာ ပွကြီး ၃ ယောက်ထဲက သူငယ်ချင်းတစ်ယောက်က ဦးဆောင်ဆွေးနွေးပါတယ်။ လာတဲ့လူလည်းများတယ် ကျောင်းသားတွေပဲဆိုတော့ အချင်းချင်းဆိုတော့ ကြောက်တယ်ဘာတယ်လည်း မရှိဘူးလေ။ ငြင်းလိုက်ခုန်တဲ့အချိန်ကျတော့ ပွကြီး ၃ ယောက်ပဲ ရန်ဖြစ်မတတ်ချကြပြန်ရော ကျန်တဲ့လူတွေကတော့ ငုတ်တုတ်ပဲ။ နောက်တစ်ပါတ် နောက်ထပ် တစ်ယောက်အလှည့်ကျတော့လည်း ဒီလိုပဲ ငြင်းကြခုန်ကြပေါ့ ဆရာလာကြည့်ပြီး သဘောကျနေတယ်။ တတိယပါတ်မှာ ငပွကြီးကျွန်တော်ပေါ့ အရင်လိုပဲမကြေပွဲနှဲ လာနားထောင်တဲ့ လူတွေကလည်း များလာတယ်ခင်ဗျ။ နောက်တစ်ပါတ်အတွက် လူမရှိတော့ လာတဲ့လူတွေထဲက ခင်ဗျားတို့ထဲက တစ်ယောက်နောက်တစ်ပါတ် တာဝန်ယူဆိုတော့ ဟိုလူ့လက်ညှိုးထိုး သည့်လူ့လက်ညှိုးထိုးနဲ့ တစ်ယောက်တာဝန်ချလိုက်ပါရော။ စတုတ္ထမြောက်နေ့လည်းရောက်ရော ဘုရားစူးမိုးကြိုးပစ် လာတဲ့လူက ပွကြီး ၃ ယောက်ရယ် နောက်ထပ် ၂ ယောက်ရယ်ပဲ ရောက်လာတယ် ပြောမယ့်လူလည်းမလာဘူး ကျန်တဲ့လူတွေလည်း ပြောခိုင်းမှာစိုးလို့လားမသိ အကုန်ပြေးကုန်ကြပါရောဗျာ။ ဒါနဲ့ပဲ ဆွေးနွေးပွဲ ၃ ပါတ်နဲ့ ပျက်ကရောပဲ။
တစ်ကယ်ဆိုရင် အင်မတန်ကောင်းပါတယ် ကျွန်တော်ပြောခဲ့တုန်းက ဒုတိယနှစ်ကျောင်းသားအရွယ် Normalization ပြောရမယ်ဆိုပြီး ခေါင်းစဥ်ကျတယ်။ သီအိုရီကို လူအများနားလည်အောင် ပြောရမယ်ဆိုတော့ CJ Date ကိုတစ်ပါတ်လုံး အခန်းနှစ်ခန်း ဖင်ပြန်ခေါင်းပြန်ဖတ်ရတာပါ အခုအရွယ်မှာ အဲဒီ့စာတွေက လွယ်ပေမယ့် ငယ်တဲ့အချိန်တုံးကတော့ ခက်သလိုပင်ပန်းပါတယ်။ သူငယ်ချင်း နှစ်ယောက်ကလည်း ကိုယ်ဖတ်လို့သူတို့ မဖတ်လို့မရပါဘူး မဖတ်ရင်မမေးတတ်တော့ သူတို့လည်းအသည်းအသန်ဖတ်ရတာပါ။ သူတို့အလှည့်လည်း ကိုယ်ကငြိမ်နေလို့မရပဲ ဖတ်ရပြန်ပါတယ်။ အခုလည်းအမှတ်မရှိ ဖိုရမ်မှာ အွန်လိုင်းဆွေးနွေးပွဲ အပါတ်စဥ်လုပ်မယ်လို့ အစပျိုးမိပြန်ပါပြီ အရင်လိုပဲ ၁ ပါတ်လား ၂ ပါတ်လား မပြောတတ်ဘူး။ ဘာပဲဖြစ်ဖြစ် ရသလောက်တော့ လုပ်
ပေးကြည့်ဦးမယ် ကိုယ်အတွက်ကတော့ ဘာမှသိပ်မထူးပါဘူး စိတ်ဝင်စားတဲ့လူများရှိရင် စာလေးကြိုးစားဖတ်ကြလို့ အကျိုးလေးနည်းနည်းရှိသွားကြရင် တော်ပါပြီလို့ပဲမှန်းပါတယ်။

6 thoughts on “ဘယ်လောက်ကြာကြာခံမလဲမသိ

  1. ဟိတ်လူကြီး MZ မှာ လဲ normaliztion ပြောမယ်ဆိုပြီး ပျောက်သွားဖူးတယ် :)

  2. အဟဲ ဖတ်တော့ဖတ်တယ်ဗျာ ဒါပေမယ့် ကျွန်တော် ဘာမှနားလည်ဖူးလေ
    ဟီး တခြားပို့စ်ပဲဖတ်တော့မယ်

  3. သူများတွေ ကျောင်းအကြောင်းရေးရင် ကိုယ်တို့လည်း ရေးချင်တယ်.. ဒါပေမယ့် ရေးစရာ သိပ်မရှိဘူးရယ်…. :)

  4. ဒါမျိုးဖြစ်မယ် မြင်သား…
    ကျနော် တက္ကသိုလ် ၃ လပဲ သွားတတ်ဖူးတယ်
    နည်းပညာတက္ကသိုလ်ပေါ့… အင်း အထက်တန်းနဲ့ သိပ်မကွာသလိုပါပဲ
    အခြေအနေတွေ မတူတော့ ကိုလူပျိုတို့အချိန်ကို ဝတ္ထုတွေ အဲတုန်းကလူတွေ
    ရေးတာလောက်ဖတ်တာကလွဲရင် မြင်ယောင်ကြည့်ပေးရခက်တယ်

  5. အင်း.. ကျွန်တော်လည်းအဲလို Discussion လေးတွေမှာဝင်နှဲဘူးတယ်ဗျ.. ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားတာများတယ်.. အခုဖိုရမ်လေးတော့ တာရှည်ခံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ…

  6. သူများတွေ ကျောင်းအကြောင်းရေးရင် ကိုယ်တို့လည်း ရေးချင်တယ်.. ဒါပေမယ့် ရေးစရာ သိပ်မရှိဘူးရယ်…. :)

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">