ခေတ်အဆက်ဆက် ဒုက္ခများ

ရှေးကတော့ သတင်းစကားပါးချင်ရင် ဆက်သားလှတ်ပြီး အပို့ခိုင်းတယ်။ ဆက်သားလှတ်ရတာလည်း စိတ်ကပူရပန်ရ ကုန်းတစ်တန်ရေတစ်တန်နဲ့ ခရီးရက်ရှည်သွားမှ ပို့ချင်တဲ့ သတင်းရောက်ရတယ် ပို့တဲ့လူလည်းစိတ်မောရသလို မျော်တဲ့လူလည်းစိတ်ပင်ပန်း ပို့တဲ့လူလည်းပင်ပန်းရတယ် ဒီလို ဒုက္ခတွေကနေလွတ်ချင်ပြန်သတဲ့။
လူတွေပင်ပန်းလို့သနားလို့ဆိုပြီး ခိုလေးတွေကို ဘိန်းကွေးလှတ်ရပြန်တော့ အရင်ကထက်တော့မြန်တယ် သို့ပေမယ့် ဘိန်းစားခိုဆိုတော့ လမ်းမှာလည်းပျောက်လို့ပျောက် သေလိုသေနဲ့ မျော်ရပူရတဲ့ ဒုက္ခကပိုတက်လာပြန်တယ် ဒါမျိုးဒုက္ခများကလည်း လွတ်ကင်းလိုကျပြန်တယ်။
စာပို့သမားကြီး ကိုယ်တိုင်လာပို့တဲ့ခေတ် ရောက်ပြန်တော့လည်း စာတိုက်ကနေ စာရေးမ ခိုးဖတ်လို့ ရည်းစားစာ တစ်ရပ်လုံးသိကုန်တဲ့ဒုက္ခရယ် နိုင်ငံခြားကစာဆိုရင် ဘာမှလည်းမဆိုင်ပဲ မုန့်ဖိုးပေးပြီးရွေးရတဲ့ ဘဝမျိုးတွေကနေ ကင်းလွတ်ချင်ပြန်တယ်။
ဗမာလိုဘယ်လိုစိတ်ကူးပေါက်ပြီး နာမည်ပေးလိုက်မှန်းမသိတဲ့ လိပိဒီပိကာကျမ်း ထဲကဟာမျိုးတွေသုံးတဲ့ခေတ် ရောက်ပြန်တော့လည်း “သားမောင်ကျန်းမာသည် အဖေတို့ အမေတို့ ကျန်းမာရဲ့လား အဆောင်လခ အမြန်ပို့ပါ” ဒါမျိုး မြန်မြန်ရောက်ပြန်တော့လည်း “အိမ်း… အဖေတို့အမေတို့ နေကောင်းသည် ပေးထားတဲ့ငွေ အကုန်မြန်လှချည်လား” ဒါမျိုးတွေ ချက်ချင်းပြန်မဖြေနိုင်တဲ့ အဖြစ်များမှလည်း လွတ်ကင်းလိုကြပြန်တယ်။
အပြန်အလှန် စကားပြောနိုင်တဲ့ စကားပြောတယ်လီဖုန်း ခေတ်ရောက်ပြန်တော့လည်း ဖုန်းဆက်ချိန်အိမ်မှာ ငုတ်တုတ်မရှိခြင်း ဖုန်းပျက်သဖြင့် ရုံးကိုအကြောင်းကြားရခြင်းနှင့် လက်ဘက်ရည်ဖိုး ပေးရခြင်းများမှလည်း ကင်းဝေးလိုကြပြန်တယ်။
ပြေးရင်းလှားရင်းပြောလို့ရတဲ့ မိုဘိုင်းဖုန်းများ ရရှိပြန်တော့လည်း မဆက်စေချင်သူများ ပြန်မပြောချင်သောသူများ ညကြီးအချိန်မတော် ကိစ္စအရေးမကြီးပဲ ဖုန်းဆက်ခံရခြင်းများမှလည်း ကင်းဝေးချင်ကြပြန်တယ်။
အရေးကြီးစာများ ခရီးသွားရင် ဖတ်ရန်ဆိုပြီး အီးမေးဆိုသော အရာကိုဖုန်းပေါ် တင်လိုက်ပြန်တော့ အရေးမကြီးသော Spam များအားတိုင်းဝင်ခြင်းမှ လွတ်ကင်းလိုပြန်တယ်။
ခတ်အဆက်ဆက် ကြုံတွေခဲ့ရသော ဤမှန်ကန်သော ဒုက္ခများကြောင့် Messenger ဆိုသောအရာကို ဖုန်းပေါ်တင်ကြသောခေတ်တွင် ကျွန်တော်မျိုးအား အရေးမကြီးပဲ ခဏခဏလှမ်းခေါ်တတ်သော Chat ဒုက္ခများမှ ကင်းဝေးရပါလို၏။

စုပေါင်းစာကျက်ခြင်းသည်းခံပါ

စာကျက်စာကျက်နဲ့ ငယ်ကတည်းက လူကြီးတွေပြောလာတာ ငယ်တုံးကတော့ နားထောင်ပါတယ် ဒါပေမယ့် ဆယ်တန်းအောင်ကတည်းက ဘယ်တော့မှစာမကျက်တော့ပါဘူး။ တက္ကသိုလ်တစ်လျောက်လုံး စာမကျက်ပါဘူး သူများတွေက ကျက်စာကျက်စာနဲ့ပြောတယ် ကိုယ့်အတွက်တော့ ဘယ်ဟာမှကျက်စာမဟုတ်ဘူး ဖတ်ပဲဖတ်တယ် ပြီးရင်မေးလာရင် အဆင်ပြေသလိုချရေးပေးလိုက်တယ်။ သူများတွေကလည်း စာရှင်းပြပါ စာရှင်းပြပါနဲ့ပြောတတ်တယ် နားလည်ချင်လို့ဆိုရင် ဘယ်လိုရှင်းရှင်းရပါ စာမေးပွဲဖြေနိုင်ချင်လို့ဆိုတော့ ခက်တာကကိုယ်ကလည်း ဘယ်လိုဖြေနိုင်အောင် ရှင်းပြရမှန်းမသိ။
အခုလည်း အတန်းထဲကအစ်မကြီးများက မနက်ဖြန်စာစုကျက်ရအောင် လာခဲ့ပါဦးတဲ့။ ခက်တာက သူတို့က စာရနေတယ်လို့ ထင်တယ် ကိုယ်လည်း စာကဖတ်နေဆဲ။ နောက်ပြဿနာက ကိုယ်ကလည်း စာဖတ်ရင် တစ်ယောက်တည်းပဲ ဖတ်တတ်တယ်။ ကျောင်းမှာ အတန်းတွေလည်း အတူတူတက်လာတာ နှစ်တွေလည်းကြာပါပြီ ကိုယ့်အကြောင်းလည်း သူတို့ကအခုထက်ထိမသိ။ ကိုယ်ကဖြင့် မနက်ဖြန် စာမေးပွဲဆိုတောင် ဒီနေ့ညသန်းခေါင်အထိ စာကိုဖတ်လို့ပြီးသေးတာမဟုတ်။ ဒီလိုပဲမပြီးသေးလည်း စာမေးပွဲသွားဖြေတာ အထဲရောက်မှ ဖတ်ဖူးသမျ လုပ်ဖူးသမျစာတွေ အလုပ်မှာကြုံဖူးတာတွေနဲ့ စုပေါင်းပြီး အသားကုန်ညှစ်ထုတ်ရတာ စာမရလို့ လျောက်ရေးတာမျိုးမဟုတ်ဘူး မေးထားတာနဲ့ ဆက်စပ်ပြီးရေးပေးလိုက်တာ။ စာမေးပွဲအခန်းထဲမှမဟုတ်ရင် အဲဒီလောက်စာက ဘယ်လိုရေးရေး မထွက်လာဘူးရယ်။ မဟုတ်ရင်ပြောကြဦးမယ် စာရှင်းမပြချင်ဘူး ဖြစ်ကြဦးမယ် ခက်တာက ကိုယ့်လိုလျောက်ရေးတတ်ဖို့က သင်ပေးလို့မှမရတာ။ စာတွေလည်းဖတ်ဖို့ အများကြီးကျန်သေးတယ် မနက်ဖြန်တော့ မတတ်နိုင်ဘူး ထင်ချင်ရာသာထင် မလာဘူးလို့ အပြတ်ပြောလိုက်ပြီးသားပဲ။

မြို့မရယ် ဒါးတန်းရယ် ကသစ်ပန်းရယ်

ဒါးတန်းဆိုရင် မျက်စေ့ထဲမြင်မိကြတာက ဘိလပ်ရည် ဒါးတန်းဘိလပ်ရည်ဆိုတာ အရင်ကတော့ ဒါပဲရှိတာကိုးဗျ။ အခုခေတ်လို အချိုရည်အမျိုးစုံမှ မပေါ်သေးတော့ ဒါးတန်းက ဘိလပ်ရည်ပဲ မန်းလေးသားများ သောက်ရတာပါပဲ။ ငယ်ငယ်ကတော့ ဝယ်သောက်ပါတယ် ကရင်ဆော်ဒါဆိုတာကို ဘိုလိုများ ဂရင်းဆိုဒါ လို့သွားပြီးမပြောနဲ့ မရှိဘူးပြောလှတ်လိမ့်မယ်။ ဒါးတန်းကို လူသိများတာက ဘိလပ်ရည်ရယ် နောက်တစ်ခုကတော့ မြို့မအသင်းရယ်။ မြို့မသင်းကို စတင်တည်ထောင်တုံးက အမာခံကြီးတစ်ယောက်က ဒါးတန်းဦးသန့်။ ဒီ့အပြင် နောက်ပိုင်းလူတွေ ပိုသိတာက ဒါးတန်းသူခင်ခင်ထား ဒါကတော့ သင်္ကြန်မိုးထဲက မင်းသမီးခင်သန်းနု သရုပ်ဆောင်ခဲ့တာကိုး။ ရုပ်ရှင်ထဲတော့ ခင်ခင်ထားက ဒါးတန်းထဲမှာနေတာပေါ့ လာရိုက်တော့ နေတဲ့အိမ်ကပွဲကုန်းလမ်းမတန်းမှာ။ ဦးသန့်ပြီးတော့ မြို့မနဲ့တွဲလျက် လူတိုင်းသိတာက မြို့မငြိမ်း။ မြို့မငြိမ်းဆိုလို့ အခုပဲ Youtube ကနေ ကသစ်ပန်းကို ပြန်ပြီးနားထောင်ဖြစ်လို့ ဒါးတန်းကိုသတိရလို့ရေးထားတာပါ။ ဒီလောက်စာလုံးပေါင်းခက်တဲ့ သီချင်းကို မြို့မငြိမ်း ဘယ်လိုများစဥ်းစားရေးပါလိမ့်။ ကိုအ့ကြီးကလည်း ပြီပြီသသဆိုလို့ တော်သေးတာပေါ့ ဒါတောင်စာသားကို မနည်းစာလုံပေါင်းမှန်အောင်ရိုက်ရတယ် ဒါတောင်တစ်ချို့စကားလုံးတွေ မသေချာဘူး မှားနိုင်တယ်။ ဒီလိုပဲ မအားတဲ့ကြားက ဆားချက်လိုက်တယ်။ ဆောင်းတွင်းကြီး ကသစ်ပန်းလို့ ပြောချင်လည်းပြောသွား ဒို့ဆီတော့ အခုမိုးရာသီပဲ ကြည့်ရတာ အသူရိန်နဲ့ သိကြားတွေလည်း တစ်နိုင်ငံချင်းစီလှည့်ပြီး မိုးရွာတာရှာပြီး အမြဲစစ်ခင်းနေတယ်ထင်ပါတယ်။

နတ်စည်ငယ်လေ ပုဇွန့်လက်ရိုး အာလမ္ဗဒါ ကျော့ကွန်းသံဝါ ဆော်ရွမ်းညံစာစာ တိမ်ယံအာကာ နီလာပြင်ဆိုင်း သင်တိုင်းခြုံလှာ အုံ့မှိုင်းညိုပြာ မိုးထက်ကဲဝဠာ ကိုးချက်နယ်မှာ တိမ်ခိုးယှက် မိုးသည်းကလေးတွေဖြာ

ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင့်မိုရ်ထက်ကိုတက်လို့ စစ်ဖက်တဲ့အခါ အုံ့ကာလေတစ်ဖွဲဖွဲ ရွာလေတစ်သဲသဲ

(လွဲခဲ့ကြရရှာ နတ်တို့နတ်ရွာ ဝတိံသာ အသူရိန်တွေဟာ ဘုံသာဝေယံနန်းမြင့် ကသစ်ပန်းပွင့်ရတုဖြာ သဘင်ပွဲအပြုမှာ) ၂

သြော် သခွတ်ဖြူစွာ အပွင့်ကိုသာမြင်တော့မှ ဝတိံတွင်မဟုတ်ပါလား ဟရို့ရဲ့ သေနင်ဗျူဟာ နတ်အသူရာမင်းငဲ့လေး စစ်ခင်လုမယ်လာ ရှေးရှု့ဝတိံသာ

ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင့်မိုရ်ထက်သို့တက်လို့ စစ်ဖက်တဲ့အခါ အုံ့ကာလေတစ်ဖွဲဖွဲ ရွာလေတစ်သဲသဲ

အာလိန်ငါးဆင့် နဂါးနှင့် ဂဠုန်ရံ ဂုမာ္ဘန်ယက္ခ စတုမဟာရာဇာ မခံနိုင်ကြလို့သိကြားထွက်တဲ့အခါ တွက်ရေတစ်သိန်းခြောက်သောင်း ရှစ်ထာင့်ယူဇနာ ဝရဇိန်လှတ်ကာ မြင်းမိုရ်ကိုပင် သူခွင်းခြင်းထွင်းလို့ဖောက်နိုင်တာ နတ်မြင်းတစ်ထောင်ကတဲ့ ရထားဝေဇယန္တာ ရန်ဖန်မာန်တင်းသားက ဆင်တော်သုမိတ္တာ ရဲတံခွန်လှားသုံးဆယ်သုံးပါး သိကြားနှယ်ပါ နေလနတ်သားလေးပါး စစ်အင်္ဂါ ပင်လုံးကွတ်သခွပ်ပွင့်ချိန်အခါ

ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင့်မိုရ်ထက်သို့တက်လို့ စစ်ဖက်တဲ့အခါ အုံ့ကာလေတစ်ဖွဲဖွဲ ရွာလေတစ်သဲသဲ

(နှစ်တိုင်းပင် သခွပ်ပွင့်ချိန်မှာ သိကြားနဲ့အသူရာ သမက်နဲ့ယောက္ခမ ဘောက်ကျလို့လည်း အားမရနိုင်ရှာ) ၂

ဒါကိုအားမကျဖို့ မယားအလှတောင်းပန်မှာ ယောက္ခမဆိုတာ တည့်အောင်ပေါင်း ကျောင်းကိုပို့ ဥပုသ်ရက်ရှည်စောင့်ခိုင်းမှာ

(ဝေဆာ သခွ