ဆန်းစစ်သင့်တယ်

ဝံသာနုတဲ့ အမျိုး၊ ဘာသာ၊ သာသနာ တဲ့ အင်မတန်ကြားလို့ ကောင်းတဲ့စကားလုံးတွေပဲ။ မမှန်တဲ့ ဖွင့်ဆိုချက်တွေနဲ့ လူ့လွတ်လပ်ခွင့်တွေကို နှစ်ပေါင်းများစွာ ဖုံးကွယ်ထားသလိုခံစားရတယ်။ ဒီအရာတွေရဲ့အောက်မှာ ဘယ်လိုတည်ဆောက်တည်ဆောက် လူ့အခွင့်အရေးမရှိလာနိုင်ပါဘူး။ လူ့အခွင့်အရေးလို့ ပြောနေတဲ့လူတွေလည်း ငါဘယ်လိုများ လူ့အခွင့်အရေး ချိုးဖောက်နေသလဲလို့ ဆန်းစစ်သင့်တယ် အဝေးကိုကြည့်စရာမလိုပါဘူး လက်တစ်ကမ်းမှာပဲ ကြည့်လို့ရပါတယ်။။

လူတစ်ယောက်ဟာ အမျိုးဆိုတာက ရွေးချယ်ခွင့်မရှိခဲ့ပါဘူး မွေးဖွားချင်တဲ့ အမျိုးမှာပဲမွေးဖွားလာခဲ့တာပါ။ ဒါပေမယ့် အမျိုးအနွယ်အတွက် မွေးဖွားလာတယ်လို့ မယူဆသင့်ဘူး။ အမျိုးအနွယ်အတွက် သူ့အနေနဲ့ စောင့်ရှောက်ဖို့ တာဝန်ယူဖို့မယူဖို့က လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်သာဖြစ်တယ် မည်သူမှဆွဲထားပိုင်ခွင့်မရှိဘူး။ သူ့အသိစိတ်နဲ့သူ လုပ်ဆောင်ဖို့သာ အကြံပေးရုံပဲ တတ်နိုင်ပါတယ်။ ကိုယ်ကရှမ်းဖြစ်နေလို့ သားသမီးကို ဗမာနဲ့သဘောမတူနိုင်ဘူးလား တရုတ်ဖြစ်နေလို့ ကရင်နဲ့ သဘောမတူနိုင်ဘူးလား။ ဒါဟာလူ့အခွင့်အရေးကို ပေါ်တင်ချိုးဖောက်တာပဲ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို အတင်းအဓမ္မ ကန့်သတ်တာပဲ။ အရွယ်ရောက်ပြီး လူတစ်ယောက်ကို မည်သူကမှ ကန့်သတ်ပိုင်ခွင့်မရှိဘူး။ မဖြစ်စေချင်ရင် အကျိုးအကြောင်း သင့်လျော်အောင်ပြောပြီး သူ့အသိစိတ်နဲ့သူ ဆုံးဖြတ်စေဖို့သာရှိတယ်။

ဘာသာဆိုတာကလည်း လူတစ်ယောက်ရဲ့ လွတ်လပ်စွာ ယုံကြည်ခွင့်ပဲ လွတ်လပ်စွာရွေးချယ်ခွင့်ရှိရမယ်။ ဘာသာကို လူမျိုးတစ်မျိုးက အပိုင်စီးပြီးမမြင်သင့်ဘူး ဥပမာပြောရရင် ဗမာလူမျိုးနဲ့ ဗုဒ္ဓဘာသာကို တွဲမမြင်ပါနဲ့။ ဗမာလူမျိုးလည်း ခရစ်ယာန်ဖြစ်ခွင့်ရှိတယ် အစ္စလာန်ဖြစ်ခွင့်ရှိတယ် ဟင်ဒီဖြစ်ခွင့်ရှိတယ် ဂျိမ်းဘာသာဝင်ဖြစ်ခွင့်ရှိတယ်။ မိမိယုံကြည်ရာကို ယုံကြည်ကိုးကွယ်ခွင့်ရှိတာပဲ။ မိဘရဲ့ဘာသာကို အတင်းဆက်ခံစေတာ တရားနည်းလမ်းမကျဘူး။ မိဘက ဗုဒ္ဓဘာသာဖြစ်ပြီး သားသမီးက ခရစ်ယာန်ဖြစ်ချင်ရင် သားသမီးရဲ့ လွတ်လပ်ပိုင်ခွင်လို့ ခံယူနိုင်သလား စဥ်းစားသင့်တယ်။ မိဘရဲ့ ဘာသာတရားကို အမွေမခံတာကို သားသမီးကို အပြစ်မတင်သင့်ဘူး ကိုယ်မစည်းရုံးနိုင်လို့လို့ ကိုယ်ည့လို့လို့ ခံယူနိုင်ပါသလား။ အိမ်ထောင်ပြုတော့မယ် ဘာသာမတူတဲ့ လူနှစ်ယောက်ကို မင်းက ခရစ်ယာန်ဖြစ်လို့ ဗုဒ္ဓဘာသာနဲ့ မယူနဲ့လို့ပြောတယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ နားလည်ပါသလား။ ဘာဖြစ်လို့မယူသင့်ဘူးလို့ပဲ အကြံပေးခွင့် စည်းရုံးခွင့်ရှိတယ်။

သာသနာဆိုတာလည်း လူတစ်ယောက်ဟာ သူစောင့်ရှောက်ချင်တဲ့ သာသနာကို စောင့်ရှောက်ပိုင်ခွင့်ရှိတယ်။ ဗုဒ္ဓဘာသာဖြစ်လို့ ခရစ်ယာန်ဘာသာကို မစောင့်ရှောက်သင့်ဖူးလို့ မယူဆသင့်ဘူး။ ဗုဒ္ဓဘာသာဖြစ်လို့ တစ်ခြားဘာသာတွေရဲ့ သာသနာကိုထိပါးတဲ့ အလုပ်တွေမှာ ထောက်ခံမယ်လို့မယူဆပါနဲ့ ဒါဟာလည်း လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်သာဖြစ်တယ် ဘယ်ဘာသာကမှ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို တားမြစ်ခွင့်မရှိဘူး ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက မင်းဗုဒ္ဓဘာသာဖြစ်လို့ ခရစ်ယာန် သာသနာကို မထောက်ခံနဲ့လို့ တားမြစ်ရင် ဒါဟာလူ့အခွင့်အရေး ချိုးဖောက်ဖို့ အဲဒီ့ဘုန်းကြီး ကြိုးစားတာပဲ။ ထို့နည်းအတူပဲ ခရစ်ယာန်ဘုန်းကြီးက မင်းခရစ်ယာန်ဖြစ်လို့ ဗုဒ္ဓဘာသာနဲ့ မပါတ်သက်နဲ့လို့ တားမြစ်တာဟာလည်း လူ့အခွင့်အရေး ချိုးဖောက်တာပဲ။ ဘာလို့မလုပ်ပါနဲ့လို့ပဲ စည်းရုံးခွင့်ရှိတယ် တားမြစ်ခွင့်မရှိဘူး လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ဟာ လူတစ်ယောက်ရဲ့ အခွင့်အရေးပါ။

8 thoughts on “ဆန်းစစ်သင့်တယ်

  1. ကိုယ်ကိုးကွယ်မယ့် ဘာသာကို
    သေချာသုံးသပ် စဥ်းစားတွေးခေါ်ပြီး ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတယ်ခင်ဗျာ့

  2. ဒီလိုအတွေးမျိုး ရှိတဲ့သူကို တွေ့ရလို့ ဝမ်းသာပါတယ်
    များသောအားဖြင့် မိဘ စိတ်ဆင်းရဲမှာစိုးလို့ ၊ ဒါမှမဟုတ် ပတ်ဝန်းကျင်ရဲ့ မျက်လုံးဒဏ် ၊ စကားတင်းဆိုတဲ့ ဒဏ်ကို မခံနိုင်လို့ … လူတွေဟာ ကိုယ်ဖြစ်ချင်တာကို မလုပ်ရဲကြဘူး

  3. ဘာတွေဘာတွေ စိတ်မသတီစရာ တွေ့လာတာလဲဟင်.. ဟုတ်တယ်.. နေ့အိပ်မက်တော့ ကိုယ့်သားသမီးကို ကိုယ့်ဘာသာဝင်ဖြစ်စေချင်တယ်.. ဒါပေမဲ့ ဘာလို့ဖြစ်စေချင်လဲပဲ ရှင်းပြမယ်… ဖြစ်ရမယ်လို့ မပြောဘူး

  4. ကိုလူပျိုကြီးရေ..အဲသည်လိုလွတ်လပ်တဲ့ အတွေးအခေါ်ရှိတဲ့လူမျိုးသာ လွတ်လပ်တဲ့ ဆုံးဖြတ်ပိုင်ခွင့်နဲ့လူ့အခွင့်အရေးကို နားလည်တန်ဖိုးထားနိုင်မယ်ထင်ပါတယ်..

  5. လွတ်လပ်ခွင့်ဆိုတာကို တကယ်နားလည် တန်ဖိုးထားမှသာ ဒီလိုမျိုးက ပြောလို့ ဆိုလို့ကောင်းတာပါ …. ဘောင်တွေထဲမှာ ရှိနေသရွေ့ကတော့…. :)

  6. ဘာမှမဟုတ်ဘူး.. ကောင်မလေး သတိရလို့ ရေးတာ ဖြစ်မယ်.. :D သတိရစရာတွေတောင် သွားပြီး သတိရမိတယ်.. ခွိခွိ..

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">