Culture Night 2009 လှုပ်ရှားမှု့များ အပိုင်း (၁)

သင်နေတဲ့အထူးပြုမေဂျာက ကွန်ပျူတာသိပ္ပံဆိုပေမယ့် တစ်ချို့ဘာသာတွေက လူနဲ့ပါတ်သက်တာတွေ သင်ရတာလည်းများတော့ Social Science & Computer Engineering ကိုနှစ်ကျောင်း အပြေးအလှားခွတက်ရတယ်။ တစ်ကျောင်းက Social Science ကျောင်းဆိုတော့ Social လည်းဦးစားပေးလေတော့ နှစ်စဥ် ခရစ်မတ်နားမှာ စာမေးပွဲလည်းအပြီးဆိုပြီး နိုင်ငံစုံကကျောင်းသားတွေ ယဥ်ကျေးမှု့ပွဲလုပ်လေ့ရှိတယ် မနှစ်ကတော့ Paper Deadline အရမ်းကပ်လို့ ပွဲတိုင်းကျော်ပွကြီးကျွန်တော် တစ်နှစ်မနှဲလိုက်ရဘူး။ သို့သော်လည်း ဘူဖေးတော့မလွတ်စေဘူးပေါ့ ထိပ်ဆုံးကရောက်တာပဲ။ အစီအစဥ်ကတော့ ထုံးစံအတိုင်း သင်္ကြန်အကရယ်၊ ရှမ်းအတုတွေ ထည့်ထားတဲ့ ရှမ်းအကနဲ့ပဲ ဗမာအဖွဲ့နှဲလိုက်ရတယ်။

ဒီနှစ်တော့လားဆိုပြီး အားခဲထားကြတာ မိန်းကလေးတွေကလည်း အားရစရာကောင်းတယ် စာရင်းပေးထားတာ လူများသဗျား။ အစကတော့ ကရင်ဒုန်းယိမ်းကမလို့တဲ့ ယောက်ျားအရေအတွက် မလောက်လို့ လက်လျော့လိုက်တာ။ ဝါးညှပ်အကများကလိုက်လို့ကတော့ တစ်ချက်တစ်ယောက် ညှပ်မိမယ်ထင်တယ်။ စာရင်းပေးတဲ့ အမျိုးသမီး ၁၂ ယောက်သဘောတူ ရခိုင်ဆီမီးခွက်အက ကကြမယ်ဆိုဖြစ်တယ်။ ထပ်ပြောရရင် အကြံစပေးတဲ့ မမက ရခိုင်နဲ့တော်တော်နီးစပ်တယ် ရှမ်းပြည်ကလေ နန်းနဲ့စတဲ့ ရှမ်းမဖြစ်နေပါရောလားဗျာ။ ဘယ်သူမှကတတ်တဲ့လူ မပါလာဘူး ဒါပေမယ့်ကြိုးစားကြမယ်တဲ့။ သင်တန်းဆရာမလည်းမရှိဘူး ကိုယ်တိုင်ပဲ အမြင်နဲ့လေ့လာသင်ယူပဲ။ လေ့ကျင့်ကာစကတော့ ဘုရားတင်တဲ့ ဖယောင်းတိုင် ဒန်ခွက်ကလေးတွေနဲ့ ကျင့်ကြတာ မီးမပါဘူး ဘာပြောကောင်းမလဲ ပြုတ်ကျတာပါပဲ ဆီမီးခွက်သာဆိုရင် ကွဲလို့လောက်မယ်မထင်ဘူး။

ကျောင်းသားတစ်ယောက်ကလည်း စန္ဒယားတီးတတ်ပြန်သတဲ့။ ဒါနဲ့ မန်းလေးသူ တစ်ယောက်ကလည်း ဘယ်ခေမလဲ ဒို့အတတ်ဆုံး သင်္ကြန်မိုးကိုလက်စွမ်းပြခိုင်းပြီး တပင်တိုင်ကမှာတဲ့ဗျ။ စန္ဒယားနဲ့ကလည်း သူတို့မှာ အင်မတန်အေးနေတဲ့ အခန်းထဲမှာတောင် ခွေးပြိုက်ပြိုက်ကျအောင် မနက်ပိုင်းနဲ့ နေ့လည်ပိုင်းကို အကတိုက်ရရှာတယ်။ တပင်တိုင်မမက ဆီမီးခွက်လည်း ဝင်ရမှာဆိုတော့ ညလည်းသူ့ခမျာမအားရရှာဘူး ညပိုင်းဆီမီးခွက်လည်း ဝင်ကရပြန်တယ်။ သူကတော့ နဂိုကတည်းက ကတတ်လေတော့ အကမှာတော့ ပြဿနာမရှိလေဘူး အဆင်ပြေတယ် ပင်ပန်းတာတစ်ခုပါပဲ။ စန္ဒယားသမားလည်း လက်စွမ်းကပြချင်တိုင်း ပြမရဘူး သူအတီးမြန်ရင် ကတဲ့လူသေအောင်မောတာပဲ။ တပင်တိုင်မမကလည်း စန္ဒယားသမားကို နာမည်သာ အသက်အရွယ်ကြောင့် ကိုတပ်ခေါ်တာ မြန်ပြန်ပြီခေါင်းခေါက်လိုက်ရ ဆိုတာကြည့်ပဲ စိတ်ထင်လို့လားမသိဘေူး ဒါကြောင့် စန္ဒယားကိုကို ပွဲပြီးတော့ ခေါင်းတောင် အရင်ထက်နည်းနည်း ပိုပြောင်သွားသလိုပဲဗျ။

မူလပထမ မောင်ရှေရိုးအကြံပေးသူ ကျွန်တော်ကတော့ ရှေရိုးတဲ့မဲချတယ်။ မဲကချစရာမှမလိုတာ ယောက်ျားလေးက မဲချလောက်အောင်ကို မရှိဘူးကိုး။ နင့်အကြံနင်ကဆိုပြီးပြောတော့ နဂိုတည်းက ရွပိုးထိုးနေတဲ့ကျွန်တော် ဟန်ဆောင်ပန်ဆောင်ငြင်းမနေပေါင် အေးလို့ပြောလိုက်တယ်။ ဖြစ်ချင်တော့ ဒေါ်မိုးလုပ်မယ့်လူ မရှိပြန်ဘူး။ ကျွန်တော့််ကို ကြောက်ကြလို့လို့များ မထင်လိုက်ပါနဲ့ ဂေါ်မစွံကြီးမှန်းလည်း သိကြပါတယ် ပေါလွန်းအားကြီးလို့ ယောက်ျားလို့ကို လူရာသွင်းပုံမပေါ်ပါဘူး။ ပေါသာပေါတာ ကျွန်တော့််ကိုမျက်နှာကြောက သိပ်တည့်ကြပုံတော့မပေါ်ဘူးဗျ။ သို့သော်လည်း ဒေါ်မိုးလိုမျက်နှာပြောင်နဲ့ မကရဲကြဘူးတဲ့ ရှက်ကြသတဲ့ ဒါလည်းဟုတ်တာပါပဲလေ သက်ဆိုင်သူများက သူများနဲ့တွဲကလို့ စိတ်ဆိုးမှာလည်း ပူရပန်ရသေးတယ် မဟုတ်လား။ အဲလိုဖြစ်ရင် ရှေရိုးလည်းလိုက်မရှင်းတတ်ဘူးလေ တော်ကြာနေ လက်သီးနဲ့အထိုးခံရမယ် ဒါမျိုးတော့ အာကီဒိုလည်း မကယ်နိုင်ဘူး ပြေးမှာပဲဗျ။

ဒါနဲ့ဒေါ်မိုးရှာပုံတော်ဖွင့်ရတယ် ကိုယ့်မေဂျာကလူတွ

9 thoughts on “Culture Night 2009 လှုပ်ရှားမှု့များ အပိုင်း (၁)

  1. သြော်.. တီတီပြာ့ဆီမှာတွေ့လိုက်တဲ့ ဦးရှေရိုးက ကိုလူပျိုကြီးပေါ့.. :P

  2. စာဖတ်ပြီးမှ ဓာတ်ပုံတွေတစ်ခေါက်သွားကြည့်ပြီး ခုတစ်ခေါက်စာလာပြန်ဖတ်တယ်.. ရယ်သွားတယ်လို့ မပြောတော့ဘူးနော်.. :D

  3. တို့ ရှေရိုးက အက ပိုတော်တယ်ဝေးးးသံပရာသီးလေး

  4. ဟာဗျာ လူပျိုကြီးကတာကြည့်ချင်တယ်ဗျာ မှတ်တမ်းတင်ထားမယ်မဟုတ်လား
    ဗျ အနည်းဆုံးဓာတ်ပုံလေးတော့ ပြပါဦးဗျာနော့ း)
    thihazaw907@gmail.com ကိုမေးလ်ပို့ပေးလဲရတယ်ဗျ ဘယ်သူ့မှမပြ
    ပါဖူးဗျာ ကတိ း)

  5. အဲမေ့လို့ဗျ ကရင် သေချဂရုစိုက်က အုံးဗျ တော်ကြာ ရှေရိုးကိုယ့်ပုဆိုးကိုယ်
    နင်းမိမှဖြင့် ကွတ်ကျနေရင် အနော်တော့ကြည့်ရဲဖူးဗျ း) း)

  6. FB မှာတွေ့တယ် း)
    ပုဆိုးကတော့ အမိုက်စားပဲ :P

  7. ဘာပြောကောင်းမလဲ..ရှေရိုးနဲ့ဒေါ်မိုး..ဒေါ်မိုးနဲ့ရှေရိုး..ဖင်ချင်းပေါက်တာ အရီရဆုံးပဲ..ဟိဟိ

  8. အယ်
    ကျနာ် မနေ့က မန့်ခဲ့ပါတယ် …. ဟုတ်ဘူးလား…..
    ဟုတ်ပါတယ် …. မန့်ခဲ့တယ် …. ဘယ်ရောက်သွားလဲ ….
    Post Comment ကိုမနှိပ်မိဘူးလား … အိ …. သိတော့ဘူး .. လူနဲ့စိတ်နဲ့မကပ်တော့ မမှတ်မိတော့ဘူး….. :P
    သူများတွေ FB မှာတွေ့ပြီး နာကျ ဘာလို့ မတွေ့တာလဲ…. :(

  9. အယ်
    ကျနာ် မနေ့က မန့်ခဲ့ပါတယ် …. ဟုတ်ဘူးလား…..
    ဟုတ်ပါတယ် …. မန့်ခဲ့တယ် …. ဘယ်ရောက်သွားလဲ ….
    Post Comment ကိုမနှိပ်မိဘူးလား … အိ …. သိတော့ဘူး .. လူနဲ့စိတ်နဲ့မကပ်တော့ မမှတ်မိတော့ဘူး….. :P
    သူများတွေ FB မှာတွေ့ပြီး နာကျ ဘာလို့ မတွေ့တာလဲ…. :(

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">