Culture Night 2009 လှုပ်ရှားမှု့များ အပိုင်း (၃)

ကျောင်းသားများ နားနေခန်းဆိုတာက မျက်စေ့ထဲမြင်အောင်ပြောရရင် အရက်ဘားလိုကောင်တာလေးရှိတယ် ကော်ဖီဖျော်ချင်ရင်လွယ်အောင် ရေနွေးစက်တပ်ထားပေးတယ် ပုဂံဆေးစရာနေရာလည်းရှိတယ် ဒါ့ကြောင့် စန္ဒယားတစ်လုံးသာမရှိရင် စိတ်ထဲ မီးဖိုချောင်ထဲများ ရောက်နေသလား တစ်ခါတစ်လေထင်မိတယ် အကျယ်အဝန်းကလည်း ကြုပ်ထဲကွေပြစ်ပါ အိမ်ကမီးဖိုခန်းအကျယ်လောက်ရှိတာဗျ။ စန္ဒယားငြိမ်းမောင်က အဲလေ စန္ဒယားစိုးမောင် က အခန့်သားစန္ဒယားရှေ့မှာ စွေ့ကနဲ့နေရာယူလိုက်တယ် တပင်တိုင်မင်းသမီးကလည်း ကရန်အသင့်အနေအထား။ တီးလုံးသံလေးစထွက်လာတယ် “မြူးကွတဲ့တေးသံ ပျံ့လွင့်လို့နေ ကူးပြောင်းက တံခူးလေမှာ …… ” ကိုယ့်လူချင်းမို့ မြောက်ပြောတာ ဟုတ်ပါတယ် တစ်ကယ်ကိုကောင်းတာဗျ။ ဒီအသံကြားလို့ ရှေရိုးဝင်ပြီး ဆိုလိုက်မိတာ ကမလို့ဟန်ခင်းနေတဲ့ တပင်တိုင်မမ လန့်ပြီးအကရပ်သွားတယ် အဲဒီတော့မှ ငယ်ငယ်က အမေဆုံးမတာသွားသတိရယ် မင်းအတီးအမှုတ်ဝါသနာပါရင် လေမှုတ်တူရိယာကိုသင်ပါ ဘာလို့ဆိုတော့ မင်းသီချင်းဆိုဖို့ ပါးစပ်မအားဖို့လိုတယ်တဲ့ အဲဒါလေးသတိရလို့ အသာလေးအဆိုရပ်ပြီး ဒေါင့်နားသွားကပ်နေရတယ်။ အောင်အောင်မြင်မြင် တီးလို့ကလို့ပြီးသွားတော့ ကနေ့မှရောက်တဲ့ ဦးရွှေရိုးနဲ့ဒေါ်မိုး လက်ခုပ်တီးပေးရတာပေါ့။ ကတာကတော့ ပြောဖို့မလိုဘူး တီးသွားတာလည်းအတူတူပဲ ကောင်းတယ်ဗျ ကျွန်တော့််ကို ကျောပြီးပေးတီးတော့ သတိထားမိတယ်ဗျာ တော်တော်ပြောင်မြောက်တယ်။

သူတို့တီးနေကနေတုံး ရှေရိုးတို့လည်း ရှာဖွေထားတဲ့ ဆရာတင်ရမယ့် ဦးရွှေရိုးဗွီဒီယိုများကိုကြည့်ပြီး ဘယ်ဟာကို အဓိကနမူနာယူမလဲလို့ တိုင်ပင်ကြတယ် ကျောင်းတက်စားလာတာ နှစ်ပေါင်းမနည်းတဲ့လူနှစ်ယောက် ဖြစ်လေတော့ ကိုးကားရင် မူရင်းကိုကိုးကားမယ်ဆိုတဲ့ အကျင့်ဖြစ်နေတယ်ထင်တယ် ဒါကမကတတ်တဲ့လူတွေကတာ ဒါကဘယ်လိုနဲ့ပယ်ရင်းပယ်ရင်းနဲ့ mrtv3 ကဗွီဒီယိုပဲ ခပ်တည်တည်နဲ့ မဲချလိုက်တယ်။ နှစ်ယောက်လုံး ဘယ်လိုအကတိုက်မှာလည်း အစဆုံးကြည့်တယ် ပြီးသာသွားတယ် ဘယ်နားကစပြီး အကတိုက်ရမှန်းသိဘူး ဒါနဲ့နောက်တစ်ခေါက်ပြန်ဖွင့် မထူးပါဘူးအတူတူပဲ။ ကတဲ့လူတွေကလည်း တစ်ကယ်ကတတ်တယ်ဗျ ဦးရွှေရိုးများ အစအဆုံး ကောက်ကွေးနေအောင်ကတာ ဒေါ်မိုးလည်းစထွက်လာကတည်းက မျက်နှာပေးအမျိုးမျိုးနဲ့ အဆက်မပြတ်ကတော့တာပဲ။ ဦးရွှေရိုးနဲ့ဒေါ်မိုးလက်သစ် နှစ်ယောက်လည်း ဒို့နှစ်ယောက်ဒီလိုမျိုးတော့ ဘယ်လိုမှမကနိုင်လောက်ဘူးလို့ တစ်လေသံတည်း ထွက်လာတယ်။ ဒေါ်မိုးအစမ်းကကြည့်တယ် ရုပ်သေးလက်လို ချိုးကတဲ့ကို နဂိုကတည်းကခက်တယ် အဲဒါကိုအမြန်ဆိုတော့ သူဘယ်လိုလုပ်လုပ် ကလို့လုံးဝမရဘူး။ အိုးစည်ဒိုးပတ်တီးသလို လက်နှစ်ဘက်ဘယ်ညာကတာပဲ ကလို့ရတယ်။ ဦးရွှေရိုးလည်း ကြည့်ရင်းနဲ့ ဇောခွေးပြန်နေပြီ။ ဒေါ်မိုးကလည်း သတိပေးတယ် ဒီလိုကွေးကောက်နေအောင်ကမှ ဦးရွှေရိုးအဆင်ပြေမယ်တဲ့။ သိက္ခာတော့ ဘယ်အကျခံမလဲ ဟာဗျာရပါတယ် စိတ်ချလို့ပြောလိုက်တာပဲ စင်ပေါ်ရောက်မှဘာဖြစ်ဖြစ် မီးစဥ်ကြည့်ကရမှာပဲ။

နောက်မဖြစ်ချေဘူး တစ်ခြားဟာရှာဆိုတော့ ကလေးတွေကတာလေးပဲ ကြည့်ရတော့တယ် သူတို့ကတော့ သီချင်းကိုသရုပ်ဖော်တယ် ကလေးဆိုတော့ကောင်းကောင်း မကနိုင်ဘူး ဒါပေမယ့် အဲဒါလေးလည်းသဘောကျတယ် ဘယ်လောက်ကက သူတို့မှနားမလည်တာ အဲဒါဆိုလည်းမရယ်ရပြန်ဘူး။ ဒါနဲ့အဲဒါမျိုးပဲကိုယ့်ဟာကို အကထည့်ပြီး အရုပ်ဆောင်တာထည့်မယ်ဆိုပြီး အကစတိုက်တယ်။ ဒေါ်မိုးရဲ့ အစွမ်းအစကဒီနေရာမှ ပြလာပါတယ် သရုပ်ဆောင်ပြီပြင်တယ်ခင်ဗျ တပင်တိုင်မင်းသမီးကလည်း သူမလုပ်ရဘူးဆိုပြီး ဘေးကနေမြောက်ပေးတယ် ဒီနေရာမှာ ဦးရွှေရိုးကို ဆောင့်တွန်းလိုက်တာအဆင်ပြေမယ် ဆိုလိုက်တာနဲ့ ဒေါ်မိုးကလက်ရောက်ပြီးသားပဲ နဖူးကိုလက်သီးနဲ့ထု

5 thoughts on “Culture Night 2009 လှုပ်ရှားမှု့များ အပိုင်း (၃)

  1. အမလေး အမလေး ပြောတတ်လိုက်တာ ပြောတတ်လိုက်တာ..သူများကို…ဟိဟိ…ရဟန်းဒါယိကာ အဖြစ်တောင် အသနားခံချင်တယ် ဆိုပါလားးးးးဟားဟားဟား

    အဲ့ဒီ စန္ဒယား တီးတဲ့သူက ဆံပင် သိတ်မရှိပါဘူးအေ…ကြက်တောင်စီးလေးဘေးနှစ်ဘက်နဲ့ ကျန်တဲ့ဆံပင်ပြောင်ရိတ်ပြီး သူငယ်တော်အက ကခိုင်းရင် မြင်ယောင်ကြည့်မိတယ်..ဟီး

    အမှန်ကတော့ ၂ယောက်လုံး ရဟန်းခံရမယ့် အနေအထားကြီး ထင်ပါတယ်အေ…:P

  2. ဟားဟား နောက်ဆုံးတော့လည်း လူပျိုကြီးလွတ်ပါဖူးဗျာ
    း)
    း)

  3. ဆရာမရှိဘဲ အမြင်နဲ့သင်ပြီး ဒီလောက်ကတတ်တာ တော်တော်တော်တယ်ပြောရမယ်

  4. ရဟန်းဒါယိကာအဖြစ် အသနားခံချင်တယ် ဆိုတဲ့ စကားလုံးကိုတော့ သဘောကျသွားပြီ .. ဟိ ..

  5. ရဟန်းဒါယိကာအဖြစ် အသနားခံချင်တယ် ဆိုတဲ့ စကားလုံးကိုတော့ သဘောကျသွားပြီ .. ဟိ ..

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">