ငယ်ကတည်းက ဗမာစာဆရာမဆိုတာ ကျွန်တော်နဲ့က ရန်သူပဲပြောရမယ် ကိုယ်ကပဲဗမာဖြစ်နေလို့ စကားအပြီလွန်နေသလား မသိပါဘူး ဖတ်တာမမှန်ရင် လုံးဝမကြိုက်ဘူး။ ငါးတန်းကဆရာမကလည်း စကားမပြီကလာ ပြီကလာနဲ့ ရှမ်းမပါဗျာ ကျောင်းပြောင်းလာကာစက ဝါကျလို့ တစ်ခါထွက်လိုက်မိတယ် ခေါင်းခေါက်ခံရတယ် ဝက်ကျတဲ့ ဒါလည်းဟုတ်တယ်လေ ကိုယ်မှားတာပဲဟာ။ နေဦးဒင်းတော့လား ဘယ်လောက်မှန်အောင် ဖတ်တတ်မလည်းဆိုပြီး မှတ်ထားတာ နောက်နေ့ ကဗျာဖတ်တာ တစ်ချက်တွေ့တာပဲ “ဝါးပြာထည့်ကျို အိုးနားတိုနှင့် ခပ်ချိုညစ်တေ” ဘယ်ရမလဲ “အိုးနားတို” လို့ဖတ်သွားတာ “အိုးနဒို” လို့ဖတ်ရတယ် မဟုတ်ဘူးလားဆရာမရဲ့ဆိုတော့ နင်ဘယ်လောက်သိသလဲဆိုပြီး ခေါင်းခေါက်ပြန်ရော ဘယ်တုံးကမှငြိမ်ခံတဲ့လူမှမဟုတ်တာ မှန်ပါတယ်ဗျ ဆရာမမှားတာဆိုတော့ ထပ်အခေါက်ခံရပြန်ရော။ ဒီတစ်ခါတော့ နပ်သွားပြီ နောက်နေ့မှတွေ့မယ်ပေါ့ မှန်လျက်နဲ့အခေါက်ခံရတယ် အိမ်ကျမှအဖေ့ကိုတိုင်။ ဒါမျိုးကျတော့ အဖေကသိပ်အားကိုးရတယ် မှန်ရဲ့သားနဲ့ အရိုက်ခံရ အခေါက်ခံရတယ်ဆိုတာ မရှိရဘူးဆိုပြီး ကျောင်းလိုက် ပြဿနာရှာတာပဲ ဆရာမလည်းစိတ်ညစ်သွားပုံပေါ်တယ် နောက်ဘယ်လိုထွက်ထွက် ဘာမှမပြောရှာတော့ဘူး။ မကြာပါဘူး သမိုင်းဆရာမနဲ့ ထပ်ညိပြန်ရော “တန့်ဆည်” တဲ့လုပ်ပုံက “ဒဇယ်” လုပ်ပါဗျာဆိုတော့ အတန်းထဲကထွက်သွားရော နင့်ကိုတိုင်မယ်တဲ့ နောက်တော့ သူလည်းသတင်းရပုံရတယ် ခေါင်းလည်းမခေါက်ဘူး အတန်းပိုင်နဲ့လည်း မတိုင်ဘူးရယ် အိမ်ကလိုက်လာမှာ ကြောက်ပုံရတယ်။ ဒီလိုနဲ့ပဲ ရှစ်တန်းအထိ ဆရာမများနဲ့ အသံထွက်ပြဿနာတက်ရင်း လိမ်ဖယ်လိမ်ဖယ်နဲ့ အတန်းတက်သွားတာပါပဲ။ ကိုးတန်းရောက်မှ ကိုယ်ခံရတဲ့အလှည့်ရောက်တာပဲ ရှမ်းပြည်ကလည်းခွာခဲ့ပြီ ဆရာကဖြစ်ချင်တော့ အဖေနဲ့ဘော်တာ လူကအညာသား စကားကပြီလိုက်တာမှ ခက်နေတယ်။ အမေလုပ်ပုံက သားဖြစ်သူက ဗမာစာည့တယ်တဲ့ ဒါလည်းဟုတ်တယ် စာစီစာကုံးများ ဘယ်လိုရေးရေးမရေးတတ်ဘူးရယ် လက်ရေးလက်သားတော့ ပြောမနေနဲ့ ဗမာစာလက်ရေး ဖတ်မရသလောက်ပဲ ဒါနဲ့ကျူရှင်မသင်တဲ့ ဆရာဆီမှာ ဘော်တာချင်း သင်ပေးပါလုပ်ပြီးအတင်း သင်ခိုင်းလို့ကျူရှင်ဆိုတာ စတက်ဖူးတာပဲ တပည့်တစ်ယောက် ဆရာတစ်ယောက်။ ကဗျာသင်တယ်ဆို အသံနေအသံထားနဲ့ ရွတ်ခိုင်းပြန်ရော အသံထွက်မှားရင် နားရင်းတစ်ချက်ရိုက်ပဲ အညာမင်္ဂလာဆောင်ဆိုရင် ရွတ်လိုက်ရတဲ့ဖြစ်ခြင်း တိုက်တိုက်ဆိုင်ဆိုင် ဆရာကမ့်ရွေးသားကိုး ဘယ်ကာရံကဘယ်လိုဆိုရင် ဟုတ်ကဲ့ဆရာပေါ့။ အခုတော့ အဲဒီ့ကဗျာတွေလည်း မသင်ရတော့ဘူးဆိုလားပဲ။ ဒီတစ်ခါမှအရင် ဆရာမတွေကို ဒုက္ခပေးခဲ့သမျဝဋ်လည်တာပဲ။
တစ်ကယ်က နယ်တကာလှည့်သွားနေတာ ဘယ်လိုမှဗမာစာ ဝေါဟာရများများစားစား သိစရာအကြောင်းမရှိပါဘူး ဗမာစာသိပ်မတတ်တဲ့နေရာတွေမှာပဲ နေလာတာများပါတယ် ပတ်ဝန်းကျင်ကနေတော့ ဗမာစာဘယ်လိုမှ မတတ်တာသေချာတယ်။ ဖြစ်ချင်တော့အိမ်မှာက တစ်ယောက်တည်းနေရတော့ ဖတ်စရာစာအုပ်ကလည်းမရှိဘူး အိမ်မှာရှိတဲ့စာအုပ်တွေက ကလေးစာအုပ်တွေထက် လူကြီးစာအုပ်တွေပါ ကျန်တာတွေမဖတ်တတ်ဘူး။ ပုံပဲကြည့်ဖြစ်တဲ့ စာအုပ်တွေက ဖြစ်ချင်တော့ ဗမာအဘိဓာန် ၅ အုပ်တွဲရှိတယ် အိမ်မှာက “အ” တစ်တွဲတော့ပျောက်နေတယ်။ သုံးလေးတန်းကတည်းက အဲဒီ့စာအုပ်တွေကို လှန်ကြည့်ဖြစ်တာများတယ် ကလေးစိတ်ဝင်စားစရာ ပုံတွေပါတယ် ဒါနဲ့ပဲ ဘယ်ပစ္စည်းဗမာလို ဘာခေါ်တယ်ဆိုတာ ငယ်ကတည်းက ရင်းနီးနေတယ် နည်းနည်းစာဖတ်တတ်လာတော့ ဖတ်ဖြစ်တာပေါ့။ အသံထွက်လည်းပါတယ် ဗမာစာလုံးအသစ် အသံမထွက်တတ်ရင် အဘိဓာန်မှာဘယ်လို အသံထွက်သလည်း ပြေးကြည့်တာက အကျင့်ဖြစ်လာတယ်။ “အ” တစ်တွဲမရှိတော့ “အ” နဲ့စတဲ့အစကားလုံးတွေ မသိဘူးဖြစ်ကုန်ပြီလို့ ပြဿနာရှာလို့ အဖေဘယ်ကရှာလာသလဲမသိဘူး မနည်းရှာလာရတယ်ပြောတယ်။ ဗမာဖြစ်ပြီး
ဗမာအဘိဓာန်လိုသလား မေးလာရင်တော့ လိုတယ်ပြောရမယ် မယ့်ရင်ဖတ်ကြည့်လို့ရတယ် မသိသေးတဲ့စကားလုံးတွေ အများကြီးရှိတယ် အဓိကအားဖြင့် ပစ္စည်းအခေါ်အဝေါ်တွေ မသိတာသိပ်များတယ်။ အခုတော့ အဲဒီ့ငါးအုပ်တွဲက ဘယ်လိုမှရှာလို့မရသလောက်ပါပဲ နောက်တော့ တစ်အုပ်တည်းချုံ့ပြီးပြန်ထုတ်တယ်။ ညီမဝမ်းကွဲလေးက မြန်မာစာကဆိုတော့ တစ်အုပ်တည်းထုတ်ထားတဲ့ အဘိဓာန်ကုန်သွားလို့တဲ့ လိုက်ရှာရမတဲ့ ဒါနဲ့မရှာနဲ့ ငါ့စာအုပ်စင်က အတွဲလိုက်ကိုသုံးပါဆိုတော့ တစ်အုပ်တည်းပဲ ပေါ့ပေါ့ပါးပါးကောင်းတာ ငါးအုပ်ဆိုမကောင်းဘူးတဲ့ ဒါနဲ့ နင့်ဟာနင်သွားရှာ ငါ့စာအုပ်ကို ငါကဘယ်သူမှမကိုင်လေ ကြိုက်လေပဲလို့ ပြောလှတ်လိုက်ရတယ် တော်တော်စိတ်ဝင်စားပုံရပါတယ် တစ်ခါမှကိုလာကြည့်ပုံမပေါ်ဘူး။
း)လူပျိုကြီးရေ
မနက်စောစောပဲ မြန်မာအဘိဓာန်စက်ထဲထည့်ထားပြီး မသုံးတာကြာလို့
ဘယ်နားရောက်မှန်းမသိလို့လိုက်ရှာနေရသေးတယ်
လူပျိုကြီးငယ်ငယ်က ဆရာမတွေကိုဆရာပြန်လုပ်တယ်ပေါ့လေ
မောင်ဘကြိုင်လည်းဖြစ်ဖူးတယ် မဟာဗန္ဓုလအကြောင်းပြောပြတဲ့ဆရာမကိုပါ
ဆရာမပြောတဲ့ ဇတ်နိပါတ်တော်လာ စစ်သူကြီးဗန္ဓုအကြောင်းနားထောင်ပြီး
အသေငြင်းဗျား မောင်ဘကြိုင်သိတာက ပန်းဝါတိုင်ပွဲမှာကျသွားတဲ့ခေတ် သစ်ဗန္ဓုလပေးကိုး လွဲချက်ရယ်လေ ခေါင်းကိုဂွပ်ခနဲ့ပဲခေါက်ခံရတာဗျို့ း)
ကြိုနှုတ်ဆက်ခဲ့တယ်နော့ မင်္ဂလာနှစ်သစ်မှာ မင်္ဂလာဆောင်ဖြစ်ပါစေဗျာ း)
မောင်ဘကြိုင်တော့ ရွာပြန်ပြီးရန်ကုန်သူ ထွေးညိုလေးနဲ့ နှစ်ပါးကြည်ချေ အုံးမယ်ဗျာ း) း)
ဟုတ်တယ်နော်.. တန့်ဆည်ကို ဒဇယ်လို့ ထွက်မှန်းသိတာမကြာသေးဘူး၊
စကု ကိုလည်း ဇဂု လို့ ထွက်တယ်။
အာ.. ဘယ်သူပြောလဲ အညာမင်္ဂလာဆောင်မသင်ရတော့ဘူးလို့…. သင်ရပါတယ်.. ဖတ်စာအုပ်ထဲမှာပါတယ်.. ကျူရှင်တွေက မသင်တာ စာမေးပွဲမှာ ရွေးဖြေလို့ရလို့…. ဒါတောင်မေးချင်တဲ့နှစ်မေးတာပဲ.. အဲဒီဟာက…
မြန်မာစာအဘိဓာန်အခု အခွေထွက်နေတယ်လေ.. ဟိုနေ့က အွန်လိုင်းမှာတွေ့လိုက်လို့ ဒေါင်းထားသေးတယ် ယူမလား
ဝတို့ က ကပြားတွေလေ
ပီကလာ မပီကလာ တီတီတာတာ ပလီပလာ အီကြာ ကွာစေ့
ဂလောက်ပဲ ပြောတတ်တယ်။
အခွေတွေကို အားကြီးစိတ်ညစ်တယ် Bug တွေတစ်လှေကြီးနဲ့ဗျ ဘာပဲပြောပြော စာရိုက်ထားတာပဲ ကျေးဇူးတင်ရမယ် ဗမာစာကအခုထိ မညီနိုင်တာနဲ့ မဆုံးနိုင်ဖြစ်နေတယ် စွယ်စုံကျမ်းစီဒီကို အစကလိုချင်ဖူးတယ် မြင်ဖူးကတည်းက လိုကိုမလိုချင်တော့တာ ဟီး
ဒါနဲ့နေပါဦး အညာမင်္ဂလာဆောင်က ကိုးတန်းစာမှာ အရင်ကပါတာပဲ အခုကဘယ်နှယုံ ဘယ်နှစ်တန်းသင်လို့လဲ ခက်တာက ကျွန်တော် ဆယ်တန်းဆိုတာက လွန်ခဲ့သော ဆယ်စုနှစ်ကလို့ ပြောရမလို ဖြစ်နေပြီ ဟားဟားဟား
မြန်မာစာ အဘိဓါန် လို့ မရေးဘဲ ဗမာစာ အဘိဓါန်လို့ ဘာလို့ရေးလဲ မသိ…. မြန်မာအဘိဓါန်လို့ ပဲ သုံးတာ သိတာ….. ဗမာစာလို့ သုံးလိုက်ရင် ခွဲခြားသလိုမျိုးကြီး ခံစားရတယ်….
…. အညာ မင်္ဂလာဆောင်ကတော့ ကျနော်တို့တုန်းကလည်း ၉ တန်းမှာ သင်ရတာပဲ… ခုတော့ မသိ….
မြန်မာစာ မြန်မာစကားမှာ စလုံးပေါင်း သတ်ပုံအတွက် အဘိဓါန်ဆိုတာ မဖြစ်မနေလိုအပ်နေတာပဲနော်။ ကျမတို့လည်း အခုထက်ထိ စာလုံးပေါင်းတွေ မှားနေတတ်ပါတယ်။ မြန်မာစာကို အရေးနည်းလာတာလဲ ပါမှာပေ့ါလေ။ အခုတော့ ဘလောဂ့်တွေ ရေးတော့မှ မြန်မာစာမှာ ကိုယ်ဘယ်လောက်အထိ လိုအပ်နေတယ်ဆိုတာ သိလာရတယ်။ ကျေးဇူးပဲ ကိုလူပျိုရေ..။
ခင်မင်လေးစားလျက်
"နေဦး ဒင်းတော့လား" ဆိုတာက တစ်မျိုးဖြစ်နေလားလို့ …