ပြောရင်းဆိုရင်း ပြောစရာရပြန်ပြီ

အဘိဓာန်ဆိုလို့ အသံထွက်မှားတာ စကားစပ်မိမှ သီချင်းနားထောင်မိတယ် ကြက်ဥတာတွေရော စုံနေတာပဲ ကြောင်တောင်တောင်သီချင်းဆို သိပ်ကြိုက်တာကိုး နားထောင်ရင်း သီချင်းဆုံးကာနီးမှ မဟုတ်တာက ထွက်လာတယ် စပါးကျီကို အသံထွက်တတ်ပုံမပေါ်ဘူး စပါးကျီတဲ့ ဇဗဂျီလို့ထွက်တာ သိပုံမပေါ်ဘူး။ ဆိုတဲ့လူ ဗမာဟုတ်မဟုတ်တော့မသိဘူး သို့ပေမယ့် ကျီအပြင်မှာ မြင်ဖူးရဲ့လားမသိပါဘူး မြင်ဖူးမယ်တော့ သိပ်မထင်မိပါဘူးလေ။

6 thoughts on “ပြောရင်းဆိုရင်း ပြောစရာရပြန်ပြီ

  1. လုပ်ချပြန်ပြီလူပျိုကြီးရယ်
    း) ဗမာတွေလည်နောက်ပိုင်း အသံတွေမမှန်ချင်ဖူးဗျ နောက်ပိုင်းလူငယ်ပိုင်း
    တွေဆိုပိုဆိုးသေးတယ်
    ဟီး ကျွန်တော်လည်းမမှန်ချင်ဖူး

  2. ဟီး
    အဲဒီသီချငး်ကို ကြိုက်လို့ ခဏခဏ နားထောင်တယ် .. ဒါပေမယ့် စပါးကျီ ကို အသံထွက်မှန်မမှန် သတိမထားမိဘူး.. ပျိုပျိုပြောမှပဲ…. :P
    ဖိုးကြိုင်ပြောသလိုပဲ ခုနောက်ပိုင်း သိပ်အသံထွက် မပီကြဘူးလေ.. ကျနော်တို့နယ်ဘက်ကဆို ထွန်းထွန်းဝင်း ကို ထွင်းထွင်းဝင်း ပဲ … ဟီး …. လာပြီး မှားတယ် မပြောနဲ့ … မရကို မရတာ…. :P

  3. အသံထွက်မမှန်တာပြောမနေနဲ့တော့ကိုယ့်ဆရာရေ
    ရုံးမှာ လူ10 ယောက်ရှိရင် ရှစ်ယောက်လောက် ထမင်းနယ်တာကို
    နှယ်တယ်လို့ထွက်တာ .. လုပ်ရဦးမယ်ကို လုပ်ကဦးမယ်တဲ့
    ကိုယ်ကသွားပြောရင် ကိုယ်အမှား တောသားလိုလိုဘာလိုလိုနိမ်ခံရတာ

  4. အို ဒီတစ်ခုတော့သိပ်လက်မခံချင်ဘူးရယ်.. ဘာလို့ဆိုတော့ မြန်မာစကားအစစ်မှာ ဒီလိုအသံထွက်ပေမဲ့ တချို့ဒေသတွေမှာ စပါးကျီကို စပါးကျီလိုပဲထွက်တယ်…. နေ့အိပ်မက်တို့ မြို့မှာလည်း စပါးကျီလို့ ရေးတဲ့အတိုင်းပဲထွက်တယ်.. တစ်မျိုးလုံးက ဒေသကစကားပဲပြောနေကျဆိုတော့ နေ့အိပ်မက်ဆို သိရဲ့သားနဲ့ ခုထိစပါးကျီလို့ပဲ ထွက်နေကျဖြစ်သွားပြီး ဇဗဂျီလို့မထွက်ချင်တော့ဘူး

  5. အို ဒီတစ်ခုတော့သိပ်လက်မခံချင်ဘူးရယ်.. ဘာလို့ဆိုတော့ မြန်မာစကားအစစ်မှာ ဒီလိုအသံထွက်ပေမဲ့ တချို့ဒေသတွေမှာ စပါးကျီကို စပါးကျီလိုပဲထွက်တယ်…. နေ့အိပ်မက်တို့ မြို့မှာလည်း စပါးကျီလို့ ရေးတဲ့အတိုင်းပဲထွက်တယ်.. တစ်မျိုးလုံးက ဒေသကစကားပဲပြောနေကျဆိုတော့ နေ့အိပ်မက်ဆို သိရဲ့သားနဲ့ ခုထိစပါးကျီလို့ပဲ ထွက်နေကျဖြစ်သွားပြီး ဇဗဂျီလို့မထွက်ချင်တော့ဘူး

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">