အရင်နှစ်ကလည်း ပြန်မလာနိုင်ခဲ့ဘူး ဒီနှစ်လည်း ပြန်မရောက်နိုင်ပြန်ဘူး ညီမလေးရေ။ အစ်ကိုမရှိပေမယ့် တစ်ခြားလူတွေ အစုံအနားမှာရှိကြမှာပါ။ မွေးနေ့အတွက်ဆိုပြီး လက်ဆောင်ဝယ်ပေးလေ့မရှိဘူး ဒါပေမယ့် ပြန်မလာနိုင်တဲ့ နှစ်တွေအတွက်ဆိုပြီး အမှတ်တရ ဝယ်ပေးလေ့ရှိတယ် အရင်နှစ်ကတော့ စောပြီးပို့လိုက်နိုင်တယ် ဒီနှစ်တော့ တစ်ပါတ်လောက်နောက်ကျမှ ရောက်မယ်ထင်တယ်။ ပြန်မရောက်လာလို့ စိတ်မကောင်းမဖြစ်ပါနဲ့ ဘယ်တုံးကမှလည်း အလိုမလိုက်ဘူး ခိုင်းထားတာ နည်းနည်းလေး လွဲတာနဲ့ ဆူမယ့်ပူမယ့် အစ်ကိုကြီး မလာနိုင်ဘူးလို့ပဲ မှတ်ထားလိုက်ပါ။ နောက်နှစ်လည်း အခြေအနေအရပေါ့ ပြန်ရောက်ဖို့တော့ ကြိုးစားပါဦးမယ်။
အင်း…. ဒီလိုမျိုးအမှတ်ရပေးနေတဲ့အစ်ကိုရှိတာကိုက ညီမလေးကံကောင်းလှပါပြီ…
တူမလေးကို ဝမ်းမနည်းဖို့အကြောင်းပြောလိုက်ပါ။
Anonymous ကို အပြည့်အဝ ထောက်ခံပါတယ်
(မောထှာ ကိုယ့်ဘာသာရေး ကိုယ့်ဘာသာ ထောက်ခံရတာ)
ညီမလေး စကားပြောဖော်မရှိရင် ညီညီပီအမ် ဖုံးနံပါတ်ပေးလိုက်ပါ
အားမလိုအားမရဖြစ်သူ စာဖတ်ပရိတ်သက်တစ်ဦး ဟဲဟဲ
ဟားဟားဟား မောင်ပီအမ် အကြံအဖန်တွေ လာလုပ်နေတယ်
ကျနော့် ညီမလေးတွေကတော့ အဲလိုပဲ ပြောတာပဲ…
အေးကွာ အကိုကြီးတွေ ဘဝ ..
တူတူပါပဲလားကွာ
အေးကွာ အကိုကြီးတွေ ဘဝ ..
တူတူပါပဲလားကွာ