မွေးစားမမနဲ့ အတိတ်ကဓာတ်ပုံ


ကျွန်တော် ငယ်ငယ်က ငါးတန်းလောက်မှာ အိမ်နီးနားချင်းအဖြစ် ဂျပန်မတစ်ယောက် ရောက်လာတယ်။ အဲဒီ့အိမ်နီးနားချင်း အစ်မကသူ့ ပါရဂူဘွဲ့ကျမ်းအတွက် ဗမာပြည်မှာလာပြီး လက်တွေ့ကွင်းဆင်းရင်း ကျမ်းကိုဗမာပြည်မှာပဲရေးတာပါ။ ဗမာပြည်လာတော့ သူကဗမာလိုသင်လာတယ် ရောက်ကာစက တော်တော်လေးရယ်ရတယ် သူပြောတတ်တာက ကျေးဇူးတင်ပါတယ်ပဲ ပီပီသသပြောတတ်တယ်။ အိမ်ချင်းကပ်လျက်ဖြစ်တဲ့ ကျွန်တော့််အိမ်နဲ့ကတော့ မိသားစုလိုကို ဖြစ်နေတာပါ အဖေနဲ့အမေကို သူကမွေးစားအဖေနဲ့ အမေလို့ပြောတတ်တယ်။ ဗမာလိုသိပ်မပြောတတ်တော့ အဖေနဲ့ အမေကတော့ သူနဲ့စကားပြောရင် အင်္ဂလိပ်လိုပြောရတယ် ပုံမှန်အားဖြင့် ဂျပန်ပြောတဲ့ အင်္ဂလိပ်စကားက နားထောင်မဖြစ်ပါဘူး ဒါပေမယ့် အစ်မကတော့ ငယ်ကတည်းက သူ့အဖေနဲ့ အင်္ဂလန်မှာနေတော့ သူ့လေသံက မသိရင်ဂျပန်ပြောနေမှန်းကို မသိပါဘူး။ ဒါပေမယ့် ကျွန်တော်နဲ့စကားပြောမှ ဒုက္ခရောက်ပါတယ် အင်္ဂလိပ်လိုပြောလည်း ငါးတန်းကလေးက နားမလည်ပါဘူး ဗမာလိုပဲမနည်းပြောရပါတယ် ဒါနဲ့ပဲသူဗမာလို ပြောတတ်သွားလို့ နောက်ဆုံးစျေးထဲမှာ စျေးသည်နဲ့စျေးဆစ်ရင်း စကားတောင်များတတ်လာပါတယ်။ ဂျပန်နာမည်က ယူကာကိုလို့ခေါ်တယ် အဆင်ပြေအောင် ဘာနေ့သမီးလည်းမေးပြီး သောကြာသမီးဆိုတာနဲ့ သိင်္ဂီရှေလို့အဖေက ဗမာနာမည်ပေးထားတယ်။ ကျွန်တော်နဲ့ ညီမလေးနဲ့ကတော့ မမယူကာကိုခေါ်လိုက် မမသိင်္ဂီခေါ်လိုက်နဲ့ သူအားရင်ကစားဖော်ရနေတာပဲ။ ဒီလိုနဲ့ နှစ်နှစ်လောက်သူနေသွားတယ် ပြီးတော့ ကျမ်းရေးလို့ပြီးတာနဲ့ စစ်ဆေးဖို့တင်ရင်း တိုကျိုတက္ကသိုလ်ကို သူအပြီးပြန်သွားတယ်။

နောက်တော့ နှစ်နှစ်တစ်ခေါက်လောက်တော့ သူလုပ်တဲ့ သုတေသနအလုပ်နဲ့ လိုအပ်ရင် ဗမာပြည်ကိုလာတတ်တယ်။ အဖေကလည်း သူလိုအပ်တဲ့ ဒေတာတွေကို အမြဲရှာပေးလေ့ရှိတော့ အဆက်အစပ်တော့မပြတ်ဘူး။ သူကျောင်းပြီးတော့ တိုကျိုတက္ကသိုလ်မှာပဲ ကထိကပြန်လုပ်နေတယ်။ နောက်ပိုင်း အဖေလည်း သူ့ကျန်းမာရေးအရ သုတေသနအလုပ်ကနေ နားလိုက်ပြီး နယ်အလုပ်တွေကို ပြန်ပြောင်းလိုက်တော့ တစ်ခါတစ်လေ မမကဗမာပြည်လာတယ် ဒါပေမယ့် ကိုယ်ကတစ်ခြားမြို့မှာရောက်နေရင် သူလာချင်လည်း အချိန်မရတော့ မလာနိုင်တော့ဘူး။ ကျွန်တော်ဆယ်တန်းအောင်တော့ မန္တလေးကိုသူရောက်လာတယ် မတွေ့တာကြာတော့ အားလုံးဝမ်းသာကြပါတယ်။ ဖြစ်ချင်တော့သူက ချင်းတွင်းအထက်ပိုင်း မင်းကင်းနဲ့ မောက်ကတော်ဘက်ကို သွားချင်တယ် ဒါပေမယ့် အဲဒီ့ဘက်က နိုင်ငံခြားသားပေးမသွားဘူး။ အဖေအမျိုးမျိုးစီစဥ်ပေးတယ် ဒါပေမယ့် ဘယ်လိုမှသွားမရလို့ သူလိုချင်တဲ့ ဒေတာတွေရဖို့ ကျွန်တော်ပဲ မောက်ကတော်ဘက်ကိုသွားတယ် တစ်ရွာဝင်တစ်ရွာထွက် စာရင်းလိုက်ကောက်ရတယ်။ နောက်ကျွန်တော် ပထမနှစ်လောက်မှာ သူတစ်ခေါက်ပြန်လာတယ် စစ်ကိုင်းကအိမ်ကို သူရောက်လာသေးတယ်။ အဖေဆုံးတော့ သူ့ကိုပေးထားတဲ့ လိပ်စာနဲ့စာထည့်လိုက်တယ် ဗမာပြည်ကစာဟာ ဂျပန်ကိုရောက်ပုံမရဘူး။ နောက်တော့ ဗမာပြည်မှာအင်တာနက်ဆိုတာ ရလာတော့ သူပေးခဲ့တဲ့ တိုကျိုတက္ကသိုလ်က သူ့အီးမေးနဲ့ ဆက်သွယ်လည်းမရတော့ဘူး လိပ်စာမရှိတော့ဘူး။ ဒီလိုနဲ့ပဲအဆက်အသွယ် ပြတ်သွားခဲ့တယ်။

ဒီလိုနဲ့ အင်တာနက်မှာ လူပျောက်ရှာပုံတော် ကျွန်တော်ဖွင့်ရတယ် ဘယ်လိုမှရှာလို့မရဘူး။ နောက်ဆုံး Google Alert နဲ့ ရှာခိုင်းထားတယ် အဖြေအသစ်ထွက်တိုင်း ကျွန်တော့််ဆီကို အီမေးပို့ပေးတယ် ဒီတော့မှနာမည်တူတွေ အင်မတန်ပောမှန်းသိတယ် နာမည်တူပေမယ့် လူမတူပါဘူး။ ဒီလိုနဲ့ရှာလာတာ ၃ နှစ်လောက်ကြာတယ် ဂျပန်က သုတေသနလုပ်တဲ့ လူနာမည်တွ

5 thoughts on “မွေးစားမမနဲ့ အတိတ်ကဓာတ်ပုံ

  1. အဲလို မတွေ့တာကြာတဲ့သူတွေနဲ့တွေ့ရတာ သိပ်ပျော်ဖို့ကောင်းတာပဲ… ပျော်စရာနှစ်သစ်ဖြစ်ပါစေ :)

  2. မမယူကာကိုကို ၂ဝ အရွယ် ချောချော ဂျပန်မလေး တစ်ယောက်ပါ ခေါ်လာခဲ့ခိုင်းပါလားဟင်…
    အားမလို အားမရဖြစ်ရတယ် တို့စိတ်ထဲမှာ

  3. အတူလိုက်ပျော်မိတယ်လူပျိုကြီးရဲ့ း)အဟဲ
    ဂျပန်မလေးတယောက်လောက်နဲ့ အဆင်ပြေစေချင်တယ် း)

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">