ဟိုတစ်ရက်က ကြက်ဥကို ပေါင်းပြီးချက်စားတယ် တစ်နေ့က ကြက်ဥကိုကြော်တယ် မနေ့က ကြက်ဥကိုပြုတ်ပြီး သုတ်စားတယ် ဒီနေ့တော့ ကြက်ဥကိုပြုတ်ပြီး ခရမ်းချဥ်သီးနဲ့ချက်စားတယ် မနက်ဖြန် ကြက်ဥကို ဘယ်လိုစားရမလဲစဥ်းစားတယ် ဒါနဲ့ပဲ ကြက်ဥအမျိုးမျိုးချက်နည်း ပြုတ်နည်း စဥ်စားမိသလောက် စာရင်းလုပ်ထားမိတယ် သိတဲ့လူများလည်း နာမည်လေးတွေ ပြောသွားကြပါဦးဗျာ ကြက်ဥချက်နည်း များများသိမှ ကျွန်တော်အဆင်ပြေမယ်။
(၁) ကြက်ဥကြော်
(၂) ကြက်ဥပြုတ်သုတ်
(၃) ကြက်ဥဖောက်ချက်
(၄) ကြက်ဥပြုတ်အချဥ်ချက်
(၅) ကြက်ဥပေါင်းချက်
(၆) သီးစုံဟင်းနဲ့ ကြက်ဥနဲ့ချက်
(ရ) ကြက်ဥစပယ်ရှယ်ကြော်ချက်
မနက်ဖြန်တော့ သီးစုံဟင်းနဲ့ ကြက်ဥချက်ရမလား ခက်တာက မဆလာပြတ်နေတယ်။ ကြက်ဥစပယ်ရှယ် လုပ်ရအောင်လည်း ကြက်ဥအနှစ်တွေက ပိုနေမယ် အဲဒါတွေ မရိုးနစ်လုပ်လိုက်ရအောင်လည်း ကိုယ်ကလည်း မရိုးနစ်သိပ်မကြိုက် မထူးပါဘူးမဆလာလေး ပြေးဝယ်ပြီး ကြက်ဥသီးစုံချဥ်ရည်လေးပဲ ချက်တာကောင်းပါတယ်။ နောက်နေ့မှ ကြက်ဥအမျိုးမျိုး တစ်ပါတ်စာ ချက်နည်းပြုတ်နည်း စိတ်ရှည်လက်ရှည်ရေးဦးမယ်။
မရိုးနိ လုပ်တတ်တယ်ပေါ့.. တော်ထှာ……….။
ကောင်းတယ် ကိုလူပျိုရေ… နည်းလမ်းလေး ယူသွားတယ်။ အပေါ်က SDL ပြေသလိုလေး ကြော်စား မဆလာ ကုန်နေရင် ငရုပ်ကောင်းမှုန့်လေး ထည့်ပြီး ကြော်လိုက် မွေးပြီး စားလို့ ကောင်းတယ်။ း)
ခင်မင်လေးစားလျက်
ကြက်ဥ လုပ်စားနည်း တမျိုး သိတယ်..မေ့သွားပီ သွားပြန်မေးလိုက်ဦးမယ်..
အာလူးသီးအတုံးလေးခပ်သေးသေးတုံးပြီး ဆီနဲ့ ကြက်သွန်နီနဲ့ အရင်ကြော် ၊ နည်းနည်းနူးရင်် ကြက်ဥခေါက်ထားတာကို လောင်းထည့်၊ ကြက်သွန်ဖြူကြိုက်ရင် အုပ်လိုက်…
…
စကားမစပ် ဟု ိဧည့်သည်ပြောသွားတာလေးက မိုက်တယ်… စားကောင်းလောက်တယ်
တောကြက်ဥ ဖြစ်ဖြစ် အိမ်ကြက်ဥဖြစ်ဖြစ် တွေ့ရင် အစိမ်းဖောက်တောက် လိုက်တယ် ပြီးရော း) ဟိဟိ အားရှိတာပေါ့လို့ ဟုတ်ဖူးလားး း)
ကြက်ဥ လုပ်စားနည်း တမျိုး သိတယ်..မေ့သွားပီ သွားပြန်မေးလိုက်ဦးမယ်..