Myanmar Window Mobile Keyboard ( currently Zawgyi only )

ဒါတွေဖြစ်ဖို့မျော်လင့်တယ်

(၁) User တွေအနေနဲ့ Long Term Memory တတ်နိုင်သ၍သုံးရဘူး Short Term Memory အသုံးနည်းရမယ် Working Memory ပဲတတ်နိုင်၍သုံးပြီး စာရိုက်လို့ရရမယ်။
(၂) Experts or Novices အတွက် နှစ်ဘက်မျထားတဲ့ Layout ဖြစ်ချင်လည်း ဖြစ်လာနိုင်တယ်။
(၃) အသစ်ဖြစ်လို့ အသုံးချတတ်ဖို့ အနည်းနဲ့အများ လေ့လာဖို့လိုကောင်းလိုမယ် ဒါပေမယ့် အချိန်တိုမှာ လွယ်လွယ်ကူကူ ဖြစ်ရမယ်။
(၄) ဘယ်သူဖြစ်ဖြစ် တရားဝင်အလကား သုံးလို့ရရမယ် ထပ်ထည့်ချင်သပဆိုလည်း ထည့်လို့ရရမယ်။ ကိုယ်လည်း သူများအလကားပေးတာ ယူသုံးရတယ် ဒီတော့လည်း ကိုယ့်လုပ်ထားတဲ့ဟာလည်း ပြင်ချင်သလိုပြင်နိုင်တယ်။

လက်ရှိဒါတွေလုပ်နေတယ်

(၁) Experts or Novices တွေရဲ့ Mental Model တွေကို အကြမ်းသတ်မှတ်နေတယ် အများနဲ့လေကန်ဖို့လိုတယ် တစ်ယောက်တည်း စဥ်းစားရင် သူများရဲ့ Mental Model ကိုရမယ်မဟုတ်ဘူး ကိုယ့် Mental Model ထုတ်သလိုဖြစ်နေမယ်။
(၂) ဗမာစကားလုံးတွေရဲ့ Keystroke Frequency ကိုဗမာလိုရေးထားတဲ့ ဘလော့များကနေပြီး ဆွဲထုတ်ပြီး ရေတွက်နေတယ်။
(၃) ကီးအရွယ်အစား အကြီးအသေးနဲ့ အရေအတွက်၊ Row ဘယ်နှစ်ခုထားမလဲ Layer ဘယ်နှစ်ခုထားမလဲ ဒါတွေကို တစ်မျိုးစီပြောင်းပြီး စမ်းသပ်နေတယ်။

လုပ်လို့ပြီးသွားတာတွေ

(၁) သုံးမယ့် Tools တွေကို လေ့လာပြီးတော့ သင့်လျော်တဲ့ Tool တစ်ခုကိုရွေးထားတယ်။ ရွေးထားတဲ့ Tool ကို ဘာတွေလုပ်နိုင်သလဲ စမ်းလို့ပြီးသွားပြီ။
(၂) Tools ကလက်ခံမယ့် ဘာသာစကားကို လေ့လာပြီးသွားပြီ။
(၃) ဇော်ဂျီထဲမှာ ရှိသမျစာလုံးတွေ အကုန်ပေါင်းသွပ်ထားတဲ့ ဒီဇိုင်းမရှိတဲ့ ကီးဘုတ်အကြမ်းတစ်ခုရှိတယ်။ ရိုက်လို့တော့ရတယ် ကိုယ့်ဟာကိုယ်တောင် ဘယ်စာလုံးဘယ်နားရှိမှန်း မမှတ်မိဘူး။

Fig: စုံစီနဖာ နမူနာ

လုပ်စရာကျန်နေတာတွေ

(၁) Overall Mental Model အပြီးသတ်မှတ်ရမယ်။
(၂) စာရင်းကောက်ထားတဲ့ Keystroke အရေအတွက်တွေကို Analyze လုပ်ရမယ်။
(၃) စမ်းထားတဲ့ ကီးအရွယ်အစားနဲ့ ကျန်တာတွေရယ် Analyze လုပ်ထားတာရယ် Mental Model ကိုအခြေခံပြီး Keyboard Layout ကိုအကြမ်း Design ဆွဲရမယ်။
(၄) ပြီးသွားရင်တော့ Design Evaluation လုပ်ကြည့်ဖို့တော့လိုဦးမယ်။ ဒါကတော့ ဗမာစာရိုက်တတ်တဲ့လူရော မရိုက်တတ်တဲ့လူရော အကုန်ဒုက္ခပေးရမှာပဲ။ Evaluation လုပ်နေကျ ဘော်တာများကိုတော့ ပုံတွေပို့ပြီး Evaluation လုပ်ခိုင်းမယ် ၁ နာရီ ၁ဝ တော့ အလကားလုပ်တဲ့ ပရောဂျက်ဆိုတော့ မပေးနိုင်တာအမှန်။
(၅) ပြီးရင်တော့ Evaluation မှာဘယ်လောက်မကောင်း ပြောထားသလဲကြည့်ပြီး ပြင်သင့်တာ ပြန်ပြင်ရဦးမယ်။ Evaluate လုပ်ပေးတဲ့လူကလည်း သူတို့ပြောတာတွေကို ပြင်စေချင်တယ် လုပ်ထားတဲ့လူကလည်း Evaluation Results အားလုံးအပေါ်မှာ အခြေခံပြီး ပြင်သင့်မပြင်သင့် စဥ်းစားရတယ်။ ဒီတော့တစ်ခါတစ်လေ ငါပြောတာမပြင်ဘူးဆိုပြီး ရန်ဖြစ်ရတတ်တယ်။

အကန့်အသတ်များ

(၁) ဖုန်းကတစ်လုံးပဲရှိတယ် မတူညီတဲ့ Resolution တွေအတွက် Simulation နဲ့ပဲစမ်းရမယ်။
(၂) တစ်ခြားအလုပ်များလည်း ရှိနေသေးတယ် တစ်ရက်မှ ၂ နာရီပဲအချိန်ပေးနိုင်တယ်။
(၃) စမ်းပေးမယ့် သူငယ်ချင်းများရှိပေမယ့် သူတို့လည်းအလုပ်ကိုယ်စီနဲ့ မအားကြတော့ အားနာရတယ်။
(၄) လတ်တလောတော့ ဇော်ဂျီအတွက်ပဲ ရဦးမယ် Standard လိုက်နာတဲ့ Myanmar Font များအတွက်တော့ Rendering ပြဿနာများ ရှိနေတဲ့အတွက် နည်းနည်းကြာဦးမယ်။
(၅) Mobile gadget တွေမှာ Resource Limitation ကြီးတယ် အထူးသဖြင့် Screen အရွယ်အစား အလွန်သေးတယ်။
(၆) ဇော်ဂျီရဲ့ မြောက်များလှစွာသော ကုဒ်အပိုများက ဘယ်လိုပဲ ကောင်းအောင် Design လုပ်ပါစေ Usability ကိုထိခိုက်စေတယ်။ မရှိမဖြစ်အရေးကြီးတဲ့ ကိစ္စမဟုတ်တဲ့အတွက

7 thoughts on “Myanmar Window Mobile Keyboard ( currently Zawgyi only )

  1. ဝေး ကျနော် ဝင်းမို(ဝင်းဗိုလ်မဟုတ်)သုံးနေပါတယ်။ စမ်းချင်ပါတယ်။ စမ်းဖို့လိုအပ်မယ်ဆို ကျနောုံကိုပြောပါ။

  2. ကိုရင် လူပျိုရေ..

    ရည်ရွယ်ချက်လေး ကောင်းသဗျာ
    ကျွန်တော်တော့ ဟိုမှာတုန်းက Mobile Apps တွေရေးဖို့ဟာ Handset ဖိုးမတတ်နိုင်လို့ မရေးဖြစ်ဘူး။ ဒီမှာကျတော့ အပျင်းထူလို့ မရေးဖြစ်ဘူး( ဆင်ခြေတွေ)..

    အားပေးပါ၏.. အောင်မြင်ပါစေသော်ဝ်

  3. အေးလေ အေးလေ အစောဆုံး အဂါင်္လို့ ပြောတော့ မရေးလောက်ဘူး ထင်တာပေါ့…. း) … ခုများတော့ ခုများတော့….. း)

  4. အေးလေ အေးလေ အစောဆုံး အဂါင်္လို့ ပြောတော့ မရေးလောက်ဘူး ထင်တာပေါ့…. း) … ခုများတော့ ခုများတော့….. း)

    • Nokia 6700 က Symbian သုံးထားတဲ့အတွက် ဗမာလိုမြင်ရဖို့ မဖြစ်နိုင်ပါဘူး မရရအောင် Font ကိုထည့်လို့ရပေမယ့် အဆင်ပြေပြေမြင်ရမှာ မဟုတ်ပါဘူး ဗမာလိုမြင်ရချင်ရင်တော့ Windows Mobile, Android or iOS တစ်ခုခုသုံးတဲ့ ဖုန်းမျိုးကိုသုံးမှ ဖြစ်နိုင်ပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">