အမှတ်တရနေရာများ

မင်္ဂလာစျေးဒေါင့်က လှိုင်းဆိုတဲ့ဆိုင်က တစ်ခွက် ၃ဝ ကျပ်ခေတ်က လက်ဘက်ရည်နဲ့ စမူဆာစားချင်မိတယ်။
ပထမနှစ်ဆိုတဲ့ ကျောင်းသားဘဝတွေမှာ မမကြီးတွေကို ထိုင်ငေးခဲ့တဲ့နေရာပေါ့။
3 Color မှာလက်ဘက်ရည်သောက် ဂျာနယ်မဂ္ဂဇင်း တစ်လစာအကုန် အလကားဖတ်ချင်တယ်။
ရှမ်းထမင်းဆိုင်လို လာတဲ့ကျောင်းသူလေးတွေကို အမှတ်တရအနေနဲ့ပေါ့။
မနက်စောစော လူကြပ်ပေမယ့် မင်းသီဟမှာ ခုံလုပြီးထိုင်ချင်သေးတယ်။
သူငယ်ချင်းများ ကျောင်းပိတ်ရက်ဆုံရင်း ရင်ဖွင့်ကြတဲ့နေရာပေါ့။
ပူရီကလွဲရင် လက်ဘက်ရည်လက်မှန်တဲ့ မဟာနွယ်လည်း မမေ့သေးဘူး။
အပေါ်ထပ်က ဆေးကျောင်းသူ အဆောင်ကို သတိတရအဖြစ်နဲ့ပေါ့။
မန်းမြို့တော်မှာ ဘူးနို့ဆီနဲ့ဖျော်တဲ့ လက်ဘက်ရည်သောက်ပြီး ဝက်သားပေါင်း အစားပြိုင်ချင်သေးတယ်။
သူငယ်ချင်း ၈ ယောက်ရဲ့ မွေးနေ့ အမှတ်တရ အဖြစ်အပျက်များပေါ့။
Cafe Blue လည်းသွားရင်း အောင်တော်မူကို ဝင်ဖူးချင်သေးတယ်။
အသက်နည်းနည်း ကြီးသွားတဲ့အချိန်မှာ ကလေးတွေကို ပုံစံအစုံ တစ်အ့တစ်သြ မြင်ဖူးရတဲ့နေရာပေါ့။
ကျူရှင်လူမရှိလို့ စိတ်ညစ်ညစ်နဲ့ ရှေပြည်မိုးမှာ တစ်နေကုန်ထိုင်နေရလည်း တမ်းတမိသေးတယ်။
ကျူရှင်ဆရာပေါက်စဘဝ ပျော်စရာအတိတ်နေ့ရက်များပေါ့။
မတတ်သာမှထိုင်တဲ့ စားပွဲထိုးအချိုးမပြေတဲ့ Unison ကိုလည်း တစ်ခါတော့ပြန်ထိုင်ချင်မိသေးတယ်။
အပေါက်ဆိုးဆိုး ကျူရှင်ဆရာ အဖြစ်များထဲကတစ်ခုပေါ့။
ကျောင်းသားတွေကို စာမသင်ပျင်းရင် ချော့ပြီးခေါ်သွားတဲ့ Friend ဆိုတဲ့ ထန်းလက်မိုးတဲနဲ့ ဆိုင်လည်းသွားချင်တယ်။
လူလည်းကျတဲ့ ဆရာပါးဝသွားတဲ့ ကျူရှင်ဆရာတစ်ယောက်ရဲ့ လုပ်နည်းလုပ်ဟန်များထဲက တစ်ခုပေါ့။
UFL ထဲကိုတော့ ဒီတစ်သက်မှာ တစ်ခါစာမေးပွဲ ကျဖူးတဲ့ တက္ကသိုလ်အမှတ်တရနဲ့ သွားလည်ချင်သေးတယ်။
စာမေးလွန်းလို့ လာမမေးအောင် ဆရာမငယ်ငယ်လေးကို ဆရာမက လှတယ်နော်လို့ အတန်းထဲမှာ လူကြားအောင် ပြောခဲ့တာအမှတ်တရပေါ့။
မနက် ၆ နာရီ ကျောင်းကားဂိတ်က လက်ဘက်ရည်ဆိုင်စုတ်စုတ်လေးမှာလည်း ထိုင်ချင်နေမိသေးတယ်။
ဆိုင်နာမည်က မျော်တော်ယောင်လား အလွမ်းကဖီးလား အခုတော့ မမှတ်မိတော့ဘူး။
အခုတော့ ငါ့မှာက နို့ဆီမပါတဲ့ ဘလက်ကော်ဖီတစ်ခွက်ပဲ သောက်စရာရှိတယ်။
ဒါကတော့ စင်ကာပူညများ အမှတ်တရပေါ့။

8 thoughts on “အမှတ်တရနေရာများ

  1. အခုတော့ နာ့မှာ
    ခုတော့ နာ့မှာ
    နာ့မှာ
    နာ့….မှာ
    ကိုလူပျို ကျူရှင်ဆရာဖြစ်ခဲ့မှန်း ခုမှသိတယ်။

  2. မန္တလေးသားစစ်စစ်ကြီးပေါ့ ရှေပြည်မိုးတစ်ဆိုင်ပဲရောက်ဖူးတယ် :)

  3. :)
    ကိုယ်တော့ စာဖွဲ့မပြတော့ဘူး နောက်လထဲ ခဏပြန်မယ်။ အဲ့ဆိုင်တွေ အကုန်ထိုင်ခဲ့မယ်။ ဓါတ်ပုံတွေရိုက်ပြီး ကလူပျိုကို ပြမယ်
    :D

    Friend နဲ့ Unison နေရာ တော့ ခု ဘာတွေ ဖြစ်ကုန်တယ် မသိ..

  4. သီဟ ပြောတာ မယ့် နဲ့ သူ မန်းလေးမှာ ခန(တမနက်)ပဲ နေမှာတဲ့… အာလူးး

  5. Unison ကြီးကတော့ မရှိတော့ဘူးဗျ၊ ရှေပြည်မိုးကြီးကတော့ J34 အဖြစ် ဇာတ်ပြောင်းသွားတာ ကိုယ့်လူအသိ၊ ကျူရှင်ရှေ့က ကော်ပြန့်တုတ်ထိုးဆိုင်ကို ဘယ်ချောင်သွားထိုးထားလိုက်သလဲ

  6. အေးကွ ကော်ပြန့်ဆိုင်လည်း ငါမေ့သွားတယ် နောက်တစ်ခေါက် ရေးမှထည့်ရေးဦးမယ် :P

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">