ကြုံရဆုံက ကျောင်းသားဘဝမှာ အမြဲတမ်းကြုံရတာက ကျောင်းသားအချင်းချင်း စာမေးကြရတာထုံးစံပဲ။ သိတဲ့လူပြောပြ မသိတဲ့လူနားထောင်ပေါ့။ စာအုပ်ထဲကစာ မေးကြရတာကတော့ ဘယ်ကကျောင်းသားဖြစ်ဖြစ် တွက်မရချက်မရဆိုရင် သိတဲ့လူတွက်ပြ ရှင်းပြတာကတော့ အတူတူပဲ။ ကွန်ပျူတာကျောင်းသားဆိုတော့ သူများကျောင်းသားနဲ့မတူတာက ပရိုဂရမ်းမင်းဘာသာစကားများက တစ်ယောက်တစ်ပေါက်တတ်ကြတယ် လုပ်ရတဲ့အလုပ်များ မတူရင်ဖြင့် ပြဿနာကြုံဖူးပုံချင်းလည်း မတူပြန်ဘူး ဒီတော့တစ်ယောက်ကို တစ်ယောက်လုပ်ဖူးသလားမေးရင် သိတဲ့လူရှိတယ်ဆိုရင် အလုပ်ရှုပ်သက်သာတာပေါ့။
ကိုယ်ကလည်းအရင်လို ဂျူနီယာမဟုတ်တော့ဘူးဆိုတော့ ဆရာကလည်းလက်လှဲတတ်တယ် မင်းသူ့ကိုအခက်အခဲ ရှိတယ်ဆိုရင် ကူညီပေးလိုက်ပါဆိုပြီး အပ်ထားခဲ့တဲ့ ကျောင်းသားဘော်တာ အချင်းချင်းလည်းရှိပြန်ရော။ Analysis လုပ်ရင် အမြဲတမ်း Statistic တွေတွက်ရတာ ဂရပ်တွေဆွဲရတာက ထုံးစံပါပဲ။ တစ်ယောက်က Excel နဲ့ ဂရပ်မဆွဲတတ်ဘူးတဲ့ ငါ့ကိုသိရင်ပြောပါတဲ့ ကွန်ပျူတာဘွဲ့လွန်ကျောင်းသား Excel မသုံးတတ်တာ ထူးဆန်းသလား ကွန်ပျူတာကျောင်းသားပဲ Application သုံးနည်းသင်တန်းလာတက်တာမှ မဟုတ်တာ အသုံးလိုရင် စမ်းသုံးကြည့် သုံးတတ်မှာပေါ့ သူမှမသုံးဖူးတာ မတတ်တာမထူးဆန်းပါဘူး။ ဒါနဲ့ ဂဏန်းလေး ၁ဝ လုံးလောက် ရိုက်ပြီး ဒီလိုဆွဲဆိုပြီး အမြန်လုပ်ပြလိုက်တယ် မင်းဆွဲမရရင် ဆွဲချင်တဲ့ဟာတွေငါ့ကိုပြ ငါကြည့်ပေးမယ်လို့ဆိုတော့ ရပါတယ်ဒီလောက်ဆို ငါစမ်းလုပ်လို့ရပြီဆို ထွက်သွားတယ်။ လှမ်းမြင်နေရတာပဲ သူတော်တော်နဲ့ ဆွဲလို့မရပါဘူး ၂ နာရီလောက် တောင်စမ်းမြောက်စမ်း အကုန်လျောက်စမ်းပြီး ဆွဲလို့ရသွားတာပါပဲ။ နောက်တစ်ခေါက်ရောက်လာပြန်တယ် ငါဆွဲလို့ရသွားပြီတဲ့ ဒါပေမယ့် ကိန်းသိပ်မကွာတဲ့ ဂရပ်တွေကို မြင်သာအောင် လုပ်လို့မရဘူးဖြစ်နေတယ် အဲဒါလည်းသိသလားမေးတယ် ဒါနဲ့ ကိန်းတွေကိုမင်း log ယူလိုက်လေပြောလိုက်တယ် ဘယ်လိုယူရမလဲထပ်မမေးပါဘူး သူ့ဟာသူတစ်ခေါက်ရှာပြန်ဖွေပြန် စမ်းသပ်ပြန်ရော ပြီးတော့သူ့ဟာသူ လုပ်လို့ရသွားတယ် လာပြောပါတယ် နောက်လည်းလာမေးဦးမယ် ကျေးဇူးတင်တယ်တဲ့။ သူ့ကိုကိုယ်ကဖြေရတာက နှစ်ခွန်းသုံးခွန်းပါ သူ့ဟာသူပဲအသေးစိတ်က ရှာဖွေပြီးလုပ်သွားတာပါ။
နောက်တစ်ယောက်လည်း လာမေးပြန်တယ် Jabref ဆိုတဲ့ citation လုပ်ရာမှာသုံးတဲ့ ဆော့ဝဲကိုသုံးလို့မရလို့တဲ့။ ဒါနဲ့မဟုတ်သေးပါဘူး အဲဒါက java နဲ့ရေးထားတာပဲ deployment အင်မတန်လွယ်တာ ဖြစ်နိုင်တာကတော့ မင်းစက်မှာက jvm နည်းနည်း ပြဿနာရှိနေမယ်ထင်တယ် ငါလိုက်ကြည့်ပေးမယ်ဆိုတော့ ရတယ်တဲ့ငါ့ဟာငါကြည့်မယ် ဒီလောက်ဆိုငါသဘောပေါက်တယ် ဆိုပြီးထွက်သွားပြန်ရော။ တကယ်ကကိုယ်လည်း သိနေတာပဲ သူကတစ်ခြား ပရိုဂရမ်ဆိုရင် တစ်ခြားဘာသာစကားတစ်ခုကို အင်မတန်ကွမ်းကျင်ပါတယ် ဒါပေမယ့် Java ကိုလုံးလုံးမသုံးတဲ့လူ။ သူ့ဟာသူကိုယ်ပြောလိုက်တဲ့ စကားကိုအခြေခံပြီး ရှာလိုက်ဖွေလိုက်ပြီး ခဏနေတော့လာပြောတယ် ကျေးဇူးတင်တယ်နော် မင်းပြောတဲ့ပြဿနာပဲ ငါစမ်းပြင်လိုက်တာရသွားပြီတဲ့။
ဒီနေ့မနက်တော့ ဘော်တာတစ်ယောက်ကို ကူရပြန်ပါတယ် သူကလည်းလူအသစ် သုံးရမယ့်စမ်းရမယ့် System တွေကလည်းသူတစ်ခါမှ မသုံးဖူးမလုပ်ဖူးတဲ့ဟာတွေ။ Opensource ဆိုတဲ့အတိုင်းအလကားသာရတယ် အင်မတန်ဇယားတော့အရှုပ်သား ပြီးတော့တစ်ခုတည်းကလည်းမဟုတ် ငါးမျိုးလောက်ပေါင်းသုံးရတယ် လွယ်လွယ်ကူကူသုံးလို့ရတဲ့ဟာကျ သူတို့ကအလကားမရဘူးရောင်းစားတယ်။ ဒါနဲ့သူ့ကို အကုန်လုံး ဘယ်အစိတ်အပိုင်းတွေ ပါလာတယ် ဘယ်ဟာတွေက ဘာအတွက်သုံးရတယ် ပြောပြရတယ်။ နည်းနည်းပြောပြပြီးတော့ သူကဒီလောက်ဆိုရပြီတဲ့ Setup သူ့ဟာသူလုပ်မယ်တဲ့။ ဒါနဲ့မင်းမရလောက်ဘူးနော် Setup ကအကုန်လုံး ရှုပ်နေတာ မင်းလည်နေမယ်ဆိုတော့လည်း ရ
ဘယ်လောက်တောင်အားမလိုအားမရဖြစ်နေမှန်းမသိပေမဲ့ ပိန်းတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ တုံးတာက သေးသေးတင်နဲ့တုံးတယ်သိလား
ဒီမယ် ဟို စက်လေးကို ဟိုလို ပြင်ချင်တာလေ ဥပမာလေးနဲ့ ရှင်းပြစမ်းပါ၊ မှတ်စုလေးပါ ရေးထားပေးနော်…အိုင် က ဘာမှ မသိလို့ပါ…:P
ငါ့ဟာငါ မလုပ်တတ်လို့ ပါအေ…
သားသားတို့က စီနီယာကြီးဆိုပြီး အားကိုးတာကို သူက အော်လှတ်တယ်… အဟင့်… အဲလိုလူကြီးတွေကြောင့် မြန်မာ့ အိုင်တီလောက ကြီးမတိုးတက်တာ….
ဥပမာလေးပါရေးထားပေးအုံးနော်… keyboard ကို ဘယ်လိုရိုက်ရမလဲဆိုတာကို.. video လေးပါလုပ်ထားပေး…
keyboard ပေးရင်လည်း မသွင်းတတ်ဘူး…
ဒီစာဖတ်ရတာ လူကို ဆူနေသလို ခံစားရတယ် ..
နေ့အိမ်မက် >> သေးသေးတင်ဖြင့် ပြန်ပြီးတော့ တုံးလိုက်ပါတယ်။ ပရုရီဒါကို အထူးကျေးဇူးတင်ပါသည်။ နောက်လည်း မြင်တာလေးတွေ ပြောပေးပါဦး။
ပြာပြာ >> ပြင်မရရင် ဆိုင်ပို့လိုက်ဗျာ။
စေတန် >> လာလာပြီးတော့ ရန်မစနဲ့နော် အမြင်ကပ်ရင် အိမ်လာလည်လိုက်မှဗျ ဟွန်း
မေကျော် >> ကံဆိုးစွာဖြင့် တစ်ကျောင်းထွက် ဖြစ်သွားခြင်း ဖြစ်ပါသည်။ တိုက်ဆိုင်မှု့ရှိပါက ခွင့်လှတ်ပါရန်
ငါစွဲငါမာန်တွေ များနေလိုက်တာ…
မဖြစ်ဘူး ရှင်ကတော့လေ ဆိုပြီး ပွစိပွစိပြောမယ့် မိန်းမျိုးရှာပေးစားပစ်မှ။
ငဲငဲ… ညီညီပီအမ်ရယ် မြန်မြန်လုပ်ပါ ကြိတ်ဆုတောင်းနေမလားမသိဘူး =D
အော် အခုကျောင်းသားတွေ ဒီထက်ပိုဆိုးနေပြီ ကိုလူပျိုရေ… ခေတ်သစ်ဆရာ ကိုလူပျိုတို့နဲ့ ပေးတွေ့လိုက်ရမှာ..။
ခင်မင်လေးစားလျက်
ဒါနဲ့…. လပက ရဲ့ ညီမလေးကော ဘယ်တော့လာမလဲဟင်… လာမယ်.. လာမယ်နဲ့ အခုထက်ထိ မတွေ့ရသေးဘူး……
ငါစွဲငါမာန်တွေ များနေလိုက်တာ…
မဖြစ်ဘူး ရှင်ကတော့လေ ဆိုပြီး ပွစိပွစိပြောမယ့် မိန်းမျိုးရှာပေးစားပစ်မှ။
ငဲငဲ… ညီညီပီအမ်ရယ် မြန်မြန်လုပ်ပါ ကြိတ်ဆုတောင်းနေမလားမသိဘူး =D