ကွန်ပျူတာစာရေးခြင်း vs လက်ဖြင့်စာရေးခြင်း

ဗမာစာမှာလည်း စာရေးတဲ့နေရာမှာ Standard သတ်မှတ်ထားတာတွေ ရှိသင့်သလောက်တော့ ရှိပါတယ်။ ဒါပေမယ့် မလိုက်နာတာ များပါတယ် စာလုံးတွေရေးတဲ့အခါ ဆွဲရမယ့်လမ်းကြောင်းနဲ့ ရေးရမယ့်အချက်ရေ သတ်မှတ်ထားတာ ရှိပါတယ်။ ဗမာစာလုံးတွေက နာရီလက်တံလည်တဲ့အတိုင်းပဲ ရေးကြတာပါ။ “က” ဆိုရင်နှစ်ချက်ရေးတယ် “ခ” ဆိုရင်တစ်ချက်တည်း အပြီးရေးတယ် ဒါမျိုးတွေလည်း သတ်မှတ်ထားတာ ရှိတာပါပဲ။ ရှေးကရှိမရှိတော့ မပြောတတ်ဘူး ဒါပေမယ့် ဘယ်လိုရေးရမယ်ဆိုတာက သတ်မှတ်ထားပါတယ် မယ့်ရင်သူငယ်တန်း ဖတ်စာအုပ်ပြန်ကြည်ပေါ့။ ဒါပေမယ့် စာအုပ်ထဲလက်နဲ့ရေးတော့ ကြီးလာတာနဲ့တစ်ပြိုင်တည်း ရေးချင်သလိုရေးတာပါ နာရီလက်တံ ပြောင်းပြန်လည်း ရေးလိုက်တာပဲ “ည” ရေးတာကို “သ” ကိုအရင်ရေးပြီး နောက်ဆုံးမှ အောက်ကနေခြေထောက် တပ်လိုက်တာလည်း “ည” ဖြစ်သွားတာပဲမဟုတ်လား။ Standard အတိုင်းအကုန်ရေးတဲ့ လူဆိုတာက ၁၀ဝ မှာ ၁ ယောက်မရှိအောင်ကို ရှားပါတယ် နောက်ပြီးတော့ လက်နဲ့စာရေးတာမှာ အဲဒါတွေကအသေးစိတ် လိုက်နာစရာမှမလိုတာကိုး ဘယ်လိုရေးရေး နောက်ဆုံးဖတ်လို့ရဖို့ အရေးကြီးတယ်မဟုတ်လား။
ကွန်ပျူတာမှာ ဗမာလိုစပြီးတော့ ရိုက်လို့ရတဲ့ခေတ်များမှာပေါ့ အရင်ကတော့ ဗမာလိုလိုချင်ရင် လက်နှိပ်စက်နဲ့ပဲ ရိုက်ရတာပေါ့။ ဗမာစာအတွက် ASCII Font များထွက်လာပါတယ်။ ရှေ၊ ဝင်း၊ အကယ်ဒမီ၊ စီအီး စသည်ဖြင့်ပေါ့ အဲဒီ့ဖောင့်တွေနဲ့ ဗမာလိုရိုက်လို့ရိုက်လို့ ရလာပါတယ်။ ဘာမှကန့်သတ်ချက်မပါတော့ လက်နှိပ်စက်ရိုက်သလို ရိုက်တဲ့အလုပ်နဲ့ ဗမာစာကိုရိုက်လို့ရပါတယ် ဗမာစာလုံးသတ်မှတ်ချက် မရှိသေးတော့ ပုံပေါ်ဖို့ကိစ္စက အရေးကြီးတာပါပဲ ကျန်တာကပြဿနာမရှိပါဘူး။ “ဈ” ဆိုရင်လည်း “စ” + “-ျ” = “စျ” ဆိုပြီးရေးလိုက်တယ်။ “၎င်း” ဆိုရင် Alt နဲ့တွဲနှိပ်ရမှာ ပျင်းရင် “၄” + “င်း” = “၄င်း” ဖြစ်ကရောပဲ သိပ်မလှတာကလွဲရင် ဖတ်လို့တော့ဖြစ်သပေါ့။ “ဪ” ဆိုတာကလည်း တစ်ကယ်တော့ တစ်လုံးတည်းရယ် လက်နှိပ်စက်လိုပဲ သဝေထိုးကနေ စပြီးရိုက်ထည့်လိုက်ရတယ်။ နောက်ပြီးတော့ ဝလုံးနဲ့ သုညခွဲမထားဘူး ဝိုင်းရင်ပြီးရော လက်နှိပ်စက်လို တစ်ခုပဲရှိတယ်။ ဒါပေမယ့် ဘာမှသိပ်ပြဿနာမတက်သေးဘူး ဖတ်လို့ဖြစ်ရင် အလုပ်တွင်သေးတယ် မဟုတ်လည်း ပြီးတော့စာရွက်ထုတ် ဖတ်တာပဲလေ ကွန်ပျူတာကဖိုင်နဲ့ တစ်ခါတည်းအလုပ်လုပ်တဲ့ ခေတ်မှမဟုတ်တာပဲ Find နဲ့ရှာလည်း မတွေ့မှာမပူရဘူး။
တစ်ကမာ္ဘလုံးကစာတွေ ကွန်ပျူတာမှာ သိမ်းလို့ရရမယ်ဆိုတော့ ဒို့ဗမာစာလည်း ပါသွားသပေါ့။ အဲဒီတော့မှ ပြဿနာများက စလာပါတယ်။ ရိုက်ချင်သလိုရိုက်ရင် ရှာချင်သလိုရှာလို့ မရတော့ဘူးပေါ့။ ဒါကထားလိုက်ပါတော့ လူတိုင်းကို ဒီအကြောင်းတွေသိအောင်ပြောရတာ လွယ်တဲ့ကိစ္စမဟုတ်လှပါဘူး။ အရင်ကတည်းက တွေ့နေတာကြာပါပြီ မပါတ်သက်လို့မပြောဖြစ်ဘူး ရေးချင်သလိုရေးရာကနေ မြင်ရပြီးရောရိုက်တဲ့ အကျင့်များကိုနမူနာပြရရင် “ဟ” ကိုကြံကြံဖန်ဖန် “ပ” + “-ာ” = “ပာ” နဲ့ရေးကြတဲ့လူတွေလည်း ရှိပါတယ် ဘယ်လိုများစဥ်းစားသလဲ နားမလည်နိုင်အောင်ပဲ။ ကိုရဲမြတ်သူကဝင်ပြောတယ် အဲဒါဘာဟုတ်သေးသလဲတဲ့ “၏” ကို “ဧ” + “။” + “ -်” = “ဧ။်” ဖြစ်အောင်တောင် ရေးကြတာမြင်ဖူးတယ်ဆိုပဲ။ ဟိုးအရင်ကလူတွေ ဗမာစာရိုက်နေကျဖြစ်နေလို့ အရင်ကအမှားတွေ ရိုက်နေတယ်ဆိုရင် ဒါကလက်ခံနိုင်ပါသေးတယ်။ ကျွန်တော်ဆိုရင် ဝလုံးနဲ့ သုညကိုတူတူ ရိုက်တာအကျင့်ပါနေလို့ သတိထားပြီးပြင်ထားရတာပါ။
ပြဿနာက ကွန်ပျူတာသုံးတတ်ရုံနဲ့ ကွန်ပျူတာနဲ့ပါတ်သက်တာ နားလည်အောင်ရှင်းပြလို့ ရမယ်လို့မထင်နဲ့ အင်မတန်ရှင်းရခက်တယ်။ ကွန်ပျူတာအသုံးပြုသူဆိုလို့ အပြောခံရလို့ စိတ်ဆိုးကောင်းဆိုကြဦးမယ် တစ်ကယ်ဆိုရင် အတန်းအစား အမျိုးမျိုးရှိတယ် သုံးတတ်တဲ့လူ၊ ဘယ်လိုအလုပ်လုပ်တယ်သိ

7 thoughts on “ကွန်ပျူတာစာရေးခြင်း vs လက်ဖြင့်စာရေးခြင်း

  1. :P ပစ္စည်းမဲ့ မာန သမား… :D တစ်ခုတော့ သွားပြေးမြင်တယ်.. ယောကျင်္ားလျာတွေကို… :D မင်းကဘာကောင်မို့လဲ.. ငါဆွဲထိုးလိုက်ရလို့ ပြောပြောတတ်လို့… :P

  2. စေတန်ဂေါ့ လား စေတန်ဂေါ့ဒ် လားတော့ မသိဘူး.. စေတန်ဂေါ့ လို့ နာမည်ပေးတဲ့သူက ပိုများတယ်… စေတန်ဂေါ့ဒ်ကတော့ လူသုံးနည်းတယ်။ စေတန်ဂေါက်ဆို ပိုမှန်မယ်ထင်တယ်.. :P

  3. ညကို သနဲ့တော့ မရေးမိပါဘူး။ လက်ရေးမှာရော၊ စာရိုက်တာရောမှာ။ ဈ ကိုတော့ စျချည်းရိုက်မိနေလို့ မနည်းပြင်ရတယ်။ လူတိုင်းကို အဲလိုမှန်အောင်ရိုက်စေချင်ရင်တော့ နာမည်ကြီးစာရေးဆရာတွေရဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာ ဖြေခိုင်းရမယ်နဲ့တူတယ်။ “ဘယ်စာရေးဆရာကတော့ဖြင့် ဝလုံးနဲ့ သုညကွဲအောင်ရိုက်တယ်ဆိုပဲ၊ ငါလည်း လိုက်ရိုက်ဦးမှ”ဆိုပြီး အားကျလာအောင်လေ။ :P

  4. သိပြီဗျာ ဒီနေ့တင် ကိုစေတန်ဆီမျာကော ကိုဒီဘီဆီမှာကော ခု ကိုလူပျိုဆီမှာပါ တွေ့လာတယ်။ ပြင်ရေးမယ်ဗျာ။

  5. ပျို မမ ဝ လုံး တမျိုးပဲ ရိုက်တတ်တယ်၊ ဘယ်နေရာတုန်း..
    ပြောပြနော်..မသိလို့ ရိုက်မိတာပါအေ..ခွေးလှတ်..

  6. ကျနော် လည်း ခုမှ ဝ နဲ့ ဝ ကို ပြင်နေရတယ်… ဟီး စျ ရောပဲ…. :P
    တိုက်တိုက်ဆိုင်ဆိုင် မနေ့က ယူနီကုဒ်ကို နားထောင်ခဲ့တယ်….

  7. ကျနော် လည်း ခုမှ ဝ နဲ့ ဝ ကို ပြင်နေရတယ်… ဟီး စျ ရောပဲ…. :P
    တိုက်တိုက်ဆိုင်ဆိုင် မနေ့က ယူနီကုဒ်ကို နားထောင်ခဲ့တယ်….

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">