ဂူဂဲတည်ထောင်ခဲ့တာ ၁၉၉၆ ဆိုတော့အခုအချိန်ဆို ၁၄ နှစ်ကြာခဲ့ပြီပေါ့။ ဘာများထူးခြားလာသလဲ လူအကြောင်းကို သူတို့ပိုနားလည်တယ် ဘယ်လိုဆိုရင် လူမြင်လို့ပိုကောင်းမလဲ သူတို့ပိုနားလည်တယ် အလကားပေးပေမယ့် အားမနာတမ်းကြော်ငြာမထည့်ဘူး စာသားကြော်ငြာထည့်ပေမယ့် အခြားလူတွေလို မျက်စေ့နောက်လောက်တဲ့ ပုံတွေနဲ့ကြော်ငြာများ မထည့်တာတစ်ခုနဲ့ပဲ သူ့ကိုသုံးလာခဲ့တာပဲ။ ပထမမျိုးဆက် Altavista ကို ဒုတိယမျိုးဆက် Yahoo ကျော်တက်လိုက်တယ် ဒုတိယမျိုးဆက်ပဲဆိုပေမယ့် Google က Rank နည်းပညာအသာနဲ့ Yahoo ကိုကျော်တက်ပြန်တယ်။ တတိယမျိုးဆက်တွေ လက်ထက်ဆိုရင်တော့ သူတို့လည်း ဂူဂဲကိုကျာ်တက်ကောင်းတက်မှာပဲပေါ့။
မူရင်းအသုံးပြုနေတဲ့ Page Rank တွက်ပုံကို အများကထောက်ခံသူ များမှသာ Rank မြင့်တယ်ဆိုတဲ့ ပေါ်လစီကိုယူသုံးခဲ့တယ် မြင့်တဲ့လူကညှန်းရင်ပိုမြင့်တယ်ဆိုတာလည်း ပါလာခဲ့ပြန်တယ်။ သမရိုးကျ Page တစ်ခုလုံးမှာပါတဲ့ စကားလုံးတွေ အဆင့်အတန်းတူတယ်ဆိုတာကို ပယ်ဖျက်ပြီး နေရာအလိုက် အရေးပါမှု့ကိုသတ်မှတ်ခဲ့တယ်။ ဒါတွေဟာ မှတ်သားလောက်အောင် အထင်ကြီးလောက်တဲ့ အကြောင်းအရာတွေပါ။ ၁၉၉၆ နှစ်များကလုပ်ခဲ့တဲ့အရာတွေ အခုတော့ဘာတွေထပ်တိုးသလဲဆို ဘာမှထပ်မတိုးလာဘူး။ သူ့မှာစီးပွားဖြစ်လာတာနဲ့အမျ ကြီးမားတဲ့ Computing Power ကိုပိုင်ဆိုင်လာတယ် ဒီတော့ ပိုကောင်းတဲ့နည်းပညာအစား Computing Power ကိုအသုံးချလိုက်တယ် Stem လုပ်တာဟာ မူရင်းထက်တန်ဖိုးကျတယ်ဆိုတာ လက်ခံပါတယ် ဒါပေမယ့် Stem ဘယ်လိုပိုကောင်းအောင် လုပ်မလဲဆိုတာထက် Stem မလုပ်ပဲအကုန်ကောက်ထည့်လိုက်တာကို ကောင်းတယ်ပြောရမလား ဆိုးတယ်ပြောရမလား မစဥ်းစားတတ်အောင်ပဲ။ ဒီလိုနည်းလမ်းတွေကိုပဲ အသုံးပြုတာများလာသလိုမြင်လာမိတယ်။ သို့ပေမယ့်လုပ်နိုင်တဲ့ Computing Power ပိုင်ဆိုင်နေတော့ လုပ်သမျဖြစ်လာတယ် ဒါပေမယ့်အထင်ကြီးလောက်တဲ့ နည်းလမ်းတစ်ခုလို့ မမြင်မိတာအမှန်ပဲ။
အရာအားလုံးအတွက် မသက်ဆိုင်တဲ့ လိုအပ်ချက်တွေဖြစ်လာတယ် သမရိုးကျမဟုတ်ပဲ လိုအပ်တာတွေရှိလာတယ် နမူနာအဖြစ်ဗမာလိုစမ်းသပ်လိုက်တယ် “ကွန်ပျူတာစာရေးခြင်း vs လက်ဖြင့်စာရေးခြင်း” ကို ဂူဂဲမှာရှာလိုက်တယ် ထွက်လာတဲ့အဖြေစာရင်းကို အစဥ်အတိုင်းအောက်မှာပြထားတယ်။ ( မှတ်ချက်။ ။ တစ်ရက်နှင့်တစ်ရက် အဖြေထွက်ပုံမတူနိုင်သလို အစဥ်အတိုင်းလည်း မတူနိုင်ပါ )
(၁) blog.nweyoe.net
(၂) blog.calmhill.info
(၃) nay-lin.blogspot.com
(၄) khinoomay77.blogspot.com
(၅) arrmanthit.blogspot.com
နွယ်ရိုးဘလော့က ဆိုရှယ်ရော၊ နည်းပညာရော၊ ရှမ်းနဲ့ပါတ်သက်တဲ့ ဗဟုသုတရော တင်လေ့ရှိတော့ ပရိတ်သတ် သုံးဘက်ရှိသလိုဖြစ်မယ် ဒါ့ကြောင့် ညှန်တဲ့လူများနိုင်သလို ညှန်တဲ့လူများကလည်း Page Rank မြင့်တဲ့ဝဘ်ဆိုက်လည်း ပါဝင်နိုင်ပါတယ်။ ကျွန်တော့််ဆိုက်ကတော့ ညှန်တဲ့လူနည်းနည်းပဲရှိပါတယ် ဒါပေမယ့် Page Rank မြင့်တဲ့ ဖိုရမ်လိုနေရာတွေကနေ ညှန်နေတယ် နောက်ပြီးတော့ ရှာတဲ့စာသားက Anchor အရ အခြားဝဘ်ဆိုက်တွေမှာထက် မြင့်နေတော့ ဒုတိယလိုက်တာ သဘာဝကျပါတယ်။ ကိုနေလင်းဘလော့ကတော့ သိပ်မခင်တော့သွားကြည့်ရတယ် သူကလည်း ဗဟုသုတရစရာနဲ့ ဆိုရှယ်အတွက် ရေးတဲ့လူဆိုတော့ ပရိတ်သတ် နှစ်ဘက်နဲ့ ဆိုတော့ ညှန်တာခံရတာများပုံရပါတယ်။ အဘွားခင်ဦးမေရဲ့ ဝဘ်ဆိုက်တော့ စတုတ္ထနေရာမှာပြေးနေပါတယ် ဒီနေရာမှာစဥ်းစားမယ်ဆိုရင် အဘွားဘလော့ကို ညှန်တဲ့လူက အပေါ်သုံးခုထက် အဆမတန


sementatic search က ပေါ်မလိုလိုနဲ့ မအောင်မြင်သေးတဲ့ search method လိုပဲ.. theory တွေကိုတော့ hons တုန်းက ဖတ်ဘူးတယ်။ သူက relationship တွေကောင်းပြီး page rank ထက် ကောင်းပေမယ့် developer တွေအနေနဲ့ မလွယ်ကူဘူးလေ… ဘာပဲပြောပြော ၁ နှစ်ထက် ၁ နှစ်တိုးတက်နှုန်းမြန်လာတော့ ဘာတွေပြောင်းလာမလဲဆိုတာ ခန့်မှန်းရခက်ခက်ပဲ…
အဲဒါတွေက လက်တွေ့မှာ အလုပ်မဖြစ်ဘူး Search Engine မှာ Generation ပြောင်းရင် အရင်ရှိပြီးသားအရာတွေအပေါ်ပဲ အခြေခံရတယ် ဘာလို့လဲဆိုတော့ Index Size ဟာအရမ်းကြီးတယ်။ အရင်ပထမမျိုးဆက်လည်း Inverted Index ကိုပဲသုံးတယ် ဒုတိယမျိုးဆက်လည်း ဒါပဲပြန်သုံးတယ် Similarity Measurement ပဲကွာခြားတယ်။ တတိယမျိုးဆက်လည်း ဒီလိုပဲဖြစ်မယ်။ လက်ရှိအချိန်အထိ Inverted ထက်မြန်တာမရှိနိုင်ဘူး Semantic အတွက်သီးသန့် ပြန်မလုပ်ပေးနိုင်ဘူး လုပ်ပါဆိုရင် Inverted ကိုမသုံးဖို့ပဲရှိတယ် ဒါဆိုရင်တော့ လက်ရှိခိုင်မြဲနေတဲ့အရာကို ဖျက်သိမ်းခိုင်းတာပဲ ကောင်းချင်လည်းကောင်းမယ် ဘယ်သူမှ လိုက်မလုပ်မည့်အရာတွေ။ နောက်ပြီးတော့ Semantic ဟာလက်ရှိထက် ကောင်းမယ်လည်း မသေချာပါဘူး။ တိုးတက်မှု့ကဘယ်နှယ့် မြန်ရမလဲ ဘာမှကိုမတိုးတက်တာ အခုဆို ၁ဝ နှစ်ကျော်ပေါ့ ဘယ်သူမှလည်း အပြောင်းအလဲ အသစ်မမြင်ပါဘူး လက်ရှိ Research တွေလည်း ရှိပြီးသားကိုပဲ ထပ်ပြီးတိုးထားတာပဲ မြင်မိတယ် သိပ်ထူးခြားတာ မမြင်မိသေးပါဘူး။
cha cha တုန်းကလည်း အလှည့်အပြောင်းဖြစ်လာမလားဆိုပြီး စောင့်ကြည့်လိုက်သေးတယ်.. နောက်တော့ သူလည်း web search မဟုတ်တော့ပဲ လိုင်းပြောင်းသွားတာပဲ… theory အရကောင်းပေမယ့် လက်တွေ့မှာ ထင်သလောက် အလုပ်မဖြစ်ဘူး.. google ရဲ့ paper က အခုအချိန်မှာ ဘာမှမဟုတ်ပေမယ့် သူတို့က လက်တွေ့အလုပ်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်လေ… အခုက paper က theory ထက် လက်တွေ့နဲ့ ဘယ်လောက် ကိုက်ညီမလဲဆိုတာ အရေးကြီးတာ.. နောက်ထပ် ထွက်လာမယ့်အရာဟာလည်း အခုအချိန်မှာ ခေတ်စားနေတဲ့ cloud ပဲရှိတယ်.. တကယ်လို့ တချိန်မှာ data အတော်များများဟာ cloud သာဖြစ်သွားခဲ့ရင် web search မဟုတ်ပဲ cloud search ဖြစ်သွားမယ်ထင်တယ်..
ဒါနဲ့ လပက ရဲ့keyboard paper ကော အခြေအနေ ဘယ်လိုရှိလဲ…
google က SEO ဖြစ်မှ ကိုယ့်ရဲ့page rank က မြင့်လာတာ… google webmaster tool သုံးတာရယ်… နောက်ပြီး sitemap ထည့်တာရယ်… google analytic သုံးတာတို့က page rank ကို မြင့်စေတယ်.. သာမာန် user တွေက အဲဒါကို အသုံးမပြုတတ်လို့ အခြား tech သမားတွေထက်စာရင် page rank မကောင်းဘူးဗျ..
အင်း… အဲဒါတွေကြောင့် Rank မြင့်တာ မဟုတ်ပါဘူး တကယ်ကအကုန်လုံး Crawl လုပ်သွားနိုင်လို့ In or Out Degree တွေပိုလာတယ် IDF တွေနည်းနည်းပြောင်းသွားတယ် ဒါလောက်ပါပဲ ဒါ့ကြောင့် မဆိုစလောက်လေး အပြောင်းအလဲရှိတာပါ ဒါတောင် TF နည်းတဲ့ Query မှာပဲကွာခြားမှု့ရှိမယ် ဒါကတော့အရင်ကတည်းက သူတို့ပြထားတဲ့ Error Rate ရှိပြီးသားပဲ သာမန်အနေအထားမှာ ဘာမှသိပ်မထူးခြားပါဘူး။ ပြောမယ်ဆိုရင် ငါ့ဆီက Page တွေအကုန် Index လုပ်ပေးပါလို့ ပြောနိုင်တဲ့လူနဲ့ အကုန်ပါအောင် မပြောနိုင်တဲ့လူပဲ ကွာခြားမယ်။ အရေအတွက်ချင်းတူရင်တော့ Page Rank တွက်တာကို ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက်လှမ်းမိုးနိုင်တာ မရှိပါဘူး သူတပါးကသာ လှမ်းမိုးလို့ရပါတယ်။
စာတွေ နားလည်အောင် ၂ ခေါက်….. ၃ခေါက်ဖတ်ပြီးးး ကွန်မန့်ပါ ဖတ်လိုက်တာ….မူးးးးးးးးးးးးသွားးးတယ်..စေတန်နဲ့ ပျို ရယ် ရက်စက်ပ..
page rank တက်ဖို့က search result က အရေးပါတယ်။ ပုံမှန်ဖတ်နေကြရှိတဲ့သူတွေ ရှိသလို search engine ကရောက်လာတွေလည်းရှိတယ်လေ။ အကုန် crawl မလုပ်နိုင်ရင် search result မှာ မတွေ့တော့ဘူး။ ကျွန်တော့် blog ကိုတော်တော်များများက search engine ကနေ စေတန်ဂေါ့ လို့ရိုက်ပြီး လာကြတာများတယ်ဗျ။ ဒါကြောင့် saturngod.net က တဖြည်းဖြည်း တက်လာတာ။ saturngod.net ဆိုပြီး တိုက်ရိုက်ဝင်တာက စေတန်ဂေါ့ ဆိုပြီး google ကနေ လာသလောက်မရှိဘူး။
SEO ပိုင်းကလည်း အခုအချိန်မှာ web marketing ရဲ့ အရေးပါတဲ့ နေရာမှာ ရှိနေတုန်းပဲဗျ… SEO ကောင်းအောင် URL တွေကို ပြင်လာတာကို ကြည့်တော့။ မြန်မာ joomla site တွေကတော့ အခုထက်ထိ URL Friendly လုပ်တာကို မတွေ့ရဘူး။ ကျွန်တော့် blog ဆိုပြန်လည်း URL Friendly လုပ်လိုက်ရင် တခြားလူတွေ ကျွန်တော့် blog ကို link လုပ်ထားတာတွေ ပျက်ကုန်မှာဆိုးလို့ လုပ်လို့မရပြန်ဘူး။ နောက်ပိုင်းလုပ်တဲ့ site တွေကိုတော့ URL Friendly တစ်ခါတည်းလုပ်လိုက်တော့တယ်။
တပါးသူက လှမ်းမို့လို့အောင်ဆိုလို့ google account ၅ ခုလောက်နဲ့saturngod.net ကို ရှာပြီး google က search result မှာ add ထားတယ်…
ကျန်ခဲ့လို့… google က PR ကို အရင်က ၅ အဓိပဲထားတာ အခု ၁ဝ ထိပြောင်းထားလိုက်ပြီဗျ…
ကျန်ခဲ့လို့… google က PR ကို အရင်က ၅ အဓိပဲထားတာ အခု ၁ဝ ထိပြောင်းထားလိုက်ပြီဗျ…