တွေ့နေတာကကြာပါပြီ ဘော်တာတစ်ယောက် Facebook မှာလာတင်မှ Comment များရေးထားတာ မြင်မိလို့ ပြန်သတိရလို့ရေးထားရတယ်။ ပုံကတော့အပေါ်မှာ ပြထားတဲ့အတိုင်းပါပဲ ကာတွန်းဆရာအားကြီးတော်တယ် မြင်သာထင်သာရှိအောင် ဆွဲတတ်တယ်ပြောပါတယ်။ တချို့လည်း ထောက်ခံကြတယ် ဒါမျိုးပြောသင့်ရေးသင့်တယ်တဲ့ ဒါမှမြင်မကောင်းရှု့မကောင်း မဝတ်ကြမှာပြောကြတယ်။ အချို့ကလည်းပြောတယ်ပေါ့လေ ကာတွန်းဆရာလူ့အခွင့်အရေး နားမလည်ဘူးတဲ့။ ကျုပ်ကတော့ ကြားနေရေးသမားပဲလေ မိန်းကလေးတွေလည်း သူများအတိုဝတ်ရင် သူတို့လည်းအတိုဝတ်ချင်မှာပေါ့ ဝတ်ချင်ရင်ဝတ်ကြပါစေလား အတော်တုံးတဲ့လူတွေ အရင်တုံးကမယ်ဗမာဆိုတာ ဘောင်းဘီတိုနဲ့ပြိုင်တာ မသိကြဘူးထင်တယ်။ ကာတွန်းဆရာလည်း သူမြင်တာသူဆွဲတာပဲလေ အဲဒါလည်းသူ့အခွင့်အရေးပဲမဟုတ်လား သူ့ပုံမှာကဘယ်သူလို့ နာမည်တပ်ထားတာမှမဟုတ်ပဲဟာ။ ကြည့်လိုက်တော့ Comment မှာငြင်းခုန်နေတာက ယောက်ျားတွေဗျာ မိန်းကလေးတစ်ယောက်မှ မပါဘူးရယ် တစ်ခုခုတော့လွဲမှားနေတာ အမှန်ပဲ ပြီးတော့သူတို့ဖြင့် မကြည့်ပဲနေကြမည့်လူတွေလည်း မဟုတ်ကြပါဘူး။
ကျွန်တော်ကတော့ အဝတ်အစားနဲ့ ပတ်သက်ရင် ပစိပစပ်များရင် သိပ်စိတ်မရှည်လှဘူး။ ဗမာပြည်ကထွက်လာကာစက လေဆိပ်ရောက်တော့ သူငယ်ချင်းတစ်ယောက်လာကြိုတယ် သူနဲ့အတူနောက်ထပ် သူငယ်ချင်းတစ်ယောက်ပါလာတယ်။ အဲဒီ့သူငယ်ချင်းက အဝတ်အစားသိပ်ဇီဇာကြောင်တယ် လူကိုကြည့်ပြီးတော့ ဟောဗျာ ဘောင်းဘီကဒေါက်မပါတာ မဝတ်ခဲ့ဘူးလား ဒီမှာဒေါက်နဲ့ဘယ်သူမှမဝတ်ဘူး ရှပ်အင်္ကျီကပွနေတယ် ဒီမှာအကြပ်ပဲဝတ်ကြတယ် ဆံပင်ကြီးက အရှည်ကြီးကို အလယ်မကျ ဘေးမကျနဲ့ခွဲထားတယ် အတိုညှပ်ပြီးထောင်လိုက်ပါနဲ့ တစ်လမ်းလုံးပြောလိုက်လာတယ်။ ကြာတော့စိတ်မရှည်ဘူး ကျုပ်ဝတ်ထားတာ စုတ်စုတ်ပြတ်ပြတ် မြင်မကောင်းတာများ ဝတ်ထားသလား ဒီလိုပုံနဲ့စာသင်ခန်းထဲ ဝင်လို့မရဘူးလား ဒီပုံနဲ့ဆိုရင် အခြားသူများကကျုပ်ကို အဖက်လုပ်ပြီးစကားမပြောကြဘူးလားလို့ ရွဲ့မေးတော့မှရပ်သွားတယ်။ လူကပိန်တော့ ဘောင်းဘီဒေါက်မပါရင် သွားကြားထိုးတံကို ဘောင်းဘီဝတ်ထားသလို စိတ်ထဲထင်မိလို့ဝတ်လေ့မရှိဘူး။ အင်္ကျီအကြပ်ဝတ်တဲ့ အလေ့အကျင့် ငယ်ကတည်းကမရှိဘူး။ ဆံပင်တိုရင်မနေတတ်ဘူး အနည်းဆုံးဆံပင်ဟာ ဂုတ်ကိုထောက်နေမှ အနေတော်လောက်ထင်မိတယ်။ ဘယ်သူတွေ ဘယ်လိုဝတ်ဝတ် ပြောင်းလဲဖို့မစဥ်းစားဘူး။ ဘယ်လိုဝတ်သွားသွား ခင်တဲ့လူကခင်ကြတာပဲ အဲလိုမှမဟုတ်လည်း အဝတ်အစားကြောင့် စကားမပြောချင်ဘူးဆိုလည်း သိပ်အရေးစိုက်မနေပါဘူးလေ။
ကျွန်တော့်အတန်းဖော် အစ်မတွေလည်း သူများနည်းတူပေါ့ တရုတ်မလေးတွေ အားကျလို့ထင်ပါတယ် တစ်ခါတစ်လေ ဘောင်းဘီတို စကပ်အတိုပေါ့။ တစ်ရက်က တိုက်တိုက်ဆိုင်ဆိုင် စာအုပ်တွေနဲ့ ကားဂိတ်နားမှာခလုတ်တိုက်ပြီး စာအုပ်တွေအကုန်ပြုတ်ကျရော ဘေးကလူလိုက်ကြည့်နဲ့ မျက်စိပျက်မျက်နှာပျက်နဲ့ဖြစ်နေရော ကိုယ့်ကလည်း ကားဂိတ်မှာရှိနေတော့ သူငယ်ချင်းအချင်းချင်း ဘာများဖြစ်သလဲပေါ့ဘာတုံးလို့ မေးတော့လည်းမပြောဘူး။ ကျွန်တော်နောက်က ရောက်လာတဲ့အစ်မတွေက ပြာပြာသလဲနဲ့ စာအုပ်ကိုကောက်ပေးတယ်။ ပြီးတော့မှ အစ်မတွေကကိုယ့်ကို အပြစ်တင်ရော နင်ရှိနေတာဘာလို့ စာအုပ်တွေကောက်မပေးသလဲတဲ့။ ဒါနဲ့မဟုတ်သေးပါဘူး သူ့ပုံကစာအုပ်ကျတာကို ဒီလောက်မျက်စိမျက်နှာပျက်နေတာ ကျွန်တော်လည်း စာအုပ်အရေးမစိုက်ပဲ ဘာများဖြစ်လဲလို့မေးသားပဲလို့ပြောတော့။ နင်နဲ့တော့ခက်တယ် စကပ်အတိုနဲ့ သူကစာအုပ်ကို ကုန်းကောက်လို့လည်းမရဘူး ထိုင်ပြီးတော့ကောက်လို့လည်း မရဘူးတဲ့။ ဒါမျိုးက

# kom လှတဲ့သူတွေဝတ်တာတော့ကိစမရှိပါဘူး မဲမဲသဲသဲ တွေ ဝတ်တာတော့ အော့အော့ဖြစ်တယ်။
Details
2010-01-27 6:13 AM
#
# kom ဒါတော့နားလည်တယ်။
Details
2010-01-27 6:13 AM
မကွန် အပေါ်မှာရေးထား တာ မဲမဲသဲသဲ တွေ ဝတ်တာတော့ အော့အော့ ဖြစ်တယ် ဆိုလို့ ဒီက အမဲ မ ဝတုတ်တုတ် ကြီးတွေ ပေါင်လုံးကြီးတွေ ပေါ်ပြီး တော့တော့ ကို တိုအောင် ဝတ်ထားတာ ပြေးမြင်မိပါတယ် …
ဝတ်တာတော့ ဝတ်ပါ ကိုယ့် အခွင့်အရေးနဲ့ ကိုယ် ဘဲ .. ဒါပေမယ့် သူ့နေရာ နဲ့ သူ ပေါ့ … ဒီမှာ တော့ ရာသီဥတု လေးများ နည်းနည်းလေး အအေးမလျော့လိုက်နဲ့ ဟိုပေါ်ဒီပေါ် ဝတ်ဖို့ ဘဲ စောင့်နေတာ … spanish
စကားပြောတဲ့ သူတွေ ပို ဆိုးသေးတယ် … sexy ဖြစ်ဖို့ က လွဲ လို့ တခြားဟာ သိပ်ဂရု မစိုက်ဘူးလေ သူတို့က …
mie nge
ကာတွန်းကို ကြည့်ပြီးတော့ သဘောကျသွားတယ် ကိုလူပျိုရေ.. အဝတ်အစား ဝတ်တယ်ဆိုတာ သူများဝတ်တိုင်း လိုက်ဝတ်လို့မှ မရတာ။ ကိုလူပျိုပြောသလို သူ့နေရာနဲ့သူပေ့ါ။
ခင်မင်လေးစားလျက်
မှန်၏ မှန်၏
နေ့အိပ်မက်ဆို ရန်ကုန်မှာတုန်းက အတိုဝတ်တတ်ဘူး။ ဒီရောက်တော့လည်း စီးတီးဟောလ်သွားရင် ဝတ်ရဲဘူးရယ်။ ကြည့်ကြတာ ကြောက်စရာ။
အဲဒီကောမန့်ပေးထားတဲ့ ယောကျင်္ားလေးတွေကို ပြန်မေးချင်တယ်။ တကယ်…။ ဟိုတစ်ခါကလည်း fbမှာပဲ ရေးထားတာတွေ့လိုက်တယ်။ စလုံးရောက်တဲ့ မြန်မာမိန်းကလေးတွေ အဝတ်အစားဝတ်တာ မြင်မကောင်းဘူး ဘာညာနဲ့။ သူများနေရာမှာ ဝတ်တာ ကြည့်မယ်သူမှမရှိတာ မြင်ကောင်းတာပေါ့။ သူတို့ရှေ့မှာဝတ်တာက မျက်လုံးကို ပြန်ကောက်ပြီးထည့်ရလောက်အောင် လိုက်ကြည့်နေတာကိုး။ ဘယ်မြင်ကောင်းမလဲ။
မကောင်းဘူးလည်း မပြောဘူး ကောင်းတယ်လည်း မပြောဘူး
ကြည့်သင့်တယ်ထင် ကြည့်တယုံ
မကြည့်သင့်ရင် ပြရင်တောင် မကြည့်ချင်ဘူး မကြည်ဘူး ဟဲဟဲ
ကာတွန်းထဲကဟာမျိုး ရန်ကုန်မှာပဲ ရှိတယ်ဆို ရန်ကုန်ရောက်ရင်
အသုပ်ဆိုင်တွေ လိုက်လေ့လာဦးမှ
သွားကြားထိုးတံကို ဘောင်းဘီဝတ်ထားသလို …. ဟားဟားဟား…
MRT နေရာမရတုံးက ထိုင်နေတဲ့ကောင်မလေးတော်တော်လှတယ်။ ဖြူဖြူလေး။ အကျီက ပခုံးလည်းမပါတဲ့ပြင် တော်တော်သိသိသာသာ ဟိုက်တယ်။ သူက ထိုင်ပြီး ခဏအကြာ အဲဒါကို ဆံပင်နဲ့ မရအရ လိုက်ဖုံးပြီး တစ်လမ်းလုံးအလုပ်ရှုပ်လာတယ်။
သူ့ရှေ့မှာရပ်လိုက်လာတာက ကိုယ်နဲ့ တခြားလူလတ်ပိုင်းတစ်ယောက်၊ ငါကတော့ မိန်းကလေးချင်းမို့ထားပါတော့၊ ဘေးကလူတော့ သူမျက်စိအားကောင်းလို့ကောင်မလေးခမျာ ဖုံးနေရတယ်လို့ သူများထင်ခံရပြီလို့့ စဥ်းစားမိတယ်။
အမလဲ အော့အော့ မဖြစ်အောင် ဆင်ခြင်မှ ဆင်ခြင်မှ…း) သူ့နေရာနဲ့ သူပေါ့..
ဝတ်လို့ လှမယ်ထင်ရင် ဝတ်ပေါ့နော်….
မလှဘူးထင်ရင် မဝတ်နဲ့ပေါ့နော်…. း)
အဘွား>> အသားအရောင်ခွဲခြားသလားဟင်
အစ်မမီးငယ်>> မျက်စေ့ထဲမြင်ယောင်ကြည့်လိုက်တယ် ကျွန်တော်လည်း အရင်က Orchard မှာအလုပ်လုပ်ဖူးတယ် ပုံစံအစုံမြင်ဖူးတယ် ခွိခွိခွိ ဒီမှာက ၁၂ ရာသီပူတယ်မဟုတ်လား
မဒဏ္ဍာရီ >> အားကျသွားသလားခင်ဗျ
နေ့အိမ်မက် >> ဆိုလိုတာက ဒီမှာဆိုအတို ဝတ်တယ်ဆိုတဲ့ သဘောပေါ့ ခွိခွိခွိ
ဖျော်မိုး >> အသုတ်ဆိုင်သွားရင် ကျွန်တော်လည်း လိုက်မယ်ဗျာ
မမဆင် >> အကြံကောင်းတယ် မိန်းကလေးတိုင်း လိုရမယ်ရ ဆံပင်အရှည်ထားသင့်တယ်
ပြာပြာ >> အော့အော့ အဲလေ သြော်သြော် ဟိဟိ
မော်ကျေ >> ကိုယ့်ကိုယ်ကိုတော့ လှတယ်ထင်တာပဲဗျ ကျွန်တော်ဆိုရင် ခန့်ချောကြီးရယ် မယ့်ရင် ကျွန်တော့််အမေကိုသာ မေးကြည့်ပါတော့ဗျာ