Ikuhiro Kubota Shihan အကြောင်းကို ကြားဖူးနေတာကြာပါပြီ 7 Dan ဆရာဆိုတာ တစ်ကမာ္ဘလုံးမှာ လက်ချိုးရေလို့ပါတယ်။ သဘောကောင်းတယ် 7 Dan Shihan ဆိုပေမယ့်ကလေးတန်းတွေ သင်ရတာအင်မတန်စိတ်ရှည်တယ် ကိုယ်တိုင်လည်း Ukemi လုပ်ပြပြီးစိတ်ရှည်လက်ရှည် သင်ပေးတတ်တယ်။ မနှစ်ကတော့ Kubota Shihan ပါမလာဘူး Mutsuko Minegishi Shihan ပဲရောက်လာတယ် Minegishi Shihan ဆိုတာက အမျိုးသမီးတွေထဲမှာ 7 Dan အဆင့်ရှိတာ သူတစ်ယောက်ပဲရှိတယ်။ Minegishi က စင်ကာပူကဆရာနဲ့ တစ်ဆရာတည်းထွက်လို့ ပြောလို့ရသလို သူငယ်ချင်းတွေလည်း ဖြစ်နေတော့ ဆရာကအမြဲပဲ ဒုက္ခပေးပြီး စင်ကာပူကိုခေါ်လေ့ရှိတယ်။ မနှစ်ကတော့ စာမေးပွဲနဲ့တိုက်နေလို့ မသွားနိုင်လိုက်ဘူး။
သင်တန်းလည်း ပျက်နေတာကြာပေါ့ တစ်ခါတစ်လေ Aikido ဆိုတာတောင် မေ့တေ့တေ့ဖြစ်နေတာ။ ဖုန်းနံပါတ်ပြောင်းထားတာ ဆရာကိုမပို့ဖြစ်ဘူး ဖြစ်ချင်တော့ Facebook ကနေဆရာက Event နဲ့လှမ်းဖိတ်တယ် ဖေဖော်ဝါရီလထဲမှာ Kubota Shihan နဲ့ Minegishi Shihan တို့လာပြီးတော့ Seminar လုပ်မယ် လာမယ်ဆိုစာရင်းပေးဆိုမှ ဆရာကိုဖုန်းဆက်ပြီး နံပါတ်ပြောင်းသွားကြောင်း အကြောင်းကြားလိုက်ရတယ် စနေနေ့လာကစားပါ့မယ်ဆိုတော့ ဒီနေ့လာကိုလာရမယ် Kubota Shihan ဒီည Dojo မှာသင်တန်းပေးမယ် မလာရင်မင်းဘယ်တော့မှ Dojo ကိုမလာနဲ့လို့ ရာဇသံပေးတော့ ညပိုင်းသင်တန်းကို အပြေးအလှားသွားလိုက်ရတယ်။ သင်တန်းကိုရောက်တော့ ဖေဖော်ဝါရီဆိုပြီးတော့ ဘယ်နှယုံစောရောက်နေသလဲလို့ ဆရာကိုမေးတော့ အဲဒါက Kubota Shihan ကအခု တောင်အာဖရိက အိုက်ကိကိုင်းကိုသွားတာ ပြန်လာမှ Minegishi Shihan ကလိုက်လာမှာ ဒါက Kubota Shihan စင်ကာပူမှာ Transit လုပ်တဲ့အချိန် သင်တန်းခေါ်ပြီး ဒုက္ခပေးတာလေ နှစ်ခါဖြစ်တော့ဘာဖြစ်သလဲတဲ့။ သူ့လေယာဥ်က ဘယ်အချိန် ပြန်ထွက်မှာလဲမေးတော့ အဘိုးကြီးမနက် ၄ နာရီကတည်းက လေယာဥ်စီးလာတာ စင်ကာပူကို ၅ နာရီရောက် သင်တန်းမှာ ၉ နာရီခွဲအထိကစား မနက် ၁ နာရီလေယာဥ်ပြန်စီး တောင်အာဖရိကရောက်ရင် ၂ နာရီလောက်နားပြီး သင်တန်း ၂ ချိန်ကစားမယ်တဲ့။ ဆရာလုပ်ပုံများ အားမနာတမ်း ခေါ်လာတယ်။ ဆရာရယ် ဖြစ်ပါ့မလားဆိုတော့ ရပါတယ်ဟ ငါသူ့အကြောင်းသိပါတယ်တဲ့။
ပြေးနေတာကြာပြီဆိုတော့ မြက်ဖျာပေါ်မှာ ဟိုပြေးဒီပြေးပေါ့ လေ့ကျင့်ခန်း လုပ်ချင်ယောင်နေတာ သွေးပူလေ့ကျင့်ခန်းကနေကို မတက်နိုင်တော့ဘူး စဥ်းစားကြည့်တယ် Fly Fall မပြောနဲ့ Roll တောင်ရရဲ့လား သံသယဖြစ်လာတယ် စမ်းလည်းမထိုးရဲဘူးရယ်။ Shihan ကြီးလည်း အဝတ်လဲပြီး အခန်းထဲရောက်လာရော စောရောက်နေတဲ့ သင်တန်းသားများက အပြင်ထွက်ကုန်တယ်ဗျာ ကိုယ့်တစ်ယောက်တည်း မအူမလည်နဲ့ သွေးပူလေ့ကျင့်ခန်းနဲ့ ကျန်နေခဲ့ရော။ မကြာပါဘူး Shihan ကြီးကလာဦးဆိုခေါ်ပါရော ဆရာကလည်း ခိုင်းတော့မယ်ဆိုတာသိလို့ သူသင်တန်းပျက်နေတာ လအတော်ကြာပြီ သို့ပေမယ့် ဒီကောင် Ukemi အင်မတန်ကောင်းတယ်လို့ ထန်းပင်တက်လက်မှတ်ပါ ပြောပြီးတော့ အခွန်နဲ့မတယ်ခင်ဗျာ။ Shihan ကြီးကလည်း ကိုယ့်ကြည့်ပြီး ပူမနေပါနဲ့ အနက်ဖြစ်နေမှတော့ သင်တန်းပျက်တာလောက်နဲ့ မကျိုးပါဘူးဗျာ စိတ်ချဆိုပြီး သင်တန်းမစခင် သင်ရမယ့်ဟာတွေ သူ့ဟာသူစဥ်စားရင်းကိုယ့်နဲ့ ကစားလိုက်တာ စောစောမလုပ်ရဲတဲ့ Fly Fall တွေလည်းဘယ်က ထွက်လာမှန်းမသိဘူး အဲလိုမှမဟုတ်လည်း ကျိုးတော့မှာကိုးဗျ။ ကိုယ်ကသာ ဖတ်ဖတ်မောနေတာ သူကဖြင့် သင်တန်းပြီးအထိ ဆက်တိုက်တောင် ဘာမှဖြစ်ဘူးဗျာ အသက် ရဝ ဆိုတာဘယ်လိုယုံရမှန်းမသိဘူး။ ပြန်ခာနီးနှုတ်ဆက်သွားတယ် Ukemi အားကြီးကောင်းတယ် ဖေဖော်ဝါရီထဲကျ မင်းနဲ့ငါနဲ့ထပ်တွေ့တာပေါ့


ကိုလူပျိုရေ… တော်သေးတာပေါ့ ဘာမှမဖြစ်ပဲ ချီးမွမ်းခံလိုက်ရလို့။ ဖတ်နေရင်နဲ့ ဘာများဖြစ်မလဲလို့..။ း)
လေ့ကျင့်ထားနော် မှာသွားတယ်မလား ဖေဖေါ်ဝါရီမှာ နောက်တပွဲတလမ်း တွေ့ရအုံးမှာ။ အတွေ့အကြုံလေးတွေ ဖတ်သွားတယ်နော်။
ခင်မင်လေးစားလျက်
ခွိ ခွိ… အချိန်လုပြီးကျင့်ပေါ့ကွယ်.. ဒါနဲ့ အိုက်ကီဒိုအကြောင်းမသိလို့ မေးကြည့်ပါဦးမယ်.. ukemiဆိုတာ အခံကစားတာကိုပြောတာလား ukemiတို့ shiekiတို့ဆိုတာ ကျောင်းက သဒ္ဒါစာအုပ်ထဲမှာပဲ ကြားဖူးတာ
အဲဒီအပိုင်းတွေတော့ သိပ် နားမလည်ဘူးပဲနော် း)
ဒါတွေက ဒိုင်ယာရီလို အမှတ်တရ အနေနဲ့ တင်ထားတာပါ ဒီဟာတွေကို စိတ်ဝင်စားမယ့် ပရိတ်သတ်မရှိသေးပါ
စိတ်ဝင်စားပါတယ်။ အသာဖတ်နေတာ။ ukemi ဆိုတာလေး ရှင်းပြပါဦး။ ဒါမှ ခင်ဗျား ဘာကောင်းလဲ သိထားရတာပေါ့။
မြတ်စွာဘုရား…ငါ့မောင် ဒါကြောင့် အပြင်မထွက်နိုင်တာကိုးးးးဖတ်ဖတ် မောနေပီ ပေါ့…
မြတ်စွာဘုရား…ငါ့မောင် ဒါကြောင့် အပြင်မထွက်နိုင်တာကိုးးးးဖတ်ဖတ် မောနေပီ ပေါ့…