မှုံတာလား ပိုမြင်တာလား ????

အခုနောက်ပိုင်း သဘာဝပါတ်ဝန်းကျင် ထိမ်းသိမ်းရေး အားပေးတဲ့အနေနဲ့ စာတွေကို ပရင့်ထုတ်မဖတ်တာ တစ်နှစ်ခွဲလောက်ရှိပြီ မတတ်သာမှသာ ပရင်ထုတ်ပါတယ်။ လက်ချာတွေ ပရင့်မထုတ်ပဲ ဖတ်လွန်းလို့ စာမေးပွဲနားနီးရင် စာရွက်ကိုဖတ်စရာမရှိလို့ ပြဿနာတက်တတ်ပါတယ်။ မျက်စေ့က ဘာဖြစ်နေမှန်းမသိဘူး အနည်းဆုံး စာမျက်နှာ ၅ဝ – ၆ဝ လောက်ဖတ်ပြီးရင် ခဏနားပြီးပြန်ဖတ်လိုက် ဗမာစကားလုံးတွေဆိုရင် အဝိုင်းဒေါင့်အချိုးတွေက Pixel တွေကိုပါ မြင်နေရတယ်ဗျ။ တစ်ကယ်က LCD တွေမှာ Clear Type မှာ Shadding တွေပါတော့ တစ်ကယ်ဆို ဗမာစာလုံးအဝိုင်းက Pixel တွေမသပ်မရပ်နဲ့ မမြင်ရဘူးရယ် အဲဒါကြောင် တစ်ခါတစ်လေ စိတ်က Clear Type များပိတ်မိသလား သွားကြည့်မိတတ်တယ်။ ဒါနဲ့အသေအချာကြည့်တော့ ဒေါင့်ချိုးမှမဟုတ်ဘူး ကျန်တဲ့နေရာတွေလည်း Pixel တွေနဲ့ ဆွဲထားတာကို သေသေချာချာမြင်နေရတယ်။ ဖြစ်နေတာက ကြာပါပြီ အခုမှသတိရလို့ အသေအချာ ကြည့်လိုက်မှ သတိထားမိတာပါ။ အိမ်ကစက်ကြောင့်လားဆိုပြီး စဥ်းစားတော့လည်း မဟုတ်သေးဘူး ကျောင်းကစက်လည်း အတူတူပဲရယ်။ မျက်မှန်က ဆလင်ဒါကြောင့်သာ ညဘက်ဆိုရင် မီးလုံးတို့ဘာတို့ နှစ်လုံးထပ်မြင်တတ်လို့ တပ်ထားတာ တစ်ကယ်က အနီးရောအဝေးပါ ပါဝါမရှိဘူးရယ်။ အိမ်မှာသာ ဆိုင်ကယ်စီးတော့ ညဘက်ဆို မတပ်ရင် ကားမောင်းလာတာ ဆိုင်ကယ်နှစ်စီး အပြိုင်စီးတာ အလယ်ကရှောင်လိုက်မယ်ဆို လုပ်လိုက်မိရင် ပြဿနာတက်မယ် မဟုတ်လား အခုတော့ လမ်းကူးတောင် မီးပွိုင့်ကပဲကူးတယ် အနည်းဆုံးတော့ အတိုက်ခံရရင် အာမခံကြေးရမယ်မဟုတ်လား။ အခုဟာက ပါဝါတက်တယ်ဆိုလည်း သူများတွေလို နည်းနည်းဖတ်ပြီး မျက်စေ့ပင်ပန်းလာရင် မမြင်ရပဲဝါးသွားတာ စာလုံးတွေတော့မြင်တယ် ဖတ်လို့မရတာ ဒါမျိုးပဲဖြစ်တတ်တယ် ကြားဖူးပါတယ်။ အခုဟာက မျက်စေ့ပင်ပန်းအောင် လုပ်လိုက်မှ ပိုမြင်သလိုဖြစ်နေတယ်။ တစ်ခုတော့ရှိပါတယ် ဝါးသွားတာကို စိတ်က Pixel မြင်ရတယ်ပဲထင်နေမိသလား။ ဒါပေမယ့်လည်း ကြည်ကြည်လင်လင်ကြီး ဖတ်လို့ရနေတယ် Pixle ပါမြင်နေရတော့ ပိုပြီးပါဝါတက်တယ်လို့ လက်ခံရခက်နေတယ်။

4 thoughts on “မှုံတာလား ပိုမြင်တာလား ????

  1. ဆေးမတိုးတော့တဲ့ သဘောဖြစ်မယ်။ း)
    ခဏစာဖတ်ပြီးရင် အပြင်ပတ်ဝန်းကျင်က စိမ်းစိုနေတဲ့ သစ်ပင်တွေ မြင်ကွင်းကို ကြည့်ပြီး အနားယူပေါ့။ ဒါမှမဟုတ်ရင် ၁၅ မိနစ်လောက် မျက်လုံးကို မှိတ်ပြီး အနားယူကြည့်ပါ။ အကြံပေးကြည့်တာနော် သိပ်တော့မသိဘူး။

    ခင်မင်လေးစားလျက်

  2. Pixel တွေများ မြင်ရမလားဆိုပြီး အတင်းကြည့်မိသွားသေးတယ် … ဟီး

  3. Pixel တွေများ မြင်ရမလားဆိုပြီး အတင်းကြည့်မိသွားသေးတယ် … ဟီး

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">