Buzz and My Privacy

Buzz ကိုဒီနေ့တော့ တော်တော်လေး ဒေါသထွက်တယ် Auto Suggession မှာ ကိုယ်မိတ်ဆွေ မဟုတ်တာတွေလည်း Following လုပ်ပြီးသားပါနေတယ် ဖြစ်ပုံက Personal နဲ့ Nick E-Mail တွေခွဲထားတယ် ဒါပေမယ့် နောက်ဆုံးတော့ အီးမေးတစ်ခုအထဲမှာ Auto Forward လုပ်ထားပြီးထားတာ Reply ပြန်တော့လည်း ကိုယ်စားအနေနဲ့ နာမည်တစ်ခုစီနဲ့ပြန်တယ် ဒီတော့ Sent မှာပါနေလည်း သူကတော့ Friend လို့သတ်မှတ်ပြီးတော့ Auto Suggession မှာပါသွားတယ်။

ပြီးတော့ အရင်ကတည်းက Twitter ကိုမသုံးဘူး အချင်းချင်း Information Share လုပ်တာကို သဘောကျပါတယ် ဒါပေမယ့် အားတိုင်း Web Site ပေါင်းစုံဝင်ကြည့် URL တွေအကုန် Share လုပ် ကြာတော့ ဒါတွေပဲတွေ့နေတယ် တစ်ရက်ကို URL ပေါင်း ၁၀ဝ လောက် Share တဲ့လူတောင်ရှိတယ် ဒီတော့ ကိုယ်တောင် ကုန်အောင်မဖတ်တဲ့ Site တွေကို သူများကို အတင်းထိုးပေး ဖတ်လို့ပြောနေသလို ခံစားမိတယ်။ ဒီတော့ Spam တွေဖြစ်လာတယ် ကိုယ်ကလည်း Spam ဆိုရင်သဘောမကျဘူး။ တစ်ရက်တစ်ရက် ဒါတွေပဲတွေ့နေတယ် Social Activities တစ်ခုမှကိုမမြင်လာတော့ဘူး။ ဒါနဲ့ တပ်ထားတဲ့ Twitter Plugin တွေအကုန်ဖြုတ်လိုက်တယ် ဝင်ကိုမဝင်တော့ဘူး။

နောက်ပြီးတော့ Follow လာလုပ်ရင် ကိုယ်လက်ခံချင်မှန်းမသိ လက်မခံချင်မှန်းမသိ တစ်ခါတည်း Follow ဖြစ်သွားတယ် ဒီတော့ ကိုယ့်အနေနဲ့ မသိသူကို Banned လို့ရပေမယ့် သူ Follow လုပ်တာကို မသိလိုက်ခင်ကြားအချိန်မှာ သူ့အနေနဲ့ ကိုယ့်ထဲက Tweet တွေကိုဖတ်လို့ရသွားပြီ။ ဒါပေမယ့် Twitter မှာလည်း Request လုပ်ပြီး Accept လုပ်မှ Follow လုပ်လို့ရမယ့် Option တော့ပါပါတယ်။

Buzz မှာက တစ်ခြားသူငယ်ချင်း တစ်ယောက်ဆီမှာ တွေ့လို့ဘယ်သူမှန်းမသိပဲ လာပြီး Follow လုပ်လည်းရနေတယ် နောက်ပြီးတော့ Twitter မှာက လူတစ်ယောက် Follow လာလုပ်ရင် Notification ရှိတယ် အခုက Notification မရှိဘူး လူအရေအတွက် မှတ်ထားနေရတယ် အသစ်တိုးလာရင် ဘယ်သူလည်းလိုက်ရှာနေရတယ်။ တွေ့သမျ Option တွေအကုန်လုံးလိုက်ပြီး ရှာကြည့်တယ် အဲဒါတွေမတွေ့သေးဘူး။

နောက်တစ်ခုက Buzz ရဲ့ Privacy Policy ကိုဖတ်ကြည့်တယ် Follow လုပ်လာရင် လက်မခံချင်က Banned လို့ရမယ်လို့ ရေးထားတာပဲတွေ့တယ်။ တစ်ကယ်ဆို Banned ဆိုတာရယ် Ignore ဆိုတာရယ်က ခြားနားပါတယ်။ လူတစ်ယောက်က Follow လာလုပ်တယ် သွားကြည့်လို့လည်း ဘယ်သူမှန်းမသိဘူး အဲဒါဆိုရင် Banned မှာလား သူ့ Profile မှာက အချက်အလက် ပြည့်ပြည့်စုံစုံမပါလာရင် စဥ်းစားစရာဖြစ်လာပြီ မသေချာပဲ Banned လုပ်လိုက်မိပြီး မိတ်ဆွေဖြစ်နေရင် ဘယ်လိုလုပ်မလဲ Banned ပြီးမှပြန်ပြီး ဖြုတ်ရဦးမယ်ဆိုရင်လည်း မကောင်းသေးဘူး။ ဘယ်သူမှန်းမသိလို့ လက်မခံသေးဘူး သိမှလက်ခံလို့ရတာပဲ အဆင်ပြေတယ်လို့ ယူဆမိတယ်။

သာမန်လူနေမှု့ဘဝက အပေါင်းအသင်းတွေရှိတယ် မိတ်ဆွေတွေရှိတယ် သူငယ်ချင်းတွေရှိတယ် ဒီဟာတွေနဲ့ အွန်လိုင်းပေါ်က မိတ်ဆွေတွေနဲ့ အပေါင်းအသင်းတွေနဲ့ ရောရောထွေးထွေး မထားတတ်ဘူး။ နောက်ပြီးတော့ ကိုယ်ရဲ့ ပြင်ပဘဝက အကြောင်းအရာတွေကို မတတ်သာတဲ့ ကျောင်းကိစ္စတွေကလွဲရင် အွန်လိုင်းမှာမထားတတ်ဘူး နာမည်အရင်းနဲ့ဘယ်တော့မှ အသုံးမပြုဘူး။ Personal သုံးတဲ့ အီးမေးနဲ့ ကိုယ်မသိပဲ Follow လုပ်လို့ရတာကို စိတ်ထဲမှာမလုံခြုံဘူးလို့ ခံစားရတယ်။ ကြည့်ဦးမယ် Twitter လို Spam လို့ခံစားလာရရင်တော့ Buzz ကိုလည်း ပိတ်ထားလိုက်မှာပါပဲ။

10 thoughts on “Buzz and My Privacy

  1. >> တစ်ရက်ကို URL ပေါင်း ၁၀ဝ လောက် Share တဲ့လူတောင်ရှိတယ

    ကျနောုံကိုများ Twitter မှာ block ထားပီလားမသိဘူး :D

  2. ဘယ်လို Buzz ဆိုတာကြီးကို ပိတ်ရသလဲ၊ မေးလ်ထဲက ဘယ်လို ထုတ်ပစ်ရလဲ၊ အမကို ပြောစမ်းပါ။ နားကို မလည်လို့ပါ။
    FB က ကိုယ်သွားချင်မှာ sign in လုပ်လို့ရတယ်။ အလုပ်များနေရင် မဝင်ဘဲ နေလို့ရတယ်။ အခု Buzz ဆိုတာကြီးက ကိုယ့်ကိုယ်ပိုင် မေးလ်ထဲ ဝင်နေတာ။ ဘယ်သူ့ကို စာပြန်လို့ ဘယ်သူက ဖတ်နေရလဲ ကိုယ် မသိ။ စိတ် အနှောင့်အယှက်ဖြစ်လွန်းလို့ပါ။ အမကို Buzz တခုလုံး ဖယ်ထုတ်လို့ရတဲ့ နည်း သိရင် ပြောပြစမ်းပါနော်။
    ကျေးဇူး။ ခံစားမှုတူနေလို့ အကူအညီတောင်းမိတယ်။

  3. mgpyone>> ပိတ်ထားတာ ကြာပေါ့ :P
    Moe Cho Thinn>> မမြင်ရအောင် လုပ်တဲ့နည်းက ကျွန်တော် အစ်မ ဘလော့မှာ ပြောထားခဲ့ပါတယ်။
    Myo Kyaw Htun>> Profile ကို ဖျက်လိုက်တဲ့ နည်းကလွဲရင် အခြားနည်း မရှိသေးပါ။ Profile မှာ အချို့သော Information များကိုတော့ ပိတ်ထားလို့ရမယ် Following, Follower ဒီလောက်ကလွဲရင် လူတိုင်း Follow လုပ်လို့မရအောင် လုပ်လို့မရပါ။

  4. ကျေးဇူးကြီးပါပေ့ ကိုယ့်ဆရာ..
    အမ ပိတ်လိုက်ပါပြီ။
    ဝမ်းသာလွန်းလို့ မျက်ရည်များတောင် လည်ပါတယ်.. ဟီးဟီး

  5. အပြည့်အဝ ထောက်ခံတယ်။ မနေ့က မေလ်းထဲဝင်ဝင်ချင်း ရေးထားသမျတွေ မြင်လိုက်ရလို့ လန့်ဖြန့်ပြီး ပိတ်ပစ်လိုက်ပြီ။ စိတ်ထဲမှာ ဂျီမေလး်ကိုတောင် မလုံခြုံတော့ဘူးလို့ ခံစားလိုက်ရတယ်။
    ခင်မင်လေးစားလျက်

  6. mgpyone>> ပိတ်ထားတာ ကြာပေါ့ :P
    Moe Cho Thinn>> မမြင်ရအောင် လုပ်တဲ့နည်းက ကျွန်တော် အစ်မ ဘလော့မှာ ပြောထားခဲ့ပါတယ်။
    Myo Kyaw Htun>> Profile ကို ဖျက်လိုက်တဲ့ နည်းကလွဲရင် အခြားနည်း မရှိသေးပါ။ Profile မှာ အချို့သော Information များကိုတော့ ပိတ်ထားလို့ရမယ် Following, Follower ဒီလောက်ကလွဲရင် လူတိုင်း Follow လုပ်လို့မရအောင် လုပ်လို့မရပါ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">