နည်းပညာဘလော့ဘာလဲဘယ်လဲ

တစ်ခါတစ်လေ ဂျီတော့မှာပြောရင်း အွန်လိုင်းပေါ်က ဘော်တာတွေက ပြောလေ့ရှိတယ် ခင်ဗျားဘလော့ကို နည်းပညာလေးဘာလေး ရေးပါလို့ ပြောတတ်တယ်။ အမြဲတော့မရေးဘူး တစ်ခါတစ်လေရေးပါတယ် ဖတ်ကြည့်ပါလို့ ပြောတော့ အဲဒါမျိုးတွေမဟုတ်ဘူးတဲ့ ခင်ဗျားဘလော့မှာ ဒေါင်းလုပ်လုပ်စရာ ဘာမှမရှိဘူးဆိုပဲ။ ဒါနဲ့အတော်ပြန်စဥ်းစားရတယ် သူတို့ပြောတာလည်း လွန်တော့မလွန်ဘူး မြင်ဖူးတဲ့ ဗမာနည်းပညာ ဘလော့ဆိုတာတွေက နှစ်မျိုးပဲရှိတယ် File Sharing နဲ့ Application Tips ပဲတွေ့ပါတယ်။ ဒါ့ကြောင့် တစ်ခါက မိတ်ဆွေတွေနဲ့ Facebook မှာစကားစပ်မိလို့ ဗမာကွန်ပျူတာ နည်းပညာ ဘလော့ဆိုတာ File Sharing + Crack + Serial ဖြစ်နေသလားလို့ ပြောမိပါသေးတယ်။

Application Tips ဆိုတာက End User အတွက်အသုံးတည့်ပါတယ် ဒါတွေတောင် ကျွန်တော့်အမြင်နဲ့ဆို ကွန်ပျူတာနည်းပညာလို့ မမြင်မိသေးဘူး ဒါတွေက ကွန်ပျူတာအသုံးချမှု့ သက်သက်ပဲ ရှိပါသေးတယ်။ လက်ရှိအနေအထားနဲ့ ကွန်ပျူတာနည်းပညာနဲ့ ပါတ်သက်တဲ့ Knowledge ကို မျှဝေတဲ့ဘလော့ဟာ နည်းလွန်းပါသေးတယ် အများစုကနည်းပညာ ဘလော့ဆိုကြတယ် ဒါပေမယ့် File Sharing နဲ့ Application Tips ကလွဲရင်မတွေ့မိသေးဘူး။ တစ်ခြားနိုင်ငံကလူတွေလည်း File Sharing နဲ့ Application Tips တွေရေးကြပါတယ် ဒါပေမယ့်သူတို့က အဲဒါတွေကို နည်းပညာဆိုပြီး အမည်မတပ်ကြပါဘူး။ ကျွန်တော့်အနေနဲ့ကတော့ ကွန်ပျူတာ နည်းပညာဘလော့ဆိုတာ ရေးတဲ့လူရဲ့ ကိုယ်ပိုင်အသိဥာဏ်ရယ် လေ့လာထားတဲ့ ကွန်ပျူတာနည်းပညာ သုံးသပ်ချက်တင်ပြချက် ဘယ်လောက် ပါဝင်တယ်ပဲ အဓိကထားပါတယ် အဲဒါတွေမပါရင် ကွန်ပျူတာ နည်းပညာဘလော့လို့ လက်သင့်မခံပါဘူး။

နမူနာပြရမယ်ဆိုရင် ဘလော့နှစ်ခုရှာကြည့်ထားတယ်။ ပထမတစ်ခုက Brian E. Hall

ရဲ့ ဘလော့ကိုကြည့်နိုင်တယ် သူဟာကွန်ပျူတာ နည်းပညာလောကရဲ့ နာမည်ကြီးပေ့ဆိုတဲ့ လူတွေအထဲမှာ မပါဝင်ပါဘူး။ သူ့ရဲ့ဘလော့ကို ကြည့်နိုင်တယ် သူရဲ့ကိုယ်ပိုင်အသိဥာဏ်နဲ့ ပါတ်သက်တဲ့ နည်းပညာ အကြောင်းအရာတွေ ရေးပါတယ် နောက်ဆုံး ကိုယ်တိုင်ရေးတဲ့ စာအုပ်တွေပါပါတယ် ဒေါင်းလုပ်လုပ်ခွင့်ပေးတယ် File Sharing မဟုတ်ပါဘူး သူ့ရဲ့ လေ့လာထားတဲ့ ကိုယ်ပိုင် ကွန်ပျူတာ နည်းပညာ အသိဥာဏ်တွေပါ ရေးသမျှဟာ အကုန်လုံး အသေးစိတ်ကို ရေးထားတာပါ။ ဒါတွေပဲရေးသလားဆိုတော့ မဟုတ်ပါဘူး သူဝါသနာပါရာ ဓာတ်ပုံအကြောင်း ခရီးသွားတဲ့အကြောင်း စသည်ဖြင့်လည်း ရေးထားပါသေးတယ်။

ဒုတိယတစ်ခုအနေနဲ့ Joe Drumgoole

ရဲ့ဘလော့ကိုလည်း ကြည့်နိုင်ပါတယ်။ သူကတော့ CloudSplit Ltd ရဲ့ CEO တစ်ယောက်ပါ။ သူ့ဘလော့မှာ အစုံရေးလေ့ရှိတယ် ထမင်းဆိုင်မှာ ထမင်းသွားစားတာ ချက်နည်းပြုတ်နည်းကနေ သူ့ရဲ့ Conference Presentation အထိ အကုန်ပါပါတယ်။ သူရေးတာက နည်းပညာနဲ့ပါတ်သက်တဲ့ အကြောင်းအရာဆိုရင် စီးပွားရေးအမြင်နဲ့ ခြုံငုံရေးတတ်ပါတယ် ပထမဘလော့မှာ ပြောထားသလို Technical Detail ရေးတဲ့လူမဟုတ်ပါဘူး။ ဒါပေမယ့် သူရေးတဲ့အကြောင်းအရာတွေဟာ ကွန်ပျူတာနည်းပညာပါပဲ မဟုတ်ဘူးလို့ ဘယ်လိုမှမငြင်းနိုင်ပါဘူး။

ဗမာလိုရေးတဲ့ နည်းပညာဘလော့ဆိုတာတွေမှာ အဲဒါမျိုးတွေနည်းလွန်းလှတယ် နည်းရခြင်းအကြောင်းအရင်းက ရေးမယ့်လူနည်းတာလည်း ပါသလို လူတိုင်းလည်း မရေးနိုင်တာကလည်း တစ်ချက်အခက်အခဲရှိတယ်။ မြန်မာလူမျိုးတွေထဲမှာ ရေးနိုင်တဲ့ လူတွေရှိပါတယ် ရေးတယ်ဆိုတာကလည်း ရေးရတာ ဝါသနာပါမှ ရေးဖြစ်တာမျိုး ဖြစ်လေတော့ သိတဲ့လူမျိုးတိုင်းလည်း စာမရေးဖြစ်တာက နောက်တစ်ချက်ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခုက ဖတ်မယ့်ပရိတ်သတ် ဗမာလူငယ်တွေ ကွန်ပျူတာနည်းပညာကို စိတ်ဝင်စားတယ်သာ ပြောကြတယ် တစ်ကယ်တမ်း နင်လားငါလား လိုက်စားတဲ့လူက နည်းလွန်းလှတယ်။ File Sharing ဘလော့လုပ်ရတာက ကျွမ်းကျင်မှု့အတိုင်းအတာက နည်းပညာဘလော့လို အများကြီးမလိုအပ်လှဘူး နောက်ပြီးတော့ ပေးထားတဲ့ Knowledge ပမာဏနဲ့ ဖတ်တဲ့လူရဲ့ Knowledge ပမာဏ ကွာခြားမှု့မများလေတော့ ဖတ်မယ့်လူများတယ် လူအလာများတယ်။ ဘာပဲဖြစ်ဖြစ်ပါ File Sharing တွေများများလာတာထက် Technically ဆွေးနွေးတာ တင်ပြတာများတဲ့ ဗမာကွန်ပျူတာ နည်းပညာဘလော့တွေတော့ မြင်မိချင်ပါသေးတယ်။

One thought on “နည်းပညာဘလော့ဘာလဲဘယ်လဲ

  1. ဦးလူပြူကြီးရေ… လာလည်သွားပါတယ်… ဦးလူပြူကြီးပြောသလို ဘလော့တွေလည်း ပေါ်လာစေ့ချင်ပါတယ်.. ဒါပေမယ့် ကွန်တော်တို့မှာက သိတဲ့အတိုင်းပါပဲ အဲ့လို ရှယ်ယာ ဘလော့လေးတွေ ရှိနေလို့ ကွန်တော်အပါအဝင် မြန်မာအများစုအတွက်လည်း လေ့လာရာမှာ တော်တော်လေးကို အထောက်အကူဖြစ်နေစေရတာပါ..စိတ်မဆိုးနဲ့နော် ကွန်တော့် အမြင်ကို ပြောတာ… ဦးလူပျိုပြောချင်တဲ့ မက်ဆေ့ချ်ကိုလည်း နားလည်သွားပါတယ်..ရှု့ထောင့်တစ်ခုကနေလည်း ဒီလိုလေးတွေ လိုအပ်သေးတယ်ဆိုတာကို ပြောချင်တာပါ..လေးစားလျက်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">