Calm Hill On-Line Now

လွန်ခဲ့တဲ့သုံးရက်လောက်က စပြီးတော့ ကျွန်တော့်ရဲ့ ဘလော့လေး အနိစ္စသဘောနဲ့ ကိစ္စချောသွားပါတယ်။ ဖြစ်ပုံက Free Hosting မှာတင်ပြီး ရေးနေတော့ Free Hosting ကတစ်လကို လူဘယ်နှစ်ယောက်မဝင်ရင် ဖျက်မယ်ဆိုတဲ့ ပေါ်လစီရှိပါတယ်။ ကျွန်တော့်ရဲ့ဘလော့က လူဝင်ပေမယ့် ကျွန်တော် Register လုပ်ထားတဲ့နာမည်က calmhill.info ဖြစ်နေပြီး ကျွန်တော်သုံးနေတာက Subdomain ခွဲထားတဲ့ blog.calmhill.info ကိုသုံးနေတော့ မူရင်းဒိုမိန်းမှာ လူမဝင်ဘူးလို့ Hosting ကတွက်ချက်တာ မှားသွားတာကြောင့် ဖျက်တဲ့အထဲပါသွားပါတယ်။ ကံဆိုးချင်တော့ Backup ကလည်း ဖေဖော်ဝါရီလကုန်ကာနီးကနေပဲ ရှိတာကြောင့် Post တွေပြန်ရအောင်အတွက် RSS ယူထားတဲ့ လူတွေထံကနေ လိုက်ပြီးတော့ ပြန်တောင်းပြီးဖြည့်ထားရပါတယ်။ အဲဒါကြောင့် ဖေဖော်ဝါရီလနောက်ပိုင်းကနေ အခုနောက်ဆုံးအထိ Post တွေမှာ ဘလော့မိတ်ဆွေတွေ ရေးသွားသွားတဲ့ Comment တွေပျောက်ဆုံးသွားပါတယ်။ အဲဒီ့အတွက်တော့ အတော်လေး စိတ်မကောင်းဖြစ်ရပါတယ် ကျွန်တော်ဘလော့ကို အပြောင်းအရွှေ့များပါတယ် ဒါပေမယ့် Comment တွေမပျောက်အောင် အမြဲသတိထားပါတယ် ဒါပေမယ့် ဒီတစ်ခါတော့ Backup မှန်မှန်မလုပ်မိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိပါတယ်။ အဲဒီအတွက် ကျွန်တော့်ဘလော့က မိတ်ဆွေများ စိတ်အနှောက်အယှက်ဖြစ်ရရင်တော့ အထူးပဲတောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့ အမြဲဘိုင်ပြတ်နေတဲ့ ထုံးစံအတိုင်း စိတ်မချရပေမယ့် Hosting မဝယ်နိုင်သေးလို့ Free Hosting မှာပြန်တင်မယ်လုပ်တော့ ကိုဒီဘီအေကနေ သူ့ရဲ့ Hosting မှာလာတင်ပါ Free Hosting စိတ်မချရပါဘူးဆိုပြီး Account တစ်ခုလုပ်ပေးလို့ အခုကျွန်တော့်ရဲ့ ဘလော့လေး အသက်ဆက်သွားတာပါ။ အဲဒီ့အတွက်လည်း ကိုဒီဘီအေကို အထူးကျေးဇူးတင်ရပါကြောင်း ဒီနေရာကနေ ပြောကြားလိုက်ရပါတယ်ခင်ဗျာ။