5
Jun 10

စိတ်ကူးထဲလည်းမြင်တယ် …

မြင်တယ် …
အိမ်မက်ထဲလည်းမြင်တယ် …
စိတ်ကူးထဲလည်းမြင်တယ် …
အကြင်နာရဆုံးရယ် …
ကိုယ့်ဘဝဘယ်ရောက်နေ အမြဲတမ်းကိုယ်တွေ့ပါတယ် …
အတွယ်တာရဆုံးရယ် ရေဆာသလိုဆာလောင်တယ် …

အကျိုးအကြောင်းတွေလည်း အတော်တိုက်ဆိုင်နေတယ်လေ သီချင်းအတိုင်းဖြစ်နေသလိုပဲ ခံစားရပါတယ် အဖြစ်ကလည်းနည်းနည်း ဆန်းသလိုလိုပေါ့လေ ဒီရက်ပိုင်းမှာ အလုပ်မအားပါဘူးဆို စိတ်ကဖောက်လာတယ် အိမ်ကိုဖုန်းဆက်တော့ အန်တီလေးကို ဒီရက်ပိုင်းတော့ သွားလည်းဒီစိတ် စားလည်းဒီစိတ်နဲ့ အိပ်ရင်တော့မျက်နှာလေးတွေ မြင်ယောင်နေတယ်လို့ပြောတော့ မင်းကတော့ကြီးမှ ဝက်သက်ပေါက်တာထင်တယ် ပြောတော့ကိုယ့်မှာ အီလည်လည်ဖြစ်သွားတယ် မဟုတ်လောက်ပါဘူးပေါ့လေ။

ဖြစ်ပုံကဒီလို ဒီရက်ပိုင်းစာတွေရေးရတာရယ် ဖတ်ရတာရယ်များတော့ မျက်မှန်ကလည်း နေ့တိုင်းတပ်ထားရတယ် မနက် ၉ နာရီကနေ ည ၁၂ နာရီအထိ တစ်နေကုန် စာရေးရစာဖတ်ရနဲ့ ဖြစ်နေတော့ ညပိုင်းပြန်ရောက်တာနဲ့ ထမင်းအိုးတည်ပြီးတန်းအိပ်တာပဲ။ အိပ်ယာပေါ်မှာ မျက်လုံးမှိတ်လိုက်ရင်ကို လောကကြီးကိုဘောင်ခတ်ထားတဲ့ မျက်မှန်ကမချွတ်ရသေးသလို မြင်ကွင်းကဖြစ်နေသဗျ နောက်ပြီးတော့ တစ်နေကုန်ဖတ်ထားတဲ့ စာမျက်နှာလေးတွေက ဓာတ်ပုံရိုက်ထားလို တစ်ရွက်ချင်းတစ်ရွက်ချင်း မြင်နေရသဗျာ အဲဒါတွေမြင်ပြီးတော့ ဟိုနားလေးကစာလေး ပြင်ရေးလိုက်ရ ဒီနားကစာလေး ပြင်ရေးလိုက်ရင်ကောင်းနဲ့ အိမ်မက်ထဲမှာအလုပ်လုပ်သွားတာ မနက်နှိုးစက်မြည်မှ အိပ်ယာကနိုးသလိုဖြစ်တယ် ပြန်စဥ်းစားလိုက်တော့ တစ်ညလုံးမအိပ်လိုက်ရလို ခံစားလိုက်ရတယ်။ ဒယ်ဒီမဆုံးခင်က ပြောတဲ့စကားကိုသတိရတယ် သူအလုပ်များလာတိုင်း လူကအိပ်ပေမယ့် စိတ်ကိုအိပ်ခိုင်းလို့ မရဖြစ်နေတယ်ဆိုတာ အခုမှပဲနားလည်သလိုဖြစ်လာတယ်။ သြော်…. မြင်တယ် … အိမ်မက်ထဲလည်းမြင်တယ် … စိတ်ကူးထဲလည်းမြင်တယ် …

6 Responses to “စိတ်ကူးထဲလည်းမြင်တယ် …”

  1. shwemyanmar says:

    ပိုက်ဆံလေးဘာလေး ကောက်ရလို့ မြင်ရင်လည်း လက်ဖက်ရည်တိုက်ဦးနော်

  2. nayray says:

    အူး လူ ပြူ ဂျီး စိတ်လျော့အုန်းနော်…တော်ကြာ…… တော်မကြာရင် တိုင်ပါတ်ပြီး ကျုပ်ကြာနေလိမ့်မယ်………:D

  3. Calm Hill says:

    Shwemyanmar>> လက်ဘက်ရည်တော့ ပိုက်ဆံကောက်မရလည်း တိုက်ပါတယ်ဗျာ :D
    nayray>> ကြာတယ်ဆိုတဲ့ စကားကိုမကြားချင်တာဗျာ :P

  4. Phyo Maw says:

    ဒါဟာ ရိုးရိုးလား ဆန်းဆန်းလား ဖြေဘာာာာ။ =D

  5. မေကျော် says:

    သီချင်းဖတ်ပြီးပြီးချင်း သတင်းထူးလေး ထူးခြားပြီထင်နေတာ ။။။ ဟိ ။။။ ပြီးကျလည်း ဘာမှမထူးဘူး

  6. Calm Hill says:

    PM >> နောက်တစ်ခါ ဓာတ်ပုံရိုက်သွားရင်ခေါ်ပါ လက်ထောက်မော်ဒယ် သင်ကြားရေးတာဝန် ယူနိုင်ပါတယ်။ :P
    မေကျော် >> ကိုယ်မြင်တာကိုယ်ရေးတာပဲဟာ :P

Leave a Reply

Switch to our mobile site

WP SlimStat