သွားတိုက်တံတစ်ချောင်းကို ၄ လထက်ပိုသုံးရင် မကောင်းဘူးဆိုလား ကြားတော့ကြားဖူးတယ် ဘယ်သူပြောမှန်းလည်း မမှတ်မိတော့ဘူး အဲဒါနဲ့ ၃-၄ နေလိုက် သွားတိုက်တန် အသစ်လဲလိုက်နဲ့ အိမ်ကတည်းက ပါလာတဲ့သွားတိုက်တံတွေ ကုန်သွားလေတော့တယ်။ သွားတိုက်တံဝယ်မယ်ပေါ့ ဘယ်တော့မှကရုစိုက်မကြည့်မိတဲ့ သွားတိုက်တံရောင်းတဲ့ အတန်းဘက်ရောက်တယ်။
လိုက်ကြည့်လိုက်တော့ အလိုဗျာ များပြားလိုက်တဲ့ သွားတိုက်တံတွေ ဓာတ်ခဲထည့်တိုက်ရတဲ့ သွားတိုက်တံ မဖြစ်သေးပါဘူး သွားတိုက်တာ ၅ မိနစ်လောက်အတွက်တော့ လက်လှုပ်နိုင်ပါတယ် ဓာတ်ခဲတော့မလိုသေးဘူး ထင်မိပါသေးတယ် သွားတိုက်တော့ မော်တာနဲ့လည်ပြီးတိုက်တော့ ဆရာဝန်ပြောသလို အထက်အောက် ဘယ်လိုမှတိုက်လို့ မဖြစ်လောက်ဘူးထင်တယ်။ သွားတိုက်ရင်း ဓာတ်ခဲကုန်သွားရင် ဘယ်လိုများ ဆက်တိုက်လို့ရသလဲတော့ အသေအချာမလေ့လာခဲ့မိဘူး။
လက်ကိုင်ကလည်း အမျိုးမျိုးတွေ့သဗျာ လက်ကိုင်တုတ်လေ စျေးနည်းနည်းပိုကြီးလေထင်တယ် စာဖတ်ကြည့်တော့ လက်ကိုင်က ချော်မထွက်အောင် ဒီဇိုင်းလုပ်ထားတယ်ဆိုပဲ စဥ်းတော့စဥ်းစားကြည့်ပါတယ် သွားတိုက်တာလား ကြမ်းတိုက်တာလားလို့ သွားတိုက်တံကို ချော်ထွက်လောက်အောင် ဘယ်လောက်များ အင်တိုက်အားတိုက် သွားတိုက်ကြပါလိမ့်။
သွားတိုက်တံမှာ လက်ကိုင်ကအရှင်ဖြစ်ပြီးတော့ အဖျားကဘရပ်ကို ဖြုတ်လဲလို့ရတာလည်းရှိပြန်ရော လက်ကိုင်ကဘာများ ပိုကောင်းသလဲလို့ ကြည့်တော့ ဘာမှလည်းမထူးပါဘူး အဲဒါများဘာလို့ ဘရပ်ကိုဖြုတ်လဲလို့ရအောင် လုပ်ထားသလဲ စဥ်းစားလို့ကိုမရဘူး။ နောက်တစ်မျိုးက လက်ကိုင်မှာ ဘက်တီးရီးယား မတက်အောင် နည်းပညာနဲ့လုပ်ထားတယ်ဆိုပဲ လက်ကိုင်ကပါးစပ်ထဲမှ မထည့်တာပဲဟာ ပါးစပ်ထဲထည့်တဲ့ အဖျားပိုင်းကို မတက်အောင်ဘာလို့ မလုပ်သလဲစဥ်းစားလို့ လုံးဝမရဘူးဖြစ်လာတယ်။
လက်ကိုင်တွေ လိုက်ကြည့်တာ မူးလာတာနဲ့ သွားတိုက်တဲ့အပိုင်းပဲ ကြည့်တော့မယ်ဆိုတော့ နည်းနည်းပိုဆိုးလာတယ် တစ်ချို့ကလှိုင်းတွန့်ပုံဗျ ဘာလို့လဲဖတ်ကြည့်တော့ သွားကခပ်ခုံးခုံးဆိုတော့ တစ်ခါတည်း သွားမျက်နှာပြင်ကို အကုန်ထိအောင်ဆိုပဲ လှိုင်းတွန့်မှာက တစ်ချို့ကအလယ်ကချိုင့်ပြီး တစ်ချို့ကအလယ်က ဖောင်းပါတယ် အဲဒါလည်းမတူဘူးဆိုပဲ ဘာမတူမှန်းတော့ စဥ်းစားမရတော့ဘူး။
တစ်ချို့က သွားတိုက်တံကအမွှေးအပြင် ရာဘာအချောင်းသေးသေးတွေပါ ပါလာပြန်ရော အဲဒါတွေနဲ့ဆို သွားတိုက်ဆေး အမြုပ်ထွက်ပါ့မလား နည်းနည်းသံသယ ဖြစ်မိတယ်။ ကျောင်းတက်နေတဲ့ ကလေးတွေအတွက်တော့ အဆင်ပြေလောက်တယ် ခဲတံနဲ့သွားကြားထိုးမိရင် သွားမှာခဲတံအရာတွေ ထင်နေမယ်မဟုတ်လား အဲဒါဆိုရင် ရာဘာချောင်းတွေက ခဲဖျက်လိုတော့ ပွတ်သွားမယ်ထင်တယ်။
သွားတိုက်တံ တစ်မျိုးချင်းယူကြည့်ရင်း မူးလာသလိုဖြစ်လာတယ် ဘယ်ဟာဝယ်ရမှန်းမသိတော့ဘူး မထူးပါဘူးဆိုပြီး မျက်စေ့မှိတ်ပြီး တစ်ခုဆွဲယူခဲ့လိုက်တယ် ငွေရှင်းခါနီးမှကြည့်မိတော့ သွားတိုက်တံအမွှေးတွေက အဖြောင့်ဗျလှိုင်းတွန့် မပါဘူးရယ် အဲဒါကိုသွားလဲရကောင်းနိုးနိုး ဖြစ်နေသေးတာ နောက်မှစဥ်းစားမိတယ် မဟုတ်လည်း လိုချင်တဲ့အတွန့်ပုံစံ အိမ်ရောက်မှ ကပ်ကြေးနဲ့တိလိုက်ရတာပဲဟာ ဆိုပြီးပြန်သွားမလဲတော့ပဲ လက်ထဲပါလာတာပဲ ဝယ်လာလိုက်တယ် အခုတော့ ကိုယ်သွားနဲ့အဆင်ပြေအောင် သွားတိုက်တံကို ဘယ်လိုပုံစံလေး ကပ်ကြေးနဲ့တိရင် ကောင်းမလဲစဥ်းစားနေရတယ်။
သွားတိုက်ဆေး ကြော်ငြာထဲကလို သွားကြီး ဖြုတ်ကိုင်လို့ရရင် ဖြုတ်ပြီးတိုက်ပလိုက်ချင်တယ်။
သွားတိုက်ဆေးလည်း များသား pearl white ဖြူစေရမယ် တိုက်ပြီးရင် ကော်ဖီ တယ်စီး ဘာညာမသောက်ရဘူး တို့ gum care တို့ အိုစုံလို့ပါပဲ
ပလုတ်ကျင်းဖို့ဆိုရင်လည်း အယ်လကိုဟောတာ မပါတာ ပါတဲ့ဟာကလည်း ပါရင် ဘာအတွက်ကောင်းတယ် မပါတာက မပါရင် သွားဖုံးသက်တမ်းအတွက်ကောင်းတယ်
ဒါတွေ Guardian မှာ လုပ်တုန်းက ဖတ်ပြီး လေပေါခဲ့တာတွေဗျ
ဟားဟားဟား လို့ ရယ်သွားတယ်
ကွန်မန့် စမ်းပေးကြည့်လိုက်ဦးမှ..
ဟေးးးးးးးးးးး
မမြင်ရတဲ့ နေရာကို ယူ ပြောသလို စမ်းနှိပ်ကြည့်လိုက်တာ ရသွားပီ ဝေးးးး
မမြင်ရပဲရေးတော့ အစ်မက ရေးထားတဲ့စာတွေမှ ဖတ်လို့မရတဲ့ဟာ ကော့်မင့်က ဘာအကြောင်းများ ရေးတာတုံး
လက်ကိုင်မှာ ဘက်တီးရီးယား မတက်အောင် နည်းပညာနဲ့လုပ်ထားတယ်ဆိုပဲ လက်ကိုင်ကပါးစပ်ထဲမှ မထည့်တာပဲဟာ ပါးစပ်ထဲထည့်တဲ့ အဖျားပိုင်းကို မတက်အောင်ဘာလို့ မလုပ်တာလဲလို့ မိုးလည်းစဥ်းစားမိဖူးတယ်။
သာယာချမ်းမြေ့ပါစေနော်
မိုး
brush ကိုဖြုတ်လို့ တပ်လို့ရတယ်ဆိုတာက
ခရီးသွားတဲ့အခါမှာ brush ကို ဖြုတ်ပြီး တစ်ခုခုထဲမှ ဘက်တီးရီးယားတွေ မဝင်အောင် သေချာသိမ်းသွားလို့ ရတယ်ဆိုတဲ့ သဘောဖြစ်မယ်ထင်တယ်။
မဟုတ်ဘူး ခရီးသွား သွားတိုက်တံက ရေးတဲ့အထဲမပါသွားတာ သတ်သတ် ရှိသေးတယ် ခေါက်လို့ရတယ်ဗျ ဘူးကလေးနဲ့ ဟေးဟေး Brush ဖြုတ်လို့ရတဲ့ဟာကို ကျွန်တော်က မကြိုက်ဘူး တော်ကြာလက်က ရမ်းလိုက်လို့ Brush ပြုတ်ထွက်ပြီး အိမ်သာထဲ ကျသွားရင် ကိစ္စပြတ်ကြပါရော
လူပျိုရေ….. ပြန်ရောက်တာနဲ့ လာဖတ်တာ… ဖတ်ဖတ်ချင်းက လူပျိုတော့ သွားနဲ့ခံတွင်း ပညာပေးလေး ရေးထားလား သိဘူး ဆိုပြီး.. နောက်တော့မှ အော်….သူလွဲလာတဲ့ အကြောင်းလေးပဲ ဆိုပြီး ပြံုးပြီး ဖတ်သွားရတယ်။ း)
ဒါနဲ့ မုန့်မှာလိုက်တာ ပါလာတယ်နော်။ စားချင်ရင်တော့ လာယူလှည့်.. း))
ခင်မင်လေးစားလျက်
ဒဏ္ဍာရီ
အခု ဘယ်လိုပုံ ကိုက်ထားတုန်း
ဦးလူပျို..လက်ကိုင်ကောင်းကောင်းခိုင်ဖို့တော့လိုတယ်ဗျ.. တစ်ခါက ဘာတံဆိပ်မှန်းတော့ မသိတော့ဘူး လက်ကိုင်အကြည်လေးဗျ..အဲ့ဒါ လေးနဲ့ ညဘက်သွားတိုက်နေတုန်း.အားလည်း အရမ်းမပါပါဘူး ဆတ် ခနဲ ကျိုးသွားတာဗျ..တိုက်လက်စဆိုတော့ ချောပြီး အောက်ခြေ သွားဖုံးကို ထိုးမိဘူးတယ်…အား အရမ်းမပါတော့ နဲနဲပဲ ပေါက်ပြီး သွေးထွက်လာတယ်.. အားတော်တော်ပါရင်တော့ …
သူပြောပုံအရဆိုရင် စတီးလက်ကိုင်တောင် ရှာရမယ့်သဘောမှာရှိတယ်
သွားတိုက်တံခေါင်းကို စွပ်စရာအဖုံးလေးပါတာရော တွေ့ခဲ့ဘူးလား။ ရေးလည်း ရေးနိုင်ပါပေတယ်။ စူပါမားကတ်တစ်ခုလောက်ရှိနေရင် ကိုလူပျိုရေးစရာတွေ ဒီတစ်သက်ကုန်မယ်မထင်
(အဲဒါချီးကျူးသွားတဲ့ စကားနော်)