Myanmar Scripts and TeX

LaTeX နဲ့စာရေးနေကျဆိုပေမယ့် ဗမာစာတော့ LaTeX နဲ့တစ်ခုမှ စမ်းမကြည့်မိဘူး။ တစ်ခါက ကိုရဲထက်လာပြောတုံးက စမ်းကြည့်မယ်ဆိုတာ တစ်ခါမှမစမ်းဖြစ်ဘူး။ အားတုံးစိတ်ကူးပေါက်လို့ စမ်းကြည့်တော့ LaTeX မှာက CJK တော့ရပါတယ် Unicode Character တွေအလုပ်မလုပ်ဘူး ဖြစ်နေတယ်။ ထပ်ရှာကြည့်မှ LaTeX မှာက Font ကအလွယ်တစ်ကူ ပြောင်းလို့မရဘူး SIL ကနေထုတ်ပေးတဲ့ XeLaTeX မှာတော့ Unicode တွေကို Support လုပ်ပါတယ်။ ဒီတော့ Unicode Character တွေသုံးချင်ရင် XeLaTeX ကိုသုံးပြီး Compile လုပ်မှပဲရပါတယ်။ MikTeX 2.7 ကနေစပြီးတော့ XeLaTeX ကတစ်ခါတည်း ပါလာပါတယ် အဲဒီတော့ ဘာမှတော့ထွေထွေထူးထူး ထပ်သွင်းစရာတော့မလိုပါဘူး။

လူသုံးအများဆုံး WinEdt ကတော့ Unicode Character တွေရေးလို့မရတော့ ဘယ်လိုမှသုံးလို့မဖြစ်ပါဘူး။ လိုက်စမ်းကြည့်လိုက်တော့ TeXworks ကတော့ Unicode Character တွေရေးလို့ရပါတယ် စမ်းပြီးတော့ ဗမာစာကိုရေးကြည့်လိုက်တော့ သူ့ Editor က Render မှန်အောင် မလုပ်ပေးနိုင်ပါဘူး။ ဒီတော့မတတ်နိုင်ဘူးဆိုပြီး Notepad မှာပဲရေးရပါတယ်။ သုံးတာကလွယ်ပါတယ် LaTeX လိုပါပဲ usepackage{fontspec} ဆိုတဲ့ Package တစ်ခုကြေငြာပေးရမယ် အဲဒါဆိုရင်သုံးလို့ရပါပြီ။

သုံးကြည့်တော့ ပထမဆုံးပြဿနာက fontspec{Myanmar3} နဲ့စမ်းကြည့်ရာမှာ ဗမာစာတွေက Render မလုပ်ပါဘူး အဲဒါနဲ့ Padauk, Yunghkio ပြောင်းကြည့်ပါတယ် ဒါလည်းအလုပ်လုပ်ပါဘူး။ ဇော်ဂျီနဲ့စမ်းကြည့်တော့ စကားလုံးက Render မပါတော့အလုပ်လုပ်ပါတယ်။ ဖတ်ကြည့်တော့ မူရင်းက Mac မှာစခဲ့တော့ AAT ကြောင့်လို့ထင်မိတယ် ဒါပေမယ့် OpenType လည်း အပြည့်အဝရတယ်ဆိုတော့ Render မလုပ်တာကို အခဲမကျေတော့ fontspec manaul ကိုအစအဆုံးဖတ်ပါတယ် ဒီတော့မှသူက OpenType မှာဆိုရင် Script ကိုအတိအကျ ဘယ် Script တွေသုံးမယ်ဆိုတာ ပြောရမယ်ဆိုတာပါပါတယ် ဒီတော့မှ fontspec[Script=Myanmar]{Myanmar3} လိုထည့်လိုက်တော့ XeLaTeX Compiler ရပ်ကိုသွားပါတယ်။

တစ်ခြား Font တွေပြောင်းကြည့်ပါတယ် Script=Myanmar လိုပြောထားရင် အဆင်ပြေပါတယ် Padauk, Yunghkio, Parabaik, Ayar, Zawgyi စမ်းပြောင်းကြည့်တော့ အကုန်အလုပ်လုပ်ပါတယ်။ ဗမာစာတင်အားမရလို့ ရှမ်းလိုလည်းစမ်းကြည့်ပါတယ်။ ရလဒ်ကတော့ Myanmar 3 and Parabaik ကအလုပ်မလုပ်ပါဘူး။ Parabaik ကတော့စာပေါ်ပေမယ့် Render မလုပ်ပါဘူး။ ဗမာစကားလုံးတွေကတော့ Zawgyi and Ayar က Unicode Standard အပြည့်မဟုတ်လို့ လွဲနေတာကလွဲရင် Font အနေနဲ့က အားလုံးအလုပ်လုပ်ပါတယ်။ ရှမ်းစာကတော့ အငြင်းအခုန်မရှိပဲ Standard အတိုင်းရှိတဲ့အတွက် Font အားလုံးနီးနီးမှာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်ပါတယ်။ ရှမ်းစာကတော့ ကိုယ်လည်းမရေးတတ်တော့ သူငယ်ချင်းရဲ့ Web Site ကနေကူးထည့်ထားတာပါ။ အခြားသောစာများဖြစ်တဲ့ မွန်နဲ့ ကရင်ကတော့ ဘယ်နားသွားရှာရမှန်းမသိလို့ ထည့်စမ်းမကြည့်မိပါဘူး။

စမ်းထားတဲ့နမူနာများ ကြည့်ချင်ရင်တော့ အောက်မှာပဲယူကြည့်ကြပါတော့ မူရင်း TeX File ရယ် Output ကတော့ pdf ကိုပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">