တစ်ခါက မူလတန်းကျောင်း တစ်ကျောင်းမှာ ကလေးတွေကို သင်္ချာစိတ်တွက်ပြိုင်ပွဲ လုပ်ကြတာပေါ့။ ပြိုင်ပွဲလုပ်ပုံကရှင်းရှင်းလင်းလင်းပါ အရှေ့ကဆရာမက ဂဏန်းသုံးလေးလုံးကို ရွတ်ပြလိုက်ရင် ကျောင်းသားကအဲဒါကို စိတ်နဲ့ပေါင်းပြီးပြန်ဖြေရတာပေါ့။ ကလေးတွေက ငယ်သေးတော့ ဂဏန်းသုံးလုံးနဲ့အထက်မှာ အတော်နဲ့မပေါင်းနိုင်ပဲ အတော်ကြာမှသာဖြေနိုင်ကြတယ်။ အဲဒီ့မှာ စိတ်တွက် တော်တဲ့ကလေးတစ်ယောက်တော့ တွေ့ရပါတယ်။
ဆရာမ။ ။ ၃ နဲ့ ၄ ပေါင်းရင် ဘယ်လောက်ရပါသလဲ။
ကျောင်းသား။ ။ ၇ ပါခင်ဗျ။
ဆရာမ။ ။ ၅ ရယ် ၄ ရယ် ၆ ရယ် ပေါင်းရင်ရောကွယ်။
ကျောင်းသား။ ။ ၁၅ ပါခင်ဗျ။
ဆရာမ။ ။ ၆ ရယ် ၇ ရယ် ၈ ရယ် ၉ ရယ်ဆိုရင်ရောကွယ်။
ကျောင်းသား။ ။ ၃ဝ ပါခင်ဗျ။
ဆရာမ။ ။ နောက်ဆုံး မေးခွန်းမေးမယ် သားရယ် ၁ ရယ် ၂ ရယ် ၃ ရယ်ဆိုရင် ဘယ်လောက်ရသလဲကွယ်။
ကျောင်းသား။ ။ ၂၀ ပါခင်ဗျ။
ဆရာမ။ ။ သြော်… သင်းကဒါ့ကြောင့်ကိုး။
1 + 2 + 3 should be 15. How it become 20?
မှန်ပါတယ်ဗျ တစ်နှစ်သုံးတစ်ထွေက ဘယ်အချိန်ပေါင်းပေါင်း ၂ဝ ထွက်တယ်
နားမလည်ဘူး …
ဒါ. . .21 လား။
ကိုဇော်က နီးစပ်တယ်ပြောရမယ် ခွိ
I also thought 1,2,3 is 15. Hee…
သူလည်း သင်္ချာ ပညာတတ်ပဲ ဟိဟိ
၁၅ ဆိုလည်းမှန်ပါတယ် ၂ဝ ဆိုလည်းမှန်ပါတယ် ပေါင်းလဒ်ကိုကြည့်ပြီး သူဘယ်ဟာ ကျွမ်းကျင်လဲ ခန့်မှန်းရမယ်ထင်တယ်
ကိုယ်တောင် ဂဏန်းပေါင်းစက်နဲ့ မနည်းပေါင်းရတယ်။ ကလေးကတော်လိုက်တာပေါ့။ ခုမှသိတယ်။ ကလေးက 21 ဆော့တတ်တာကိုး။ ဟီးး
21 တော့မဟုတ်ဘူးဗျ 21 ဆိုရင် ၁ ၂ ၃ ပေါင်းရင် ၁၅ ပဲရမယ် ဟောလိဝုတ်ရိုက်ရင်သာ ၂၀ ရမယ်
နားမလည်ဘူး
နေ့အိပ်မက်လည်း ၁၅ပဲရတယ်။ ဟောလိဝုဒ်ဆော့တတ်ဘူး