မနေ့ကစမ်းကြည့်တော့ Myanmar 3 က XeLaTeX မှာအလုပ်မလုပ်ပါဘူး စမ်းကြည့်တာက MikTeX နဲ့ Windows မှာစမ်းတာပါ။ သိပ်မကျေနပ်လို့ Linux မှာစမ်းကြည့်ပါတယ်။ MikTeX က Windows မှာပဲအဆင်ပြေတော့ TeXLive နဲ့စမ်းကြည့်ပါတယ်။ XeLaTeX သုံးချင်ရင် TeXLive က Full Install လုပ်မှအဆင်ပြေပါတယ် Size ကလည်းမသေးပါဘူး 1.8 GB လောက်ရှိပါတယ်။ စိတ်ရှည်လက်ရှည် စောင့်လိုက်ရပါတယ်။ Windows မှာက Compile လုပ်ရတာ အတော်ကြာပါတယ် Linux မှာတော့အတော်လေးမြန်ပါတယ်။ တစ်ခုထူးခြားတာက Windows မှာအလုပ်မလုပ်တဲ့ Myanmar 3 ကအလုပ်လုပ်ပါတယ်ဒါပေမယ့် ရှမ်းစာကတော့အလုပ် မလုပ်ပါဘူး။ ဖြစ်နိုင်တာက Font ပြဿနာမဟုတ်ပဲMikTeX ပြဿနာဖြစ်ပုံရပါတယ်။ Linux မှာက TeXWorks မှာ ဗမာစာကောင်းကောင်း အလုပ်လုပ်ရပါတယ် Windows မှာတော့ TeXWorks မှာ ဗမာလိုရိုက်လို့အဆင် မပြေပါဘူး။
Monthly Archives: July 2010
Myanmar Scripts and TeX
LaTeX နဲ့စာရေးနေကျဆိုပေမယ့် ဗမာစာတော့ LaTeX နဲ့တစ်ခုမှ စမ်းမကြည့်မိဘူး။ တစ်ခါက ကိုရဲထက်လာပြောတုံးက စမ်းကြည့်မယ်ဆိုတာ တစ်ခါမှမစမ်းဖြစ်ဘူး။ အားတုံးစိတ်ကူးပေါက်လို့ စမ်းကြည့်တော့ LaTeX မှာက CJK တော့ရပါတယ် Unicode Character တွေအလုပ်မလုပ်ဘူး ဖြစ်နေတယ်။ ထပ်ရှာကြည့်မှ LaTeX မှာက Font ကအလွယ်တစ်ကူ ပြောင်းလို့မရဘူး SIL ကနေထုတ်ပေးတဲ့ XeLaTeX မှာတော့ Unicode တွေကို Support လုပ်ပါတယ်။ ဒီတော့ Unicode Character တွေသုံးချင်ရင် XeLaTeX ကိုသုံးပြီး Compile လုပ်မှပဲရပါတယ်။ MikTeX 2.7 ကနေစပြီးတော့ XeLaTeX ကတစ်ခါတည်း ပါလာပါတယ် အဲဒီတော့ ဘာမှတော့ထွေထွေထူးထူး ထပ်သွင်းစရာတော့မလိုပါဘူး။
လူသုံးအများဆုံး WinEdt ကတော့ Unicode Character တွေရေးလို့မရတော့ ဘယ်လိုမှသုံးလို့မဖြစ်ပါဘူး။ လိုက်စမ်းကြည့်လိုက်တော့ TeXworks ကတော့ Unicode Character တွေရေးလို့ရပါတယ် စမ်းပြီးတော့ ဗမာစာကိုရေးကြည့်လိုက်တော့ သူ့ Editor က Render မှန်အောင် မလုပ်ပေးနိုင်ပါဘူး။ ဒီတော့မတတ်နိုင်ဘူးဆိုပြီး Notepad မှာပဲရေးရပါတယ်။ သုံးတာကလွယ်ပါတယ် LaTeX လိုပါပဲ usepackage{fontspec} ဆိုတဲ့ Package တစ်ခုကြေငြာပေးရမယ် အဲဒါဆိုရင်သုံးလို့ရပါပြီ။
သုံးကြည့်တော့ ပထမဆုံးပြဿနာက fontspec{Myanmar3} နဲ့စမ်းကြည့်ရာမှာ ဗမာစာတွေက Render မလုပ်ပါဘူး အဲဒါနဲ့ Padauk, Yunghkio ပြောင်းကြည့်ပါတယ် ဒါလည်းအလုပ်လုပ်ပါဘူး။ ဇော်ဂျီနဲ့စမ်းကြည့်တော့ စကားလုံးက Render မပါတော့အလုပ်လုပ်ပါတယ်။ ဖတ်ကြည့်တော့ မူရင်းက Mac မှာစခဲ့တော့ AAT ကြောင့်လို့ထင်မိတယ် ဒါပေမယ့် OpenType လည်း အပြည့်အဝရတယ်ဆိုတော့ Render မလုပ်တာကို အခဲမကျေတော့ fontspec manaul ကိုအစအဆုံးဖတ်ပါတယ် ဒီတော့မှသူက OpenType မှာဆိုရင် Script ကိုအတိအကျ ဘယ် Script တွေသုံးမယ်ဆိုတာ ပြောရမယ်ဆိုတာပါပါတယ် ဒီတော့မှ fontspec[Script=Myanmar]{Myanmar3} လိုထည့်လိုက်တော့ XeLaTeX Compiler ရပ်ကိုသွားပါတယ်။
တစ်ခြား Font တွေပြောင်းကြည့်ပါတယ် Script=Myanmar လိုပြောထားရင် အဆင်ပြေပါတယ် Padauk, Yunghkio, Parabaik, Ayar, Zawgyi စမ်းပြောင်းကြည့်တော့ အကုန်အလုပ်လုပ်ပါတယ်။ ဗမာစာတင်အားမရလို့ ရှမ်းလိုလည်းစမ်းကြည့်ပါတယ်။ ရလဒ်ကတော့ Myanmar 3 and Parabaik ကအလုပ်မလုပ်ပါဘူး။ Parabaik ကတော့စာပေါ်ပေမယ့် Render မလုပ်ပါဘူး။ ဗမာစကားလုံးတွေကတော့ Zawgyi and Ayar က Unicode Standard အပြည့်မဟုတ်လို့ လွဲနေတာကလွဲရင် Font အနေနဲ့က အားလုံးအလုပ်လုပ်ပါတယ်။ ရှမ်းစာကတော့ အငြင်းအခုန်မရှိပဲ Standard အတိုင်းရှိတဲ့အတွက် Font အားလုံးနီးနီးမှာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်ပါတယ်။ ရှမ်းစာကတော့ ကိုယ်လည်းမရေးတတ်တော့ သူငယ်ချင်းရဲ့ Web Site ကနေကူးထည့်ထားတာပါ။ အခြားသောစာများဖြစ်တဲ့ မွန်နဲ့ ကရင်ကတော့ ဘယ်နားသွားရှာရမှန်းမသိလို့ ထည့်စမ်းမကြည့်မိပါဘူး။
စမ်းထားတဲ့နမူနာများ ကြည့်ချင်ရင်တော့ အောက်မှာပဲယူကြည့်ကြပါတော့ မူရင်း TeX File ရယ် Output ကတော့ pdf ကိုပေးထားပါတယ်။
ဗဟုသုတကျူရှင်
မေးခွန်းများ မေးလိုက်ကြတယ် တစ်ယောက်တစ်ပေါက် ဖြေလိုက်ရတာလည်း အာကိုပေါက်လို့ ဒီစာဖတ်လေလို့ညွှန်းတော့ အတွန့်တက်တယ် သင်ပေးဆိုပဲ။ ပြန်စဥ်းစားတယ် တစ်သက်လုံး ကိုယ့်ဟာကိုယ်လုပ်လာတဲ့အလုပ် ဘယ်သူမှလာမသင်ဖူးဘူး အဲဒီ့အလုပ်မျိုး သင်ပေးဆိုတာ အတော်လေးကို လက်ပေါက်ကပ်တဲ့အလုပ်လို့ ပြောရမယ်။ သင်ပေးမှ တတ်မယ်ဆိုရင်တော့ အပေါ်က ကာတွန်းလိုပဲ ခဲတံအချွန်သင်မယ် လူတစ်ယောက် စက်တစ်လုံး
