ခိုးမသုံးပဲနေနိုင်သေးတယ်

ဆော့ဝဲတွေ ခိုးမသုံးတော့ဘူးလို့ ဆုံးဖြတ်ထားတာ အတော်ကြာခဲ့ပြီ။ ဝယ်လည်းမသုံးဖြစ်ပါဘူး အလကားရတဲ့ ဆော့ဝဲတွေနဲ့ပဲ အသက်ဆက်နေခဲ့တာ အတော်ကြာခဲ့ပြီ။ ကွန်ပျူတာမှာ ဈေးကြီးတဲ့ဆော့ဝဲဆိုလို့ ဝယ်တုံးကပါလာတဲ့ Windows ကလွဲရင် ကျန်တာတစ်ခုမှမရှိပါဘူး။ ခိုးသုံးတယ်ဆိုတာ တစ်ခြားလူအတွက်တော့ လိုအပ်ကောင်းလိုအပ်မယ် ပရိုဂရမ်မာတစ်ယောက် အတွက်တော့ခိုးသုံးမှ လေ့လာလို့ရမယ့် အခြေအနေတွေ ရှိသေးတဲ့ခေတ်လို့ မမြင်မိတာကြာခဲ့ပြီ။ တစ်ချိန်ကတော့ မိုက်ခရိုဆော့ကထုတ်တဲ့ Visual Programming Language တွေရဲ့ Compiler တွေက အလကားမရနိုင်ဘူး အဲဒီတော့လေ့လာချင်ရင် ခိုးသုံးမှပဲလေ့လာနိုင်တော့တယ်။ အခုအချိန်မှာတော့ သူတို့လည်း Express Edition တွေပေးထားလို့ မလိုအပ်တော့ပါဘူး တကယ်တမ်း Development လုပ်တဲ့လူတွေတောင် Express Edition နဲ့လုပ်လို့ရပါတယ်။ ဝယ်သုံးမှလေ့လာလို့ရမယ့် အခြားသော Prgramming Language တွေလည်း မမြင်မိတော့ပါဘူး။

ဒီလိုနဲ့အသက်ဆက်လာတာ ၂ နှစ်ကျော်အကြာမှာ ပြဿနာအတော်ဖြစ်တာက ဓာတ်ပုံရိုက်ရာကစလာတယ် ဓာတ်ပုံတွေကိုပြင်ချင်တော့ အတော်ဒုက္ခရောက်ရတယ် ထွက်သမျှဆော့ဝဲ အရင်ဆုံးခိုးဆိုတဲ့ သူခိုးအကြီးစား လူတစ်ယောက် တစ်ချိန်ကတော့ Photoshop ဆိုလည်း အသစ်ထွက်သမျှ အရင်ဆုံးတင်သုံးခဲ့တယ် အခုအချိန်မှ GIMP သုံးတော့အတော်လက်ဝင်တယ် Photoshop မှာဆိုရင် အရင်တုံးကသုံးနေကျဆိုတော့ ဘယ်လိုလုပ်ရမယ်ကျွမ်းကျင်နေတယ် အခုတော့လွယ်တဲ့အလုပ်ကို ဘယ်နားဘာရှိမှန်းမသိတော့ အတော်လိုက်ရှာရတယ်။ Photoshop ပြောင်းသုံးချင်စိတ် တော်တော်ပေါက်လာမိတယ် ဒါပေမယ့်လည်း အချိန်ဒီလောက်ကြာအောင် ကြိုးစားလာခဲ့ပြီးမှ လွယ်လွယ်တော့မဖျက်ဆိုပြီး GIMP ကိုအသားကျအောင်ပဲသုံးခဲ့ပါတော့တယ်။ အပြောင်းအလဲတစ်ခုက အတိုင်းအတာတစ်ခုပါပဲ အသားကျသွားတော့ GIMP လည်းသုံးရတာ အတူတူပါပဲ။

ဘာပဲဖြစ်ဖြစ် စက်ထဲမှာ ခိုးသုံးတဲ့ဆော့ဝဲ မရှိတော့ဘူးလို့ ဆက်ပြောလို့ရပါသေးတယ်။ အဲဒီတော့ ပြောတဲ့စကားအမြင်ကပ်လို့ မင်းကတကယ် မခိုးတာလားဆိုရင်တော့ မဟုတ်ပါဘူးခိုးပါတယ် ဆော့ဝဲမခိုးပေမယ့် စာအုပ်တွေကတော့ခိုးပါတယ် စက်ထဲရှိသမျှစာအုပ် အကုန်လုံးခိုးထားတာပါ ပိုင်ဆိုင်သမျှ အသိဉာဏ်အားလုံးဟာ ခိုးထားတဲ့စာအုပ်များက အခြေခံပြီး ပိုင်ဆိုင်ထားတယ်ဆိုတာ ငြင်းစရာ အကြောင်းလည်း မရှိပါဘူးလေ ဘာပဲဖြစ်ဖြစ်အတိုင်းအတာ တစ်ခုအထိတော့ ခိုးတာကို လျှော့ထားနိုင်လိုက်ပါတယ်။

7 thoughts on “ခိုးမသုံးပဲနေနိုင်သေးတယ်

  1. သဥ္ဇာလည်း ခုနောက်ပိုင်း ခိုးသုံးတာတွေလျှော့ရင်း freeware တွေ shareware တွေနဲ့ အသားကျသွားြပီ။ GIMP ကတော့ စစချင်း သုံးရတာ တစ်အားလက်ပေါက်ကပ်တာဘဲ။ ခိုးသုံးခဲ့ရတဲ့ software တွေထဲမှာ သတိအရမိဆုံးကတော့ Photoshop နဲ့ dreamweaver.. ebook တွေတော့ ဝယ်ဖတ်သင့်တယ်လို့ မခံစားမိသေးဘူး။ :D

    • အင်း အကျင့်ပါပဲ မသုံးပဲနေလည်းရတာပဲ အစားထိုးသုံးစရာတွေ တကယ်တော့များကြီးပါ စကားမစပ် အရင်ဒိုမိန်း ဘယ်ရောက်သွားသလဲ

  2. ခိုးတာတော့ မြောက်လောက်တယ် ထင်တယ် အနော်တော့ ထရိုက်ရယ်လေး ဒေါင်းလုပ်ချပြီး သူများတင်ထားတဲ့ စီဒီကီးလေး ထည့်သုံးတာ XD

    • ဒါကတော့ ခိုးမှုအပြင် နားလှည့်ပါးလှည့်လုပ်တဲ့ လိမ်လည်မှုပါမြောက်မယ့် သဘောရှိတယ် :P

  3. ငါတော့ GIMP သုံးနေကျ သွားတော့ Photoshop အစစ်ရှိတာတောင် ပေါ့ပေါ့ပါးပါး ရှိတဲ့ GIMP ကိုပိုသုံးဖြစ်တယ်။ ညီလေးပိုစ့် တွေကို ဖတ်ပြီး XeLaTeX နဲ့ မြန်မာလို စမ်းနေတာ။ မက်ခ် မှာရော ဇော်ဂျီပဲ ရသေးတယ်။ Myanmar MN နဲ့စမ်းတာလဲ မရဘူး။

    • Mac မှာတော့ ကျွန်တော်လည်း စမ်းမကြည့်ဖြစ်ဘူး အစ်ကို စမ်းကြည့်လိုက်ဦးမယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">