ပေါ့ပေါ့ပါးပါးစာ မဖတ်တတ်ဘူး လေးလေးနက်နက်ရှိတဲ့ဟာပဲ ဖတ်တယ်လို့ပြောလို့ အတော်ကောင်းသွားတယ် သေးသေးမွှားမွှားလည်း ဖတ်လေ့မရှိဘူး ကြီးကြီးမားမားစာပဲ ဖတ်တယ်လို့ဆိုလို့လည်း ရသွားတယ်ပြောရမယ် မနက်ကညီမဖြစ်သူက ဦးလေးအိမ်ကအပြန်မှာ ဦးလေးဖြစ်သူကနင့်အစ်ကိုကို ပေးလိုက်လို့ဆို စာအုပ်တစ်အုပ်သယ်လာပါတယ်။ စာအုပ်ကြီးက အကြီးကြီးပဲ အလေးချိန်က ၄ ပိဿာလောက်ရှိတယ် ကိုင်ဖတ်လို့တော့ မဖြစ်နိုင်ပါဘူး အဲဒါကြောင့် တကယ်ကိုပဲ လေးလေးပင်ပင်ရှိတဲ့စာအုပ်ပါ။ အရွယ်အစားက အလျားတစ်ပေ အနံဆယ်လက်မ အမြင့်ကသုံးလက်မလောက် ရှိတယ်ဆိုတော တကယ့်ကိုပဲကြီးကြီးမားမားစာလို့ ပြောလို့ရပါတယ်။ စာအုပ်နာမည်က Illustrated Dhammapada ရေးတဲ့ဆရာတော်ကြီးက Ven. Weragoda Sarada Maha Thero လို့ခေါ်တဲ့ သီရိလင်္ကာကဘုန်းတော်ကြီးပါ ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် အထူးကြိုးစားတဲ့ ဆရာတော်ကြီးတစ်ပါးပါပဲ။ စာအုပ်ကို Singapore Buddhist Meditation Centre ကနေ ၁၉၉၃ ပုံနှိပ်ခဲ့ပါတယ် စာအုပ်ရေ ၁၀၀၀၀ ပဲပုံနှိပ်ခဲ့တာပါ
အခုအချိန်မှာတော့လိုချင်ရင် E-Book ပဲရနိုင်ပါတော့တယ်။ ဓမ္မပဒဖြစ်လို့ အင်္ဂလိပ်လိုပဲဖြစ်ဖြစ် ဗမာလိုပဲဖြစ်ဖြစ်သိပ်ကွာခြားမှုမရှိပါဘူး စာအုပ်ကိုဖွင့်ကြည့်တော့ အရင်ဆုံး သဘောကျမိတာက သရုပ်ဖော်ပုံတွေပါပဲ။
သရုပ်ဖော်ပုံတွေကို ကုလားလေးတွေနဲ့ ဆွဲထားပါတယ် သဘာဝကျတယ်ပြောရမယ် ဗမာပြည်ကစာအုပ်ဆို ဗမာပုံတွေနဲ့ဆွဲဦးမှာပါ စင်္ကာပူမှာရိုက်ပေမယ့် တရုတ်ပုံနဲ့ထည့်မဆွဲတာ ကျေးဇူးတင်ရမယ်ထင်ပါတယ်။



ဗမာပုံရယ်လို့ ရှိလို့လား …
ဗမာပြည်ကရိုက်တဲ့စာအုပ်ဆို အဝတ်အစားလည်း ဗမာလိုဝတ်ပေးတာပဲဟာ ဘယ်မှာနိုင်ငံခြားသားနဲ့ တူလို့တုံး
အဲ့ဒီ ebook လိုချင်တယ်အစ်ကို
နောက် ပိဋိကတ် ၃ပုံ မြန်မာပြန်ရှိလားဟင်
http://www.buddhanet.net/e-learning/buddhism/ebooks.htm
အဲဒီ့မှာဒေါင်းလုပ်လုပ်လို့ရပါတယ် တခြားစာအုပ်တွေလည်း အများကြီးရှိတယ်
တိပိမြန်မာပြန်
http://myanmar-myanmar.net/buddhist.bible.myanmar.version/
ကျေးဇူးအထူးတင်ကြောင်းပါအစ်ကို