လွန်ခဲ့တဲ့သုံးရက်လောက်က စပြီးတော့ ကျွန်တော့်ရဲ့ ဘလော့လေး အနိစ္စသဘောနဲ့ ကိစ္စချောသွားပါတယ်။ ဖြစ်ပုံက Free Hosting မှာတင်ပြီး ရေးနေတော့ Free Hosting ကတစ်လကို လူဘယ်နှစ်ယောက်မဝင်ရင် ဖျက်မယ်ဆိုတဲ့ ပေါ်လစီရှိပါတယ်။ ကျွန်တော့်ရဲ့ဘလော့က လူဝင်ပေမယ့် ကျွန်တော် Register လုပ်ထားတဲ့နာမည်က calmhill.info ဖြစ်နေပြီး ကျွန်တော်သုံးနေတာက Subdomain ခွဲထားတဲ့ blog.calmhill.info ကိုသုံးနေတော့ မူရင်းဒိုမိန်းမှာ လူမဝင်ဘူးလို့ Hosting ကတွက်ချက်တာ မှားသွားတာကြောင့် ဖျက်တဲ့အထဲပါသွားပါတယ်။ ကံဆိုးချင်တော့ Backup ကလည်း ဖေဖော်ဝါရီလကုန်ကာနီးကနေပဲ ရှိတာကြောင့် Post တွေပြန်ရအောင်အတွက် RSS ယူထားတဲ့ လူတွေထံကနေ လိုက်ပြီးတော့ ပြန်တောင်းပြီးဖြည့်ထားရပါတယ်။ အဲဒါကြောင့် ဖေဖော်ဝါရီလနောက်ပိုင်းကနေ အခုနောက်ဆုံးအထိ Post တွေမှာ ဘလော့မိတ်ဆွေတွေ ရေးသွားသွားတဲ့ Comment တွေပျောက်ဆုံးသွားပါတယ်။ အဲဒီ့အတွက်တော့ အတော်လေး စိတ်မကောင်းဖြစ်ရပါတယ် ကျွန်တော်ဘလော့ကို အပြောင်းအရွှေ့များပါတယ် ဒါပေမယ့် Comment တွေမပျောက်အောင် အမြဲသတိထားပါတယ် ဒါပေမယ့် ဒီတစ်ခါတော့ Backup မှန်မှန်မလုပ်မိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိပါတယ်။ အဲဒီအတွက် ကျွန်တော့်ဘလော့က မိတ်ဆွေများ စိတ်အနှောက်အယှက်ဖြစ်ရရင်တော့ အထူးပဲတောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့ အမြဲဘိုင်ပြတ်နေတဲ့ ထုံးစံအတိုင်း စိတ်မချရပေမယ့် Hosting မဝယ်နိုင်သေးလို့ Free Hosting မှာပြန်တင်မယ်လုပ်တော့ ကိုဒီဘီအေကနေ သူ့ရဲ့ Hosting မှာလာတင်ပါ Free Hosting စိတ်မချရပါဘူးဆိုပြီး Account တစ်ခုလုပ်ပေးလို့ အခုကျွန်တော့်ရဲ့ ဘလော့လေး အသက်ဆက်သွားတာပါ။ အဲဒီ့အတွက်လည်း ကိုဒီဘီအေကို အထူးကျေးဇူးတင်ရပါကြောင်း ဒီနေရာကနေ ပြောကြားလိုက်ရပါတယ်ခင်ဗျာ။
Category Archives: ကြေငြာချက်
Migration Complete
အပြောင်းအရွှေ့လည်း လုပ်လို့ပြီးသွားပါပြီ တစ်ချို့နေရာတွေမှာ Converter အမှားတွေကြောင့် စာလုံးပေါင်းနည်းနည်း မှားနေတာတွေ ဖြစ်သွားပါတယ် ဒါတောင်တော်တော်များများကို ကိုယ့်ဟာကိုယ်ထည့်သင့်တာထည့် ထုတ်သင့်တာထုတ်နဲ့ ပြင်ထားလို့တော်တော်လေး အမှားနည်းသွားပါတယ်။ Standard Unicode Font မရှိလည်း ဖတ်လို့ရဖို့အတွက် On-the-fly converter လည်းထည့်သုံးလိုက်ပါတယ်။ IE မှာတော့ EOT နဲ့အဆင်ပြေပါလိမ့်မယ်။ Comment များကိုတော့ လာနေကျ သူငယ်ချင်းများ ရေးချင်တာနဲ့သာ ရေးခဲ့ကြပါ ကိစ္စမရှိပါဘူး ပြီးမှသာ ကျွန်တော်ပြန်ပြင်ပေးပါ့မယ်။ ကြားထဲမှာ စာလုံးတွေပြန်ပြင်ဖို့ Moderation ခံထားလိုက်လို့ အရင်လိုတော့ Comment ရေးလိုက်ချင်း ပေါ်အောင် လုပ်ထားလို့ မရတော့ဘူး ဖြစ်သွားပါတယ် အဲဒါလေးတော့ နည်းနည်းနားလည်ပေးကြပါလို့ တောင်းပန်ပါတယ်။
Standard Unicode Font များကိုသုံးမယ်ဆိုပါကလည်း Padauk, Myanmar3, Yunghkio Unicode စတာတွေကိုသုံးနိုင်ပါတယ်။ Padauk, Myanmar3 ကတော့ ဗမာစာအတွက် အသုံးပြုနိုင်မှာဖြစ်ပြီးတော့ Yunghkio Unicode ကတော့ ရှမ်းစာအတွက်ပါ အသုံးပြုနိုင်ပါလိမ့်မယ် ရှမ်းစာအတွက်တော့ လက်ရှိအနေအထားမှာ Yunghkio Unicode တစ်ခုပဲ Standard Unicode Font အဖြစ်ရှိနေပါသေးတယ်။ စကားလုံးတွေကို ဇော်ဂျီလိုမြင်ချင်တယ် ဒါပေမယ့် Standard Unicode လည်းသုံးချင်တယ်ဆိုရင်တော့ Padauk-Zawgyi နဲ့ Yunghkio 005 ကိုသုံးနိုင်ပါတယ်။ ရနိုင်မယ့် Link များကိုလည်း အောက်မှာဖော်ပြပေးထားပါတယ်။ အဆင်မပြေတာတွေ ဖတ်လို့မရတာတွေ ရှိလာရင်တော့ Browser အမျိုးအစားနဲ့ သုံးထားတဲ့ Font တွေအကြောင်းနည်းနည်း ပြောပြထားပေးခဲ့ကြပါ။
http://scripts.sil.org/cms/scripts/page.php?site_id=nrsi&id=Padauk
http://www.myanmarnlp.net.mm/downloads/Myanmar3_Unicode.zip
http://www.yunghkio.com/Yunghkio_Unicode.ttf
http://padauk-zawgyi.googlecode.com/files/Padauk-Zawgyi.ttf
http://sites.google.com/site/calmhillfile/files/yunghkio_005_20090923_ship.ttf
မနေ့ကတော့ Blogger ရဲ့ Comment ကိုမသုံးတော့ပဲ Disqus ကိုစမ်းသုံးလိုက်တယ် အဆိုဆုံးအခြေအနေဖြစ်သွားပြီး ရေးလို့မရဘူးဖြစ်သွားပါတယ်။ ဒါနဲ့ပဲ Blogger ကိုနှုတ်ဆက်ပြီး WordPress လေးပဲပြန်တင်သုံးလိုက်ပါတယ်။ ပြီးမှပဲပြင်စရာရှိတာ ပြန်ပြင်လိုက်ဦးမယ် ပြင်ချင်ရာပြင်လို့ရတဲ့ကိစ္စလည်း ဒီနေရာတော့အတော်လေး အကောင်းသားပဲ။
Planning to Migrate Encoding
ဒီရက်ပိုင်းမှ ဘလော့ကို ဟိုပြောင်းဒီပြောင်း လုပ်တာစမ်းရင် သတိထားလိုက်မိတာက ဘလော့ဆိုက်က အတော်ကြီးသွားပြီ စာတွေရေးတာ ရှည်တာလည်းပါမယ်ထင်တယ် Export လုပ်လိုက်တာ 3 MB လောက်ရှိလာတယ်။ ဒါတောင် တစ်နှစ်လောက်ပဲ ရှိပါသေးတယ် နောက်ဆိုဒီထက်ပဲ များလာဖို့ရှိတယ်။ မနေ့ကလည်း Facebook မှာငြင်းခုန်နေကြတာ မြင်နေလို့သတိရတာလည်း ပါလာပါတယ်။ လက်ရှိ Zawgyi ကနေ Standard Encoding ကိုပြောင်းမယ်ဆိုရင် Converter တွေရှိတယ်ဆိုပေမယ့် Zawgyi ကစာရိုက်တဲ့ Sequence ကိုရိုက်ချင်သလို ရိုက်လို့ရအောင် ခွင့်ပြုထားတဲ့အတွက် အထိုက်အလျောက်တော့ ဆုံးရှုံးမှု့ရှိပါတယ် ဒါတောင်ကျွန်တော် စာရိုက်တဲ့ Sequence က အတတ်နိုင်ဆုံးမှန်နေတဲ့အတွက် နည်းနည်းလောက်ပဲဆုံးရှုံးပေမယ့် မူရင်းလိုတော့ပြန်မရနိုင်တော့ပါဘူး။ မူရင်းဆိုတဲ့နေရာမှာ Contents ကိုဆိုလိုပါတယ်။ လက်နဲ့လိုက်ပြင်မလားဆိုတော့ နည်းတုန်းကတော့ ဖြစ်နိုင်ပါတယ် အခုတော့ကျွန်တော်လည်း ဒီလောက်စာအများကြီးမှာ မပြင်နိုင်တော့ပါဘူး။ ရှေ့ဆက်ပြီး ဘယ်လို Encoding နဲ့ကျွန်တော့်ရဲ့ Data တွေကို ထိမ်းသိမ်းမယ်ဆိုတာကို ကျွန်တော်စဥ်းစားရပါတယ် ဒီတော့ရည်ရှည်အတွက် Standard Encoding နဲ့ပဲသိမ်းဖို့ ကျွန်တော်ဆုံးဖြတ်ပါတယ်။
ဘလော့ဖြစ်နေတော့ ကျွန်တော်ရေးလို့ ကျွန်တော်ပိုင်ပေမယ့် ဘလော့လာဖတ်သူ အများနဲ့လည်း သက်ဆိုင်နေပါတယ် ကျွန်တော် Standard Encoding သုံးလို့လာတဲ့လူကို အဲဒါသုံးပြီးဖတ်လို့ တွန်းအားပေးလိုစိတ် လုံးဝမရှိပါ။ On-the-fly Converter အစကတည်းက ရေးပြီးသားရှိနေတာပါပဲ အဲဒါကိုကျွန်တော်ယူသုံးလို့ရတာပါပဲ။ အစကတော့ Format နှစ်မျိုးထားပြီးတော့ နှစ်ခုလုပ်ထားဖို့ ရည်ရွယ်ပါသေးတယ် နှစ်ခုရှိလည်းကျွန်တော် နှစ်ခုမတင်ဖြစ်တာများပါတယ်။ On-the-fly Converter ယူသုံးလိုက်တာက ကိစ္စအရှင်းဆုံးဖြစ်မယ်ထင်ပါတယ် ကွန်ပျူတာမှာအမြဲသုံးတဲ့ စကားတစ်ခုက What You See Is What You Get ဒီတော့ကျွန်တော် ဘယ်လိုသိမ်းသိမ်း လာဖတ်တဲ့လူ မြန်မာလိုဖတ်လို့ရရင် ပြီးတာပါပဲ။ Zawgyi နဲ့လား Standard နဲ့ညီတဲ့ Font နဲ့လားက အရေးမကြီးပါဘူး အရေးကြီးတာက ဖတ်တဲ့လူက မြန်မာလိုဖတ်လို့ ရဖို့ပဲအရေးကြီးတာပါ။ တစ်ခုပဲရှိမယ် Comment ရေးကြတဲ့ကိစ္စတွေတော့ လာလည်တဲ့လူက ရေးတာဆိုတော့ သူတို့မှာရှိတဲ့ Input နဲ့ပဲရေးကြမှာပါပဲ ဒါတော့ကျွန်တော် ကိုယ်တိုင်ပြန်ပြင်ရတော့မှာပေါ့ ကျွန်တော့်ဘလော့က မဟုတ်လည်း Comment နည်းတာပဲဟာ တပင်တစ်ပန်းလုပ်ရမယ့် အလုပ်မှမဟုတ်တာပဲ။ ကိစ္စမရှိဘူး ဘာနဲ့သုံးသုံးရေးထားခဲ့ပါ နောက်မှကျွန်တော် Encoding ပြန်ပြောင်းဖို့လိုရင် ပြန်ပြောင်းမှာပေါ့။ Blogger ကတော့ Comment ကိုပြင်ခွင့်မပေးဘူး ဒီတော့ပြင်ချင်ရင် ကျွန်တော် WordPress ပြန်ပြောင်းသုံးမှာပေါ့ ဒါဆိုရင် မြန်မာပြည်က လူတွေလည်း မကျော်မခွရပဲ Comment ရေးလို့ရသွားတာပေါ့။
ဘာလို့ပြောင်းသလဲမေးရင် ပြောင်းချင်လို့ပြောင်းတာပါ ဘလော့စရေးကတည်းက သုံးဖို့ရည်ရွယ်ခဲ့ပါတယ် ဒါပေမယ့်အကြောင်း အမျိုးမျိုးကြောင့် မလုပ်ဖြစ်ခဲ့သေးတာပါ။ နောက်ပြီးတော့ အမှားတွေများရင် Data တွေပိုများလာရင် အပြောင်းအလဲဆုံးရှုံးမှု့က ပိုများမှာကိုစိုးရိမ်ပါတယ် နှစ်ဘက်ထိမ်းသိမ်းရတာလည်း မလုပ်ချင်တော့တာနဲ့ ပြောင်းဖို့ပြင်ဆင်တာပါ။ ဘယ်တော့လောက် အပြီးသတ်ပြောင်းမယ်တော့ မပြောတတ်သေးပါဘူး ရှေ့လထဲမှာတော့ ပြောင်းဖြစ်မယ်ထင်ပါတယ် အလုပ်အခြေအနေအပေါ်လည်း မူတည်ပါတယ်။ နမူနာအစမ်းပြောင်းထားတာကတော့ http://unicalmhill.blogspot.com/ လာနေကျဘော်တာများလည်း စမ်းပြီးဝင်ဖတ်ပေးပြီး ဖတ်လို့ရမရတစ်ချက် ပြန်ပြောပေးပါလား။ December အစလောက်ကတည်းက ပြောင်းဖို့လုပ်နေတာ မအားတာနဲ့ အခုမှသာဆက်လုပ်နိုင်တာပါ။ ဖတ်လို့မရဘူးဖြစ်နေရင်တော့ Browser အမျိုးအစားတွေ တစ်ချက်ပြန်ပြောပေးခဲ့ပါဦး။ ကျွန်တော်လည်း နောက်တစ်မျိုးစမ်းရတာပေါ့ ရေးပြီးသားရှာသုံးလို့မရရင်တော့