၇ ရက်ခွင့်ယူသွားပါသည်

ခေါင်းခြောက်ဆံဖြူ အလုပ်များဖြင့် အလုပ်များမဟားဒယားများ အလွန့်အလွန်ဖိအားများကာ စူပါဘီဇီးဖြစ်နေပါသဖြင့် အစောဆုံးအနေဖြင့် လာမည့်တစ်ပါတ် အင်္ဂါမှသာဘလော့သို့ ပြန်လာပါတော့မည်။ ဗရုတ်သုတ်ခ စာများကိုသည်းခံကာဖတ်ရင်း လာရောက်လည်ပတ်ကြသော ဘလော့မိတ်သဟာများ အသစ်မတင်နိုင်ခြင်းအတွက် ကြိုတင်တောင်းပန်သွားပါသည်။

RSS Address Changes

RSS Link ကို Hosting ပြောင်းရလွယ်စေရန် http://feeds.feedburner.com/CalmHill ဟုပြောင်းလဲပါမည်။ Comment ရေးရခြင်းများကို ကျော်ရခွရမဖြစ်စေရန် အခြား Blog Software ပြောင်းချင်ပြောင်းမည်ဖြစ်ပါသဖြင့် RSS ခဏခဏ ပြောင်းရခြင်းများမဖြစ်ရန် Feed Burner ဖြင့် ပြောင်းထားလိုက်ပါသည်။ ခဏခဏပြောင်းနေသဖြင့် စိတ်အနှောက်အယှက်ဖြစ်ရသော ဘော်တာများကို အထူးတောင်းပန်ပါသည်။

ရှောင်တခင်ခွင့်

စာမေးပွဲလည်း လွန်စွာနီးကပ်နေပြီဖြစ်ပါသည် စာလည်းသင်ရိုးကုန်အောင် အချိန်ဇယားဆွဲကာ ဖတ်နေရပါသည်။ ထို့ကြောင့် ဘလော့ပေါ်သို့ မှန်မှန်လာနိုင်တော့မည်မဟုတ်ပါ။ ထို့ကြောင့် ဘလော့ပေါ်မှ လကုန်အထိ ရှောင်တခင်ခွင့်ဖြင့် လစ်သွားပါသည်။ စာဖတ်၍ဥဏှောက်ခြောက်လာပါက ခဏခန့်တော့ ဘလော့ပေါ်တက်လာမည်ဖြစ်ပါသည်။ ထို့ကြောင့် မှာစရာရှိသည်များ မှာကြားထားခဲ့ကြပါ တုန့်ပြန်ချိန်အနည်းငယ်ကြာပါမည်။