ဘလော့အလည်ထွက်တာ များလာလို့ထင်တယ် တဂ်သံသရာပြန်လည်လာပြန်ပြီ။ ထို့ကြောင့် တဂ်လုပ်ထားသော ပို့များများလာပါသည် ချက်ချင်းလည်း မရေးနိုင်သေးဖြစ်နေပါသည် သို့ကြောင့် အကွေးစာရင်း ပြုလုပ်ထားရှိပါသည် အချိန်ရသည်နှင့် အကွေးများကို ရှင်းပေးပါမည်။ စာရင်းပုံစံမှာ FIFO ဖြစ်ပါသည်။
Category Archives: ကြေငြာချက်
ဘလော့နာမည်အသစ်မှ ကြိုဆိုပါသည်
ဘလော့အသစ်ကို လာရောက်လည်ပါတ်ကြသော ဘလော့မိတ်ဆွေများကို ကြိုဆိုပါသည်ခင်ဗျာ။ မှန်မှန်ရေးနိုင်အောင်လည်း ကြိုးစားပါဦးမည်။ အဘယ့်ကြောင့် နာမည်ပြောင်းပါသနည်းဟု မေးခဲ့သည်ရှိသော် မမဆင်ပြောသကဲ့သို့ ဘုံဆိုင်နာမည် ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ အိမ်ထောင်ကျသွားသဖြင့် နာမည်ပြောင်းသလားဟု အထင်တကြီးမေးမည့်သူများကိုလည်း ကြိုတင်ကာငြင်းလိုပါသည် မဟုတ်မမှန်သော ကောလဟာလသတင်းများဖြစ်သည်။
Blog နာမည်ပြောင်းလျင် ကောင်းမည်လော
ယခုဘလော့ကို နာမည်ပြောင်းမည်ဟု အကြံဖြစ်နေသည်မှာ ကြာပြီဖြစ်ပါသည်။ သို့သော်လည်း အလုပ်ရှုပ်မည်က တစ်ကြောင်း မအားမလပ်ဖြစ်နေသည်က တစ်ကြောင်းကြောင့် မပြောင်းဖြစ်ပဲဖြစ်နေခဲ့ပါသည်။ မောင်စေတန်ကလည်း ဟိုတစ်လောကပြောသည် ဦးဂူဂဲကို လူပျိုကြီးဟု မေးလိုက်ရာ ထွက်လာသော အဖြေများမှာ ကြက်ခြေခတ် သုံးလုံးများလည်း ပါလာသဖြင့် မကောင်းဟုဆို၏။ မှန်ပါသည် ထိုသို့ဖြစ်နေသည်မှာ ကြာပြီဖြစ်ပါသည် သို့ကြောင့် နာမည်မပြောင်းပါက အနှီလူများနှင့် ကြာလျင်လူမှားတော့မည်ဖြစ်သည်။ ဤအချက်မှာ အရေးအကြီးဆုံးဖြစ်၏။
နောက်ထပ်အကြောင်းတစ်ခုမှာ ကိုဒီဘီဖြစ်သည်။ ထိုလူကြီးမှာ လူတစ်ယောက်တွေ့တိုင်း မိတ်ဆက်ပေးလျင် ဒါလူပျိုကြီးဟုသာ မိတ်ဆက်တော့သည် သို့ကြောင့် ကြာလျင် ရာသက်ပန် နာမည်တွင်တော့မည် ဖြစ်သည်။ နာမည်ကို မည်သို့ပင်ခေါ်ခေါ် ကိစ္စမရှိပါ စိတ်ထဲလည်း မည်သို့မှပင် မဖြစ်ပါ။ သို့သော် စကားများသော ကျွန်တော်နှင့် ထိုနာမည်ကား ပြဿနာတက်ပါသည် အမျိုးသမီးများနှင့်စကားပြောပါက ထိုအမျိုးသမီးများမှ နာမည်ကိုကြည့်ကာ ကြောက်ရွံ့ကြပါသည်။ ဤမျလောက် ပေါတောတောနေတတ်သော ကျွန်တော့်ကို နာမည်ကြောင့် ရွံ့နေခြင်းမဖြစ်စေသင့်ဟု ယူဆမိသည်။
သို့ကြောင့် နာမည်ပြောင်းပါတော့မည် လာရောက်ဖတ်ရှု့ကြသော စာဖတ်သူများနှင့် မလာပဲ RSS ဖြင့်ဖတ်ကြသောသူများလည်း ဖြစ်နိုင်မည်ဆိုပါက နာမည်ကို စဥ်းစားပေးစေလိုပါသည် မည်သို့ပင် စဥ်းစားပါသော်လည်း အကြံအိုက်နေပါသည် သို့ကြောင့် အကြံဥာဏ်လေးများ ပေးကြပါကုန်။ ယခုနာမည်သည်လည်း သက်တမ်းကျန်ရှိနေသေးသောကြောင့် အကူးအပြောင်းကာလ အတွင်းမည်သို့မှ အခက်အခဲဖြစ်မည် မဟုတ်ပါ ယခင် co.cc မှပြောင်းသကဲ့သို့ပင် redirect လုပ်မည်ဖြစ်သည်။
(မှတ်ချက်။ ။ နာမည်ပြောင်းသဖြင့် လူလည်းပြောင်းသည်ဟု အထင်မကြီးစေချင်ပါ ဒုံရင်းဒုံရင်းအတိုင်းသာ ဖြစ်၏
)