Calm Hill » ကြုံရပလေကွယ်

တပည့်များနဲ့ခဏတာ
ရန်ကုန်ကိုအလုပ်နဲ့ ခဏရောက်ဖြစ်တော့ ဝေးဝေးမသွားနိုင်ပေမယ့် ရန်ကုန်မှာရှိတဲ့ သူငယ်ချင်းတွေ စာသင်ပေးခဲ့ဖူးတဲ့ တပည့်တွေနဲ့ ပြန်တွေ့ခွင့်ရလိုက်တာ အမြတ်ထွက်တယ်လို့ဆိုရမယ်။ တိုက်တိုက်ဆိုင်ဆိုင် ရန်ကုန်မသွားဖြစ်သေးခင် ၂ ပါတ်လောက်မှာ စာသင်ပေးဖူးတဲ့ တပည့်တစ်ယောက်က မှတ်မှတ်ရရ ရန်ကုန်ရောက်ရင် ဖုန်းဆက်ပါလို့ အီးမေးတစ်စောင်ပို့ထားတယ်။ ရန်ကုန်ရောက်ပြီး နောက်တစ်ရက်ပဲ ဖုန်းဆက်လိုက်တော့ သူတို့လည်းဘယ်လိုမှ မထင်ထားမိတော့ အတော်အံ့ဩသွားပြီး ညနေပိုင်းပဲလာခဲ့မယ်ဆရာဆိုပြီး တပည့်စုံတွဲ ရောက်လာတယ်။ တကယ်တော့ စာသင်ပေးဖူးလို့သာ တပည့်လို့ပြောရတယ် ကိုယ်နဲ့ရွယ်တူပါပဲ။ ဒီလိုပဲမုန့်စားရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြော ဝမ်းသာအားရနဲ့ပေါ့ ကိုယ့်ကိုကိုယ် လွန်ခဲ့သော ၄ နှစ်ကိုပြန်ရောက်သွားလို ခံစားလိုက်မိတယ် ပြန်ခါနီးနှုတ်ဆက်တော့ ဆရာအသက်ကြီးသွားတာ နည်းနည်းသိသာသွားပြီပြောမှ ပစ္စုပ္ပန်ကိုသတိရတော့တယ်။ ဒီလိုပဲပေါ့ အချိန်ဆိုတာ ရုပ်ဝတ္ထုတွေကို တိုက်စားသွားနိုင်တယ် မဟုတ်လား။

တပည့်တစ်ယောက်က အွန်လိုင်းမှာတွေ့လို့နှုတ်ဆက်လို့ နင်ဘယ်မလဲမေးမိတယ် ရန်ကုန်မှာဆိုလို့ ငါလည်းရန်ကုန်ရောက်နေတယ်လို့ ပြောလိုက်မိတော့ အခုလာခဲ့မယ် လှည်းတန်းဆိုရင် ၁ နာရီအတွင်းအရောက်ဆိုပြီး စိတ်မြန်လက်မြန်နဲ့ အွန်လိုင်းပေါ်ကဆင်းသွားလေရဲ့။ တကယ်တော့သူက တပည့်ထဲမှာ သက်တမ်းအရှည်ဆုံး တပည့်ထဲကတစ်ယောက်ပဲ ၅ နှစ်လောက် စာသင်ပေးခဲ့ဖူးတယ် နောက်ပြီးတော့ သူငယ်ချင်းရဲ့ညီမ အိမ်နာမည်ပဲသိတော့ တစ်ခါက Facebook မှာပြန်တွေ့တယ် နာမည်အရင်းနဲ့ဖြစ်နေတော့ ဘယ်သူပါလိမ့်လို့ အတော်စဉ်းစားယူရတယ်။ ၁ နာရီအတွင်းလာမယ်ပြောတယ် သို့ပေမယ့်ရောက်မလာတော့ အလုပ်ဆက်လုပ်နေမိတယ် ရုတ်တရက် ဆရာဆိုပြီး လူအများကြီးအော်ခေါ်တာ ကြားလိုက်မိတော့ လာမယ်ဆိုတဲ့တပည့်က သူတို့အတူတူစာသင်ခဲ့ကြတဲ့ တစ်ခြားလူတွေကိုပါ လိုက်ရှာပြီးခေါ်လာတာ လူအကုန်မဟုတ်ပေမယ့် အများကြီးပါပဲ။ ဘာပဲဖြစ်ဖြစ် အတော်ကိုဝမ်းသာမိတယ် ကိုယ်ကျောင်းပြီးတဲ့အချိန် သူတို့တွေက ပထမနှစ်တက်ခါစ စာသင်ပေးခဲ့တဲ့ ဆရာပေါက်စဘဝကို ပြန်ရောက်သွားသလို ခံစားမိတယ်။ ဆရာမုန့်မကျွေးတာကြာပြီ မုန့်ကျွေးပါဆိုလို့ ဆရာတပည့်တွေ စာမသင်ချင် သင်တန်းဘေးကမုန့်ဆိုင်မှာ ထိုင်ဆိုတဲ့ တစ်ချိန်တုံးက လက်သုံးစကားကို အမှတ်တရအဖြစ်နဲ့ မုန့်ဆိုင်ကို ချီတက်ကြတာပေါ့။

လှည်းတန်းနားက ကော်ဖီဆိုင်က စားပွဲထိုးကောင်လေးတွေက တစ်ရက်နှစ်ရက်အတွင်း ကိုယ့်ကိုမှတ်မိနေတယ် ဒီလူကြီးတစ်ရက်ကို လေးခါလောက်လာတယ် တစ်ခါလာတိုင်း လူတစ်အုပ်နဲ့လို့ ထင်နေမယ်ထင်တယ်။ ဆရာတပည့်တွေ တစ်ယောက်တစ်ပေါက် လက်ပံပင် ဆက်ရက်ကျဆိုလို အော်ဟစ်နေလို့ဘေးကလူတွေ အတော်စိတ်ညစ်သွားမယ်။ ပြောမနာဆိုမနာ တပည့်တွေဆိုတော့ သူတို့ကလည်း မလေးမစားရယ်လည်း မရည်မရွယ်ပါဘူး ဒါပေမယ့် ဆရာလို့သာခေါ်တာ သူငယ်ချင်းလိုဖြစ်နေတယ်။ စားပွဲထိုးကောင်လေးတွေက ပြုံးစိစိနဲ့ပေါ့ အင်္ကျီအပွကြီး ဖိနပ်ကတစ်တောင်လောက် မတော်တရော် အကြီးကြီးစီး ထီးကောက်ကြီးနဲ့ ဆံပင်ဖြူစုတ်ဖွားနဲ့လူကြီးကို ကလေးမတစ်သိုက်က ဆရာလို့လည်းခေါ်ကြတယ် သို့ပေမယ့်လည်း ရစရာမရှိအောင်လည်း ပြောနေကြတယ် ထင်ကြမယ်ထင်ပါတယ်။ ဘာတွေလုပ်နေကြသလဲ မေးကြည့်မိတော့ အားလုံးထဲမှာ သူငယ်ချင်းရဲ့ညီမ တစ်ယောက်ပဲ ပရိုဂရမ်မာလုပ်တယ် ကျန်တဲ့လူတွေက ကွန်ပျူတာနဲ့မသက်ဆိုင်ကြပါဘူး အများအားဖြင့် NGO အဖွဲ့တွေမှာ အလုပ်လုပ်နေကြတယ်။ ပရိုဂရမ်မာလုပ်တဲ့ တပည့်ကျော်က သမီးတစ်ယောက်ပဲ အဆင်းရဲဆုံးပါ ဆရာရယ်ဆိုလို့ စိတ်မကောင်းဖြစ်ရတယ်။ ငါမင်းအရွယ်တုံးက မင်းလောက်တောင် ဘဝကိုမစနိုင်သေးပါဘူးလို့ ပြောမိတော့ စိတ်ဓာတ်မကျပါဘူး အောင်မြင်တဲ့အထိလုပ်မှာပါ ဆရာလို့ပြောလာတော့ ဝမ်းသာမိပါတယ်။

ကိုယ်ကအချိန်ရပေမယ့် သူတို့လည်းအလုပ်ကိုယ်စီနဲ့ အချိန်မရကြတော့ဘူး တပည့်တစ်ယောက်က ရခိုင်ဘက်ခရီးထွက်ရမယ် သွားတော့မယ်ဆရာဆိုပြီး အရင်ဆုံးနှုတ်ဆက်ပြီး ထွက်သွားတယ်။ နောက်တော့ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြတယ် နောက်ဆုံးကျန်ခဲ့တာ ပရိုဂရမ်မာလုပ်တဲ့တပည့်ရယ် သူ့သူငယ်ချင်းရယ် သူတို့နဲ့တော့ အတော်ကြာကြာစကားပြောဖြစ်တယ် ဘာဆက်လုပ်သင့်သလဲ အခုဘာတွေလုပ်နေသလဲ ပြောပြလို့အကြံပေးနိုင်တာပေးပေါ့လေ။ သူတို့ပြန်သွားတော့ဆိုင်မှာ အတော်ကြာကြာထိုင်နေမိသေးတယ်။ လွန်ခဲ့သော လေးငါးနှစ်အတွင်းမှာ ကိုယ့်ဘဝထဲမှာ အတော်များများ ကြီးကြီးမားမား ပြောင်းလဲသွားခဲ့တယ်။ မောင်နီသင်းရေးတဲ့ အလွမ်းနာဆိုတဲ့ ကျောင်းဆရာဘဝကို ရုံးအရာရှိဘဝကနေ တမ်းတနေမိတဲ့ အက်ဆေးကိုသတိရမိတယ်။ ကိုယ်လည်းဘဝတူပါပဲ အရာရာပြောင်းလဲသွားပေမယ့် တပည့်တွေကမပြောင်းမလဲ ကျန်နေခဲ့တယ် အဲဒီ့ဘဝကိုပြန်လွမ်းမိပေမယ့် ပြန်သွားလို့လည်း မဖြစ်နိုင်မှန်းလည်း သိပြီးသားပဲမဟုတ်လား ဆရာတပည့်တွေ ခဏလောက်ပြန်ဆုံရတာကိုပဲ ဝမ်းသာလွန်းလှပါပြီ အချိန်တွေဘယ်လောက် တိုက်စားသွားပါစေ ဆရာတပည့်သံယောစဉ်တွေက ပျောက်ပျက်မသွားနိုင်ပါဘူးလေ။

ဘောင်းဘီခြေထောက်ဖြတ်တဲ့ဒုက္ခ
ဘောင်းဘီတစ်ထည်ဝယ်လာရင် ခြေထောက်တွေ အနေတော်ဖြစ်အောင် ဖြတ်ရတဲ့ဒုက္ခကလည်း အတော်ပြဿနာတက်တယ်။ အင်္ဂါနေ့က ခြေထောက်ရှည်နေတဲ့ ဘောင်းဘီတစ်ထည်ကို အိမ်နားကစက်ချုပ်ဆိုင်မှာ ဖြတ်ရအောင်သွားအပ်တယ် ဆိုင်ပိတ်ချိန်ရောက်နေတော့ ဆိုင်ရှင်တရုတ်မက ပေးဆိုပြီးအမြန်ယူထားလိုက်တယ် နေဦးအထဲမှာ နှစ်ထည်ပါတယ် တစ်ထည်ကဖြတ်ရမယ် နောက်တစ်ထည်က တိုင်းဖို့အတွက် တိုင်းထားပြီးအဲဒါကို ပြန်ယူသွားမယ်ဆိုတော့ ရတယ်နှစ်ထည်လုံးထားခဲ့ နောက်နေ့မှတိုင်းမယ် တိုင်းစရာတွေက သော့ခတ်လိုက်ပြီဆိုတော့ ထားခဲ့လိုက်တယ်။

မနက်ကသွားယူတော့ ဆိုင်မှာမကြည့်ခဲ့မိဘူး အဲဒါနဲ့အိမ်ရောက်မှ သတိရလို့ထုတ်ကြည့်မိတော့ ဘောင်းဘီကမဖြတ်ရသေးဘူး ဟမ်… မဟုတ်သေးဘူးဆိုပြီး ဆိုင်ပြန်သွားရတယ် ငါ့ဘောင်းဘီကို မဖြတ်ရသေးဘူး ဒီမှာကြည့်ဆိုပြီး တိုင်းပြတော့ ဒီဟာမဖြတ်ဘူးလေ ဟိုဟာဖြတ်ပေးလိုက်တယ်ဆိုတော့ ဟမ်… အကောင်းကိုဘာလို့ဖြတ်သလဲ ပြစမ်းဆိုကြည့်တော့ အရင်ကအသေအချာ လက်ချုပ်နဲ့ခေါက်ထားတဲ့ ဘောင်းဘီခြေထောက်ကို စက်နဲ့နင်းထားတယ်။

နင်အသေအချာ မပြောဘူးလို့လုပ်နေလို့ အဲဒါနဲ့ ရူးနေသလား ဗောက်ချာမှာကြည့် ခြေထောက်ဖြတ်ရန်လို့ပါတယ် တစ်ထည်ကတိုင်းဖို့ အသေအချာ ပြောပြီးပေးခဲ့တာ သေချာအောင်ပြန်ယူသွားမယ် တိုင်းလို့ပြောခဲ့တယ်ဆိုတော့ အူလည်လည်လုပ်နေတယ်။ အဲဒါနဲ့ ဖြတ်ရန်မှာ ၂ ထည်ပေးပြီး တစ်ထည်အတို တစ်ထည်အရှည် တစ်ထည်အသစ် တစ်ထည်အဟောင်း ဘယ်ဟာဖြတ်ရမယ် နားမလည်ဘူးလားလို့ပြောမှ ပါးစပ်ပိတ်သွားတယ်။ မနက်ဖန်လာခဲ့လုပ်နေလို့ မနက်ဖန်မအားဘူး အခုရအောင်လုပ် နောက်ထပ် ၁ နာရီလောက်နေရင် ပြန်လာယူမယ်ဆိုပြီး ပြဿနာရှာပြန်ခဲ့ရတယ်။

တစ်နေ့တာ တက္ကစီစကား လဝကစကား
မနက်အစောကို ၆ နာရီခွဲမှာ အမြဲနှိုးစက်ပေးထားပါတယ် သို့ပေမယ့် နှိုးစက်ကိုတော့ ကြာတော့အားနာလာတယ် ဘယ်တော့မှ အသံမြည်လည်း နိုးတယ်မရှိပါဘူး။ အိပ်ယာကနိုးတော့ ၇ နာရီခွဲနေပါပြီ မိုးကလည်း သည်းသည်းမဲမဲ ရွာပါတယ် ဘာလို့များ မိုးသည်းသည်းမဲမဲရွာတာကို ခွေးနဲ့ကြောင်နဲ့ရွာတယ်လို့ ခေါ်သလဲမသိဘူးလို့ မဆီမဆိုင်စဉ်းစားမိသေးတယ်။ ဝိရိယလွန်တော့ ကျွန်ြဖစ်တယ်ဆိုလား အဲလိုအဖြစ်မခံချင်လို့ ဝိရိယမထားလိုက်ပုံက လဝကကိုပေးရမယ့် စာရွက်များက တစ်ခုမှမိတ္တူမကူးရသေးပါ။ မိတ္တူကူးစက် အနီးဆုံးရှိတဲ့ Lab ထဲကိုပဲသွားရပါတယ်။ ဒီနိုင်ငံမှာ ဘာဖြစ်လို့များ ဗမာပြည်မှာလို မိတ္တူဆိုင်မရှိလဲမသိ။

ကျောင်းကနေ ထွက်လာတော့ မိတ္တူကူးပြီးတော့ ၁၀ နာရီခွဲနေပါပြီ သူများတွေ လဝကသွားရင် လူစောင့်ရမှာစိုးလို့ ရုံးဖွင့်ချိန်အမှီ ၉ နာရီလောက်သွားတယ် ကိုယ်ကတော့ ဝေ့နေတာနဲ့ ၁၀ နာရီခွဲတောင် လမ်းပေါ်မရောက်သေးပါဘူး။ မိုးကလည်း ပိုသည်းတယ် ဒါနဲ့ တက္ကစီနဲ့လစ်ရပါတယ်။ ကျောင်းကလည်း အိုလံပစ်ပြိုင်ပွဲရှိတော့ လုံခြုံရေးအတွက် အဆောင်တွေဘေးကနေ ဗမာပြည်အားကျလို့ထင်ပါတယ် သံဇကာနဲ့ခတ်ပြီး ကင်မရာများတပ်ထားပါတယ် လမ်းကူးချင်ရင် အရင်လို​ပြေးလို့လွှားလို့ အဆင်မ​ပြေဘူး။

ကားသမားကလည်း စကားကများပါတယ် ဒါတွေကဘာလုပ်သလဲတဲ့ ​ပြောလိုက်ပါတယ် ဒါက ထောင်အသစ်ဆောက်မှာလို့။ ဒါလည်းမလုံပါဘူးဗျာ သံဇကာပဲကျော်ချလို့ရနေတာပဲလို့ ​ပြောလိုက်မိကာရှိတယ် ကားသမားက ဟုတ်တယ်အဆောင်တွေလည်း ပစ္စည်းပျောက်တယ်တဲ့ အဝတ်တွေလှန်းထားတာ ပျောက်သွားတယ် ပင်တီတွေလှန်းထားတာ ပျောက်သွားတယ်တဲ့။ အဲဒါနဲ့​ကျောင်းသူ​တွေ အတန်းရှိလို့ သွားမဝယ်နိုင်သေးလို့ ပင်တီမပါပဲ အတန်းလာတက်ရတယ်ဆိုပဲ။ နေပါဦးခင်ဗျားက ဘယ်လိုလုပ် သူတို့ ပင်တီမပါပဲ အတန်းတက်တာ သိသလဲဆိုတော့ အဲဒါငါ့သမီးပျောက်သွားတာ ဆိုတော့ဘာမှ ဆက်မ​ငြင်းတော့ပါဘူး။

အဟောင်းကကောင်းပြီး အသစ်ကမကောင်းဘူးတဲ့ ကိုယ်မိန်းမကမှ ငွေရှာပေးနိုင်သည်ြဖစ်စေ မရှာနိုင်သည်ြဖစ်စေ မျက်နှာမပျက်ပဲ ကိုယ့်အတွက် လုပ်စရာရှိတာ လုပ်ကိုင်ပေးပါတယ်ဆိုပဲ။ ရည်းစားကတော့ အဲလိုမဟုတ်ဘူး ကိုယ်ကကရုစိုက်နိုင်ချိန်ပဲ ကြည်ဖြူပြီးတော့ ကျန်တဲ့အချိန်ငြူစူတယ်တဲ့။ အဲဒါကြောင့် မိန်းမဆီက ကောင်းတဲ့အကျင့်တွေကို လေ့လာပြီးတော့ ရည်းစားကို သင်ပေးသင့်တယ်ဆိုတော့ ကိုယ်လည်းနည်းနည်း နားရှုပ်သွားတယ်။ နေပါဦး မိန်းမရှိမှတော့ ရည်းစားဘယ်လိုရှိမလဲဆိုတော့ မဟုတ်ဘူးတဲ့ ငါတို့နိုင်ငံက မိန်းမနှစ်ယောက် တစ်ပြိုင်တည်းယူလို့မရဘူးတဲ့ အဲဒါကြောင့်ငါ့မှာ မိန်းမကတစ်ယောက်ပဲ ရှိတယ်တဲ့ ကျန်တာက ရည်းစားဆိုတော့ ကိုယ်လည်း အတော်သနားသွားမိတယ်။ ဗမာပြည်တော့ ဦးနေဝင်းကို ကျေးဇူးတင်သင့်တယ် တရားဝင်က ယူချင်သလောက် ယူလို့ရတယ် တရားဝင်တယ်။

ကားသမားရဲ့စကားကို တစ်လမ်းလုံးသည်းခံ လာလိုက်ရတာ လဝကရုံးရောက်မှပဲ ဒုက္ခကလွတ်ပါတယ်။ ကံကောင်းတယ်ပဲ ​ပြောရမလားမသိပါဘူး လူမရှုပ်ပါဘူး ထုံးစံအတိုင်း တန်းစီရတာတောင် ကိုယ့်ရှေ့မှာတစ်ယောက်ပဲရှိပါတယ် စာရွက်တွေကို​စစ်တဲ့ ကောင်တာကအဘွားကြီးက စစ်ပါတယ် ဖတ်လည်း မဖတ်တတ်ပဲနဲ့ ဗမာလိုရေးထားတဲ့ အိမ်ထောင်စုစာရင်းကိုလည်း မိတ္တူတောင်းပါတယ် မူရင်းကိုကြည့်ချင်တယ် လုပ်နေလို့ ရွေးကောက်ပွဲကို ခုတုံးလုပ်လိုက်ပါတယ် လူစာရင်းကောက်နေတယ် အဲဒါယူလို့မရဘူးလို့ ​ပြောမှရပ်သွားပါတယ်။

သူများကိုရစ်ခဲ့လို့ ဘယ်နေရာရောက်ရောက် ရစ်ခံရတာလည်းထုံးစံပါ တံဆိပ်တုံးထုပြီးတာတောင် အရာရှိအန်တီကြီးက လာပါဦးဆိုလို့သွားရပါတယ်။ ဘာဖြစ်သလဲဆိုတော့ ကျန်တာအကုန်အဆင်​ပြေတယ်တဲ့ အလုပ်လုပ်တဲ့ကုမ္ပဏီက နှိပ်ပေးလိုက်တဲ့ တံဆိပ်တုံးက အသေးလေးဖြစ်နေတယ်ဆိုပဲ။ အဲဒါကဘာဖြစ်သလဲဆိုတော့ ကုမ္ပဏီအသေးလည်းမဟုတ်ဘူးတဲ့ ဒီလိုတံဆိပ်တုံးအသေးလေး မဖြစ်သင့်ဘူးဆိုပဲ အတော်လေးစဉ်းစားရကြပ်တယ် ဘယ်လိုမှရှင်းလို့မရပါဘူး ဒါနဲ့ပဲ ကုမ္ပဏီကိုပြန်သွား မတူတဲ့တံဆိပ်တုံးထပ်ရှာပြီး ထုလာခဲ့ရပါတယ် အဲဒါမြင်တော့မှ ဒီဟာမျိုး​ပြောတာတဲ့ တစ်ကယ်က ဘာမှလည်းမထူးပါဘူး နောက်တစ်ခုက အောက်မှာ စာကြောင်းတစ်ကြောင်းပဲ အပိုပါတာပါ။ နောက်ဆိုရင် ကုမ္ပဏီအရွယ်အစားအပေါ် မူတည်ပြီးတော့ တံဆိပ်တုံးကို လက်မအရွယ်ကနေ လက်တစ်ဝါးအရွယ်အထိ လုပ်ထားသင့်တယ်။

မန်းစလေးသားစိစိ
လေသံကတော့ ဘယ်လိုမှလိမ်လို့မရဘူး မန္တလေးရဲ့မူပိုင်ပဲ လူရွှင်တော်တွေက  နာမည်ကြီးတွေပါ မန္တလေးသားစစ်စစ်ဖြစ်ကြသလို မန္တလေးလေသံစစ်စစ်တွေ  ဘာပဲဖြစ်ဖြစ် အလွမ်းပြေကြည့်ရတယ် ကိုဒီဘီသူများဆီက မလာတာကို  ကိုယ်လည်းပြန်ခိုးပြီး Vimeo တင်ထားတယ်။ လေသံက လူတိုင်းလိုက်ပြောလို့  မတတ်နိုင်ဘူး ငယ်ကတည်းက ရှမ်းပြည်မှာနေတယ် ဒါပေမယ့် ကျွန်တော့်လေသံက  မန္တလေးလေသံစစ်စစ် မောင်ပီအမ်က တစ်ခါဖုန်းဆက်တုံးက အညာသားလေသံနဲ့  ဘယ်သူလဲမသိဘူး ပြောဖူးတယ်။ တောသားလေသံနဲ့ အစ်ကိုကြီးတစ်ယောက်လို့လည်း  အပြောခံရဖူးတယ်။

ပျက်လုံးထဲက တရုတ်ကြီးလေသံကို သဘောကျတယ် တစ်ကယ်က မန္တလေးမှာနေတဲ့  တရုတ်ဆိုတာက နှစ်မျိုးရှိတယ် ရှေးကတည်းက နေလာတဲ့ မန္တလေးသားတရုတ်တွေရှိတယ်  နောက်မှ ပြောင်းလာတဲ့ နိုင်ငံခြားသားတရုတ်တွေရှိတယ်။ နောက်မှ  ပြောင်းလာတဲ့လူတွေနဲ့က စရိုက်မတူဘူး ဒါ့ကြောင့် လူပြောစရာဖြစ်တာပါ။  ဟိုးအရင်ကတည်းက နေခဲ့တဲ့တရုတ်တွေက သိသာပါတယ် စကားမပီတာမရှိပါဘူး  တစ်ချို့ဆိုဗမာစာပဲတတ်တယ် တရုတ်စာမတတ်ဘူး။ အဝတ်အစားလည်း သူလိုကိုယ်လိုပဲ  ဝတ်ကြတာပါ။ မန်းမြို့တော်ဆိုင်က တရုတ်ညီအစ်ကိုတွေမှာ  လက်ဘက်ရည်ဆိုင်မဖွင့်ပဲ လျှပ်စစ်ပစ္စည်းရောင်းတဲ့ ဦးလေးကြီးနဲ့  သူငယ်ချင်းနဲ့က ဘော်တာတွေ အဲဒီ့လူကြီးတွေ တရုတ်မှ တစ်ပြားမှမလျော့ဘူး  ပစ္စည်းဝယ်မလို့ ရွှေလီဘက်သွားတာ တရုတ်လိုမပြောတတ်လို့ ကုလားက တရုတ်လိုဘာသာ  ပြန်ပေးရတယ်။ ပြန်ပြောပြလို့ ရယ်လိုက်ရတာလွန်ရော။

မန္တလေးမှာက မြင်ရတာက အခြားမြို့တွေနဲ့မတူဘူး အခုအချိန်အထိ ပုဆိုးနဲ့  ထဘီနဲ့မြင်နေရပါသေးတယ် အရင်ထက်စာရင်တော့ လူငယ်တွေ ယောက်ျားလေး မိန်းကလေး  ဘောင်းဘီရှည်နဲ့လည်း တွေ့ရတတ်တယ် ဒါတွေကကိစ္စမရှိပါဘူး အနည်းဆုံးတော့  လေသံကတော့ ပျောက်ပျက်မသွားနိုင်ပါဘူး။ သေချာတာကတော့  ကျုံးရေခန်းသွားရင်ဖြစ်ဖြစ် မြို့ရိုးပြိုသွားချိန်မရောက်သ၍တော့   မန္တလေးမှာ ပုဆိုးနဲ့ ထဘီ မပျောက်ပျက်နိုင်သေးပါဘူးလေ။ မန္တလေးသူ  တရုတ်မလေးတွေကတော့ ဗမာတွေနဲ့ အသားအရောင်ပဲကွာတယ် ကျန်တဲ့ဝတ်ပုံစားပုံက  အတူတူပါပဲ။ တရုတ်မလေးများ ဘောင်းဘီတို စွပ်ကျယ်အင်္ကျီလိုဝတ်ပြီး  ချက်ပေါ်နဲ့ ဆိုင်ကယ်စီးတာတော့ရှိသပေါ့။ အဲဒါတွေက မန္တလေးသူ တရုတ်မလေးတွေ  မဟုတ်ဘူးလေ နိုင်ငံခြားသူ တရုတ်မလေးတွေမဟုတ်လား  ဒီတော့မသိချင်ယောင်ဆောင်ပြီး နေရတယ်လေ မဟုတ်ရင်ကြည့်စရာမရှိဖြစ်မယ်။

သူ့နေရာနဲ့သူပေါ့
တွေ့နေတာကကြာပါပြီ ဘော်တာတစ်ယောက် Facebook မှာလာတင်မှ Comment များရေးထားတာ မြင်မိလို့ ပြန်သတိရလို့ရေးထားရတယ်။ ပုံကတော့အပေါ်မှာ ပြထားတဲ့အတိုင်းပါပဲ ကာတွန်းဆရာအားကြီးတော်တယ် မြင်သာထင်သာရှိအောင် ဆွဲတတ်တယ်ပြောပါတယ်။ တချို့လည်း ထောက်ခံကြတယ် ဒါမျိုးပြောသင့်ရေးသင့်တယ်တဲ့ ဒါမှမြင်မကောင်းရှု့မကောင်း မဝတ်ကြမှာပြောကြတယ်။ အချို့ကလည်းပြောတယ်ပေါ့လေ ကာတွန်းဆရာလူ့အခွင့်အရေး နားမလည်ဘူးတဲ့။ ကျုပ်ကတော့ ကြားနေရေးသမားပဲလေ မိန်းကလေးတွေလည်း သူများအတိုဝတ်ရင် သူတို့လည်းအတိုဝတ်ချင်မှာပေါ့ ဝတ်ချင်ရင်ဝတ်ကြပါစေလား အတော်တုံးတဲ့လူတွေ အရင်တုံးကမယ်ဗမာဆိုတာ ဘောင်းဘီတိုနဲ့ပြိုင်တာ မသိကြဘူးထင်တယ်။ ကာတွန်းဆရာလည်း သူမြင်တာသူဆွဲတာပဲလေ အဲဒါလည်းသူ့အခွင့်အရေးပဲမဟုတ်လား သူ့ပုံမှာကဘယ်သူလို့ နာမည်တပ်ထားတာမှမဟုတ်ပဲဟာ။ ကြည့်လိုက်တော့ Comment မှာငြင်းခုန်နေတာက ယောက်ျားတွေဗျာ မိန်းကလေးတစ်ယောက်မှ မပါဘူးရယ် တစ်ခုခုတော့လွဲမှားနေတာ အမှန်ပဲ ပြီးတော့သူတို့ဖြင့် မကြည့်ပဲနေကြမည့်လူတွေလည်း မဟုတ်ကြပါဘူး။

ကျွန်တော်ကတော့ အဝတ်အစားနဲ့ ပတ်သက်ရင် ပစိပစပ်များရင် သိပ်စိတ်မရှည်လှဘူး။ ဗမာပြည်ကထွက်လာကာစက လေဆိပ်ရောက်တော့ သူငယ်ချင်းတစ်ယောက်လာကြိုတယ် သူနဲ့အတူနောက်ထပ် သူငယ်ချင်းတစ်ယောက်ပါလာတယ်။ အဲဒီ့သူငယ်ချင်းက အဝတ်အစားသိပ်ဇီဇာကြောင်တယ် လူကိုကြည့်ပြီးတော့ ဟောဗျာ ဘောင်းဘီကဒေါက်မပါတာ မဝတ်ခဲ့ဘူးလား ဒီမှာဒေါက်နဲ့ဘယ်သူမှမဝတ်ဘူး ရှပ်အင်္ကျီကပွနေတယ် ဒီမှာအကြပ်ပဲဝတ်ကြတယ် ဆံပင်ကြီးက အရှည်ကြီးကို အလယ်မကျ ဘေးမကျနဲ့ခွဲထားတယ် အတိုညှပ်ပြီးထောင်လိုက်ပါနဲ့ တစ်လမ်းလုံးပြောလိုက်လာတယ်။ ကြာတော့စိတ်မရှည်ဘူး ကျုပ်ဝတ်ထားတာ စုတ်စုတ်ပြတ်ပြတ် မြင်မကောင်းတာများ ဝတ်ထားသလား ဒီလိုပုံနဲ့စာသင်ခန်းထဲ ဝင်လို့မရဘူးလား ဒီပုံနဲ့ဆိုရင် အခြားသူများကကျုပ်ကို အဖက်လုပ်ပြီးစကားမပြောကြဘူးလားလို့ ရွဲ့မေးတော့မှရပ်သွားတယ်။ လူကပိန်တော့ ဘောင်းဘီဒေါက်မပါရင် သွားကြားထိုးတံကို ဘောင်းဘီဝတ်ထားသလို စိတ်ထဲထင်မိလို့ဝတ်လေ့မရှိဘူး။ အင်္ကျီအကြပ်ဝတ်တဲ့ အလေ့အကျင့် ငယ်ကတည်းကမရှိဘူး။ ဆံပင်တိုရင်မနေတတ်ဘူး အနည်းဆုံးဆံပင်ဟာ ဂုတ်ကိုထောက်နေမှ အနေတော်လောက်ထင်မိတယ်။ ဘယ်သူတွေ ဘယ်လိုဝတ်ဝတ် ပြောင်းလဲဖို့မစဥ်းစားဘူး။ ဘယ်လိုဝတ်သွားသွား ခင်တဲ့လူကခင်ကြတာပဲ အဲလိုမှမဟုတ်လည်း အဝတ်အစားကြောင့် စကားမပြောချင်ဘူးဆိုလည်း သိပ်အရေးစိုက်မနေပါဘူးလေ။

ကျွန်တော့်အတန်းဖော် အစ်မတွေလည်း သူများနည်းတူပေါ့ တရုတ်မလေးတွေ အားကျလို့ထင်ပါတယ် တစ်ခါတစ်လေ ဘောင်းဘီတို စကပ်အတိုပေါ့။ တစ်ရက်က တိုက်တိုက်ဆိုင်ဆိုင် စာအုပ်တွေနဲ့ ကားဂိတ်နားမှာခလုတ်တိုက်ပြီး စာအုပ်တွေအကုန်ပြုတ်ကျရော ဘေးကလူလိုက်ကြည့်နဲ့ မျက်စိပျက်မျက်နှာပျက်နဲ့ဖြစ်နေရော ကိုယ့်ကလည်း ကားဂိတ်မှာရှိနေတော့ သူငယ်ချင်းအချင်းချင်း ဘာများဖြစ်သလဲပေါ့ဘာတုံးလို့ မေးတော့လည်းမပြောဘူး။ ကျွန်တော်နောက်က ရောက်လာတဲ့အစ်မတွေက ပြာပြာသလဲနဲ့ စာအုပ်ကိုကောက်ပေးတယ်။ ပြီးတော့မှ အစ်မတွေကကိုယ့်ကို အပြစ်တင်ရော နင်ရှိနေတာဘာလို့ စာအုပ်တွေကောက်မပေးသလဲတဲ့။ ဒါနဲ့မဟုတ်သေးပါဘူး သူ့ပုံကစာအုပ်ကျတာကို ဒီလောက်မျက်စိမျက်နှာပျက်နေတာ ကျွန်တော်လည်း စာအုပ်အရေးမစိုက်ပဲ ဘာများဖြစ်လဲလို့မေးသားပဲလို့ပြောတော့။ နင်နဲ့တော့ခက်တယ် စကပ်အတိုနဲ့ သူကစာအုပ်ကို ကုန်းကောက်လို့လည်းမရဘူး ထိုင်ပြီးတော့ကောက်လို့လည်း မရဘူးတဲ့။ ဒါမျိုးက

ကွန်ပျူတာစာရေးခြင်း vs လက်ဖြင့်စာရေးခြင်း
ဗမာစာမှာလည်း စာရေးတဲ့နေရာမှာ Standard သတ်မှတ်ထားတာတွေ ရှိသင့်သလောက်တော့ ရှိပါတယ်။ ဒါပေမယ့် မလိုက်နာတာ များပါတယ် စာလုံးတွေရေးတဲ့အခါ ဆွဲရမယ့်လမ်းကြောင်းနဲ့ ရေးရမယ့်အချက်ရေ သတ်မှတ်ထားတာ ရှိပါတယ်။ ဗမာစာလုံးတွေက နာရီလက်တံလည်တဲ့အတိုင်းပဲ ရေးကြတာပါ။ “က” ဆိုရင်နှစ်ချက်ရေးတယ် “ခ” ဆိုရင်တစ်ချက်တည်း အပြီးရေးတယ် ဒါမျိုးတွေလည်း သတ်မှတ်ထားတာ ရှိတာပါပဲ။ ရှေးကရှိမရှိတော့ မပြောတတ်ဘူး ဒါပေမယ့် ဘယ်လိုရေးရမယ်ဆိုတာက သတ်မှတ်ထားပါတယ် မယ့်ရင်သူငယ်တန်း ဖတ်စာအုပ်ပြန်ကြည်ပေါ့။ ဒါပေမယ့် စာအုပ်ထဲလက်နဲ့ရေးတော့ ကြီးလာတာနဲ့တစ်ပြိုင်တည်း ရေးချင်သလိုရေးတာပါ နာရီလက်တံ ပြောင်းပြန်လည်း ရေးလိုက်တာပဲ “ည” ရေးတာကို “သ” ကိုအရင်ရေးပြီး နောက်ဆုံးမှ အောက်ကနေခြေထောက် တပ်လိုက်တာလည်း “ည” ဖြစ်သွားတာပဲမဟုတ်လား။ Standard အတိုင်းအကုန်ရေးတဲ့ လူဆိုတာက ၁၀ဝ မှာ ၁ ယောက်မရှိအောင်ကို ရှားပါတယ် နောက်ပြီးတော့ လက်နဲ့စာရေးတာမှာ အဲဒါတွေကအသေးစိတ် လိုက်နာစရာမှမလိုတာကိုး ဘယ်လိုရေးရေး နောက်ဆုံးဖတ်လို့ရဖို့ အရေးကြီးတယ်မဟုတ်လား။

ကွန်ပျူတာမှာ ဗမာလိုစပြီးတော့ ရိုက်လို့ရတဲ့ခေတ်များမှာပေါ့ အရင်ကတော့ ဗမာလိုလိုချင်ရင် လက်နှိပ်စက်နဲ့ပဲ ရိုက်ရတာပေါ့။ ဗမာစာအတွက် ASCII Font များထွက်လာပါတယ်။ ရှေ၊ ဝင်း၊ အကယ်ဒမီ၊ စီအီး စသည်ဖြင့်ပေါ့ အဲဒီ့ဖောင့်တွေနဲ့ ဗမာလိုရိုက်လို့ရိုက်လို့ ရလာပါတယ်။ ဘာမှကန့်သတ်ချက်မပါတော့ လက်နှိပ်စက်ရိုက်သလို ရိုက်တဲ့အလုပ်နဲ့ ဗမာစာကိုရိုက်လို့ရပါတယ် ဗမာစာလုံးသတ်မှတ်ချက် မရှိသေးတော့ ပုံပေါ်ဖို့ကိစ္စက အရေးကြီးတာပါပဲ ကျန်တာကပြဿနာမရှိပါဘူး။ “ဈ” ဆိုရင်လည်း “စ” + “-ျ” = “စျ” ဆိုပြီးရေးလိုက်တယ်။ “၎င်း” ဆိုရင် Alt နဲ့တွဲနှိပ်ရမှာ ပျင်းရင် “၄” + “င်း” = “၄င်း” ဖြစ်ကရောပဲ သိပ်မလှတာကလွဲရင် ဖတ်လို့တော့ဖြစ်သပေါ့။ “ဪ” ဆိုတာကလည်း တစ်ကယ်တော့ တစ်လုံးတည်းရယ် လက်နှိပ်စက်လိုပဲ သဝေထိုးကနေ စပြီးရိုက်ထည့်လိုက်ရတယ်။ နောက်ပြီးတော့ ဝလုံးနဲ့ သုညခွဲမထားဘူး ဝိုင်းရင်ပြီးရော လက်နှိပ်စက်လို တစ်ခုပဲရှိတယ်။ ဒါပေမယ့် ဘာမှသိပ်ပြဿနာမတက်သေးဘူး ဖတ်လို့ဖြစ်ရင် အလုပ်တွင်သေးတယ် မဟုတ်လည်း ပြီးတော့စာရွက်ထုတ် ဖတ်တာပဲလေ ကွန်ပျူတာကဖိုင်နဲ့ တစ်ခါတည်းအလုပ်လုပ်တဲ့ ခေတ်မှမဟုတ်တာပဲ Find နဲ့ရှာလည်း မတွေ့မှာမပူရဘူး။

တစ်ကမာ္ဘလုံးကစာတွေ ကွန်ပျူတာမှာ သိမ်းလို့ရရမယ်ဆိုတော့ ဒို့ဗမာစာလည်း ပါသွားသပေါ့။ အဲဒီတော့မှ ပြဿနာများက စလာပါတယ်။ ရိုက်ချင်သလိုရိုက်ရင် ရှာချင်သလိုရှာလို့ မရတော့ဘူးပေါ့။ ဒါကထားလိုက်ပါတော့ လူတိုင်းကို ဒီအကြောင်းတွေသိအောင်ပြောရတာ လွယ်တဲ့ကိစ္စမဟုတ်လှပါဘူး။ အရင်ကတည်းက တွေ့နေတာကြာပါပြီ မပါတ်သက်လို့မပြောဖြစ်ဘူး ရေးချင်သလိုရေးရာကနေ မြင်ရပြီးရောရိုက်တဲ့ အကျင့်များကိုနမူနာပြရရင် “ဟ” ကိုကြံကြံဖန်ဖန် “ပ” + “-ာ” = “ပာ” နဲ့ရေးကြတဲ့လူတွေလည်း ရှိပါတယ် ဘယ်လိုများစဥ်းစားသလဲ နားမလည်နိုင်အောင်ပဲ။ ကိုရဲမြတ်သူကဝင်ပြောတယ် အဲဒါဘာဟုတ်သေးသလဲတဲ့ “၏” ကို “ဧ” + “။” + “ -်” = “ဧ။်” ဖြစ်အောင်တောင် ရေးကြတာမြင်ဖူးတယ်ဆိုပဲ။ ဟိုးအရင်ကလူတွေ ဗမာစာရိုက်နေကျဖြစ်နေလို့ အရင်ကအမှားတွေ ရိုက်နေတယ်ဆိုရင် ဒါကလက်ခံနိုင်ပါသေးတယ်။ ကျွန်တော်ဆိုရင် ဝလုံးနဲ့ သုညကိုတူတူ ရိုက်တာအကျင့်ပါနေလို့ သတိထားပြီးပြင်ထားရတာပါ။

ပြဿနာက ကွန်ပျူတာသုံးတတ်ရုံနဲ့ ကွန်ပျူတာနဲ့ပါတ်သက်တာ နားလည်အောင်ရှင်းပြလို့ ရမယ်လို့မထင်နဲ့ အင်မတန်ရှင်းရခက်တယ်။ ကွန်ပျူတာအသုံးပြုသူဆိုလို့ အပြောခံရလို့ စိတ်ဆိုးကောင်းဆိုကြဦးမယ် တစ်ကယ်ဆိုရင် အတန်းအစား အမျိုးမျိုးရှိတယ် သုံးတတ်တဲ့လူ၊ ဘယ်လိုအလုပ်လုပ်တယ်သိ

စကားစပ်မိတဲ့ နာမည်ပြောင်း
ဒီကနေ့တော့ ကြံကြံဖန်ဖန် အင်္ဂလိပ်တစ်ယောက်၊ ထိုင်းတစ်ယောက်၊ တရုတ်နှစ်ယောက်၊ မလေးတစ်ယောက်နဲ့ စကားစပ်မိစပ်ရာပြောရင်း နာမည်တွေပြောင်းတဲ့ အကြောင်းရောက်သွားရော။ မင်းဘယ်က ငါဘယ်ကနဲ့ပြောရင်း ကိုယ်ကတော့ မြန်မာနိုင်ငံကနေလာတယ်လို့ ပြောမိတယ်။ တရုတ်ပြည်မကလာတဲ့ တရုတ်က မြန်မာနိုင်ငံ ဘယ်နားမှန်းမသိဘူး အူလည်လည်ဖြစ်နေတယ် ထိုင်းကလူက ငါ့နိုင်ငံနဲ့ အနောက်ဘက်ကပ်လျက်လို့ ပြောပြန်လည်း ထိုင်းလည်း မြေပုံပေါ်ဘယ်နားမှန်း သူသိပုံမပေါ်ဘူး။ အင်္ဂလိပ်က အရင်က ဘားမားလို့ခေါ်တယ်လို့ ပြောပြန်တော့လည်းမသိပြန်ဘူး ဘယ်လိုရှင်းရှင်းမရတော့ အကုန်လက်လျော့လိုက်ရတယ်။

ဘားမားနဲ့စကားစပ်မိလို့ မလေးနှစ်ယောက်က နာမည်ပြောင်းတာနဲ့ ပတ်သက်ပြီးတော့ မင်းဘယ်လိုခံစားပါသလဲတဲ့။ ပြန်ရှင်းရပြန်တယ် ငါကတော့ လူမျိုးက ဗမာလူမျိုးဆိုတော့ ဘားမားလည်း ငါ့အဖို့ကတော့ဘာမှမဖြစ်ဘူး တစ်ခြားလူမျိုးတွေ အနေနဲ့ကတော့ မဟာဗမာဆိုပြီး လက်ဝါးကြီးအုပ်ထားတယ်လို့ ပြောစရာခံစားစရာ ဖြစ်နိုင်တယ် ဒါ့ကြောင့် ဘုံနာမည်အဖြစ် တရားဝင်ပြောင်းလိုက်တယ်လို့ ငါယူဆတယ် နာမည်ပြောင်းရုံနဲ့ ပြေလည်မည့်ကိစ္စမဟုတ်ပေမယ့် နာမည်ကို ပြောင်းတာကတော့ ငါ့အနေနဲ့တော့ မကျေနပ်စရာမရှိပါဘူးလို့ ပြန်ပြောရတယ်။

အင်္ဂလိပ်က နာမည်ပြောင်းတုံးက ဒို့နိုင်ငံကကန့်ကွက်ဖူးတယ်လို့ ကြားဖူးတယ်တဲ့။ ဟုတ်ပါတယ် ဒါပေမယ့် ဒို့နိုင်ငံနာမည် ဒို့ဟာဒို့ပြောင်းတာ မင်းတို့ဘာမှလုပ်လို့မရဘူး ကန့်ကွက်လည်း အကျိုးမရှိဘူး မြန်မာလို့ခေါ်မယ်လို့ ကုလသမဂ္ဂမှာလည်း ပြင်လိုက်တယ်လို့ ပြန်ပြောတော့ အင်္ဂလိပ်က ဟုတ်ပါတယ်တဲ့ မင်းတို့ဟာမင်းတို့ နာမည်ပြောင်းတာ မင်းတို့အခွင့်အရေးပါ ငါကဖြစ်ခဲ့တာကို ပြောပြတာပါတဲ့ ဘာကြောင့် သွားကန့်ကွက်သလဲ ငါလည်းစဥ်းစားမရပါဘူးလို့ ပြောရှာပါတယ်။ ထိုင်းကတစ်ယောက်ကလည်း ငါတို့လည်း အရင်က ဆိုင်ယမ်ကနေ ထိုင်းလန်း လို့ပြောင်းခဲ့တာပဲ ကိုယ့်ဟာကိုယ်ပြောင်းတာ ပြောင်းပေါ့ဘာဖြစ်သလဲတဲ့။

စလုံးတရုတ်တစ်ယောက်က အဲဒါပြီးတော့ တစ်ခြားနာမည်တွေလည်း အကုန်ပြောင်းတယ်မဟုတ်လားတဲ့။ လူတောင်အူကြောင်ကြောင်းဖြစ်တယ် ဟမ်… ဘာတွေပြောင်းသေးလို့လဲလို့ မေးတော့ ရန်ဂွန်းကနေ ရန်ကုန်လို့ တစ်ခြားမြို့နာမည်တွေ ပြောင်းလိုက်တယ်လေတဲ့။ အဲဒီတော့ရှင်းပြရတယ် အဲဒါက ပြောင်းတာမဟုတ်ဘူး အမှန်ပြင်တာ ဒို့လူမျိုး ရန်ဂွန်းလို့ ဘယ်တော့မှမခေါ်ဘူး ရန်ကုန်လို့ပဲခေါ်တယ် အင်္ဂလိပ်က မထွက်တတ်ပဲ လျောက်ပေါင်းလို့ ရန်ဂွန်းဖြစ်နေတာ။ တစ်ခြားမှားနေတာတွေရှိတယ် မော်လမြင်း ကို မော်လမြိုင် ပရုန်းကို ပြည် စသည်ဖြင့် ဒို့ခေါ်သလိုမှန်အောင် ပြင်လိုက်တာ ပြောင်းတာမဟုတ်ဘူး လွဲနေလို့ ပြင်လိုက်တာ ငါတို့စကားကို ငါတို့အတတ်ဆုံးပါ အင်္ဂလိပ်ရေးချင်ရာ ရေးထားခဲ့တာကို ဒီအတိုင်း မထားနိုင်ဘူးလို့ ပြောလိုက်ရတယ်။

အဲဒါဆိုရင် အရင်နာမည်အဟောင်းတွေ ခေါ်မိရင်မင်းတို့ စိတ်ဆိုးပါသလားတဲ့ အတွန့်တက်ပြီးမေးကြပြန်ရော။ မင်းတို့ဟာမင်းတို့ ဘယ်လိုခေါ်ခေါ် ဘယ်သူမှတော့ စိတ်ဆိုးစရာတော့ မရှိပါဘူး မင်းတို့မှအမှန်မထွက်တတ်ပဲ ငါတို့လည်း မင်းတို့မြို့နာမည်တွေ မှန်အောင်မထွက်တတ်ဘူး ကုန်ကုန်ပြောရရင် ရထားဘူတာနာမည်တွေ ငါမှန်အောင်တောင် မပြောတတ်ဘူးဆိုတော့ စလုံးတရုတ်ကရယ်တယ်။ ငါတို့နာမည်ပြောင်းတွေ နာမည်ပြင်တယ်ဆိုတာ နိမ့်ကျတဲ့စကားလုံးဖြစ်လို့ ပြောင်းတာပြင်တာမှမဟုတ်တာ စိတ်ဆိုးစရာတော့မရှိပါဘူး။ ဒါပေမယ့် တရားဝင်ပြောင်းပြီးဖြစ်လို့ တရားဝင်စကားပြောတဲ့အခါ အရေးအသားသုံးနှုံးတဲ့အခါမှာတော့ မင်းတို့အမှားသုံးနှုံးခွင့်မရှိဘူးလို့ ပြောလှတ်လိုက်တယ်။

လာပြန်ပြီနောက်တစ်ယောက်
ဂျီတော့မှာ ကျွန်တော် တစ်ခုမေးချင်လို့ ခင်ဗျ ဆိုလို့ မေးလို့ပြောမိပြန်တယ်။ ဆော့ဝဲတစ်ခု Install လုပ်လိုက်တာ Restart လုပ်လိုက်တော့ ဝင်းဒိုးက ပြန်ပြီးတော့ တက်မလာတော့ဘူး အဲဒါဘာလုပ်ရမလဲတဲ့။ အရှင်းဆုံးအဖြေ မသိဘူးခင်ဗျာလို့ ဖြေလိုက်ပါတယ်။ အဲဒီလိုပြီးစလွယ် မပြောနဲ့ဗျာတဲ့။ ဟောဗျာ မသိပါဘူးဆိုနေမှ ဘယ်လိုလုပ်ဖြေမလဲ ကိုယ့်စက်တောင် ကိုယ်မပြင်ဖြစ်တာ ၃ နှစ်လောက်ရှိပြီ။ ထပ်မေးဦးမယ်တဲ့ ဘလော့မှာ ဘယ်နိုင်ငံကလာတယ်ဆိုတာ အလံပုံလေးတွေနဲ့ ပေါ်နေတဲ့ဟာမျိုး ထည့်ချင်တယ်တဲ့ ဘယ်လိုထည့်သလဲမေးပြန်ရော။ အဲဒါဆိုရင် ထည့်ထားတဲ့ ဘလော့တစ်ခုကိုသွား မောက်စ်တင်ကြည့်လိုက် ဘယ်ဆိုက်ကနေ အဲဒါမျိုးပေးသလဲ တွေ့လိမ့်မယ်။ အဲဒီ့ဆိုက်မှာ စာရင်းသွင်းပြီးလုပ်လိုက်ပေါ့ အဆင်ပြေမှာပါလို့ ပြောလိုက်တယ်။ ခင်ဗျားပြီးစလွယ်ဖြေပြန်ပြီ အသေးစိတ် ဘယ်အဆင့်ကနေ ဘယ်လိုသိချင်တာတဲ့။ ဟမ်… ငါ့ဘလော့ကိုကြည့် မျက်စေ့ရှုပ်လို့ ဘာမှကိုမထည့်ထားဘူး ငါမလုပ်ဖူးဘူး မင်းဘယ်ကလာတယ်နော်လို့ ပြပြနေတာလည်း စုံစမ်းထောက်လှမ်းနေလို ခံစားရလွန်းလို့ ငါ့ဆိုက်မှာထည့်ကို မထားဘူး။ မင်းစမ်းကြည့်လိုက်ပါ အခက်အခဲရှိရင် ဘယ်နေရာမှာ ဘာဖြစ်တယ်ပြော စမ်းကြည့်ပေးမယ် ငါကတော့ မသုံးဖူးဘူးလို့ဖြေလိုက်တယ်။ ဒီလိုကျပြန်တော့လည်း ခင်ဗျားတောင် မသုံးဖူးတာ ဘယ်လိုလုပ်ခင်ဗျားက စမ်းကြည့်မှာတုံးတဲ့။ ဟမ်… အဲဒါဆို ငါ့ကိုမင်းက ဘာလို့လာမေးနေသလဲ လို့ပြောလိုက်တယ်။

ခင်ဗျားတို့လိုလူတွေကြောင့် ဗမာပြည်ကွန်ပျူတာသမားတွေ လမ်းပျောက်နေတာတဲ့ သိတဲ့အတတ်ပညာကိုလည်း မဖြန့်ဝေဘူးတဲ့။ ဟမ်… နေပါဦး မင်းကငါဘာတတ်တယ်လို့ သိထားလို့လဲ ငါလူအများအထင်ကြီးတဲ့ အတတ်ပညာတစ်ခုမှမတတ် ငါတတ်တဲ့အတတ်ပညာများက လူအများစိတ်မဝင်စားလို့ ပြန်ပြောတော့။ ခင်ဗျားဘာတတ်မှန်းကျုပ်က ဘယ်လိုသိမလဲ ဒါပေမယ့် ကျွန်တော်မေးတာတွေ ခင်ဗျားတစ်ခုမှ ပြန်မဖြေဘူးတဲ့။ အေး… မင်းမေးတဲ့ဟာတွေက ငါအတွက်ကတော့ အတတ်ပညာလို့ သတ်မှတ်ထားတဲ့ အရာတွေမဟုတ်ဘူး သာမန်လူတစ်ယောက် စမ်းလုပ်ကြည့် နားလည်နိုင်တဲ့အရာတွေပါ။ မင်း… ကိုယ်တိုင်စမ်းကြည့်ပြီးပြီလား ကိုယ်တိုင်လုပ်မကြည့်ပဲနဲ့ လူတစ်ကာကိုလိုက်မေးနေတာလား မင်းအသိဆုံးပဲဖြစ်မှာပါ။ ကျုပ်မှ မသိလို့မေးပါတယ်ဆို ကျုပ်ကဘာလို့စမ်းလုပ်နေရမှာလဲ။ အေးလေ… ငါလည်းမလုပ်ဖူးဘူး ငါဆိုရင်ဒီလိုလုပ်မယ်လို့ မင်းကိုအကြမ်းပြောလိုက်တယ် မဟုတ်လား မင်းအနေနဲ့ ကြိုးစားကြည့်ချင်စိတ်ရှိရင် တစ်ခါတည်းအဆင်ပြေသွားချင် ပြေသွားမယ် အခက်အခဲရှိရင် ငါပေးတဲ့အကြံဆိုတော့ ငါတာဝန်ယူတဲ့အနေနဲ့ ငါစမ်းကြည့်ပေးမယ်လို့ ပြောတယ်မဟုတ်လား။ ခင်ဗျားလည်းမသိမှတော့ ကျုပ်ကခင်ဗျားကို ဘာလို့ဆရာတင်နေရမလဲ။ အေး… ငါ့ကိုဆရာတင်လို့လည်း ငါမပြောပါဘူး ဒါပေမယ့် ငါအကြံတစ်ခုပေးမယ် သူများကိုထပ်ပြီး ဆရာတင်နေလည်း လုပ်တတ်ချင် တတ်သွားမယ် မင်းတိုးတက်မှာ မဟုတ်ဘူး။ မင်းကိုယ်တိုင် မင်းရဲ့ဆရာမဖြစ်သ၍ မင်းသူများနောက်လိုက်ပဲ ဖြစ်နေမှာပဲ။ ငါ့စကားရိုင်းမယ် နားဝင်မချိုဘူး မင်းဟာမင်း နားဝင်းချိုအောင် ပြောတတ်တဲ့လူလိုက်ရှာမေးချေ။ ကိုယ့်အားကိုယ် မကိုးချင်တဲ့ လူတစ်ယောက်အတွက် ငါအချိန်ကုန်ခံပြီး အကြံဥာဏ်မပေးနိုင်။

အဆင်ကိုပြေလို့
အလည်ရောက်နေတဲ့ ဆရာမပြန်မယ်ဆိုလို့ မနက်ကတည်းက ချန်ဂီကိုသွားမယ်ဆိုပြီး ရထားစီးပြီး အိမ်ကထွက်ခဲ့တာပေါ့။ အဘိုးကြီးအဘွားကြီးနဲ့ ဗိုက်ကြီးသည်ပဲ ထိုင်တဲ့ခုံမှာ လူမရှိတာနဲ့ ခပ်တည်တည်ပဲ ထိုင်စီးလာတာ တရုတ်ဥယျာဥ်လည်းရောက်ရော ကုလားမကြီးသားမအမိ ရထားပေါ်တက်လာပါရော ထူးထူးဆန်းဆန်းဗျ မြင်တော့မြင်ရခဲတယ် အမေဖြစ်သူကလည်း ဆာရီနဲ့ပါ ဝတ်ထားတဲ့ ဆာရီဟာ အင်မတန် အဘိုးတန်မယ့် ဆာရီဆိုတာ အရမ်းသိသာတယ် အနားကွပ်တစ်လျောက်ကို ရှေကွပ်ထားတယ်ဗျ အင်္ကျီကလည်း ဆာရီဆင်နဲ့တစ်ဆင်တည်းပဲ။ သမီးဖြစ်သူကတော့ တစ်ထောင့်တစ်ည ပုံပြင်ထဲက မင်းသမီးဝတ်သလို ဝတ်စုံနဲ့ဗျာ မြင်သာအောင်ပြောရရင် အရင်ကတီဗွီမှာလာတဲ့ ဂျင်နီလို ဝတ်စုံနဲ့။ ကိုယ့်ဟာကိုယ်တောင် သံသယဖြစ်တယ် ငါစင်္ကာပူမဟုတ်ပဲ ဘဂ္ဂဒက်များ ရောက်နေသလားပေါ့။

နောက်တစ်ဘူတာလည်းရောက်ရော နောက်ထပ် ကုလားလင်မယား တက်လာပြန်ရော ပြီးတော့ ကိုယ်ထိုင်နေတဲ့ရှေ့ လာရပါတယ် ထိုင်နေတာ့ မော့လည်းမကြည့်မိပါဘူး။ ကုလားလို့ပြောရတာက ယောက်ျားက ကုလားလိုပြောနေသံကြားလို့ရယ် မိန်းမဖြစ်သူကလည်း ကုလားမတွေဝတ်တဲ့ သင်တိုင်းလိုအရှည်ကိုဝတ်ထားပြီး ပုဝါကိုစုံချထားတာတော့ ထိုင်နေလည်းမြင်မိတာပေါ့။ သူတို့စကားပြောသံကြားမှ စိတ်ထဲတစ်ခုခုတော့ လွဲနေတယ်လို့ ထင်မိတယ်။ ယောက်ျားက ကုလားလိုပြောနေတယ် အသေအချာနားထောင်မှ မိန်းမကတရုတ်လိုပြန်ပြောနေတယ်။ ဒါနဲ့မဟုတ်သေးပါဘူးလို့ မော့ကြည့်မိမှ ဘယ်ဟုတ်မလဲ  ကုလားမမှမဟုတ်ပဲ တရုတ်မဖြစ်နေတယ် ယောက်ျားက ကုလားဖြစ်နေလို့ မိန်းမကကုလားဝတ်စုံ ဝတ်ထားတာ ဖြစ်နေပါရောလားဗျာ။ သူ့ဟာသူတော့ အဆင်ကိုပြေလို့ ကုလားကကုလားလိုပြော တရုတ်ကတရုတ်လိုပြော နှစ်ယောက်လုံးနားလည်ပါ့ဗျာ။

ဆရာကြီးဘာလုပ်သလဲ
တစ်ခါကနာမည်ကျော် ပန်းပဲဆရာကြီးတစ်ယောက်ရှိသတဲ့။ တစ်နေ့တော့ နာမည်ကြီးလွန်းလို့ဆိုပြီး အခုခေတ်စကားနဲ့ဆိုရင်တော့ အင်တာဗျူးတာပေါ့။ ပထမတော့ ဆရာကြီးအကြောင်းတွေမေး နောက်တော့ ပန်းပဲအလုပ်အကြောင်းတွေမေးပေါ့။ နောက်ဆုံးပြန်ခါနီးမှာ အဆုံးသတ်အနေနဲ့ အခုလုပ်နေတဲ့ ပန်းပဲအလုပ်ထဲမှာ ဆရာကြီးဘယ်အဆင့်မှာ ပါဝင်လုပ်ဆောင်ပါသလဲလို့ မေးတဲ့အခါမှာတော့။

မေး။ ။ ဆရာကြီးအခု အလုပ်ထဲမှာ သံရွေးတဲ့နေရာတွေ မှာဆရာကြီးပါဝင်သလား။
ဖြေ။ ။ အဲဒါတွေလောက်တော့ တပည့်တွေခိုင်းရတာပေါ့ဗျာ။

မေး။ ။ ဒါဆိုရင်သံစပ်တဲ့နေရာမှာ ဆရာကြီးကိုယ်တိုင်ဝင်လုပ်တာပေါ့နော်။
ဖြေ။ ။ ဒါတွေလည်း ကျုပ်ပါစရာမလိုပါဘူး တပည့်တွေရှိနေတာပဲဟာ။

မေး။ ။ ဒါဆိုရင် တူထုတဲ့နေရာမှာ ဆရာကြီးကိုယ်တိုင်လုပ်ပါသလား။
ဖြေ။ ။ အောင်မယ်လေးမောင်ရယ် ကျုပ်အသက်ကြီးပါပြီ ဒီလောက်တော့ ကျုပ်ပါစရာမလိုပါဘူး တပည့်တွေခိုင်းပေါ့။

မေး။ ။ ဒါဆိုရင်အချောသတ်တော့ ဆရာကြီးလုပ်ပါသလား။
ဖြေ။ ။ ငါ့မှာ တပည့်အရင်းတွေရှိပါတယ် အဲဒါတွေကို သူတို့လုပ်တယ်လေ။

မေး။ ။ ဒါဆိုရင် နောက်ဆုံးဆေးသားတင်တော့ ဆရာကြီးကိုယ်တိုင်တင်တာပေါ့နော်။
ဖြေ။ ။ အမွေခံမည့် တပည့်တစ်ယောက်ရှိတယ် အဲဒါသူအတွေ့အကြုံရအောင် ခိုင်းလိုက်တာပေါ့။

မေး။ ။ ဒါဆိုရင်ဆရာကြီးက အလုပ်ထဲမှာ ဘယ်နေရာမှာအဓိကပါဝင်ပါသလဲ။
ဖြေ။ ။ အကုန်လုံးက တပည့်တွေခိုင်းဖြစ်တာပဲ ကျုပ်ကတော့ ဖိုဆွဲတာပေါ့ဗျာ။