Calm Hill » ကျွန်တော်အကြောင်း

တောင်သမန်သို့တစ်ခေါက်
အလုပ်နဲ့ရန်ကုန်ပြန်သွားပေမယ့် မန်းလေးပြန်ဖို့ အစီအစဉ်မပါလာဘူး ဒါပေမယ့် အိမ်ဆိုတဲ့သံယောစဉ်ကလည်းခက်တယ် ရောက်နေတော့လည်း ပြန်ချင်မိပြန်တယ် အလုပ်တွေကိုစိတ်ချရအောင် စီစဉ်ပြီးတာနဲ့ အိမ်ကိုတော့ တစ်ညအိပ်ဆိုပြီး စနေညအိပ် တနင်္ဂနွေပြန်ဆိုပြီး ဖုတ်ပူမီးတိုက်ပြန်ခဲ့တယ်။ တစ်ညအိပ်ဆိုတော့ ဘယ်မှသိပ်မသွားနိုင်ပါဘူး ဒါပေမယ်ရောက်တုံးရောက်ခိုက် သွားမယ်လို့အားခဲထားတဲ့ နေရာတွေကတော့ရှိသပေါ့ ကျုံးနဲ့မြို့ရိုးရယ် မန္တလေးတောင်ရယ်ကို ဓာတ်ပုံရိုက်ရမယ် နောက်ပြီးတော့ တောင်သမန်ကိုခဏသွားမယ်လို့ အစကတည်းကမှန်းထားတယ် မနက်စောစော အိမ်ရောက်ခဏနားပြီးတော့ ညီတော်မောင်ရယ် သူငယ်ချင်းတစ်ယောက်ရယ်နဲ့ တောင်သမန်ဘက်ကို ထွက်လာခဲ့တယ်။ တောင်သမန်ဆိုတာ တစ်ချိန်ကတော့ ခဏခဏမဟုတ်ပေမယ့် ရောက်ဖြစ်တတ်တယ် မယ်ဇယ်ပင်အောက်ထိုင် အကြော်စားရင်း လေကန်နေကျပေါ့။ အရင်တုံးက ရွှေတစ်ချောင်းဘေးက ချိုင့်ဗလပွနဲ့လမ်းဟာ အခုတော့အတော်ကို ကောင်းလွန်းနေတယ်။ တောင်မြို့ တရုတ်ဘုံကျောင်းရှေ့က ဆိုင်ကယ်ဖြတ်တော့ ဘာမဆိုင်ညာမဆိုင် ဒီဒီဇုံတစ်ယောက်ကို သတိရမိလိုက်သေးတယ်။

ဦးပိန်ဆောက်တော့ ဦးပိန်တံတားခေါ်သတဲ့ ယိုင်နဲ့နဲ့ဆွေးနေတဲ့ တံတားပေါ် လမ်းလျှောက်ရင်း ရောက်တယ် ကင်မရာကိုင်လာတာမြင်လျက်နဲ့ ဓာတ်ပုံရိုက်ဦးမလားအစ်ကိုဆိုတဲ့ ဓာတ်ပုံဆရာတွေကို ဘယ်လိုနားလည်ရမှန်းမသိဘူး။ သုံးယောက်သား ခြစ်ခြစ်တောက်ပူနေတဲ့ နေရောင်အောက်မှာ လသာနေသလိုသဘောထားပြီး လမ်းလျှောက်လာလိုက်တာ ဇရပ်တစ်ဆောင်ရောက်တော့ ဟန်မဆောင်နိုင်တော့ဘူး ထိုင်နားရတော့တယ်။ သုံးယောက်ပုံရိုက်မယ်ဆိုပြီး Tripod ကိုထောက်လိုက်တော့ ကင်မရာတပ်လို့ရတဲ့ Tripod ထိပ်ကအပိုင်းက ဖြုတ်ထားရင်း ရန်ကုန်မှာကျန်ခဲ့မှန်းသိလိုက်ရတယ် အဲဒီ့မှာ Tripod ကိုသုံးမရပဲ ထမ်းခိုင်းရမလားဆိုပြီး ညီတော်မောင်က ပူညံပူညံလုပ်နေလို့ မင်းကအခုလာမှ သယ်ရတာပါကွာ ငါ့ဖြင့်ရန်ကုန်ကနေ မန်းလေးအထိ ဒါကြီးသယ်လာရတာပါလို့ ပြောမှငြိမ်သွားတယ် ဒီလိုနဲ့သုံးယောက်ပုံ ရိုက်မရပဲ နှစ်ယောက်စီပဲ Combination တွဲ့ပြီးရိုက်လိုက်ရတယ်။

ဇရပ်ထဲကနေ အင်းထဲမှာမော်တော်ဖြတ်သွားလည်းရိုက် ငါးမျှားနေလည်းရိုက် ငှက်တစ်စီးဖြတ်သွားတိုင်းရိုက် တစ်ယောက်တလှည့် ကင်မရာတစ်လုံးနဲ့ ရိုက်ကြပါတယ်။ စင်္ကာပူကို ပြန်ရောက်တော့ ကိုဒီဘီကရိုက်ထားတဲ့ ပုံတွေထဲကနေ သစ်ပင်ခြောက်ကိုမြင်တော့ တောင်သမန်ဆို ဒီအပင်ပါပါ့မလားလို့ စိတ်ပူနေတာဗျဆိုလို့ ဪ ဒါကမော်ဒယ်သစ်ပင်ဖြစ်မယ်လို့ တွေးမိလိုက်သေးတယ်။ ပါလာတဲ့သူငယ်ချင်းက သီလရှင်လေးတွေ ဆွမ်းဆန်ခံကြွသွားတာ မြင်လိုက်တော့ ငါတို့တစ်တွေ ဒီအတိုင်းရိုက်တာထက် ဆရာလေးတွေကို နေ့တွက်အပြတ် ဆွမ်းဆန်လှူလိုက်ပြီးတော့ တံတားပေါ် မော်ဒယ်လျှောက်ခိုင်းပြီး ဓာတ်ပုံရိုက်ရအောင် လုပ်နေလို့မလုပ်ပါနဲ့ ဆရာလေးတွေ ခေါင်းတုံးနေပူပြီး ပြဿနာတက်မယ်ဆိုပြီး မနည်းတားထားရတယ်။ ဒီလိုနဲ့ ဓာတ်ပုံတော့ ကောင်းမကောင်းမသိ လူတွေတော့ ငါးခြောက်ဖုတ်ဖြစ်ပြီး ပြန်လာခဲ့ရတယ် ဘာပဲဖြစ်ဖြစ်ပါ အိမ်ကိုခဏပြန်ပြီး တောင်သမန်ခဏသွားလိုက်ရတာ ပျော်မိပါတယ်။

တပည့်များနဲ့ခဏတာ
ရန်ကုန်ကိုအလုပ်နဲ့ ခဏရောက်ဖြစ်တော့ ဝေးဝေးမသွားနိုင်ပေမယ့် ရန်ကုန်မှာရှိတဲ့ သူငယ်ချင်းတွေ စာသင်ပေးခဲ့ဖူးတဲ့ တပည့်တွေနဲ့ ပြန်တွေ့ခွင့်ရလိုက်တာ အမြတ်ထွက်တယ်လို့ဆိုရမယ်။ တိုက်တိုက်ဆိုင်ဆိုင် ရန်ကုန်မသွားဖြစ်သေးခင် ၂ ပါတ်လောက်မှာ စာသင်ပေးဖူးတဲ့ တပည့်တစ်ယောက်က မှတ်မှတ်ရရ ရန်ကုန်ရောက်ရင် ဖုန်းဆက်ပါလို့ အီးမေးတစ်စောင်ပို့ထားတယ်။ ရန်ကုန်ရောက်ပြီး နောက်တစ်ရက်ပဲ ဖုန်းဆက်လိုက်တော့ သူတို့လည်းဘယ်လိုမှ မထင်ထားမိတော့ အတော်အံ့ဩသွားပြီး ညနေပိုင်းပဲလာခဲ့မယ်ဆရာဆိုပြီး တပည့်စုံတွဲ ရောက်လာတယ်။ တကယ်တော့ စာသင်ပေးဖူးလို့သာ တပည့်လို့ပြောရတယ် ကိုယ်နဲ့ရွယ်တူပါပဲ။ ဒီလိုပဲမုန့်စားရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြော ဝမ်းသာအားရနဲ့ပေါ့ ကိုယ့်ကိုကိုယ် လွန်ခဲ့သော ၄ နှစ်ကိုပြန်ရောက်သွားလို ခံစားလိုက်မိတယ် ပြန်ခါနီးနှုတ်ဆက်တော့ ဆရာအသက်ကြီးသွားတာ နည်းနည်းသိသာသွားပြီပြောမှ ပစ္စုပ္ပန်ကိုသတိရတော့တယ်။ ဒီလိုပဲပေါ့ အချိန်ဆိုတာ ရုပ်ဝတ္ထုတွေကို တိုက်စားသွားနိုင်တယ် မဟုတ်လား။

တပည့်တစ်ယောက်က အွန်လိုင်းမှာတွေ့လို့နှုတ်ဆက်လို့ နင်ဘယ်မလဲမေးမိတယ် ရန်ကုန်မှာဆိုလို့ ငါလည်းရန်ကုန်ရောက်နေတယ်လို့ ပြောလိုက်မိတော့ အခုလာခဲ့မယ် လှည်းတန်းဆိုရင် ၁ နာရီအတွင်းအရောက်ဆိုပြီး စိတ်မြန်လက်မြန်နဲ့ အွန်လိုင်းပေါ်ကဆင်းသွားလေရဲ့။ တကယ်တော့သူက တပည့်ထဲမှာ သက်တမ်းအရှည်ဆုံး တပည့်ထဲကတစ်ယောက်ပဲ ၅ နှစ်လောက် စာသင်ပေးခဲ့ဖူးတယ် နောက်ပြီးတော့ သူငယ်ချင်းရဲ့ညီမ အိမ်နာမည်ပဲသိတော့ တစ်ခါက Facebook မှာပြန်တွေ့တယ် နာမည်အရင်းနဲ့ဖြစ်နေတော့ ဘယ်သူပါလိမ့်လို့ အတော်စဉ်းစားယူရတယ်။ ၁ နာရီအတွင်းလာမယ်ပြောတယ် သို့ပေမယ့်ရောက်မလာတော့ အလုပ်ဆက်လုပ်နေမိတယ် ရုတ်တရက် ဆရာဆိုပြီး လူအများကြီးအော်ခေါ်တာ ကြားလိုက်မိတော့ လာမယ်ဆိုတဲ့တပည့်က သူတို့အတူတူစာသင်ခဲ့ကြတဲ့ တစ်ခြားလူတွေကိုပါ လိုက်ရှာပြီးခေါ်လာတာ လူအကုန်မဟုတ်ပေမယ့် အများကြီးပါပဲ။ ဘာပဲဖြစ်ဖြစ် အတော်ကိုဝမ်းသာမိတယ် ကိုယ်ကျောင်းပြီးတဲ့အချိန် သူတို့တွေက ပထမနှစ်တက်ခါစ စာသင်ပေးခဲ့တဲ့ ဆရာပေါက်စဘဝကို ပြန်ရောက်သွားသလို ခံစားမိတယ်။ ဆရာမုန့်မကျွေးတာကြာပြီ မုန့်ကျွေးပါဆိုလို့ ဆရာတပည့်တွေ စာမသင်ချင် သင်တန်းဘေးကမုန့်ဆိုင်မှာ ထိုင်ဆိုတဲ့ တစ်ချိန်တုံးက လက်သုံးစကားကို အမှတ်တရအဖြစ်နဲ့ မုန့်ဆိုင်ကို ချီတက်ကြတာပေါ့။

လှည်းတန်းနားက ကော်ဖီဆိုင်က စားပွဲထိုးကောင်လေးတွေက တစ်ရက်နှစ်ရက်အတွင်း ကိုယ့်ကိုမှတ်မိနေတယ် ဒီလူကြီးတစ်ရက်ကို လေးခါလောက်လာတယ် တစ်ခါလာတိုင်း လူတစ်အုပ်နဲ့လို့ ထင်နေမယ်ထင်တယ်။ ဆရာတပည့်တွေ တစ်ယောက်တစ်ပေါက် လက်ပံပင် ဆက်ရက်ကျဆိုလို အော်ဟစ်နေလို့ဘေးကလူတွေ အတော်စိတ်ညစ်သွားမယ်။ ပြောမနာဆိုမနာ တပည့်တွေဆိုတော့ သူတို့ကလည်း မလေးမစားရယ်လည်း မရည်မရွယ်ပါဘူး ဒါပေမယ့် ဆရာလို့သာခေါ်တာ သူငယ်ချင်းလိုဖြစ်နေတယ်။ စားပွဲထိုးကောင်လေးတွေက ပြုံးစိစိနဲ့ပေါ့ အင်္ကျီအပွကြီး ဖိနပ်ကတစ်တောင်လောက် မတော်တရော် အကြီးကြီးစီး ထီးကောက်ကြီးနဲ့ ဆံပင်ဖြူစုတ်ဖွားနဲ့လူကြီးကို ကလေးမတစ်သိုက်က ဆရာလို့လည်းခေါ်ကြတယ် သို့ပေမယ့်လည်း ရစရာမရှိအောင်လည်း ပြောနေကြတယ် ထင်ကြမယ်ထင်ပါတယ်။ ဘာတွေလုပ်နေကြသလဲ မေးကြည့်မိတော့ အားလုံးထဲမှာ သူငယ်ချင်းရဲ့ညီမ တစ်ယောက်ပဲ ပရိုဂရမ်မာလုပ်တယ် ကျန်တဲ့လူတွေက ကွန်ပျူတာနဲ့မသက်ဆိုင်ကြပါဘူး အများအားဖြင့် NGO အဖွဲ့တွေမှာ အလုပ်လုပ်နေကြတယ်။ ပရိုဂရမ်မာလုပ်တဲ့ တပည့်ကျော်က သမီးတစ်ယောက်ပဲ အဆင်းရဲဆုံးပါ ဆရာရယ်ဆိုလို့ စိတ်မကောင်းဖြစ်ရတယ်။ ငါမင်းအရွယ်တုံးက မင်းလောက်တောင် ဘဝကိုမစနိုင်သေးပါဘူးလို့ ပြောမိတော့ စိတ်ဓာတ်မကျပါဘူး အောင်မြင်တဲ့အထိလုပ်မှာပါ ဆရာလို့ပြောလာတော့ ဝမ်းသာမိပါတယ်။

ကိုယ်ကအချိန်ရပေမယ့် သူတို့လည်းအလုပ်ကိုယ်စီနဲ့ အချိန်မရကြတော့ဘူး တပည့်တစ်ယောက်က ရခိုင်ဘက်ခရီးထွက်ရမယ် သွားတော့မယ်ဆရာဆိုပြီး အရင်ဆုံးနှုတ်ဆက်ပြီး ထွက်သွားတယ်။ နောက်တော့ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြတယ် နောက်ဆုံးကျန်ခဲ့တာ ပရိုဂရမ်မာလုပ်တဲ့တပည့်ရယ် သူ့သူငယ်ချင်းရယ် သူတို့နဲ့တော့ အတော်ကြာကြာစကားပြောဖြစ်တယ် ဘာဆက်လုပ်သင့်သလဲ အခုဘာတွေလုပ်နေသလဲ ပြောပြလို့အကြံပေးနိုင်တာပေးပေါ့လေ။ သူတို့ပြန်သွားတော့ဆိုင်မှာ အတော်ကြာကြာထိုင်နေမိသေးတယ်။ လွန်ခဲ့သော လေးငါးနှစ်အတွင်းမှာ ကိုယ့်ဘဝထဲမှာ အတော်များများ ကြီးကြီးမားမား ပြောင်းလဲသွားခဲ့တယ်။ မောင်နီသင်းရေးတဲ့ အလွမ်းနာဆိုတဲ့ ကျောင်းဆရာဘဝကို ရုံးအရာရှိဘဝကနေ တမ်းတနေမိတဲ့ အက်ဆေးကိုသတိရမိတယ်။ ကိုယ်လည်းဘဝတူပါပဲ အရာရာပြောင်းလဲသွားပေမယ့် တပည့်တွေကမပြောင်းမလဲ ကျန်နေခဲ့တယ် အဲဒီ့ဘဝကိုပြန်လွမ်းမိပေမယ့် ပြန်သွားလို့လည်း မဖြစ်နိုင်မှန်းလည်း သိပြီးသားပဲမဟုတ်လား ဆရာတပည့်တွေ ခဏလောက်ပြန်ဆုံရတာကိုပဲ ဝမ်းသာလွန်းလှပါပြီ အချိန်တွေဘယ်လောက် တိုက်စားသွားပါစေ ဆရာတပည့်သံယောစဉ်တွေက ပျောက်ပျက်မသွားနိုင်ပါဘူးလေ။

ဆရာသမားနဲ့တစ်နေ့တာ
Amazon Web Services ကနေလုပ်တဲ့ Seminar ကိုသွားဖြစ်တယ် ပြောမယ့်ဟာတွေက သိပြီးသားတွေမှန်းသိပေမယ့် အသစ်များပါမလား ဘာများလက်ဆောင်ရမလဲ မသိဘူးပေါ့လေဆိုပြီး သွားလိုက်ပါတယ် မပြောခင်စောစောရောက်တော့ သဘောအကျမိဆုံးက အသားညှပ်ပေါင်မုန့်နဲ့ ကိတ်မုန့်အပုံလိုက်ကြီး မြင်လိုက်ရတာပါပဲ နားမထောင်ခင် အစားတော့ဝမှဖြစ်မယ်ဆိုပြီး အားနာနာနဲ့ ပေါင်မုန့်လေး လေးငါးဆယ်ခု ကိတ်မုန့်လေး နှစ်ခုလောက် စားမိပါသေးတယ်။

Seminar စပြီး မိနစ် ၂၀ လောက်မှာ နောက်ဆုံးကနေ လူတစ်ယောက်ဝင်လာတာ သတိထားလိုက်မိတယ် နောက်ဆုံးမှ ဝင်လာပေမယ့် ဘယ်သူမှမထိုင်တဲ့ ရှေ့ဆုံးကခုံတန်းကို သွားထိုင်ပါတယ် လူပုံကရင်းနီးလွန်းလို့ အသေအချာကြည့်မိတော့ တစ်ချိန်က ကိုယ့်ရဲ့ကျမ်းကို ကြီးကြပ်ပေးခဲ့တဲ့ ဆရာအရင်းခေါက်ခေါက် ဒေါက်တာဗီဗက် ဖြစ်နေလို့ အံ့ဩမိတယ် တကယ်တော့ Academic ကလူဟာ Industry က Seminar ကိုလာတယ်ဆိုတာ မရှိဘူးမဟုတ်ပေမယ့် နည်းပါတယ်။

Seminar ပြီးသွားတော့ ဆရာ့ကို သွားပြီးနှုတ်ဆက်ဖြစ်တယ် သူ့နောက်ကနေ ပရော်ဖက်ဆာလို့ ခေါ်လိုက်တော့ အလန့်တစ်ကြားလှည့်ကြည့်တယ် ကိုယ့်ကိုမြင်တော့ ဘာလုပ်နေသလဲ အခုဘယ်မှာအလုပ်လုပ်နေသလဲ ငါ့ကိုမင်းရဲ့ လိပ်စာကဒ်ပေး အားရင်ငါ့ဆီကိုအီးမေးပို့ပြီး အဆက်အသွယ် မပြတ်ပါစေနဲ့လို့ ဝမ်းသာအားရပြောတယ်။ ပြီးတော့ မင်းအားရင် ငါစကားပြောချင်ပါသေးတယ် စောင့်နိုင်ရင်စောင့်ပါဦးဆိုလို့ စောင့်ပါ့မယ်ဆရာ လုပ်စရာရှိတာ ပြောစရာရှိတာ ပြောလိုက်ပါဦး အားမနာပါနဲ့လို့ဆိုပြီး အားမနေရအောင် မုန့်ဗန်းတွေနားသွား ထပ်စားရင်းစောင့်နေပါတယ်။ ကိုယ့်လိုပဲ အားကျမခံလာစားတဲ့ လူတွေကို စကားစပ်ပြီး ဘာအလုပ်လုပ်သလဲ လျှောက်မေးလျှောက်ပြော။

ဆရာစကားပြောပြီးလို့ လာခေါ်တော့ ကိုယ့်တစ်ယောက်ထဲ ကျန်ပါတော့တယ်။ ဆရာတပည့်နှစ်ယောက် နေ့လည်စာအတူ မစားဖြစ်တာကြာပြီ စားကြမယ်ဆိုပြီး သွားလိုက်တာ Lau Pa Sat ကိုရောက်တယ်။ ထမင်းစားရင်း အတော်စကားပြောဖြစ်တယ် ကိုယ်လုပ်နေတဲ့ အလုပ်တွေကိုမေးတယ် ဘာတွေလုပ်လို့ရမလဲ သူ့စိတ်ထဲကအကြံဉာဏ်လည်း ပြောပြပါတယ်။ သူလုပ်ချင်တာတွေလည်း ကိုယ့်ကိုပြောပြီး ဖြစ်နိုင်မဖြစ်နိုင် အတော်လေး စကားပြောဖြစ်ကြတယ်။

ဆရာဆိုတော့ ဆရာပါပဲလို့ ပြောရမယ် ဆုံးမစရာရှိတာ အမြဲဆုံးမပါတယ် ရှေ့ဆက်ဖို့ဆို အလုပ်တစ်ခုမှ နှစ်အကြာကြီးမလုပ်ဖို့ အသေအချာမှာတယ်။ အခုလို Seminar တွေလည်း မကြာမကြာတက်ဖို့ တိုက်တွန်းတယ် Seminar လာရင်လည်း စောစောလာပြီး တွေ့တဲ့လူနဲ့စကားပြောရမယ် တတ်နိုင်သလောက် အရေးပါတဲ့လူတွေနဲ့ စကားပြောရမယ် Seminar မှာလည်း အနည်းဆုံးတော့ ကိုယ့်ကိုသတိထားမိအောင် မေးခွန်းတစ်ခုတော့ အနည်းဆုံးမေးပါလို့ သတိပေးအကြံပေးပါတယ်။ ပြောရင်းနဲ့ မင်းကိုအရင်ကတည်းက ငါအတန်တန်မှာတယ် ရှေ့ဆုံးမှာထိုင်ပါဆိုတာ မင်းအခုလည်းနောက်ဆုံးမှာ ထိုင်နေတယ်လို့ဆိုလို့ ဆရာပဲစောစောလာဆိုပြီး ဆရာကျဘာလို့ နောက်ကျနေသလဲလို့ ပြန်မေးမိလို့ နှစ်ယောက်သား ရယ်လို့မဆုံးတော့ဘူး။

ဆရာတပည့်နှစ်ယောက် စားသောက်ပြီးထွက်လာတော့ တစ်ခြားဝိုင်းက ကောင်လေး ၅ ယောက်လောက်က ဆရာ့ကိုလာနှုတ်ဆက်တယ် ဆရာ့တပည့်တွေလားလို့ မေးကြည့်တော့ ဟုတ်တယ်တဲ့ ငါသူတို့ကို အတော်လေး နှိပ်စက်ခဲ့ဖူးတယ် ဒါတောင်ငါ့ကို သံယောစဉ်မကုန်ကြဘူးဆိုပြီး ပြောရင်းရယ်နေပါတယ်။ MRT နဲ့နှစ်ယောက်သား ပြန်လာခဲ့ပြီးတော့ ကိုယ်သွားခါနီးတော့ မင်းကငါ့ရဲ့နောက်ဆုံး ကြီးကြပ်ပေးခဲ့တဲ့ တပည့်တစ်ယောက်ဖြစ်မယ်လို့ ပြောလို့လန့်သွားတယ်။ ပရော်ဖက်ဆာအလုပ်ကို ထွက်တော့မယ် ဇူလိုင်လကုန်တာနဲ့ ငါဆရာမဟုတ်တော့ဘူး Industry ကိုပြောင်းပြီလို့ပြောရင်း အဆက်အသွယ်မပြတ်ဖို့ မှာရင်းဆရာတပည့် နှစ်ယောက်လမ်းခွဲခဲ့ကြတယ်။

ဆန္ဒနဲ့ ဘဝ
စာမျက်နှာ(၁) မူလတန်းကျောင်းသား

ဆန္ဒ = ဘဝ = ကစားချိန်မှာကစားမယ် အိပ်ချိန်မှာဝင်အိပ်မယ် အပူအပင်ကင်းတဲ့ ကလေးလေးဘဝ

စာမျက်နှာ(၂) အလယ်တန်းကျောင်းသား

ဆန္ဒ = ပန်းချီဆွဲတတ်ချင်တယ် စန္ဒယားတီးတတ်ချင်တယ်

ဘဝ = စာကျက်ချိန်မှာစာကျက်ရမယ် အားတဲ့အချိန်မှာ ကစားစရာအဖော်မရှိ ဖတ်စရာစာအုပ်တွေပဲရှိတဲ့ အိမ်လေးတစ်လုံး

စာမျက်နှာ(၃) အထက်တန်းကျောင်းသား

ဆန္ဒ = အဖေ့လိုဖြစ်ချင်တယ် အနည်းဆုံး အဖေ့ထက်မညံ့ပဲ အများဆုံး အဖေ့ထက်တော်ရမယ်

ဘဝ = အဖေ့လိုဖြစ်ချင်တဲ့ ဆန္ဒကိုဖျက်သိမ်းတယ် မတူညီတဲ့ဘဝကနေလဲ မညံ့အောင်ကြိုးစားနိုင်သလို ပိုတော်အောင်လည်း နေနိုင်တာပါပဲ မကျန်တော့တဲ့ အချိန်တစ်ခုအတွင်းမှာ အဝေးကိုထွက်မသွားနိုင်တော့ဘူး

စာမျက်နှာ(၄) တက္ကသိုလ်ကျောင်းသားဘဝ

ဆန္ဒ = ရွေးချယ်လိုက်တဲ့ နယ်ပယ်တစ်ခုမှာ တန်းတူကလွဲပြီး ငါ့ထက်တော်တဲ့လူမရှိတဲ့ အခြေအနေအထိ ရောက်ရမယ်

ဘဝ = ဆန္ဒတစ်ခုအတွက် ငယ်ရွယ်အချိန်၊ လွတ်လပ်မှု့၊ ပျော်ရွှင်မှု့ အားလုံးစွန့်လွှတ်လိုက်ရတယ် ထိပ်ဆုံးတော့ မရောက်ပေမယ့် အလယ်အလတ်တော့ကျော်ခဲ့တယ်။

စာမျက်နှာ(၅) လက်ရှိဘဝ

ဆန္ဒ = ဆန္ဒတစ်ခုတည်းအတွက် အရာရာရင်းနှီးခဲ့တဲ့ အချိန်တွေကိုပြန်ရချင်တယ် ဘယ်အရာမှ မထူးချွန်ချင်တော့ဘူး ဆန္ဒတွေအများကြီးနဲ့ မျှတတဲ့ဘဝကိုပဲ ပြန်တည်ဆောက်ခွင့် ရချင်မိတယ်

ဘဝ = ပျော်ချင်ပေမယ့် ပျော်ခွင့်ရချင်မှရမယ် နေချင်ပေမယ့် သွားချင်သွားရမယ် ကံအတိုင်းပဲ အဆင်သင့်သလို ဖြတ်သန်းနေတဲ့ဘဝ

မေကျော် Tag လုပ်သဖြင့်ရေးပါသည်။

Yudansha
အိုက်ကိဒိုစာမေးပွဲဆိုတာနဲ့ ဝေးနေခဲ့တာအနည်းဆုံး ၄ နှစ်လောက်ရှိခဲ့ပါပြီ။ တကယ်တော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဖြေခဲ့ရမယ့်စာမေးပွဲပါ စစ်မယ့်ဆရာနဲ့ဖြေမယ့်လူ အကြောင်းကြောင်းကြောင့် မဖြေဖြစ်ခဲ့တော့ပဲ ရပ်တန့်ခဲ့တာ အချိန်တွေအတော် ကျော်သွားတယ် တစ်ခြားနိုင်ငံတစ်ခုကို ထွက်လာခဲ့လိုက်တယ်။ ဒါပေမယ့် အဆင့်ဆိုတာကို ခေါင်းထဲမထည့်လို့ အိုက်ကိဒိုကိုတော့ မရပ်တန့်ခဲ့ပါဘူး ဒီကြားထဲကနှစ်တွေမှာ အခက်အခဲအမျိုးမျိုးနဲ့ ရုန်းကန်ရလည်း အိုက်ကိဒိုကို မရပ်တန့်စေခဲ့ဘူး။ ဝင်ငွေမရတဲ့အလုပ်ကို အချိန်တစ်ခုပုံမှန်ပေးပြီး လုပ်ယူရတာ အချိန်ကိုငွေနဲ့တိုင်းတာတဲ့ အရပ်ဒေသမှာတော့ တကယ်ကခက်ခဲလွန်းပါတယ်။ ဒီလိုနဲ့ပဲအချိန် ၃ နှစ်လောက်လွန်လာခဲ့တယ်။

ဆရာတွေမှာလည်း အမျိုးမျိုးရှိတယ် တစ်ချိန်ကသူတို့ ဖြတ်သမ်းခဲ့တဲ့လမ်းလို မဖြစ်စေလိုတဲ့ဆရာရှိသလို ဖြစ်စေလိုတဲ့ဆရာလည်းရှိတယ်။ လက်ရှိဆရာက မင်းစာမေးပွဲဖြေဖို့စဉ်စားပါတော့လို့ အကြံပေးတယ်။ မဖြေပါရစေနဲ့တော့ စာမေးပွဲလည်း စိတ်မဝင်စားတော့သလို အဆင့်ဆိုတာလည်း ကျွန်တော့်အတွက်တော့ ဘာမှခံစားချက် မရှိတော့ပါဘူး ကျွန်တော် ဘယ်နိုင်ငံရောက်ရောက် လက်ရှိအဆင့်ထက် ဘယ်သူမှနှိမ်လို့မရနိုင်ဘူးလို့ ပြောမိတယ်။ ဆရာကလည်း ကိုယ့်အကြောင်းသိနေတော့ မလိုချင်တာငါနားလည်တယ် ငါလည်းမင်းဘယ်အဆင့်ဖြစ်ဖြစ် ငါ့တပည့်ပါပဲလို့နားလည်တယ် ဒါပေမယ့် မင်းကိုငါဖြစ်ခဲ့သလို မဖြစ်စေချင်ဘူးလို့ သူ့အကြောင်းကိုပြောပြတယ်။

ငါအိုက်ကိဒိုစပြီးကစားတော့ ၁၉၆၂ ခုနှစ်မှာစခဲ့တယ် ဒါပေမယ့် ငါဘယ်တော့မှ ငါ့ဆရာကိုစာမေးပွဲ ဖြေပါရစေလို့မပြောဖူးဘူး ဆရာကမင်းဖြေလို့ပြောတဲ့အချိန်မှသာ ဝင်ဖြေပါတယ်လို့ ဆရာကပြောပြတယ်။ ဒါပေမယ့် ငါ Yudansha ပထမဆင့်ကို ရတာက ၁၉၇၇ ခုနှစ်မှရခဲ့တယ် အဲဒီ့အချိန်မှာ တစ်ချိန်က ငါသင်ခဲ့တဲ့တပည့်တောင် ဒုတိယအဆင့် ရောက်တဲ့လူကရောက်နေပြီလို့ ပြောပြပါတယ်။ ဒီလိုနဲ့ဒုတိယအဆင့် စာမေးပွဲလည်းငါမဖြေဖြစ်ပြန်ပဲ အချိန်တွေအတော်ကြာခဲ့ပြန်တယ် ၁၉၈၇ နှစ်ရောက်မှ Fujita Shihan နဲ့တွေ့လို့ Shihan ကြီးကမနေနိုင်လို့ တတိယအဆင့်ကို ကျော်ပြီးပေးခဲ့ရတယ်လို့ပြောပြတယ်။ နောက်လည်းစာမေးပွဲကို ကရုမစိုက်ပြန်ဘူး ၂၀၀၂ ခုနှစ်မှ ပဉ္စမအဆင့်ကို ကျော်ပြီးရောက်ခဲ့ပြန်တယ်။ ၂၀၁၀ မှာတော့ ဆဋ္ဌမအဆင့်ကိုရခဲ့တယ်။

စာမေးပွဲအတွက် ငါလည်းကရုမစိုက်ခဲ့ပါဘူး အချိန်တန်လို့ ထိုက်တန်တဲ့အချိန် မရမရှိဘူးမလိုချင်လည်း ရမှာပါလို့ ငါလည်းလက်ခံခဲ့တာပါလို့ ဆရာကပြောပါတယ်။ ဒါပေမယ့် ငါ့ရဲ့တတိယအဆင့်နဲ့ ပဉ္စမအဆင့်ကြားမှာ ခံပြင်းစရာအတော်များများ ရှိခဲ့တယ်လို့ပြောပြတယ်။ ငါသင်ပေးခဲ့တဲ့ တပည့်တွေကို စတုတ္ထအဆင့်ရောက်နေပြီ အဲဒါကိုငါဘယ်လိုမှ မခံစားရပါဘူး ဒါပေမယ့် တစ်ယောက်က ပြိုင်ဘက်လိုသဘောထားလာတယ် စော်စော်ကားကား အပြုအမူတွေလုပ်လာတယ် ငါ့ကိုဘယ်သူမှ ရိုသေစရာမလိုပါဘူး ဒါပေမယ့် အလကားနေရင် စော်စော်ကားကားလုပ်ခွင့်မရှိဘူး ဒါတွေဟာခံပြင်းစရာတွေပါလို့ ပြောပြပါတယ်။ ငါ့အကြောင်းကို လူတိုင်းသိသလို သူငါ့ထက်ပိုတော်လို့ မဟုတ်မှန်းလည်း လူတိုင်းသိတယ် ဒါပေမယ့် စာရွက်ထဲကနံပါတ်က ငါ့ထက်များနေတယ်လို့ ပြောပြာပါတယ်။

မင်းကတော့ငါ့လို ဒီအလုပ်လုပ်စားမယ့်လူမဟုတ်ဘူး ဒါပေမယ့်မင်းနောက်က လူတွေအခုတော့မင်းရဲ့ ဘယ်ဘက်ဘေးမှာတန်းစီတယ် မင်းရပ်နေရင် မင်းရဲ့ညာဘက်ကိုရောက်မယ် ငါ့ဆီမှာတော့ ငါ့လိုအဖြစ်မျိုးတွေထပ်ပြီးတော့ အဖြစ်မခံသင့်ဘူး မင်းဖြေကိုဖြေရမယ် တစ်ချိန်ကမင်း ဘာလို့မဖြေခဲ့သလဲဆိုတာ ငါ့ကိုမင်းမပြောဖူးဘူး ဒါပေမယ့် ငါခန့်မှန်းလို့ရပါတယ် ဘာကိုမှစိတ်ထဲမထားနဲ့ အကုန်မေ့လိုက်ပါ ငါ့ဆီရောက်ရင် ငါ့တပည့်ပဲ ဘာတစ်ခုမှခွဲခြားမှု့မဖြစ်စေရဘူး မင်းလည်းဖြေချိန်ကို ရောက်တာမဟုတ်ဘူး အချိန်တွေကျော်နေပါပြီလို့ ပြောလာခဲ့တယ်။

ဘာတွေပြင်ဆင်ဖို့လိုမလဲစဉ်းစား လိုအပ်တာငါ့ကိုပြော လေ့ကျင့်ဖို့လူလိုရင်လည်း ငါပြောပေးမယ်ပြောတော့ ကိုယ်လည်းဖြေမယ်လို့ ဆုံးဖြတ်လိုက်တယ်။ လွန်သွားတဲ့အချိန်တွေဟာ ကျွန်တော့်အတွက်တော့ အကောင်းဆုံးပြင်ဆင်ချိန်တွေပါ ဘာမှထူးပြီးမလိုအပ်ပါဘူးလို့ ဆရာ့ကိုပြောပြီး စာမေးပွဲဝင်ဖြေတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကတော့ လိုချင်စိတ်ရှိနေခဲ့သေးတယ် အနည်းနဲ့အများ စိတ်လှုပ်ရှားမှု့ရှိနေတယ်။ အခုအချိန်မှာတော့ လိုချင်စိတ်လည်းမရှိလို့ ကျသွားမယ်လို့ စိုးရိမ်စိတ်မရှိဘူး။ ကိုယ့်ရဲ့လှုပ်ရှားမှု့ နည်းစနစ်ကိုလည်း ပူပန်မှု့မရှိဘူး ချောချောမောမောပဲ စာမေးပွဲပြီးသွားပါတယ်။

အောင်စာရင်းဟာ ထုံးစံအရ ၇ ရက်လောက်ခွာပြီးမှ ကြေငြာလေ့ရှိပါတယ် ဒါပေမယ့် Yudansha အဆင့်ဖြစ်တဲ့အတွက် အောင်လက်မှတ်ဟာ Japan Aikikai ကနေယူပေးရမှာဖြစ်လို့ ဆရာ့ဆီကနေ အောင်လက်မှတ်မှာ နာမည်ကိုဂျပန်လို ရေးရမှာဖြစ်လို့ အရင်လက်မှတ်မှာ ရေးထားတဲ့စကားလုံးအတိုင်း ရေးပြီးပြန်ပို့ပေးပါလို့ အီးမေးရောက်တဲ့အတွက် အောင်မြင်ကြောင်း ကြိုသိလိုက်ရပါတယ်။ မန္တလေးသင်တန်းက လက်ရင်းဆရာကိုလည်း ဖုန်းဆက်ပြီးတော့ အကြောင်းကြားလိုက်တယ် ဆရာလည်း တပည့်တစ်ယောက် Yudansha ရရှိကြောင်းကြားတော့ အတော်ကိုဝမ်းသာပါတယ်။ ဆရာဆိုတာထက် ဦးလေးလို အဖေလိုဖြစ်နေခဲ့တဲ့ လူတစ်ဦးပါ။ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ကိုယ့်ကိုဖြစ်စေချင်ခဲ့တဲ့လူ Yudansha မဖြစ်သွားခဲ့လို့ အတော်လေး စိတ်မကောင်းဖြစ်ခဲ့တယ်။ အခုတော့သူလည်း ဝမ်းသာနိုင်ပြီပေါ့လေ။

စာကြွင်း။ ။ Yudansha စာမေးပွဲမှာ မအားမလပ်ပဲ တစ်ဦးတည်းသော ရည်းစားရဲ့အငြိုအငြင်ကိုခံပြီး ဓာတ်ပုံလိုက်ရိုက်ပေးသော ညီငယ် ဖြိုးမော် ကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။ အားပေးတဲ့ ပရိတ်သတ်အဖြစ် လာရောက်အားပေးတဲ့ သူငယ်ချင်း ခွန်သာထက် တို့ ဇနီးမောင်နှံကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ မအားမလပ်လို့ မလာရောက်နိုင်ပေမယ့် သတိတရ စာမေးပွဲသတင်းကို မေးလာတဲ့ ကိုကိုဒီဘီ ကိုလည်း အထူးကျေးဇူးတင်ပါကြောင်း။

ခေါင်းနဲ့ပန်း
လူတစ်ယောက် သေတယ်ရှင်တယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စ မဟုတ်မှန်းသိပါတယ် ဒါပေမယ့် တစ်ခါတစ်ယံမှာတော့ လက်ခံဖို့ခက်ခဲလွန်းတယ်။ နာတာရှည်ဖြစ်နေတဲ့ လူတစ်ယောက် သေသွားနိုင်တယ်ဆိုတာ မျှော်လင့်ပြီးဖြစ်လို့မထောင်းသာပါဘူး ဒါပေမယ့် လူကောင်းတစ်ယောက် ချက်ချင်းသေမယ်ဆိုတာ ရက်ချိန်းသိတော့ စိတ်မှာအတော်လေး လက်မခံနိုင်ြဖစ်မိတယ်။ ကျောင်းအတူတက်ခဲ့ကြတယ် အစ်ကိုကြီး တစ်ယောက်လိုလည်း ဖြစ်နေတယ် အရင်တစ်ပါတ် တနင်္ဂနွေကပဲ အတူတူပျော်ပျော်ရွှင်ရွှင် လက်ဘက်ရည်သောက် မုန့်စားအတူသွားနေတယ် ဒီတနင်္ဂနွေမှာ နောက်ဆုံးအလွန်ဆုံး ၆ လပဲအသက်ရှင်မယ်လို့ ပြောင်းလဲသွားတာကို အတော်လေး လက်ခံရခက်မိတယ်။

သတင်းသိသိချင်းပဲ ဆေးရုံကိုအရောက်သွားတယ် အတူတူလိုက်လာတဲ့အစ်မ နှစ်ယောက်ကတော့ စကာ​းပြောရင်း မျက်​ရည်တွေနဲ့ပေါ့ လူမမာကတော့ စိတ်ဓာတ်ကမာပါတယ် ဒါပေမယ့် ငြင်းလို့မရတာကတော့ အတိုင်းအတာတစ်ခုအထိတော့ လျော့ကျသွားပြီပေါ့လေ အစ်ကို​ပြောတဲ့စကားကိုသာ အလိုက်အထိုက်ဖြေဖြစ်တော့တယ် ဘယ်လိုစကားနဲ့ သတင်းမေးရမလဲ စဉ်းစားလို့မရသလို ​ပြောလို့လည်းမထွက်ခဲ့ဘူး။ အားရစရာသတင်း တစ်ခုမှမရှိဘူး ကင်ဆာဆဲတွေဟာ သွေးကြောထဲမှာ ရောက်နေပြီ ထိမ်းလို့မရတော့ဘူး ဘယ်လိုပဲအသက်ကို ဆွဲဆန့်ဆန့် လပိုင်းထက်ပိုမရတော့ဘူးဆိုတော့ ဘာမှလည်းအကြံပေးစရာ မရှိသလိုဖြစ်ရတယ်။

တကယ်တော့ အိမ်ထောင်ကျသွားရင်တောင် မိဘအတွက် အလုပ်မလုပ်နိုင်မှာစိုးတယ် အဲဒါကြောင့် သူချစ်တဲ့လူရှိလျက်နဲ့ ချန်ထားခဲ့ပြီးတော့ အိမ်ထောင်မပြုတော့ဘူးဆိုတဲ့ လူမျိုးတစ်ယောက်ပါလေ ဖန်ဆင်းရှင် ဘာသာတွေအရဆိုရင် ဘုရားသခင်ဟာ မတရားဘူးပဲဆိုရမယ် ကိုယ့်ဘာသာအရတော့ ကုသိုလ်ရဲ့လက်ငင်း အကျိုးပေးဟာ နှေးကွေးလွန်းလှတယ်။ ကိုယ်လုပ်ပေးနိုင်တာ သူစိတ်ဓာတ်မကျအောင်ပဲ အားပေးနိုင်တာ အကောင်းဆုံးအကူအညီပါ ဒါပေမယ့် ပြောမထွက်ခဲ့တာကိုပဲ ကိုယ့်ကိုကိုယ် အပြစ်တင်မိတယ် တကယ်တော့ သေခြင်းတရားဟာ ဒင်္ဂါးပြားရဲ့ခေါင်းနဲ့ပန်းလိုပဲ တစ်ခါတစ်ယံမှာ ချက်ချင်းလည်း ပြောင်းလည်းသွားတတ်တာပဲ။

လိမ်တယ်ညာတယ်
မုသာဝါဒဆိုတာ အတော်ခက်တဲ့ကိစ္စပဲ လူကြီးတွေပြောတယ် လိမ်မ​ပြောရဘူး မကောင်းဘူးတဲ့ ပြီးတော့သူတို့ပဲ သားသား ဧည့်သည်လာရင် အမေမရှိဘူး ​ပြောလိုက်ဆိုတော့ အခက်သားပဲ။ လှသလားမေးရင် မလှဘူး​​ဖြေပါတယ် အဲတော့လည်း စိတ်ဆိုးကြသဗျာ လူတွေများ အတော်ခက်တယ် သူတို့မေးလို့ အရှိအတိုင်းလည်း ​ဖြေရသေးတယ်။ ငယ်တုံးကဖတ်ဖူးတဲ့ မှန်သောစကားကိုဆိုခြင်းနှင့် စပ်ဆိုင်သောပြဿနာများမှာ မလိုအပ်ရင်မ​ပြောနဲ့ရယ် မလိမ့်တစ်ပါတ်​ဖြေတာရယ်။ မလိုအပ်ရင်ဆိုတော့ လှသလား ကောင်းသလားမေးတာ မ​​ဖြေပဲနေလို့မရဘူး။ မဆိုးပါဘူးလေလို့ ​​​ဖြေလို့က ရချင်မှရမယ် မဟုတ်လား။ တောင်ဖီလာဆရာတော်​ဖြေသလို ငါ့တူမဟုတ်ဘူးလို့ ဘယ်သူပြောသလဲဆိုတာ ဆိုတာမျိုးက သူတို့ကတော့ လိမ်တာမဟုတ်ဘူးဆိုပေမယ့် တကယ်ကတော့လိမ်တာပါပဲ ပါးစပ်ကထွက်တဲ့စကားထက် စိတ်ထဲကလိမ်လိုတဲ့ ဆန္ဒကပါနေပြီပဲ။

ငယ်ကတည်းက လူကြီးတွေလိမ်သမျှ ကလေးတွေခံရတာပါ ဆယ်တန်းတုံးက မိဘတွေပြောတယ် သားရယ်ဒီတစ်နှစ်ပါ ကြိုးစားလိုက်ပါ တက္ကသိုလ်ရောက်ရင် ဒီလောက်မပင်ပန်းပါဘူး ဆိုတာကပါသေးတယ်။ အလိမ်ခံလိုက်ရတယ်လေ တက္ကသိုလ်ရောက်တော့ ပြန်စဉ်းစားလိုက်တော့ ဆယ်တန်းစာဆိုတာ ဘာမှရှိတာမှမဟုတ်ပဲ တက္ကသိုလ်ရောက်တော့ စာတွေကဖတ်လိုက်ရတာ များလွန်းလို့ ပထမဆုံးဆံပင်ဖြူပါတယ်။ ဒီလိုနဲ့ လူကြီးတွေလိမ်တာ အကြီးအကျယ်ခံခဲ့ရတယ်။ တစ်ခါသေဖူး ပျဉ်ဖိုးနားမလည်ပဲ ​ပြောရမယ်ထင်တယ် ပညာသင်စဉ်မှာ ကြင်ယာမရှာပါနဲ့ ပညာရေးထိခိုက်မယ်တဲ့ ပညာစုံရင် အလိုလိုဖြစ်လာမယ်ဆိုပဲ။ ဒီလိုနဲ့ ဟုတ်များဟုတ်မလားလို့ ကျောင်းတက်စားလိုက်တာ ၁၀ နှစ်ကြာတယ်။

အခုတော့ ဆံပင်လည်းဖြူ နဖူးလည်းပြောင်စပြုလာတယ် ပညာပဲမစုံသေးလို့လားမသိ အခုထိတော့ ဒုံရင်းအတိုင်းပဲ။ အခုတော့ လူကြီးတွေများ အရင်ကသူတို့ မ​ပြောတဲ့အတိုင်းပဲ နင့်အသက်လည်း ပြန်စဉ်းစားဦး ဒီအချိန်အထိ အိမ်ထောင်မကျသေးဘူး ဘာလုပ်နေသလဲဆိုပဲ။ တစ်ချိန်တုံးက ​ပြောခဲ့တာတွေကို အသံသွင်းမထားခဲ့တာ သက်သေခံပစ္စည်းပျောက်ပျက်သလို ဖြစ်နေတယ်။ နောင်လာနောက်သားများ လူကြီးများလိမ်ြခင်းမှ ကင်းဝေးကြပါစေလို့ပဲ ဆုတောင်းလိုက်ချင်ပါတော့တယ်။

တစ်နှစ်တိုးသွားပြန်ပေါ့
စက်တင်ဘာ ၂၂ ရက်ဆိုတာ ကျွန်တော့်ရဲ့အသက် တစ်နှစ်တိုးတဲ့ရက်ပါ တက္ကသိုလ်မရောက်ခင်အထိက မွေးနေ့ဆိုရင်အိမ်မှာပဲ အဖေနဲ့အမေက တစ်ခုခုစားဖို့စီစဉ်ပေးပါတယ်။ တက္ကသိုလ်ရောက်တော့ သူငယ်ချင်းများကို မွေးနေ့ရောက်ရင် အပြင်မှာပဲ မုန့်လိုက်ကျွေး​လေ့ရှိပါတယ် မကျွေးလို့လည်း မရပါဘူးလေ သူငယ်ချင်းတွေက မွေးနေ့တွေကို စာရင်းနဲ့မှတ်ထားတာပါ။ အဲဒီ့သူငယ်ချင်းတွေနဲ့ ၇ နှစ်လောက်အတူတူ မပျက်စတမ်း မွေးနေ့အတူလုပ်လာတာ အခုတော့မဆုံနိုင်တော့ပါဘူးလေ။ မုန့်ကျွေးတဲ့ ထုံးစံမပျက်ရအောင် အတူရှိတဲ့သူငယ်ချင်းတွေကို ပြီးခဲ့တဲ့ တနင်္ဂနွေက မုန့်ကျွေးဖို့ချိန်းရပါတယ်။

ချိန်းတဲ့လူတွေက ထုံးစံအတိုင်း ကိုဒီဘီနဲ့ ကိုသာသာတို့ ဇနီးမောင်နှံနှစ်စုံတွဲ၊ မောင်ဆောင်း၊ စေတန်၊ ပြာပြာ ဒီလူတွေကတော့ ပင်တိုင်ပါတယ်ပေါ့လေ။ ဒီတစ်ခါတော့ ညီလေးဝမ်းကွဲလေးကိုလည်း ခေါ်ပါတယ် ညီလေးလာခဲ့ဆိုတာ ကောင်မလေး ကျောင်းကြိုနဲ့တိုက်နေလို့ မလာတော့ဘူးအစ်ကိုတဲ့။ နောက်ပြီးတော့ အလုပ်ရှာရင်းရောက်နေတဲ့ ငယ်သူငယ်ချင်းတစ်ယောက်ကိုလည်း ခေါ်ရပါတယ်။ ပြာပြာကတော့ လာမယ့်နေ့မှ သွေးလှူတယ်တဲ့ မူးလဲမှာစိုးလို့ မလာတော့ဘူးဆိုလို့ အတင်းလည်း မခေါ်တော့ပါဘူး မူးလဲရင် သူ့လည်းထူနိုင်မယ့်လူ တစ်ယောက်မှမပါဘူးလေ။ ဒီလိုနဲ့ ပြာပြာတစ်ရောက်လျော့နဲ့ လူ ၈ ယောက်ပဲ အဝစားခဲ့ပါတယ်။

ဒီနှစ်ကတော့ မွေးနေ့လက်ဆောင်က အိမ်မှာလိုညီမလေး မရှိလို့ဘာမှတော့ ထွေလီကာလီ ပေးမယ့်လူမရှိပါဘူး လူကလည်းအကျင့်က သူများပေးလည်း ပြန်ပေးတတ်လေတော့ ပေးမယ့်လူမရှိတာပဲ စိတ်ချမ်းသာပါတယ်။ ထူးထူးခြားခြားကတော့ ညီမငယ်ဒီးဒီးက လက်ဆောင်တစ်ခု ပေးပါတယ် ဖြစ်ချင်တော့ အရုပ်ြဖစ်နေတယ် ကြည့်ရတာ ဒီလူကြီးသူငယ်ြပန်ရင် ဆော့ဖို့လို့ရည်ရွယ်ပုံရပါတယ်။ ဘာပဲဖြစ်ဖြစ် အမှတ်တရ ပေးတာလည်းဖြစ် ပြန်လည်းပို့လို့မလွယ်လို့ ရည်ရှည်စီမံကိန်းပေါ့လေ သားသားမီးမီးရမှပဲ ဆော့ဖို့ပေးမယ်ဆိုပြီး သိမ်းထားပါတယ်။ ရောက်နေတဲ့ သူငယ်ချင်းကတော့ သူ့သူငယ်ချင်းအကြောင်း ကောင်းကောင်းသိပါတယ် မငြင်းမယ့်ပစ္စည်းတွေ လက်ဆောင်ပေးပါတယ် ဘာတွေလဲဆိုတော့ မုန့်တွေအသီးတွေပါ အပိုအဖြစ်ကတော့ အိပ်ယာခင်းဘူးနဲ့ဝယ်လာတယ် ငါကဖျာခင်းအိပ်တယ်​ပြောလည်း နင့်​​ဖျာကတစ်သက်လုံး မစုတ်တာမဟုတ်ဘူး အဲဒါမရှိတော့ ဒီဟာသုံးလို့ရတယ်ဆိုတော့ ​ပြောမနေတော့ပါဘူး ယူထားလိုက်တယ်။

အရင်နှစ်ကလည်း သူငယ်ချင်​းတွေ Facebook မှာလာပြီးတော့ Happy Birthday ပေါ့လာ​ပြောပေးကြပါတယ် ဒါပေမယ့် မိတ်ဆွေအပေါင်းအသင်း နည်းတော့သိပ်မရှိပါဘူး ဒီနှစ်တော့ မှတ်မှတ်ရရ စံချိန်တင်ပါတယ် သူငယ်ချင်း တစ်ရာလောက် Wall မှာလာကြပါတယ် အဲဒီ့လူတွေ အကုန်လုံးက Online ပေါ်ကမိတ်ဆွေတွေ မဟုတ်ကြပါဘူး အကုန်လုံး အပြင်မှာခင်တဲ့လူတွေပါ အတော်လည်း အံ့အားသင့်မိပါတယ် ကိုယ့်ကိုခင်တဲ့ သူငယ်ချင်း တစ်ရာလောက်ရှိတယ်ဆိုတာ တစ်ခါမှမမျှော်လင့်ပါဘူး။ အရင်နှစ်ကထက် အတိုးတက်ဆုံးကတော့ လူတွေနဲ့အလိုက်အထိုက် နေတတ်သွားခဲ့ပုံရပါတယ် ဒီတစ်ခုက လွန်ခဲ့တဲ့တစ်နှစ်မှာ တိုးတက်ခဲ့တဲ့ အကြောင်းအရာတစ်ခုပေါ့လေ။ နောင်နှစ်များလည်း အခုလိုပဲဂွကျကျနေသွားဖို့တော့ စဉ်းစားထားရင်း လာရောက်နှုတ်ဆက်ကြတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ကြောင်း ​ပြောကြားလိုပါတယ်။

ငယ်ဘဝအမှတ်တရများ (၂)
ရပ်စောက်မှာခဏနေပြီး ကျောင်းဖွင့်တော့ မန္တလေးပြန်ရတယ် မကြာပါဘူးအရေးအခင်း ဖြစ်တော့ကျောင်းပြန်ပိတ်တော့ အဖေကပြန်လာခေါ်တော့ တောင်ကြီးကိုရောက်ပါတယ် အဲဒီမှာလည်း အမေကအလုပ်​ပြောင်းမရသေးတာနဲ၌ မလိုက်လာနိုင်သေးတော့ အဖေကသူ့သူငယ်ချင်း လူပျိုကြီးများနဲ့ပဲ တစ်အိမ်မှာပေါင်းနေရတယ် ရပ်စောက် ဦးဦးလူပျိုကြီးများထဲက နှစ်ယောက်လည်း တောင်ကြီးအိမ်မှာရောက်နေတော့ တစိမ်းရယ်တော့မဟုတ်ပါဘူးလေ။ နောက်ထပ် အသစ်တိုးတဲ့ ဦးဦးလူပျိုကြီးနှစ်ယောက်မှာ တစ်ယောက်ကတော့ အရက်အတော်သောက်ပါတယ် ဦးမြင့်သန်းလို့ခေါ်တယ် ကျောက်ဆူးတံဆိပ်ဘီယာ သောက်နေကျဖြစ်လို့သူ့နာမည်ကို အများကကျောက်ဆူးလို့ ခေါ်ကြပါသေးတယ်။ နောက်တစ်ယောက်က ဦးဝင်းမော်လို့ခေါ်တယ် ရပ်စောက်ကဦးဦးနှစ်ယောက်က သိပ်မကြာဘူးတစ်ခြားမှာ တာဝန်ကျသွားတော့ နောက်တော့သူတို့ နှစ်ယောက်ပဲ ကျွန်တော့်ကိုထိမ်းပါတယ်။

မနက်မိုးလင်းတာနဲ့ ထုံးစံအတိုင်း ဂျီကျတာပါပဲ ကျားခေါင်းရုံးအောက်နားလေး မင်းလမ်းဘေးက လေထိုးကျွတ်ဖာဆိုင်နဲ့ တွဲဖွင့်ထားတဲ့ ရှမ်းခေါက်ဆွဲကို စားချင်ပါတယ်​ပြောတယ် လက်ဘက်ရည်ဆိုင်က ပလာတာစားချင်တယ် အမြဲအော်ပါတယ်။ သူတို့ရုံးပြန်လာရင် တောင်ကြီးဟော်တယ်ထဲက မုန့်ဆိုင်ကနေ ပေါင်မုန့်ကို မုန့်ကြိုးလိမ်လိုလိမ်ပြီး ဖုတ်ထားတဲ့ ပေါင်မုန့်ဝယ်လာရတယ် မပါရင်တော့ အဲဒီ့ညတော့ပြဿနာရှာပြီပဲ မုန့်ကြိုးလိမ်မရလို့ အလုံးဝယ်လာရင်လည်း မစားပါဘူး။ ငယ်တုံးကတော့ အဲလိုပဲလူကြီးတွေကို အမြဲဒုက္ခပေးပါတယ် အစားလည်းအင်မတန် ရွေးပါတယ်။ နောက်ကြီးလာတော့ မရွေးလွန်းလို့ခက်တယ် အဲဒီ့ ဦးဦးတွေ ကြီးတော့ပြန်တွေ့တော့ အစုံစားတဲ့ကျွန်တော့်ကိုမြင်တော့ ဒီကောင်ငယ်ငယ်က ဒို့ကိုသက်သက် ဒုက္ခပေးတာဆိုပြီး ​ပြောလို့မဆုံးတော့ပါဘူး။

ငယ်ငယ်ကတည်းက စပ်စပ်စုစုလည်း အတော်မေးပါတယ်။ ဦးဝင်းမော်ကတော့ တစ်ခါရုပ်ရှင်ြပမယ်ဆိုပြီး ခေါ်သွားတာ အိမ်ြပန်ရောက်တဲ့အထိ မြင်သမျှမေးလိုက်တာ အိမ်နားက လမ်းသွားရင်း ဆေးလိပ်မသောက်ရဆိုတဲ့ ဆိုင်းဘုတ်ကို စက်ဘီးစီးရင်းကျတော့ရော သောက်လို့ရသလားလို့ မေးပြီးကတည်းက သူလည်းကျွန်တော့်ကို နောက်ရုပ်ရှင်ပြမခေါ်တော့ပါဘူး။ နေတဲ့အိမ်က သရဲ​​ခြောက်တယ်လို့ နာမည်ကြီးပါတယ် ဦးဝင်းမော်ကတော့ သုံးလေးခါအခြောက်ခံရတယ်​ပြောတယ် သူကအဲလိုလည်း နည်းနည်းကြောက်တတ်တယ် ဦးမြင့်သန်းကတော့ ကြောက်ပုံမပေါ်ဘူး သရဲကပဲသူ့ကြောက်လို့လားမသိ သူ့တော့သရဲကမ​ခြောက်ဘူး။ အဲဒါနဲ့ ဘုန်းကြီးဆွမ်းကပ် ပရိတ်တရားနာလုပ်တာပေါ့လေ။

နေ့လည်ပိုင်းကျတော့ ဦးဝင်းမော်က ပရိတ်သဲတွေကို အိမ်ကိုပတ်ပြီးတော့ဖြူးပါတယ် အဲဒါကိုလိုက်ပြီးကြည့်တယ် အဲဒါတွေက ဘာလုပ်တာတုံးမေးကြည့်တယ် မကောင်းဆိုးဝါးမဝင်အောင် ပရိတ်သဲဖြူးရတယ်တဲ့။ အဲဒါနဲ့ မကောင်းဆိုးဝါးက ဘယ်လိုဟာတုံးမေးတော့ သူလည်းစိတ်ရှည်လက်ရှည် ဟိုလိုဒီလိုပြောပါတယ် ခက်တာကကိုယ်ကလည်း မမြင်ဖူးတော့နားမလည်ဘူး။ အဖေကကြားသွားတော့ ကိစ္စ​အေးအောင်ဝင်​ပြောပေးတယ် မကောင်းဆိုးဝါးဆိုတာ နမူနာ​ပြောရရင် ဦးမြင့်သန်းကိုပြောတာတဲ့။ ဒါနဲ့အတော်စိတ်ဝင်စားမိတယ် ဒီသဲဖြူးထားရင် ဦးမြင့်သန်းဝင်မရဘူးပေါ့ ဘယ်လိုဖြစ်သလဲ စိတ်ဝင်စားလို့ အိမ်ပေါက်ဝကထိုင်စောင့်တာပဲ။ အဲဒါနဲ့ဦးမြင့်သန်း ဒုက္ခရောက်တာပဲ နောက်ကြီးလာမှ အဲဒီ့တုံးက အကြောင်းတွေ​ပြောပြတယ် အဲဒီ့ညက ကျွန်တော်အိပ်မှ ဦးမြင့်သန်းကို ပြန်လာခိုင်းရတယ်။ ဒါတောင်မနက်မိုးလင်းတော့ ဒီလူကြီးဘယ်လိုဝင်လာသလဲ လုပ်နေလို့​အတော်ရှင်းယူရတယ်​ပြောတယ်။

ဦးမြင့်သန်းကလည်း ကျွန်တော့်ဒဏ်ကို အတော်ခံရပါတယ် အဖေ့ထက်တော့သူက အတန်းငယ်လို့ ဂျူနီယာဖြစ်ပေမယ့် သူကအိမ်အလုပ်တွေကြောင့် ဆယ်တန်းအောင်တော့ ကျောင်းဆက်မတက်ပဲ ၃ နှစ်လောက်အလုပ်လုပ်နေလို့ ဘွဲ့ရတာနောက်ကျတာ နောက်ပြီးတော့ အမေနဲ့က ကျောင်းနေဖက်သူငယ်ချင်း ဖြစ်လေတော့ ငယ်ကတည်းက ကျွန်တော့်ကိုသူပဲ ထိမ်းတာများပါတယ်။ တကယ်ကသူက ကလေးရောလူကြီးရော တစ်ပြိုင်တည်း ထိမ်းတာပေါ့လေ။ အန်တီသီတာနဲ့ချိန်းတွေ့တိုင်း အိမ်ကအထွက်အပြကောင်းအောင် ကျွန်တော့်ကိုထိမ်းမယ်ဆိုပြီး အပြင်ထွက်တာပဲ။ အရက်သောက်တာ အလွန်အကျွံဖြစ်ရင်တော့ မကောင်းဘူးဆိုရမယ် ဦးမြင့်သန်း အသက်သိပ်မရှည်ခဲ့ဘူး အသည်းအသန်ြဖစ်တော့ ဆေးရုံမှာတစ်ခါတွေ့တယ်။ ဆုံးသွားတဲ့အချိန် ခရီးထွက်နေလို့မရောက်နိုင်ခဲ့ဘူး ဘာမှအမျိုးမတော်ပေမယ် ဦးလေးအရင်းတစ်ယောက်လိုပဲ ဖြစ်နေခဲ့လို့ ​အတော်လေး စိတ်မကောင်းဖြစ်ခဲ့ရဖူးတယ်။

ကျောင်းတော်ကြီးသို့အလွမ်း ( ၉ )
ငယ်တုံးကတော့ ကျောင်းမှာကလေးတွေ ပိုက်ဆံအတင်းကောက်ပြီး ဝါဆိုသင်္ကန်းဆိုပြီးလုပ်ရင် အလှူငွေထည့်ရတယ်ပေါ့လေ။ ပထမနှစ်ကနေ တတိယနှစ်ကအထိတော့ အီးစီတွေက လည်ဖို့ပတ်ဖို့ဆိုအင်မတန် တက်ကြွပါတယ် ဘာသာရေးအလှူကျတော့ ရှိတယ်ကိုမထင်ကြဘူး။ တကယ်တော့ အီးစီခန့်တာကလည်း တက်ကြွလို့ခန့်တာမှမဟုတ်တာပဲလေ ဆရာမတစ်ယောက်လာပြီး မြင်တဲ့လူခန့်သွားတာ ပြောမယ်ဆိုရင် သူငယ်တန်းကလိုဆို လူကောင်ထွားလို့ ခန့်ထားတယ်​ပြောရမယ်။ တတိယနှစ်အောင်တော့ ဂုဏ်ထူးတန်းကို အီးစီအားလုံးနီးနီး တက်ခွင့်မရကြပါဘူး။ ဒီတော့ ဂုဏ်ထူးတန်းမှာ လူကောင်မထွားပေမယ့် အာကျယ်ပြီး လူတစ်ကာနဲ့ စကား​ပြောတတ်တဲ့ ကျွန်တော်အပါအဝင် သူငယ်ချင်းသုံးယောက်လောက် ဘယ်သူမှမခန့်ပဲ အလိုလိုနေရင်း ခေါင်းဆောင်ြဖစ်ပါတယ်။

အလည်အပတ် ခရီးထွက်ဖို့မစီစဉ်တော့ပဲ ဝါဆိုသင်္ကန်းကပ်ကို ပထမဆုံးအနေနဲ့ စပြီးလုပ်ြဖစ်ပါတယ်။ အတန်းထဲလည်ပြီး အလှူငွေကောက် ဆရာမတွေရဲ့ ဌာနပေါင်းစုံကိုလိုက်ပြီး အလှူငွေကောက် ရုံးဌာနတွေဖြစ်တဲ့ ငွေစာရင်း စီမံ ကျောင်းသားရေးရာလည်း မချန်ပါဘူး အကုန်လိုက်ကောက်တယ် စာကြည့်တိုက်က မစန္ဒာကတော့​ပြေးမလွတ်ဘူးပေါ့။ ဘုန်းကြီးကတော့ ဒဟတ္တောရွာထဲက ဘုန်းကြီးကိုသွားပင့်ထားတယ်။ ဆွမ်းချက်တာက ကန်တင်းက စွယ်တော်ရိပ်ဆိုင်ခွဲကို ချက်ခိုင်းရတယ် ဆိုင်ကလည်းချက်ပေးရှာပါတယ် ကုသိုလ်ရေးဆိုတော့ ထမင်းသူတို့လှူတာပါ ဈေးဖိုးပေးပြီးကျန်တဲ့ အသားငါးကို အလကားချက်ပေးပါတယ်။

အကုန်ကိစ္စအေးမှပြဿနာက ဘုန်းကြီးဆွမ်းကပ်ဖို့ စားပွဲမရှိပါဘူး ကျောင်းစာသင်ခန်းက စာသင်ခုံကိုစားပွဲလုပ် ဆွမ်းကပ်လို့လည်း ခုံကခုံစောင်းဆို​တော့ ဘုန်းကြီးတွေပြဿနာတက်မှာ စိုးရိမ်ရတယ်။ ငှားစရာမရှိလို့ ဘုန်းကြီးကျောင်းကို ဘုန်းကြီးလည်းကြွပါ စားပွဲလည်းငှားပါလို့ သွားပြီးနားပူရတယ်။ အခုသယ်သွားဆိုလို့ စားပွဲကိုမောင်စိုင်းဒီနဲ့ ကျွန်တော်နဲ့ ထမ်းကြရပါတယ် ကျောင်းပေါ်အထိ နှစ်ြပလောက်အဝေးကို ကုန်းတက်လည်းဖြစ်တော့ လူတွေလည်း​အတော်လေး မျက်ဖြူဆိုက်ကြပါတယ်။ နောက်တော့ ကျောင်းသားကဒ်ကို အာမခံထားပြီးတော့ စီမံဌာနကနေ အိုးခွက်ပန်းကန်တွေ ငှားကြရတယ် ပန်းကန်ဘယ်နှစ်လုံး ဇွန်းဘယ်နှစ်ချောင်းပေါ့လေ အပ်ရင်တော့လျော်ရမယ်ဆိုတာ ထုတ်ကတည်းကသိပါတယ် အလှူဆိုတာ ဇွန်းပျောက်တာထုံးစံမဟုတ်လား။

ဆွမ်းကပ်တဲ့နေ့ကျ မနက်ငါးနာရီလောက်ကတည်းက အိမ်ကနေကျောင်းကို ဆိုင်ကယ်နဲ့လာကြရတယ် လှူဖွယ်ဝတ္ထုအစုစုလည်း သယ်လာရတယ် အသိဆိုင်ကနေ အများကောင်းမှု့အဖြစ် သင်္ကန်းငါးစုံ​ဝယ်လာတယ် ကျန်တဲ့လူတွေကလည်း သူ့အစီအစဉ်နဲ့သူ ဝယ်ချင်သပဆိုလည်း ဝယ်ခဲ့လို​ပြောထားလို့ အလှူပစ္စည်းကတော့ အတော်လေးကိုစုံပါတယ် ရေစက်ချတော့ ပါချုပ်လုပ်တဲ့ ဆရာဦးစိုးမြင့်ကို အတင်းခေါ်နာခိုင်းရတယ် ဆရာကြီးလည်း တရားနာဆိုတော့ အားနာနာနဲ့လာပါတယ်။ ဆရာကြီးကလည်း အများကောင်းမှု့ပိုသိသာအောင်ဆိုပြီး ကပ့်မယ်သင်္ကန်းတွေကို ဘူးထဲကနေထုတ်ြဖန့်ပြီး ကျောင်းသားကျောင်းသူတိုင်းကို ကိုင်ခိုင်းပြီးရေစက်ချပါတယ် သူကတော့ စေတနာနဲ့ပေါ့လေ ဘုန်းဘုန်းတွေတော့ နည်းနည်းပြဿနာတက်သွားတယ် ဖြန့်လိုက်တော့ ဆိုင်ပြန်သွင်းရ နည်းနည်းခက်သကိုးဗျ။

တရားနာပြီးတော့ အများကောင်းမှု့ဆွမ်းကျန် ကွမ်းကျန်စားကြတာပေါ့ အစကတည်းက ပိုချက်ထားတာ တစ်တန်းလုံးစားတာတောင် ဟင်းတွေကပိုနေတယ်။ အချိုပွဲတွေလည်း ဌာနပေါင်းစုံလိုက်ဝေပါတယ်။ နောက်ဆုံးစာရင်းချုပ်တော့ ဇွန်း ၅ ချောင်းနဲ့ အချိုပန်းပန်ြပား ၁ ချပ်ပျောက်တယ် ပျောက်တာက ဆရာဦးစိုးမြင့်အခန်းမှာပါ အဲဒါသူ့အခန်းတာဝန်ကျတဲ့လူက အဲဒါသူတို့ဟာနဲ့ပေငြင်းနေလို့ ကျောင်းပစ္စည်းကျောင်းဆိုပြီး ပြန်မတောင်းတော့တာ ဒါပေမယ့်စီမံက အန်တီကြီးက ကိုယ့်တွေတိုင်း ဇွန်းအကြွေးတောင်းတယ် ဘယ်တော့မှလည်း မလျော်ပါဘူးလေ ဇွန်းအကြွေးကျန်လို့ အောင်စာရင်းမထွက်လို့မှ မရှိပဲဟာ။ ပြဿနာက ဘုန်းကြီးကျောင်းက စားပွဲနောက်နေ့မှပို့မယ်ဆိုပြီး ထားခဲ့တာ နောက်နေ့လာတော့ မရှိတော့ဘူး အစောင့်တွေကတော့ သူများသွားပို့တယ်ထင်တယ်လို့​ပြောတယ် ဒါပေမယ့် လိုရမယ်ရအနေနဲ့ နောက်နှစ်တော့ တောင်​ခြေကျောင်းက ဘုန်းကြီးပြောင်းပင့်မယ်လို့ သူငယ်ချင်းနှစ်ယောက်သား တိုင်ပင်ထားတယ်။

မဟာတန်းရောက်တော့ နောက်တစ်နှစ်လည်း ဆက်လုပ်ြဖစ်ပါသေးတယ် ကိုယ့်လူနဲ့ကိုယ် တက်ညီလက်ညီပါပဲ။ နောက်တော့ ကိုယ်မရှိတော့လည်း အစဉ်အလာတော့ ဖြစ်သွားတယ်​ပြောရမယ် ဝါဆိုမှာလည်းပုံမှန်လုပ်တယ် ကထိန်လည်းဖြစ်အောင် စီစဉ်ကြတယ်။ ကျောင်းရောက်ရင် ဝင်တာနဲ့ ကထိန်သင်္ကန်းအတွက် အလှူခံပုံးကလေးတစ်ခုတွေ့တယ် ဘာပဲဖြစ်ဖြစ်ဝမ်းသာမိပါတယ် ဖြစ်သလိုနဲ့စခဲ့တဲ့ ဝါဆိုသင်္ကန်းကနေ ပုံမှန်လုပ်ြဖစ်တယ် နောက်တော့ကထိန်အတွက်ပါ ကြိုးစားလုပ်ထားကြတယ်။ တစ်ချိန်ကတက်ညီ လက်ညီလုပ်ခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း ကျောင်းပြီးတော့ တစ်ယောက်တစ်နယ်စီဖြစ်နဲ့ ပြန်မဆုံနိုင်ကြတော့ပါဘူး ဖြစ်နိုင်မယ်ဆိုရင်တော့ အရင်တစ်ချိန်ကို ခဏလောက်ြဖစ်ြဖစ် ပြန်ရောက်ချင်ပါသေးတယ် တစ်ခါတုံးက ကွန်ပျူတာတက္ကသိုလ်ရယ်။