Calm Hill » ခရီးသွားမှတ်တမ်း

ဒိုဂျိုသို့အလည်တစ်ခေါက်
မန္တလေးကိုခဏပြန်ရောက်တော့ အိုက်ကီဒိုသင်တန်းကို အရောက်မဖြစ် ရောက်ပါတယ် သွားခဲ့တာနှစ်တွေကြာခဲ့တော့ တစ်ချိန်က ကိုယ်သင်ပေးခဲ့တဲ့ သင်တန်းသားတွေကိုပဲ လက်ထောက်ဆရာတွေ ဖြစ်နေကြပြီပေါ့ တစ်ညပဲနေမှာဖြစ်လို့ မတွေ့လိုက်ရဘူး ဖြစ်မှာစိုးရိမ်လို့ ဆက်သွယ်လို့ရသမျှ သင်တန်းသားတွေကို မန္တလေးမသွားခင် အရင်ဆုံးဆက်သွယ်ရတယ်။ ညနေပိုင်းရောက်တော့ ဝတ်စုံလေးအိပ်ထဲထည့်ပြီး သင်တန်းဘက်ထွက်လာခဲ့တယ် သင်တန်းရှေ့ဆိုင်ကယ်ရပ်မိတော့ သင်တန်းထဲကနေ သင်တန်းသားတွေက ဆရာဆိုပြီးဝိုင်းနှုတ်ဆက်ကြတယ်။ မြင်ဖူးတဲ့လူရော မမြင်ဖူးတဲ့လူရော ရှိသမျှလူအကုန် ဆရာခေါ်နေကြတော့ ကိုယ်မရှိတော့ပေမယ့် အမှတ်တရရှိနေကြသေးတဲ့အတွက် အတိုင်းမသိဝမ်းသာမိတယ်။

သင်တန်းကတော့ အရင်လိုပဲမှောင်မှောင်မဲမဲ ဖုန်တစ်လုံးလုံး သဲတစ်လျှပ်လျှပ်နဲ့ပေါ့ ဒါပေမယ့် ဒီနေရာကိုပြန်ရောက်လာဖို့ မျှော်လင့်ခဲ့မိတာ နှစ်အတော်ကြာတဲ့အထိ ပြန်မရောက်နိုင်ခဲ့ဘူး ပြန်ရောက်လာတော့ အရင်လိုပဲ စိတ်အင်အားတွေ ပေးနိုင်နေတုံးပါပဲ။ အင်္ကျီလဲလိုက်ဦးမယ်ဗျဆိုတော့ သင်တန်းသားတွေက ဆရာက ကစားဦးမှာလားဆိုတော့ မကစားပဲနဲ့သင်တန်းကို ဘာလုပ်ဖို့လာခဲ့မလဲ နောက်ပြီးတော့ အင်မတန်ဝန်ကျယ်တဲ့ သင်တန်းဝတ်စုံတွေကို မိုင်ထောင်ချီ ခရီးအဝေးကြီးဘာဖြစ်လို့ သယ်ခဲ့ဦးမှာလဲလို့ မေးချင်မိတော့တယ်။ မိုးယိုနေတော့ ဗွက်တွေနဲ့ဆရာ့ အင်္ကျီပေမယ်ဆိုတော့ အရင်လည်းဒီလိုပဲ စုတ်စုတ်ပြတ်ပြတ် ကစားတာပါပဲဗျာလို့ ပြန်ပြောချင်မိတော့တယ်။ ဆရာကြီးကတော့ ရန်ကုန်သွားနေလို့ သင်တန်းမှာမရှိ ဒါပေမယ့်ကိုယ့်ကို သင်ပေးခဲ့ဖူးတဲ့ လက်ထောက်ဆရာရှိနေတယ် တွေ့လိုက်တော့ ဆရာလို့ ဝမ်းသာအားရခေါ်ပြီးတော့ အလေးပြုလိုက်မိတယ်။

ဆရာကခြေထောက် ဒဏ်ရာရထားလို့ ခင်ဗျားရောက်တာအတော်ပဲ သင်တန်းဒီနေ့အတန်းကို ခင်ဗျားကိုင်ပေးဆိုလို့ တစ်ရက်တာဝန်ယူလိုက်တယ်။ သင်တန်းသားတွေကို အားလုံးကျွမ်းထိုးကြမယ်ဆိုပြီး နမူနာထိုးပြလိုက်တော့ မိုးရွာထားလို့အခင်းတွေပေနေလို့ ကျောမှာတံဆိပ်နှိပ်ပြီးသား အမှတ်တရဖြစ်သွားတယ်။ ပြီးတော့ ဂျူနီယာတွေနဲ့ စီနီယာတွေကို တစ်ဝက်စီခွဲပြီး အခြေအနေကြည့်ပြီးတော့ သင်လို့ရမယ့်ဟာတွေ သင်ပေးခဲ့မိတယ် ကြမ်းကြမ်းတမ်းတမ်းကစားတာတွေကို နည်းစနစ်အဆင်ပြေနေရင် မပြင်ပေးမိတော့ဘူး ဖြစ်စေချင်တာက ဝုန်းကနဲပြုတ်ကျသွားမည့်အစား ငြင်ငြင်သာသာပဲ လိမ့်ထွက်သွားစေချင်ပေမယ့် တစ်ညနဲ့တော့ ပြင်မပေးနိုင်မှန်းသဘောပေါက်လို့ မပြင်ခဲ့မိတော့ဘူး။

သင်တန်းပြီးတော့ သင်တန်းသားတွေက ထမင်းကျွေးမယ်ဆရာဆိုလို့ အကင်ဆိုင်ကိုရောက်ဖြစ်တယ် စကားမပြောဖြစ်တာကြာလို့ ရှေးဟောင်းနှောင်းဖြစ်တွေပြော ရယ်လိုက်မောလိုက် လက်ဘက်ရည်ဆိုင်နဲ့ အကင်ဆိုင်ပဲကွာခြားတယ် လွန်ခဲ့တဲ့သုံးလေးနှစ်ကို ပြန်ရောက်သလိုပဲ ခံစားမိတော့တယ်။ သင်တန်းသားတွေကလည်း ကိုယ့်တော့လူငယ်လည်းဖြစ်နေတော့ သူငယ်ချင်းလိုပဲဖြစ်နေတယ် သူတို့ရဲ့သင်တန်း ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ပြောပြကြပါတယ် ကိုယ်လည်းနားထောင်ပြီး အကြံပေးနိုင်တာပေးရတယ်။ တကယ်တော့ တာဝန်တွေပိုလာတာပါ ကိုယ်တိုင်က အိုက်ကီဒိုကိုပဲလေ့လာမယ် သင်တန်းပြဿနာတွေ အဖွဲ့အစည်းအစွဲအလမ်းတွေ မထားဘူးလို့ဆုံးဖြတ်ထားပေမယ့် ကိုယ့်သင်တန်းကိစ္စတော့ ပါသင့်ပါသေးတယ်လို့ ချို့ယွင်းချက်စာရင်းမှာ ထည့်ထားပြီး ကူရှင်းပေးပါ့မယ်လို့ ကတိပေးခဲ့မိတယ်။ အချိန်တန်တော့ လူစုခွဲခဲ့ကြပြန်တယ် သင်တန်းသားတစ်ယောက်က အိမ်လိုက်ခဲ့မယ်ဆိုလို့ အိမ်ကိုခေါ်ခဲ့ပြီးတော့ ကိုယ်အနှစ်နှစ်အလလ ခိုးထားခဲ့တဲ့ အိုက်ကီဒိုဗီဒီယိုတွေကို ကူးထည့်ပေးလိုက်တယ် ကိုယ်မရှိပေမယ့် သူတို့အတွက် အထောက်အကူတစ်ခု ဖြစ်နိုင်မယ်ဆိုရင်ပဲ အတော်လေးဝမ်းသာမိမယ်ထင်ပါတယ်။

တောင်သမန်သို့တစ်ခေါက်
အလုပ်နဲ့ရန်ကုန်ပြန်သွားပေမယ့် မန်းလေးပြန်ဖို့ အစီအစဉ်မပါလာဘူး ဒါပေမယ့် အိမ်ဆိုတဲ့သံယောစဉ်ကလည်းခက်တယ် ရောက်နေတော့လည်း ပြန်ချင်မိပြန်တယ် အလုပ်တွေကိုစိတ်ချရအောင် စီစဉ်ပြီးတာနဲ့ အိမ်ကိုတော့ တစ်ညအိပ်ဆိုပြီး စနေညအိပ် တနင်္ဂနွေပြန်ဆိုပြီး ဖုတ်ပူမီးတိုက်ပြန်ခဲ့တယ်။ တစ်ညအိပ်ဆိုတော့ ဘယ်မှသိပ်မသွားနိုင်ပါဘူး ဒါပေမယ်ရောက်တုံးရောက်ခိုက် သွားမယ်လို့အားခဲထားတဲ့ နေရာတွေကတော့ရှိသပေါ့ ကျုံးနဲ့မြို့ရိုးရယ် မန္တလေးတောင်ရယ်ကို ဓာတ်ပုံရိုက်ရမယ် နောက်ပြီးတော့ တောင်သမန်ကိုခဏသွားမယ်လို့ အစကတည်းကမှန်းထားတယ် မနက်စောစော အိမ်ရောက်ခဏနားပြီးတော့ ညီတော်မောင်ရယ် သူငယ်ချင်းတစ်ယောက်ရယ်နဲ့ တောင်သမန်ဘက်ကို ထွက်လာခဲ့တယ်။ တောင်သမန်ဆိုတာ တစ်ချိန်ကတော့ ခဏခဏမဟုတ်ပေမယ့် ရောက်ဖြစ်တတ်တယ် မယ်ဇယ်ပင်အောက်ထိုင် အကြော်စားရင်း လေကန်နေကျပေါ့။ အရင်တုံးက ရွှေတစ်ချောင်းဘေးက ချိုင့်ဗလပွနဲ့လမ်းဟာ အခုတော့အတော်ကို ကောင်းလွန်းနေတယ်။ တောင်မြို့ တရုတ်ဘုံကျောင်းရှေ့က ဆိုင်ကယ်ဖြတ်တော့ ဘာမဆိုင်ညာမဆိုင် ဒီဒီဇုံတစ်ယောက်ကို သတိရမိလိုက်သေးတယ်။

ဦးပိန်ဆောက်တော့ ဦးပိန်တံတားခေါ်သတဲ့ ယိုင်နဲ့နဲ့ဆွေးနေတဲ့ တံတားပေါ် လမ်းလျှောက်ရင်း ရောက်တယ် ကင်မရာကိုင်လာတာမြင်လျက်နဲ့ ဓာတ်ပုံရိုက်ဦးမလားအစ်ကိုဆိုတဲ့ ဓာတ်ပုံဆရာတွေကို ဘယ်လိုနားလည်ရမှန်းမသိဘူး။ သုံးယောက်သား ခြစ်ခြစ်တောက်ပူနေတဲ့ နေရောင်အောက်မှာ လသာနေသလိုသဘောထားပြီး လမ်းလျှောက်လာလိုက်တာ ဇရပ်တစ်ဆောင်ရောက်တော့ ဟန်မဆောင်နိုင်တော့ဘူး ထိုင်နားရတော့တယ်။ သုံးယောက်ပုံရိုက်မယ်ဆိုပြီး Tripod ကိုထောက်လိုက်တော့ ကင်မရာတပ်လို့ရတဲ့ Tripod ထိပ်ကအပိုင်းက ဖြုတ်ထားရင်း ရန်ကုန်မှာကျန်ခဲ့မှန်းသိလိုက်ရတယ် အဲဒီ့မှာ Tripod ကိုသုံးမရပဲ ထမ်းခိုင်းရမလားဆိုပြီး ညီတော်မောင်က ပူညံပူညံလုပ်နေလို့ မင်းကအခုလာမှ သယ်ရတာပါကွာ ငါ့ဖြင့်ရန်ကုန်ကနေ မန်းလေးအထိ ဒါကြီးသယ်လာရတာပါလို့ ပြောမှငြိမ်သွားတယ် ဒီလိုနဲ့သုံးယောက်ပုံ ရိုက်မရပဲ နှစ်ယောက်စီပဲ Combination တွဲ့ပြီးရိုက်လိုက်ရတယ်။

ဇရပ်ထဲကနေ အင်းထဲမှာမော်တော်ဖြတ်သွားလည်းရိုက် ငါးမျှားနေလည်းရိုက် ငှက်တစ်စီးဖြတ်သွားတိုင်းရိုက် တစ်ယောက်တလှည့် ကင်မရာတစ်လုံးနဲ့ ရိုက်ကြပါတယ်။ စင်္ကာပူကို ပြန်ရောက်တော့ ကိုဒီဘီကရိုက်ထားတဲ့ ပုံတွေထဲကနေ သစ်ပင်ခြောက်ကိုမြင်တော့ တောင်သမန်ဆို ဒီအပင်ပါပါ့မလားလို့ စိတ်ပူနေတာဗျဆိုလို့ ဪ ဒါကမော်ဒယ်သစ်ပင်ဖြစ်မယ်လို့ တွေးမိလိုက်သေးတယ်။ ပါလာတဲ့သူငယ်ချင်းက သီလရှင်လေးတွေ ဆွမ်းဆန်ခံကြွသွားတာ မြင်လိုက်တော့ ငါတို့တစ်တွေ ဒီအတိုင်းရိုက်တာထက် ဆရာလေးတွေကို နေ့တွက်အပြတ် ဆွမ်းဆန်လှူလိုက်ပြီးတော့ တံတားပေါ် မော်ဒယ်လျှောက်ခိုင်းပြီး ဓာတ်ပုံရိုက်ရအောင် လုပ်နေလို့မလုပ်ပါနဲ့ ဆရာလေးတွေ ခေါင်းတုံးနေပူပြီး ပြဿနာတက်မယ်ဆိုပြီး မနည်းတားထားရတယ်။ ဒီလိုနဲ့ ဓာတ်ပုံတော့ ကောင်းမကောင်းမသိ လူတွေတော့ ငါးခြောက်ဖုတ်ဖြစ်ပြီး ပြန်လာခဲ့ရတယ် ဘာပဲဖြစ်ဖြစ်ပါ အိမ်ကိုခဏပြန်ပြီး တောင်သမန်ခဏသွားလိုက်ရတာ ပျော်မိပါတယ်။

တပည့်များနဲ့ခဏတာ
ရန်ကုန်ကိုအလုပ်နဲ့ ခဏရောက်ဖြစ်တော့ ဝေးဝေးမသွားနိုင်ပေမယ့် ရန်ကုန်မှာရှိတဲ့ သူငယ်ချင်းတွေ စာသင်ပေးခဲ့ဖူးတဲ့ တပည့်တွေနဲ့ ပြန်တွေ့ခွင့်ရလိုက်တာ အမြတ်ထွက်တယ်လို့ဆိုရမယ်။ တိုက်တိုက်ဆိုင်ဆိုင် ရန်ကုန်မသွားဖြစ်သေးခင် ၂ ပါတ်လောက်မှာ စာသင်ပေးဖူးတဲ့ တပည့်တစ်ယောက်က မှတ်မှတ်ရရ ရန်ကုန်ရောက်ရင် ဖုန်းဆက်ပါလို့ အီးမေးတစ်စောင်ပို့ထားတယ်။ ရန်ကုန်ရောက်ပြီး နောက်တစ်ရက်ပဲ ဖုန်းဆက်လိုက်တော့ သူတို့လည်းဘယ်လိုမှ မထင်ထားမိတော့ အတော်အံ့ဩသွားပြီး ညနေပိုင်းပဲလာခဲ့မယ်ဆရာဆိုပြီး တပည့်စုံတွဲ ရောက်လာတယ်။ တကယ်တော့ စာသင်ပေးဖူးလို့သာ တပည့်လို့ပြောရတယ် ကိုယ်နဲ့ရွယ်တူပါပဲ။ ဒီလိုပဲမုန့်စားရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြော ဝမ်းသာအားရနဲ့ပေါ့ ကိုယ့်ကိုကိုယ် လွန်ခဲ့သော ၄ နှစ်ကိုပြန်ရောက်သွားလို ခံစားလိုက်မိတယ် ပြန်ခါနီးနှုတ်ဆက်တော့ ဆရာအသက်ကြီးသွားတာ နည်းနည်းသိသာသွားပြီပြောမှ ပစ္စုပ္ပန်ကိုသတိရတော့တယ်။ ဒီလိုပဲပေါ့ အချိန်ဆိုတာ ရုပ်ဝတ္ထုတွေကို တိုက်စားသွားနိုင်တယ် မဟုတ်လား။

တပည့်တစ်ယောက်က အွန်လိုင်းမှာတွေ့လို့နှုတ်ဆက်လို့ နင်ဘယ်မလဲမေးမိတယ် ရန်ကုန်မှာဆိုလို့ ငါလည်းရန်ကုန်ရောက်နေတယ်လို့ ပြောလိုက်မိတော့ အခုလာခဲ့မယ် လှည်းတန်းဆိုရင် ၁ နာရီအတွင်းအရောက်ဆိုပြီး စိတ်မြန်လက်မြန်နဲ့ အွန်လိုင်းပေါ်ကဆင်းသွားလေရဲ့။ တကယ်တော့သူက တပည့်ထဲမှာ သက်တမ်းအရှည်ဆုံး တပည့်ထဲကတစ်ယောက်ပဲ ၅ နှစ်လောက် စာသင်ပေးခဲ့ဖူးတယ် နောက်ပြီးတော့ သူငယ်ချင်းရဲ့ညီမ အိမ်နာမည်ပဲသိတော့ တစ်ခါက Facebook မှာပြန်တွေ့တယ် နာမည်အရင်းနဲ့ဖြစ်နေတော့ ဘယ်သူပါလိမ့်လို့ အတော်စဉ်းစားယူရတယ်။ ၁ နာရီအတွင်းလာမယ်ပြောတယ် သို့ပေမယ့်ရောက်မလာတော့ အလုပ်ဆက်လုပ်နေမိတယ် ရုတ်တရက် ဆရာဆိုပြီး လူအများကြီးအော်ခေါ်တာ ကြားလိုက်မိတော့ လာမယ်ဆိုတဲ့တပည့်က သူတို့အတူတူစာသင်ခဲ့ကြတဲ့ တစ်ခြားလူတွေကိုပါ လိုက်ရှာပြီးခေါ်လာတာ လူအကုန်မဟုတ်ပေမယ့် အများကြီးပါပဲ။ ဘာပဲဖြစ်ဖြစ် အတော်ကိုဝမ်းသာမိတယ် ကိုယ်ကျောင်းပြီးတဲ့အချိန် သူတို့တွေက ပထမနှစ်တက်ခါစ စာသင်ပေးခဲ့တဲ့ ဆရာပေါက်စဘဝကို ပြန်ရောက်သွားသလို ခံစားမိတယ်။ ဆရာမုန့်မကျွေးတာကြာပြီ မုန့်ကျွေးပါဆိုလို့ ဆရာတပည့်တွေ စာမသင်ချင် သင်တန်းဘေးကမုန့်ဆိုင်မှာ ထိုင်ဆိုတဲ့ တစ်ချိန်တုံးက လက်သုံးစကားကို အမှတ်တရအဖြစ်နဲ့ မုန့်ဆိုင်ကို ချီတက်ကြတာပေါ့။

လှည်းတန်းနားက ကော်ဖီဆိုင်က စားပွဲထိုးကောင်လေးတွေက တစ်ရက်နှစ်ရက်အတွင်း ကိုယ့်ကိုမှတ်မိနေတယ် ဒီလူကြီးတစ်ရက်ကို လေးခါလောက်လာတယ် တစ်ခါလာတိုင်း လူတစ်အုပ်နဲ့လို့ ထင်နေမယ်ထင်တယ်။ ဆရာတပည့်တွေ တစ်ယောက်တစ်ပေါက် လက်ပံပင် ဆက်ရက်ကျဆိုလို အော်ဟစ်နေလို့ဘေးကလူတွေ အတော်စိတ်ညစ်သွားမယ်။ ပြောမနာဆိုမနာ တပည့်တွေဆိုတော့ သူတို့ကလည်း မလေးမစားရယ်လည်း မရည်မရွယ်ပါဘူး ဒါပေမယ့် ဆရာလို့သာခေါ်တာ သူငယ်ချင်းလိုဖြစ်နေတယ်။ စားပွဲထိုးကောင်လေးတွေက ပြုံးစိစိနဲ့ပေါ့ အင်္ကျီအပွကြီး ဖိနပ်ကတစ်တောင်လောက် မတော်တရော် အကြီးကြီးစီး ထီးကောက်ကြီးနဲ့ ဆံပင်ဖြူစုတ်ဖွားနဲ့လူကြီးကို ကလေးမတစ်သိုက်က ဆရာလို့လည်းခေါ်ကြတယ် သို့ပေမယ့်လည်း ရစရာမရှိအောင်လည်း ပြောနေကြတယ် ထင်ကြမယ်ထင်ပါတယ်။ ဘာတွေလုပ်နေကြသလဲ မေးကြည့်မိတော့ အားလုံးထဲမှာ သူငယ်ချင်းရဲ့ညီမ တစ်ယောက်ပဲ ပရိုဂရမ်မာလုပ်တယ် ကျန်တဲ့လူတွေက ကွန်ပျူတာနဲ့မသက်ဆိုင်ကြပါဘူး အများအားဖြင့် NGO အဖွဲ့တွေမှာ အလုပ်လုပ်နေကြတယ်။ ပရိုဂရမ်မာလုပ်တဲ့ တပည့်ကျော်က သမီးတစ်ယောက်ပဲ အဆင်းရဲဆုံးပါ ဆရာရယ်ဆိုလို့ စိတ်မကောင်းဖြစ်ရတယ်။ ငါမင်းအရွယ်တုံးက မင်းလောက်တောင် ဘဝကိုမစနိုင်သေးပါဘူးလို့ ပြောမိတော့ စိတ်ဓာတ်မကျပါဘူး အောင်မြင်တဲ့အထိလုပ်မှာပါ ဆရာလို့ပြောလာတော့ ဝမ်းသာမိပါတယ်။

ကိုယ်ကအချိန်ရပေမယ့် သူတို့လည်းအလုပ်ကိုယ်စီနဲ့ အချိန်မရကြတော့ဘူး တပည့်တစ်ယောက်က ရခိုင်ဘက်ခရီးထွက်ရမယ် သွားတော့မယ်ဆရာဆိုပြီး အရင်ဆုံးနှုတ်ဆက်ပြီး ထွက်သွားတယ်။ နောက်တော့ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြတယ် နောက်ဆုံးကျန်ခဲ့တာ ပရိုဂရမ်မာလုပ်တဲ့တပည့်ရယ် သူ့သူငယ်ချင်းရယ် သူတို့နဲ့တော့ အတော်ကြာကြာစကားပြောဖြစ်တယ် ဘာဆက်လုပ်သင့်သလဲ အခုဘာတွေလုပ်နေသလဲ ပြောပြလို့အကြံပေးနိုင်တာပေးပေါ့လေ။ သူတို့ပြန်သွားတော့ဆိုင်မှာ အတော်ကြာကြာထိုင်နေမိသေးတယ်။ လွန်ခဲ့သော လေးငါးနှစ်အတွင်းမှာ ကိုယ့်ဘဝထဲမှာ အတော်များများ ကြီးကြီးမားမား ပြောင်းလဲသွားခဲ့တယ်။ မောင်နီသင်းရေးတဲ့ အလွမ်းနာဆိုတဲ့ ကျောင်းဆရာဘဝကို ရုံးအရာရှိဘဝကနေ တမ်းတနေမိတဲ့ အက်ဆေးကိုသတိရမိတယ်။ ကိုယ်လည်းဘဝတူပါပဲ အရာရာပြောင်းလဲသွားပေမယ့် တပည့်တွေကမပြောင်းမလဲ ကျန်နေခဲ့တယ် အဲဒီ့ဘဝကိုပြန်လွမ်းမိပေမယ့် ပြန်သွားလို့လည်း မဖြစ်နိုင်မှန်းလည်း သိပြီးသားပဲမဟုတ်လား ဆရာတပည့်တွေ ခဏလောက်ပြန်ဆုံရတာကိုပဲ ဝမ်းသာလွန်းလှပါပြီ အချိန်တွေဘယ်လောက် တိုက်စားသွားပါစေ ဆရာတပည့်သံယောစဉ်တွေက ပျောက်ပျက်မသွားနိုင်ပါဘူးလေ။

တစ်ခွက်တစ်ဖလား
တကယ်တော့ ပြန်မယ်ဆိုတာ နှစ်အတော်ကြာခဲ့ပြီ ပြန်မယ်ဆိုတော့ မပြန်ဖြစ် အမေနဲ့ညီမရောက်နေတော့ နောက်နှစ်မှပဲ ပြန်မလားဆိုတော့ အလုပ်ကပေါ်တော့ သွားဆိုတော့ ဆိုင်းမဆင့်ဗုံမဆင့်ပဲ ရန်ကုန်ဆိုတဲ့ အရပ်ကိုရောက်ရပြန်တယ်။ ကွန်ပျူတာတစ်လုံး အဝတ်အစားအိတ်နဲ့ ရန်ကုန်မှာယောင်ချာချာပေါ့ အလုပ်လုပ်ရမယ့်နေရာ တန်းသွားလိုက်ရတယ်။ ကိုပီဇီကမေးတယ် ခင်ဗျားဘုရားသွားမလားဆိုပဲ ဘာဘုရားလဲမေးမိတယ် နောက်မှဪ ရွှေတိဂုံပြောတာပဲလို့ သဘောပေါက်တယ် အရင်ကရန်ကုန်ရောက် သို့သော်လည်း ဘယ်တုံးကမှ ဘုရားမရောက်ခဲ့။ ဓာတ်ပုံရိုက်မယ်ဆိုပြီး ရိုက်တတ်တာ မရိုက်တတ်တာ လူမသိဘူးလေ ကင်မရာအိတ်လည်း လူမြင်ကောင်းအောင် ဆွဲထွက်ခဲ့တယ်။ ဘုရားပေါ်ရောက်တော့ တောင်ကြည့်မြောက်ကြည့် ဟိုရိုက်ဒီရိုက်ပေါ့ ကြာသာပတေးဒေါင့်ရောက်တော့ ဘုရားကိုရေလုလောင်းနေတာ မြင်မိလို့ ဓာတ်ပုံရိုက်မယ်ဆိုအသွား အစောင့်တစ်ယောက်က တစ်ခွက်တစ်ဖလားမော့နေတာ မြင်မိလို့ဓာတ်ပုံနဲ့တကွ လက်ပူးလက်ကြပ်ဖမ်းရိုက်ခဲ့တယ်။

ဖန်တီးယူခြင်းနှင့် သဘာဝလက်ဆောင်
ရုက္ခဗေဒဥယျာဥ်ဆိုတာကို သွားကြမယ်ဆိုပြီး အဖော်ညှိတော့ သိပ်သဘောကျတာပေါ့ တစ်သက်လုံး တောထဲနေလာတာ သစ်ပင်ဆိုတာ သိပ်သဘောကျတာပဲ။ ရုက္ခဗေဒဥယျာဥ်ဆိုတော့ ကိုယ့်ကလည်းမြင်မိတာက ငယ်ငယ်ကတည်းက အသားကျနေတဲ့ ဧကအများကြီးနဲ့ သစ်တောကြီးတွေ လေ့လာစရာအပင်ပေါင်းစုံနဲ့ အရိပ်အာဝါသရယ် မျက်စေ့ထဲပြေးမြင်မိတယ်။ နေပူနေသလား အရိပ်မရှိပဲနေပူထဲမှာတောင် အေးမြနေတဲ့ရာသီဥတုကို သတိရမိတယ်။ စင်ကာပူက ရုက္ခဗေဒဥယျာဥ်ဆိုတာကို ဝင်ဝင်ချင်းပဲ ဆောက်နဲ့ထွင်းဆိုသလို ထီးမပာလာလို့ နောင်တရချင်သလိုလို ဖြစ်လာတယ်။

ပထမဝင်ဝင်ချင်း အင်မတန်ဆွဲဆောင်မှု့ရှိတဲ့အပင်ကို စပြီးတွေ့ပါတယ် ဘာပင်လဲဆိုတော့ တရုတ်စကားအဖြူရယ် အဝါရယ် ပွင့်နေပါတယ် အပင်လည်းကျို့တို့ကြဲတဲ။ တော်သေးတာပေါ့ အဝါလေးပါနေလို့ မဟုတ်ရင်တော့ စစ်ကိုင်းတောင်က အပင်တန်းမှာအပွင့် ကောက်ပြီးပြုတ် ပြီးတော့သုတ်စားတာပဲမြင်မိတယ်။ စင်ကာပူသူများကတော့ လှလိုက်တာဆိုပြီး အလှည့်ကျဓာတ်ပုံရိုက်နေလေရဲ့။ မေမြို့က ရုက္ခဗေဒဥယျာဥ်ကိုဝင်လိုက်ရင် မြင်ရတဲ့ သက်တမ်းရာချီတဲ့ ထင်းရှူးပဒေသာပင်ကြီးတွေကို သိပ်သဘောကျတာပဲ အဲဒီလိုဆွဲဆောင်မှု့မျိုးတော့ လုံးဝမရှိပါဘူးလေ။

ဝင်သွားလိုက်တော့ ရေကန်ထဲမှာ ငန်းအဖြူလေးတွေရေကူးနေလေရဲ့ အဝေးကနေမြင်မိတော့ ကဗျာဆန်ဆန်ပေါ့ ကန်ဘေးမှာလည်း ညောင်မုတ်ဆိတ်ပင်ကြီးနဲ့ဗျ။ အနားရောက်တော့မှ ရေကလည်း ဘယ်လိုများဖြစ်တယ်မသိဘူး နောက်ကျိနေတယ် ကြည်နူးမိတာတောင် ဘယ်ရောက်မှန်းမသိဘူး ကန်ဘေးမှာ ဓာတ်ပုံဆရာများက ရှားပါးအပင်ဆိုပြီး ပြောင်းတိုပြောင်းရှည်များနဲ့ ဒေါက်ထောက်ပြီး ရိုက်နေကြသဗျာ ဒါနဲ့စပ်စုမိတော့ ဗုဒ္ဓသာသနံပင်တွေပါဗျာ တော်ပါကွယ်ဆိုပြီး ဆယ်ပြားစိလောက်ရှိတဲ့ ရေကန်ကို အမြန်ပတ်လောက်ရတယ်။ ကျွန်တော်ကြီးဘေးက ပန်းခင်းရယ် မြက်ခင်းတွေရယ် ကြည်နေတဲ့ရေတွေရယ်ပဲ သတိရမိတယ်။ အဲဒီ့ကန်ဘေးမှာပဲ ရောက်တိုင်းဓာတ်ပုံရိုက်တယ်။ အခုတော့ရိုက်မယ်ဆိုတာတောင် တော်ပါဗျာ မင်မိုရီနေရာတစ်နေရာကုန်ပါတယ်ဆိုပြီး ကန့်ကွက်ရတယ်။ ငန်းလေးတွေကတော့အခုရှိတယ် ဒါပေမယ့် နိုင်ငံခြားဖြစ်ပေါ့လေ အနက်ရောင်လေးတွေ။ ဒါပေမယ့် ကချင်ပြည်နယ်ကနေရောက်နေတဲ့ သားမင်းတွေပဲ ပိုစိတ်ဝင်စားတယ် ဘယ်နိုင်ငံမှာမှ တွေ့ဖို့မလွယ်ဘူးလေ။

ကန်ဘေးကနေ ကပ်လျောက်လာတော့ သူများတွေဓာတ်ပုံရိုက်တော့ ဒို့လည်းခေတ်မှီအောင်ဆိုပြီး ဓာတ်ပုံတော့ရိုက်မယ်ဆိုပြီး အပင်ရှာတာ မတွေ့လို့တွေ့တာရိုက်ခဲ့တာ စိန်ပန်းကလေး အနီနဲ့အဝါပုံရခဲ့ပါတယ်။ မမြင်ဖူးတာကြာတော့ မေ့သွားမလားဆိုပြီး ကျေးဇူးတင်ရမလိုပဲ ယူဆလိုက်တယ်။ အင်မတန် ကြည်နူးဖွယ်ရေပြင်ကတော့ ဘယ်လိုဖျောက်ရမယ် စဥ်းစားမရသေးဘူး။ အီကွေတာမှာပဲ ပေါက်တဲ့အမြဲစိမ်းအပင်တွေ တွေ့ပါတယ်စိတ်ဝင်တစ်စားနဲ့ကြည့်လိုက်တာ တောထဲက ကွန်ကရစ်လမ်းနဲ့သဘာဝအပင်တော့ ဘယ်လိုမှခံစားလို့မရဘူး။ အင်မတန်ထွားကျိုင်းစွာသီးနေတဲ့ ငှက်ပျောခိုင်လေးတော့ သဘောကျမိတယ်

ဆောင်းချမ်းမိုးတောင် ထမ်းနိုင်မယ်သိပ်မထင်မိဘူး။

နောက်တော့ ပူပါတယ်ဆိုမှ အမောပြေစရာ ကန္တာရအပင်များကိုတွေ့ရတယ် စိုက်ထားတာကလည်း ကျောက်တုံးတွေသဲတွေနဲ့ ကန္တာရပုံစံပဲ။ မမြင်ဖူးတဲ့အပင်တွေတော့စိုက်ထားတာ မြင်ရတယ်လေ ဘာတွေလဲဆိုတော့ တစောင်းလက်ပတ်တွေဗျ။ ကန္တာရဆူးတွေလဲတွေ့တယ်။ ကိုယ်သိတာကတော့ အဲဒီ့အပင်တွေ အိမ်ထဲအမှိုက်ရှုပ်လို့ မြက်ရှင်းရင်အကုန်ခုတ်တာပဲသိတယ်။ သိပ်သဘောကျတဲ့ အပင်တော့တွေ့တယ် မရိုးပင် နှစ်ပင်လောက်မြင်တယ်ဗျ။ နွားနို့ခဲကလည်း မစားရတာကြာပြီလေ နောက်ဆိုနွားနို့ခဲချင်ရင် ရုက္ခဗေဒသွားပြီး မရိုးပင်ကနေ နှစ်ချောင်းသုံးချောင်းချိုးရမယ်။ အပေါ်တက်လိုက်တော့ ဗမာလူမျိုးကြိုက်တဲ့ သနပ်ခားပန်းန့ရတယ်ဗျာ ဒီတစ်ခါတော့ တစ်ကယ့်ကို သဘောကျမိပါတယ် သနပ်ခါးပန်းတွေပွင့်နေပါရောလား။ ဒါနဲ့ ဓာတ်ပုံတောင်ရိုက်ခဲ့သေးတယ်။ မေမြို့က ဂဝံကျောက်တွေနဲ့ လုပ်ထားတဲ့ ကျောက်တုံးဥယျာဥ်ကိုသွားမြင်မိတယ် လူကလည်းခေါင်းမာတတ်လို့လားမသိဘူး အဲဒါကိုအစကတည်းက သဘောမကျဘူး မူလကမရှိဘူး လူလုပ်ယူထားတာသိပ်များလို့ စင်ကာပူကလူလုပ်တဲ့ ကျောက်တုံးကန္တာရနဲ့ ခံစားချက်မကွာဘူး ခံစားလို့ကိုမရဘူး။

ဂျင်းဥယျာဥ်တဲ့ စိတ်ဝင်စားလိုက်တာပေါ့ ဂျင်းတွေကိုဘယ်လိုများ စိတ်ဝင်စားအောင်ပြမလဲပေါ့လေ။ ကြည့်လိုက်တော့ ဂျင်းပင်လေးတွေ လမ်းဘေးစိုက်ထားတယ် သူကတော့မျိုးကွဲတယ်ပြောတာပဲ မြင်တာတော့အတူတူပဲ NTUC ကနေ ဂျင်းကိုဝယ်ပြီး သဲထဲထည့်ထား အပင်ပေါက်မှလာစိုက်ထားသလားတောင်ထင်မိတယ်။ ရှင်းပြထားတာဖတ်တော့ ငှက်ပျောပင်လည်း ဂျင်းမျိုးစိတ်မှာပါတယ်တဲ့ ဒါလည်းဟုတ်တယ်လေ ဓာတ်ပုံမှာတောင် ငှက်ပျောဖူးနီနီလေးကို ဓာတ်ပုံရိုက်ပြထားတယ်။ ဆောင်းချမ်းမိုးကတော့ မှတ်သားစရာစကားပြောပါတယ် ငှက်ပျောဖူးကို ကြည့်ပြီးတော့ သြော်.. နဂါးမောက်သီးဆိုတာလည်း ဂျင်းမျိုးထဲပါတာပဲတဲ့။ ငှက်ပျောဖူးနဲ့ နဂါးမောက်သီး ဘယ်လိုမှားသလဲနောက်မှ သူ့ကိုအသေအချာမေးဦးမယ်။ မှန်းချက်နဲ့နှမ်းထွက်မကိုက်သလိုပဲ အမေအိမ်နောက်ဖေး သဲဘန်းထဲမြုပ်ထားတဲ့ ဂျင်းအခင်းကမှ သူ့ထက်ကြီးမယ်ထင်တယ်။

သစ်ခွဥယျာဥ်တဲ့ ဝင်ရင် ၅ ဒေါ်လာပေးရမယ်ဆိုပဲ ဒီတစ်ခါတော့ နပ်သွားပြီလေ စင်္ကာပူမှာ ဒို့မမြင်ဖူးတဲ့သစ်ခွ ဘယ်ရှိလိမ့်မလဲ ၅ ဒေါ်လာပေးပြီး အထဲရောက်မှ ဗင်ဒါတွေ မြေကြီးစိုက်ပြပြီး ကြည့်ပြန်ရရင်မကိုက်သေးဘူး ဒီကောင်တွေ သဇင်တောင် ကောင်းကောင်းမြင်ဖူးမယ့် လူတွေမှမဟုတ်တာပဲဆိုပြီး တစ်ညီတစ်ညွတ်တည်းငြင်းကြတယ် မဝင်တော့ဘူးဆိုပြီတော့လေ။ မေမြို့က ရုက္ခဗေဒမှာတော့ အရင်ကသစ်ခွသက်သက် ပြတာမရှိဘူး အခုတော့သစ်ခွသက်သက်သီးသန့်ထားတယ် မတော်မတည့်ထပ်ဆောက်တာတွေ မမြင်မတည့်ပေမယ့် အဲဒါကိုတော့သဘောကျ

တယ် ဗမာပြည်ဟာသစ်ခွ အမျိုးအစားအများဆုံး တွေ့နိုင်တဲ့နိုင်ငံပဲ ထိမ်းသိမ်းသင့်တယ် သစ်ခွနက်ဟာဗမာပြည်မှာပဲရှိတယ် တွေ့ခဲ့တုန်းကမျိုးကို အခုထိဆက်ပြီး မျိုးပွားထားသလား အဆက်အစပ်ပြတ်သွားလို့ မသိတော့ဘူး။

နောက်ထပ်ဆက်သွားတော့ Palm Ville တဲ့ မြက်ခင်းဘေးမှာပေါက်နေတဲ့ Palm မျိုးနွယ်အပင်တွေပါ ရုက္ခဗေဒနာမည်ဆိုတော့ ထူးဆန်းကောင်းထူးဆန်းမယ် တစ်ကယ်ကတော့ ထန်းပင်လို အပင်တွေပါ ပင်စည်အမာရယ် အပေါ်မှာပဲအရွက်ရှိတဲ့ ပေပင်ထန်းပင်မျိုးမှန်သမျကို Palm ခေါ်တာပဲ။ ပေပင်၊ ကွမ်းပင် လေးတွေ ကြို့တို့ကြဲတဲမှာ လူတွေကလည်း နေပူလို့ဒေါင်းနေပြီကိုး ပေပင်တစ်ပင်အောက်က အရိပ်မြက်ခင်းမှာ ထိုင်ပြီးအမောဖြေရတယ်။ ပေပင်အရိပ်ဆိုတော့ စဥ်းစားသာကြည့်ပါ ဆန်ပြာတဲ့ဘန်း သာသာလောက်ပဲ ရှိမယ်ထင်တယ်။ ဘင်္ဂလားကုလားရယ် ဖိလစ်ပိုင်အမျိုးသမီးရယ်ကတော့ မျက်စိထဲမှာ ကန့်လန့်ဖြစ်နေတယ်။ စင်ကာပူသူရယ် စင်ကာပူသားရယ်ကတော့ လသာနေသလားထင်ရတယ် နေပူထဲဘောလုံးကန်နေတယ်။ ဆက်သွားလည်း ဘယ်လိုမှ ဆွဲဆောင်မှု့ရှိတဲ့ နေရာရှိမယ်လို့ မမျော်လင့်တော့လို့ လှည့်ပြန်လာခဲ့တယ်။

အပြန်မှာတော့ အီကွေတာအမြဲစိမ်းတောကို တွေ့ရပါတယ် တစ်ကယ်တော့ သူတို့သဘာဝဖြစ်တဲ့ အီကွေတာတောကအပင်တွေကိုပဲ အကောင်းဆုံးပြသင့်တယ် ဒါမှသာ သူတို့ကိုယ်ပိုင်ဟန်ရှိတဲ့ သဘာဝတောနဲ့ ရုက္ခဗေဒဥယျာဥ်ဖြစ်လာမှာပဲ။ မေမြို့ရုက္ခဗေဒနောက်ထဲက ထင်းရှူးတောဟာ သဘာဝအတိုင်းပဲ တော်တော်ကိုကြီးပါတယ် ဒါပေမယ့် အခုနောက်ပိုင်းဆောက်ထားတဲ့ သစ်သားတံတားဆိုတာကတော့ မျက်စေထဲမတည့်လှဘူး တောပျက်တာအဖတ်တင်တယ်လို့ယူဆတယ် သဘာဝအတိုင်းထားရမှာကို လမ်းလျောက်စရာမရှိလို့ ကွေ့ကောက်လုပ်ထားရတဲ့ စင်ကာပူက ကနိုပီဝေါ့ လိုလုပ်ထားတာတော့ သဘာဝမကျဘူး။ အပင်ပျက်တယ် သဘာဝတောလမ်းလုပ်ပေးပြီး လမ်းလျောက်စရာလုပ်ပေးတာကမှ ထင်းရှူးတောသဘာဝကို မြင်ခွင့်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ်ပါလေ ရုပ်ဝတ္ထုကိုသာ ဖန်တီးယူလို့ရမယ် သဘာဝကိုတော့ ဘယ်လိုဖန်တီးဖန်တီး မသင့်လျော်တာတော့ ဘယ်လိုမှဖြစ်မလာနိုင်တာ အမှန်ပဲဆိုတာ ငြင်းစရာမရှိပါဘူးလေ။

ဓာတ်ပုံမှတ်တမ်းနှင့် စိတ္တဇအတွေးများ
ဓာတ်ပုံကိုကြည့်၍ ပုပ္ပားရောက်သလား ဖိုးဝင်းတောင်ရောက်သလား မတွေးလိုက်ပါနှင့် စင်္ကာပူကွန်းပေါ်မှ အမြင့်ဆုံးဆိုတော့ တောင်ပုတုကလေးပေါ် အတက် တောင်ခြေတွင် မျောက်တစ်အုပ် သောင်းကျန်း နေခြင်းဖြစ်ပါသည်။ စင်္ကာပူမှ မျောက်များမှာ သနားစရာကောင်းလှသည် မျောက်ဖြစ်ပင်ငြားသော်လည်း တက်စရာသစ်ပင် ရှားပါးသောကြောင့် တစ်ခါတစ်ရံ အလေ့အကျင့် မပျက်စေရန် ဓာတ်တိုင်ကို သစ်ပင် အမှတ်ဖြင့် အတက်ကျင့်ရပုံရ၏။

လူတိုင်းတွင် ဝါသနာတစ်ခုစီ ရှိကြသည် အထက်ပါပုံတွင်ပါဝင်သော လူကြီး၏ ဝါသနာကို အခုပုံကိုကြည့်ခြင်းအားဖြင့် ဖော်ပြန်ရန်မလိုဟု ယူဆမိပါသည်။ ငယ်ငယ်ကတည်းက ကြည့်ဖူးသမျသော ရုပ်ရှင်များထဲတွင် အရက်သမားများ သောက်ချိန်မသောက်ရပါက လက်များတုန်လာတတ်သည်။ အဆိုပါလူကြီး ရိုက်လာခဲ့သော ဓာတ်ပုံများကား သုံးပိဿာခန့်လေးသော ကင်မရာကြီးဖြင့် ရိုက်လာပါသော်လည်း ဝါးတားတား ပုံများသာထွက် လာခဲ့ပါသည်။ အဘယ့်ကြောင့် လက်တုန်ရကြောင်းကို အနှီဓာတ်ပုံပါ လူကြီးကိုသာ မေးရန်ရှိတော့၏။

ယုံထင်ကြောင်ထင် ဆိုသောစကားရှိ၏။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသော စကားလည်းရှိ၏။ အားကစားဝတ်စုံကို တစ်နှစ်နေမှ တစ်ခါလောက်သာ ထုတ်ဝတ်ပါသည် ဆိုပါသော ဓာတ်ပုံပါလူကား ကင်မရာကိုပဲ လှမ်းကြည့်ကာ ရယ်ပြလေသလား နောက်မှပါလာသော အမေပြောသော အမောပြေကလေးအား လှည်ကြည့်ရန် ဓာတ်ပုံဆရာကျွန်တော့််ကို ခုတုံးလုပ်ခဲ့လေသလားမသိ။

ဗမာလူမျိုးများမှာ တစ်ခါတစ်ယံ အလွန်အယူသည်းကြသည်။ အိမ်ခေါင်ပေါ် ခွေးတက်လျင် လူသေတတ်သည်ဟု အယူရှိသည်။ သို့သော် အိမ်ခေါင်ပေါ် ခွေးတက်သည်ကို သတင်းစာထဲတွင် လည်းပါတတ်သည်။ ခွေးသာမက လူပါအိမ်ခေါင်ပေါ် ရောက်နေသည် အဘယုံကြောင့်ဆိုသော် ရေကြီးနေသောကြောင့် ဖြစ်၏။ အိမ်ပေါ်ဖွတ်တက်လျင် စီးပွားကျတတ်သည်ဟု ယူဆကြသည်။ သို့သော် ကာကွယ်ရန်နည်းလည်းရှိ၏ တက်လာသော ဖွတ်ကို ရိုက်သတ်ပြီး ချက်စားပါက အင်မတန် စီးပွားတက်သည်ဟု ဆိုကြပြန်သည်။ တောထဲတွင်တက်နေသော ဖွတ်ကိုရိုက်သတ်လျင်ကား အဘယ်သို့သော ဥပဒေရှိမည် မသိသောကြောင့် ယတြာကြေအဖြစ် တုတ်ဖြင့် မရိုက်တော့ပဲ ကင်မရာဖြင့်သာ ရိုက်ခဲ့၏။

ဇာတ်တော်ထဲတွင်ပါသော ဘီလူးဆိုသည်ကို အပြင်တွင် မည်သို့မည်ပုံရှိမည်ကို မမြင်ဖူးပါ။ ပေါက်ပေါက်ရှာရှာ ရေးထားသော ဆောင်းပါးတစ်ပုဒ်တော့ ဖတ်ဖူးသည်။ အဆိုပါဆောင်းပါတွင် ရေးသားထားသည်မှာ ပုပ္ပားတောင်ကို အခြေခံ၏။  “ဖီး” ဆိုသော စကားလုံးသည် ကြီးမားပြည့်ဖြိုး သည်ဟု အဓိပ္ပာယ်ရ၏။ ပုပ္ပားသူအညာသူတို့မှာ ရန်ကုန်သူများကဲ့သို့ အားနွဲ့သူ မိန်းမသားဟူသော စကားလုံးကို သုံးလေ့မရှိကြပါ။ ပိန်ပိန်ညောင်ညောင် မဟုတ်ကြပါ တုတ်တုတ်ခိုင်ခိုင်နှင့် အားကောင်းမောင်းသန်များ ဖြစ်ကြ၏။ သို့ဖြစ်၍ ရှေးအခါက ပုပ္ပားသူတို့ကား ယခုခေတ်ထက် ပိုမိုကာ လူကောင်ကြီး၍ အားကောင်းမောင်းသန် ဖြစ်ဖွယ်ရှိ၏။ ထိုသူများကို “လူကြီးကြီး” “ဖီးလူ” ဟုခေါ်သည်ဟုဆို၏။ ထိုမှရှေ့လျောကာ “ဘီလူး” ဖြစ်လာသည်ဟု ပြော၏။ ဆ

ချင်းတွင်းအထက်သို့ ဆန်တက်ခြင်း …. (၄) မောက်ကတော် – မင်းကင်း
မင်းကင်းအထိဆက်ထွက်မှ အိပ်စရာနေရာရှိမှာဆိုတော့ မောက်ကတော်ကနေ တက်သုတ်ရိုက်ပြီးထွက်ခဲ့ရပါတယ်။ ဒါနဲ့ကျွန်တော်လည်း မောက်ကတော်ရွာမှာ ကြာကြာဖွန်မကြောင်နိုင်လိုက်ပါဘူး။ ဒါတောင်မင်းကင်းကို ညပိုင်း ၆ နာရီလောက်မှ ရောက်မယ်လို့ ခန့်မှန်းရပါတယ်။ ညပိုင်းဆိုရင်တော့ မော်တော်ကမောင်းလို့မရတော့ပါဘူး။ တော်တော်လေးမိုးချုပ်မယ်ဆိုရင်တော့ မော်တော်ကို ကမ်းကပ်ပြီးတော့ မော်တော်ပေါ်မှာပဲ အိပ်ရမယ်ဆိုပြီးအစီအစဥ်လဲ ဆွဲထားလိုက်ရပါတယ်။ ညနေပိုင်း ၄ နာရီလောက်ရောက်တော့ ဝက်သိုက်ဆိုတဲ့နာမည်ကြီး ဝဲ ကိုရောက်လာပါတယ်။ ဒါပေမယ့် ဆောင်းတွင်းဆိုတော့ ရေကြောင်းမကောင်းတော့ ဝဲ ဆိုတာကို ပြောလို့သာသိရပါတယ် ဘာမှအန္တရာယ်မရှိပါဘူး။ ဒါပေမယ့် မိုးတွင်းဆိုရင်တော့ တော်တော်လေးကြောက်စရာကောင်းပါတယ်။ ဝဲရဲ့ဘေးနားမှာ မြစ်လည် ကျောက်ဆောင်ကြီးတစ်ခု ရှိပါတယ် ဝဲအရှိန်ကို မထိမ်းနိုင်ရင် အဲ့သည့်ကျောက်ဆောင်နဲ့ တိုက်မိပြီး မော်တော်တွေပျက်တတ်ပါတယ် သစ်ဖောင်ဝါးဖောင်တွေတောင် တိုက်ပြီးဖောင် ပျက်တတ်ပါတယ်။

ကင်းရွာကနေ ပါလာတဲ့လူတစ်ယောက်ပြောပြတာ တစ်ခါလည်း ဝါးဖောင်ကြီး ရ ဆိုင်းတွဲကြီးနဲ့ ဝဲကိုဖြတ်တာ နောက်ဆုံး အတွဲကကြိုးပြတ်သွားပြီး ဝဲထဲပါပြီးလည်နေပါရောတဲ့ ဖြစ်ချင်တော့ အဲ့သည့်နောက်ဆုံးဖောင်ပေါ်မှာက ဗိုက်ကြီးသည် ကိုယ်ဝန်ဆောင်ကြီးပါတယ် သူကလည်း ရေထဲခုန်မချရဲ ဖောင်ကြီးကလည်းလည်ပြီး ကျောက်ဆောင်ကြီးဆီလည်ထွက်အသွား ကံကောင်းချင်တော့ ကျောက်ဆောင်နဲ့ နည်းနည်းပဲ ပွတ်မိပြီး ဝဲထဲကနေ ပြန်ထွက်လာသတဲ့။ အဲသည်တော့မှ ဘေးနေ မော်တော်တွေနဲ့လိုက်ပြီး ဖောင်ကိုပြန်ထိမ်း ဂွဲသတ်ပြီးတော့ ကမ်းကိုမနည်းကပ်ယူ လိုက်ရတယ်တဲ့။ ဖောင်ပေါ်က မိန်းမကြီးကတော့ ကံကောင်းစွာနဲ့ ဘာမှမဖြစ်ဘူး။ သူတို့ပြောပြတာက ချင်းတွင်းတစ်ကြောမှာ နာမည်ကြီး ဝဲ သုံးခုရှိတယ်တဲ့ ” အထက်မှာပေ အောက်မှာရှေ အလယ်ဝက်သိုက် မျက်ဖြူဆိုက် ” လို့မှတ်တယ်လို့ ပြောပါတယ်။ အထက်မှာပေ ဆိုတာကတော့ ချင်းတွင်း အပေါ်ဘက်ဆုံးမှာ ပေ ဆိုတဲ့ဝဲကိုခေါ်တာပါ။ အောက်မှာရှေဆိုတာက မ့်ရွာအထက် ရှေစာရေး ရွာနားလေးက ဝဲကိုခေါ်တာပါ။ ဝက်သိုက်ဆိုတာကတော့ မင်းကင်းအောက်ပိုင်းနားက ဝက်သိုက်ဝဲကိုပြောတာပါ။ မိုးတွင်းဆိုရင်တော့ မြစ်ကြောင်းသွား သင်္ဘောကြီးတွေကလွဲရင် မော်တော်တွေ စက်လှေတွေအတွက်ကတော့ အဲသည့်ဝဲတွေက အန္တရာယ်များလှပါတယ်။

မင်းကင်းကိုတော့ ညပိုင်း ၆ နာရီခွဲလောက်မှပဲ ရောက်ပါတယ်။ မင်းကင်းမှာတော့ အဖေအလုပ်တွေ လုပ်စရာရှိလို့ ၃ ရက်လောက်နေခဲ့ရပါတယ်။ အထက်ကို ကလေးဝအထိ ဆက်တက်ဖို့ရည်ရွယ်ပေမယ့် အထက်ကနေ မြစ်ကြောင်းအတိုင်းဆင်းလာတဲ့ အဖွဲ့တစ်ဖွဲ့ကလည်း ကလေးဝကို ကျော်လာပြီဆိုတော့ ဆက်တက်စရာမလိုတော့ပါဘူး။ ကလေးဝက အဖေ့သူငယ်ချင်းအရာရှိက ရောက်တုံးဆက်တက်ခဲ့ဖို့ ခေါ်နေပေမယ့် ရောက်သွားရင် အနည်းဆုံး တစ်ပါတ်လောက်နေခိုင်းနေမှာ ကြောက်တာနဲ့ ဆက်မတက်ဖြစ်တော့ပဲ လာလမ်းအတိုင်းပြန်ပြီးစုန်ဆင်းခဲ့ပါတယ်။ ဒီတစ်ခါတော့ သင်တောကို ရှောင်ဟေ့လို့ပြောကြ နောက်ကြရင်းနဲ့ပဲ ကင်းရွာမှ ညမအိပ်တော့ပဲ ကနီကိုတစ်ရက်နဲ့အရောက် စုန်ဆင်းပြီးပြန်ခဲ့ကြပါတယ်။ ဒါနောက်ဆုံးတစ်ခေါက် ချင်းတွင်းကို ဆန်တက်ခဲ့တာပါ အခုနောက်ပိုင်းတော့ ဒါမျိုးတွေလည်း ရောက်ဖို့သွားဖို့ မမြင်တော့ပါဘူး။ နောက်တစ်ခေါက်များ သွားရမယ်ဆိုရင် ပျော်ပျော်ကြီးနဲ့ကို လိုက်ဦးမှာပါ။ အခုအချိန်မှာတော့ အခါအခွင့်သင့်ရင်လို့ပဲ တော်ရာမှာနေရတဲ့ဘဝကနေ မျော်လင့်ရပါတော့တယ်။

ချင်းတွင်းအထက်သို့ ဆန်တက်ခြင်း …. (၃) ကင်းရွာ – မောက်ကတော်
မနက် ၉ နာရီမှာနှင်းကွဲပြီဆိုတော့ ကင်းကနေအထက်ကို ဆက်ပြီးဆန်တက်လာပါတယ်။ ဒီတစ်ခါတော့ ယူလာတဲ့မော်တော်က အကြီးကြီးပါ အိပ်စရာအခန်းတောင် လှေဦးမှာပါသေးတယ်။ ကိုယ်ကလညး် ငယ်ငယ်ကတည်းက ရှမ်းပြည်မှာနေတာဆိုတော့ စက်လှေဆိုတာ အင်းလေးကစက်လှေလောက် မြင်ဖူးတာကိုး။ နေ့လည်စာကို မောက်ကတော်ဆိုတဲ့ရွာမှာ စားရမယ်လို့ ကင်းကနေပါလာတဲ့လူက ပြောပါတယ်။ မောက်ကတော်ကိုတော့ နေ့လည် ၁၂ လောက်ရောက်မယ်လို့ မှန်းရတယ်လို့ပြောတယ်။ ဖြစ်ချင်တော့လမ်းမှာ ရေကလည်းအဆန်ဖြစ်နေတော့ ၁ နာရီထိုးတာတောင် မောက်ကတော်ကို မရောက်သေးဘူး။ လူတွေကလည်း အကုန်လုံးဆာနေကြပြီ။ ဒါနဲ့ မောက်ကတော်ရောက်အောင်ကလည်း နောက်ထပ် ၁ နာရီလောက်ကြာနိုင်သေးတယ် ခန့်မှန်းတော့ မောက်ကတော်အောက်နားလေးက သင်တောဆိုတဲ့ရွာမှာပဲ ဝင်စားကြစို့ အဲ့သည်မှာတော့ ထမင်းဆိုင်ရှိတယ်ဆိုပြီ သင်တောကိုမော်တော်ကပ်ပါတယ်။

ထမင်းဆိုင်ကလူတွေကလည်း ဧည့်အဝင်နည်းတဲ့ရွာဆိုတော့ ကျွန်တော်တို့ အဖွဲ့ကိုမြင်တော့ ပျော်နေတာပေါ့။ ချပေးတဲ့တဲ့ဟင်းတွေကလည်း ငါးကြော် အကွင်းကြီးတွေက အကြီးကြီးတွေပဲဗျ။ ကြော်ပြီးသားကို နွေးပေးတာ အထူးဧည်သည်တွေ အတွက်လို့ပြောတယ်။ ဟင်းတွေကတော့စုံနေပြီ ထမင်းမရောက်သေးလို့ စောင့်နေတုံး စားပွဲပေါ်မှာ ဖြူဖြူအကောင်ကလေးတစ်ကောင် မြင်တယ်ဗျာ။ အဖေ့တပည့်တွေက ဆရာရေ လာဘ်တော့ကောင်းတယ်ဗျ တွေ့လား “လောက်” ကလေးတစ်ကောင်မြင်တယ်လို့ပြောပြီး စလိုက်နောက်လိုက်ပေါ့။ ကြည့်နေတုံးနောက်ထပ် တစ်ကောင်တွေ့ပါရောလား။ ဒါနဲ့မသင်္ကာလို့ သေသေချာချာကြည်လိုက်တော့ ငါးကြော်အကွင်းကြီးတွေထဲကနေ ထွက်လာတာကိုးဗျ။ နောက်တော့ ထွက်လာလိုက်ကြတာ စားပွဲပေါ်လည်း ရစရာကိုမရှိတော့ဘူး။ ဆိုင်ရှင်လင်မယားလည်း ဘယ်ကိုရောက်မှန်းမသိတော့ဘူး။ ထိုင်နေတဲ့လူတွေလည်း အဲ့ဒါတွေမြင်ပြီး အန်တဲ့လူကအန် ထမင်းဆာနေတာတောင် ဘယ်ရောက်သွားမှန်း မသိတော့အောင်ပါပဲ။

ဒါနဲ့ မောက်ကတော်ရောက်မှပဲ စားကြမယ်ဆိုပြီး မြန်မြန်ထွက်လာခဲ့ရပါတယ်။ ဒါတောင် အဖေ့တပည့်တွေက ပြောနေသေးတယ် တော်သေးတယ် မတော်တဆဖြစ်တာဆိုပေမယ့် သင်တောမှာဖြစ်လို့ပေါ့ မောက်ကတော်ဆိုရင်တော့ တောင်ထင်မြောင်ထင်ဖြစ်နေဦးမယ်တဲ့။ ဘာလဲမေးလိုက်တော့ မောက်ကတော်ဆိုတဲ့ရွာက သူတို့အခေါ်ပြောရရင် စုံးတို့ ကဝေတို့ အတတ်တွေနဲ့ တော်တော်ကို နာမည်ကြီးဆိုပဲ။ သူတို့ပြောတာတော့ ဒါကြောင့် လူတော်တော်များများ မောက်ကတော်ရောက်ရင် အိမ်ထောင်ကျတာများတယ်တဲ့။ မောက်ကတော်ကို နေ့လည် ၂ နာရီလောက်မှပဲရောက်ပါတော့တယ်။ နေ့လည်စာနဲ့ညစာကို မောက်ကတော်မှာပဲ ပေါင်းစားလိုက်ရတယ်လေ ဒါပေမယ့် စောစောကအကောင်တွေ မြင်နေမိတာနဲ့ ဘယ်သူမှလည်း ဟက်ဟက်ပက်ပက် မစားနိုင်ကြတော့ပါဘူး။ မောက်ကတော်ကို စိတ်ဝင်စားလို့ နည်းနည်း လေ့လာကြည့်လိုက်တော့ မောက်ကတော်က အဲ့သည့်တစ်ဝိုက်က ရွာတွေနဲ့စာရင် အင်မတန်မှ လူအရောက်အပေါက်လည်းများပါတယ် နောက်ပြီးတော ကုန်ကူးတဲ့စခန်းလိုဖြစ်နေတော့ မောက်ကတော်သူတွေ ဝတ်တာစားတာက ရွာဆိုပေမယ့် အညာရွာတွေလိုမဟုတ်ပဲ မြို့သူတွေလို ဖြစ်နေပါတယ်။ ဒီတော့မှသဘောပေါက်တယ် ဒီနားရောက်တဲ့ အရာရှိပေါင်းစုံက ဖွန်ကြောင်စရာမရှိတော့ မောက်ကတော်လာလာ ဖွန်ကြောင်ရင်းနဲ့ မောက်ကတော်ရွာသူတွေနဲ့ အိမ်ထောင်ကျတာများတာပါ။ ဒါကြောင့် ချင်းတွင်းတစ်ကြောမှာတော့ မောက်ကတော်သူဆိုတာ အင်မတန်နာမည်ကြီးပါတယ်။

(ဆက်ရန်)

ချင်းတွင်းအထက်သို့ ဆန်တက်ခြင်း …. (၂) ကနီ – ကင်းရွာ
ကနီမှာညမအိပ်ဖြစ်တော့တာနဲ့ နေ့လည် ၁ နာရီလောက်မှာ ကနီရုံးကမော်တော်ကို ယူပြီးချင်းတွင်းအထက်ကို ဆန်တက်ပါတယ်။ ကနီရုံးကနေ မှန်ပြောင်းတစ်လက်ကို တောင်းယူလာခဲ့လို့ တစ်လမ်းလုံး မော်တော်ပေါ်ကနေ မှန်ပြောင်းတစ်လက်နဲ့ ဟိုကြည့်သည်ကြည့်ပေါ့။ မြစ်ကမ်းဘေးဝဲယာတစ်လျောက်လုံး တောတွေတောင်တွေ ကြည့်ပါပဲ။ မြစ်လည်သောင်တွေ ပေါ်မှာနားနေကြတဲ့ ငှက်မျိုးစုံလည်း တွေ့ရပါတယ်။ တစ်ချို့ငှက်တွေကို နာမည်တောင်မခေါ်တတ်ပါဘူး မမြင်ဖူးလို့လေ။ မမြင်ဖူးတဲ့ငှက်ကို မြင်လိုက်ဘာခေါ်လဲရုံးက ပါလာတဲ့လူတွေကိုမေးလိုက်နဲ့ ခရီးထွက်လာလိုက်တာပေါ့။ အဲ့သည်တော့မှ ဟင်္သာဆိုတာကို ကောင်းကောင်းမှတ်မိတော့တယ်။ စာအုပ်တွေ ပုံတွေထဲကလိုမဟုတ်ဘူးပဲ လှလဲမလှဘူး ကြေးနီရောင်ပေါက်နေတဲ့ ဘဲပုံစံငှက်ပဲ။ ဆောင်းတွင်းကြီးလည်း ဖြစ်ပြန် မြစ်ထဲမှာလည်းဖြစ်နေတော့ ညနေစောင်းလာလေလေ လေတိုးတာတွေက ပိုပိုအေးလာတာပဲ။

ညနေပိုင်းမှောင်စပျိုးချိန် ၅ နာရီခွဲ ၆ နာရီလောက်ရောက်တော့ ကင်းဆိုတဲ့ရွာကလေးကို ရောက်ပါတယ်။ ကင်းဆိုတဲ့အတိုင်း ကင်းစခန်းလေးပါ။ ရှေးကတည်းက မြစ်ကြောင်းစောင့်ဖို့ဖွင့်ထားတဲ့ ကင်းစခန်းပါ။ အဲ့သည့် ကင်းရွာက စခန်းမှာပဲညအိပ်စခန်းချပါတယ်။ ကင်းရွာစခန်းက အဖေ့တပည့်ရဲ့ကောင်းမှုနဲ့ ညစာတော့ ကောင်းကောင်းစာလိုက်ရပါတယ်။ ညပိုင်းမှာ အဖေကတော့ သူ့တပည့်နဲ့ စာရွက်စာတမ်းတွေစစ် မေးစရာရှိတာတွေမေးနေလို့ ကျွန်တော်တစ်ယောက်တည်းပဲ အစောကြီးဝင်အိပ်ပါတယ်။ အဲ့သည်တော့မှ လှေမူးတယ်ဆိုတာ ဘာလဲသိတော့တယ် အိပ်ယာပေါ် ပက်လက်လှန်မျက်လုံးမှိတ်လိုက်တာနဲ့ ခုတင်ကြီးလှေလို ဘယ်ညာလူးနေသလို ခံစားရပါတယ်။ ဘယ်လိုမှ အိပ်လို့မရတော့ပဲမူးလာပြီး နောက်ဆုံးအပြင်ထွက် အန်ရပါတော့တယ်။ အဖေကယ်ပါ အမေကယ်ပါနဲ့ နောက်ဆုံးဓာတ်ကြမ်းရိုက်ဆိုပြီး အဖေကအရက်သောက်ဆိုပြီးတိုက်လိုက်မှ အမူးကအမူးနဲ့ကြေသွားသလား ပိုမူးပြီးပဲအိပ်သွားသလားတော့ မသိဘူး အိပ်တော့ ပျော်သွားတာပါပဲ။

ကင်းရွာကနေ မနက်အစောခရီးထွက်မယ်ဆိုလို့ မနက် ၅ နာရီလောက်ကတည်းက ထပြီးပြင်ဆင်ရပါတယ်။ ၆ နာရီလောက်ရောက်တော့ တော်တော်လေးလင်းနေပါပြီ ဒီတော့စထွက်မယ်လို့ဆိုတော့ ကင်းရွာကလူက သူလည်းလိုက်မယ် ကနီကစက်လှေကသေးလို့ ပြန်လွတ်လိုက်တော့ ကင်းကစက်လှေအကြီးပဲယူခဲ့မယ် ဒါပေမယ့် မနက် ၉ နာရီကျော်မှ ထွက်မှရမယ်ဆရာလို့ အဖေ့ကိုပြောပါတယ်။ အခုထွက်လည်း ရ နာရီနဲ့ ၈ နာရီကြားနေထွက်ရင် မြစ်ထဲမြူတွေထလာရင် ကျွန်တော်တို့ဆက်သွားလို့မရဘူး ဘာမှမမြင်ရဘူး မြစ်ထဲမှစက်လှေရပ်နေရရင် ပိုဆိုးတယ် ဒါကြောင့် ၉ နာရီမှပဲထွက်ကြရင် ကောင်းမယ်ဆိုပြီး အကြံပေးပါတယ်။ ဒါနဲ့မနက်ခင်း အေးအေးဆေးဆေး မြစ်ကမ်းပါးဘေးက ကင်းစခန်းမှာပဲ သောင်တင်နေပါတယ်။ ရ နာရီလောက်ကစပြီး နေထွက်တယ်ဆိုရင်ပဲ မြစ်ထဲက ရေခိုးတွေကြောင့် မြူတွေထလာလိုက်တာ ၁ဝ ပေအကွာလောက်ဆိုရင် ဘာမှမမြင်ရ လောက်အောင်ကို ဆိုးပါတယ်။ ၈ နာရီခွဲ ၉ နာရီလောက်မှ မြူကွဲပါတယ်။ တစ်သက်နဲ့တစ်ကိုယ် ဒီလောက် မြူဆိုင်းတာ ဒါပထမဆုံး မြင်ဖူးတာပါပဲ။

(ဆက်ရန်)

ချင်းတွင်းအထက်သို့ ဆန်တက်ခြင်း …. (၁) မ့်ရွာ – ကနီ
နံနက် ၄း၃ဝ မ့်ရွာမြို့။ စခန်းဝင်းထဲမှာလည်း လူတွေ လှုပ်လှုပ်နဲ့ ပြင်ဆင်စရာရှိတာတွေ ပြင်ကြဆင်ကြနဲ့ လူတစ်စု အလုပ်ရှုပ်နေကြသည်။ “ဟေ့… မြန်မြန်လုပ်ကြဟေ့ တို့တစ်တွေ ကနဲ ကိုမနက် ၁၀-၁၁ နာရီလောက်ရောက်ချင်တယ်” လို့တပည့်တွေကို သတိပေးနေတဲ့အဖေ့အသံကိုလည်း ကြားလိုက်မိတယ်။ မ့်ရွာကနေ အဖေရယ် အဖေ့သူငယ်ချင်းတစ်ယောက်ရယ် ရုံးကအဖေ့တပည့် ၄ ယောက်ရယ် မနက် ၅ နာရီလောက် မှာမ့်ရွာကနေ ကားနဲ့ထွက်လာခဲ့တယ်။ မ့်ရွာကနေ ဘုတလင်ဘက်ကို ကားနဲ့မောင်းလာရင်း လမ်းဘေးဝဲယာကို ငေးရင်းငယ်ငယ်က လာနေသွားနေကျလမ်းဆိုတော့ မှတ်မိတဲ့နေရာလေးတွေကို စဥ်းစားလာမိတယ်။ မရောက်တာလည်း နှစ်တွေ တော်တော်ကြာပြီဆိုတော့ ဘာမှကိုမမှတ်မိတော့သလောက်ပဲ။ အလုံကနေ ဟိုဘက်ကျော်ပြီး ဘုတလင်မြို့နယ် အစဆိုတဲ့ ဆိုင်းဘုတ်ကို မြင်တော့မှ ရေးတေးတေး မှတ်မိသလိုပဲရှိတယ်။ ထနောင်းကုန်းဆိုတဲ့ရွာကို မြင်မှမှတ်မိလာတယ် နောက်တစ်ရွာက ကန်သစ် ဖြစ်မယ်လို့ ရေးတေးတေးတော့မှတ်မိတယ်။

ဆက်ပြီးခရီးထွက်လာကြတော့ ၆ နာရီကျော်လောက်မှာ ဘုတလင်ကို ရောက်တယ်။ ဘုတလင်မှာပဲ မနက်စာစားကြပါတယ်။ နောက်ဆက်ထွက်လာတော့ ညောင်ကန်ဆိုတဲ့ရွာကိုရောက်တယ်။ ညောင်ကန်ဆိုတာက ပြောရမယ်ဆိုရင် ရှေးနှစ်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့ရွာကြီး။ စိတ်အထင်ပြောရမယ်ဆိုရင် ဘုတလင်ကမြို့သာပြောတယ် ညောင်ကန်ရွာကတောင် ပိုပြီးစည်ကားနေသလိုပဲ။ ညောင်ကန်ကျော်တော့ ကျောက်လမ်းမရှိတော့ဘူး လုံးဝကိုမြေလမ်း ဖြစ်သွားတယ်။ တစ်ချို့နေရာတွေမှာက လှည်းလမ်းသာသာပဲ။ တော်သေးတယ် ကားကလမ်းအကြမ်းမောင်းလို့ အဆင်ပြေတဲ့ကားဖြစ်နေလို့ပေါ့။ ဆိုးလိုက်တဲ့လမ်း ဘုတလင်ကနေ စားလာတဲ့ မနက်စာကို ဘယ်ရောက်မှန်းမသိတော့ဘူး။ မနက် ၁၁ နာရီလောက်ရောက်တော့ ကနဲဆိုတဲ့ ချင်းတွင်းမြစ်ကမ်းဘေးက ရွာကလေးကိုရောက်ပါတယ် ဒါကားသွားလို့ရတဲ့လမ်းအဆုံးပဲ။ ကနဲရွာက ဥက္ကဌအိမ်ကိုစုံစမ်းပြီးတော့ ကားကိုအပ်ထားခဲ့ရပါတယ်။

ကနဲရွာနဲ့ ဆန့်ကျင်ဘက်ကမ်းမှာက ကနီဆိုတဲ့မြို့ကလေးရှိပါတယ်။ အစိုးရရုံးတွေ အင်္ဂလိပ်ခေတ်ကတည်းက ရုံးစိုက်ပါတယ် ဒါ့ကြောင့်မြို့လို့ခေါ်တာပါ။ တစ်မြို့လုံးအနှ့ံလမ်းလျောက်ပါတ်မှ နာရီဝက်မကြာဘူး မြို့ကိုလမ်းကြိုလမ်းကြားပါမကျန် အကုန်ရောက်နိုင်ပါတယ်။ လာမယ်လို့ကြိုအကြောင်းကြားထားတော့ ကနီဘက်ကရုံး စက်လှေက ကနဲဘက်ခြမ်းမှာလာစောင့်နေပါတယ်။ ကနီမှာနေ့လည်စာစားကြတာပေါ့။ ဘာပြောကောင်းမလဲ ခရီးလမ်းအခြေအနေက စားကောင်းအောင်ဖန်တီးပေးလိုက်တော့ ဘယ်နှစ်ခါစားမိတယ်တောင် မမှတ်မိတော့လောက်အောင်ပါပဲ။ ငယ်ငယ်ကတော့ အဖေနဲ့လိုက်လာရင်း ကနီမှာ ၁ လလောက်တော့ နေခဲ့ဖူးတယ်။ အိမ်ခြေရင်းမှာစျေးရှိတယ် မနက် ၃း၃ဝ – ၄ နာရီဆိုရင် စျေးကစည်နေပြီ ဆူညံနေတာပဲ အိပ်လို့မရတော့ဘူး။ စျေးထဲမှာ အသားငါးတွေ တောထဲကပစ်လာတဲ့ အကောင်ပလောင်တွေ လာရောင်းကြတယ်။ မရနိုင်တဲ့ တောတွင်းသား ဘာမှမရှိဘူး ငယ်ငယ်ကတော့ ယုန်သားကိုစားချင်တယ် စားချင်တယ်ဆိုပြီး ပူဆာနေကျပဲ။ မနက် ၉ နာရီလောက်ဆိုရင်စျေးကွဲပါတယ်။ ဒီတစ်ခေါက် ၁ဝ နှစ်လောက်ကြာမှ ပြန်ရောက်တော့ တော်တော်လေးပြောင်းနေပြီ ကမ်းနားလည်း ရေတိုက်စားသွားလို့ အရင်ကရောက်နေကျ ကမ်းနားက တစ်ဆိုင်တည်းသော စားသောက်ဆိုင်ကလေးလည်း ကမ်းပါးနဲ့ ကပ်လျက်လောက်ဖြစ်သွားပါပြီ။ ဆိုင်ရှင်လင်မယားကတော့ ကျွန်တော့််ကို အဖေနဲ့ပါလာတာ မြင်တော့။ ဒါဆရာနဲ့ ငယ်ငယ်လေးတုံးက ပါလာတဲ့ကလေးပဲလို့ မှတ်မိပါတယ်။ နောက်တစ်ယောက်ကတော့ ကျွန်တော်ကောင်းကောင်းမှတ်မိပါတယ် အဲ့သည့် အဘကြီးက ကျွန်တော့်ကို ခါချဥ်ဥနဲ့ ခွေးတောက်ရွက်ချက်ကွေးဖူးတယ်။ အင်မတန်ရှားတဲ့အစားအစာပါ လူတိုင်းလည်းမချက်တတ်ပါဘူး စားလို့တော့ တော်တော်လေ