Calm Hill » ချက်နည်း ပြုတ်နည်း

မြီးရှည်
မိန်းကလေးဆိုတော့ အချက်အပြုတ်တတ်ရမယ်ပေါ့ သို့ပေမယ့် အချက်အပြုတ် မတတ်တဲ့ညီမတစ်ယောက် ရောက်လာလို့ပိုချက်ရတဲ့ အစ်ကိုဘဝကပိုဆိုးတယ် ခေါ်ရမယ်ထင်ပါတယ်။ အစ်ကိုကြီးမြီးရှည် လုပ်ပေးပါဆိုလို့ ဈေးခြင်းဆွဲပြီးမြီးရှည်သည် ဇာတ်လမ်းစခဲ့ရတယ်။ တကယ်တော့ မန္တလေးမြီးရှည်ဆိုတာက သော်တာဆွေစကား အငှားပြောရရင် ဗမာသုပ်တဲ့တရုတ်မုန့်တီ လို့ပြောလို့ရမယ်။ အရပ်ထဲမှာနေ့လည်ဆို အထမ်းလေးတွေနဲ့ လာလာရောင်းတယ်။ အထမ်းတစ်ဘက်မှာ မီးဖိုးပေါ်မှာ ရေအိုးကိုတင်ပြီးဟင်းချိုရည်အိုးပါပြီး တစ်ဘက်မှာတော့ ပန်းကန်ခွက်ယောက်နဲ့ ပြင်စရာဆင်စရာ အဆာပလာထည့်ထားတဲ့ မတ်ခွက်လေးတွေ စီစီရီရီနဲ့ပေါ့။

မုန့်တီဖတ်လေးနဲ့ ပဲပင်ပေါက်လေး နည်းနည်း ပန်းကန်လုံးထဲထည့် မုန့်ဖတ်ကိုဟင်းချိုအိုးထဲ ထည့်မပြုတ်ပါဘူး ပန်းကန်ထဲကိုသာ ဟင်းချိုရည်လေး တစ်မှုတ်လောက်ထည့်ပြီး မုန့်ဖတ်ကိုအပူပေးပြီး ဟင်းချိုကိုအိုးထဲ ပြန်ထည့်ပါတယ်။ ပဲငပိလေးနည်းနည်း တရုတ်နံနံနဲ့ကြက်သွန်ဖြူလေး အရည်ဖျော်ထားတာထည့် ဂျုံလုံးကြော်လေးနဲ့ ဝက်ခေါက် ဝက်သား ဝက်ဆီဖတ်လေးနဲ့ပေါ့ အထမ်းလေးဘေးမှာ ခွေးခြေခုံပုလေးတွေနဲ့ ထိုင်စားရတယ်။ စားပြီးတော့လည်း ဟင်းချိုရည်ကို ပန်းကန်ခြွေတာတဲ့အနေနဲ့ စားလို့ကုန်တဲ့ ပန်းကန်ထဲကို ပဲငပိလေးရယ် တရုတ်နံနံနဲ့ကြက်သွန်ဖြူထောင်းလေးထည့်ပြီး ဟင်းချိုရည်လေး သောက်ကြရတယ်။

လူတွေကလည်း မြီးရှည်ဆိုရင် ဆိုင်နဲ့ကနားနဲ့ အတည်တကျရောင်းတဲ့ မြီးရှည်သည်ထက် အထမ်းလေးနဲ့ အသည်မှကောင်းတယ်လို့ အစွဲကလည်းရှိကြသေးတယ်။ အခုတော့ အရပ်ထဲလည်ရောင်းတဲ့ မြီးရှည်သည်လည်း မမြင်မိတော့ပါဘူး အကုန်လုံးလက်ဘက်ရည်ဆိုင် ရောက်ကုန်ကြတယ်။ နေရာသာပြောင်းသွားတယ် အခုခေတ်လည်း မြီးရှည်သည်က ရိုးရာမပျက် အထမ်းနဲ့ပါပဲ ဒါပေမယ့်သူတို့အထမ်းက လက်ဘက်ရည်ဆိုင်ပိတ်ချိန် ဆိုင်ထဲသွင်းလိုက်တာကလွဲရင် အရင်လိုမရွေ့နိုင်တော့ဘူး သို့ပေမယ့် နောင်လာနောက်သားကို မြီးရှည်ဆိုတာ အထမ်းနဲ့ရောင်းတာလို့ ပုံပြင်လိုပြောပြစရာ မလိုအပ်သေးတာပဲ ကျေးဇူးတင်ရမယ်ထင်တယ်။

ကိုယ်တိုင်လုပ်တဲ့ မြီးရှည်​လေး စားသွားကြပါဦးလား အထမ်းသည်တော့ မဟုတ်ဘူးပေါ့လေ အဲဒီတော့မကောင်းဘူးလည်း ယူဆနိုင်ပါတယ်။ ကုန်ကြမ်းတွေကတော့ ပြောစရာမလိုပါဘူးလေ ရှာလို့လွယ်ပါတယ် မုန်ညင်းချဉ်တစ်ခုပဲ မိတ်အင်ဘားမားလိုအပ်တယ် ကျန်တာအကုန် ဆိုင်မှာဝယ်လို့လွယ်ပါတယ်။ ဂျုံလုံးကြော်မကြော်အားလို့ အကြံအဖန်အနေနဲ့ အီကြာကွေးကို တောက်တောက်စဉ်း ထည့်ထားလိုက်တယ်။

အညာအလွမ်း​ပြေ အိမ်တွင်းဖြစ်နွားနို့ခဲ
ငယ်တုံးကတော့ တောင်ကြီးမှာနေတယ် ဒါပေမယ့်အမေက အညာသူဆိုတော့ ဟင်းချက်ရင် အညာကပုံစံပဲ ချက်လေ့ရှိပါတယ်။ ကြက်သွန်ဆီသတ်ြပီး ခရမ်းချဉ်အနှစ်နဲ့ အများအားဖြင့်ချက်ပါတယ် အောက်ြပည်အောက်ရွာလို ကြက်သွန်နဲ့အနှစ်လုပ်တာ မဟုတ်ပါဘူး။ မန္တလေးပြန်လို့ အဖွားတို့က အညာအစားအတွေ ထည့်ပေးတတ်တယ် အဖွားလေးရဲ့ယောက်ျားက စစ်ကိုင်းဘက်က လက်ပံစင်မှာ အမျိုးတွေရှိတယ် သူတို့ကနေပြီး နွားနို့ခဲတွေ နွားနို့ချက်တွေ ယူလာပြီးလက်ဆောင် ပေးတတ်ပါတယ်။ အညာကအစားအသောက်ထဲမှာ ကျွန်တော်အကြိုက်ဆုံးက နွားနို့ခဲချက်ပါ။ ကျွန်တော်ကြိုက်မှန်းသိတော့ ကျွန်တော့်အတွက်ပဲ ချက်ပေးတာများပါတယ်။ တစ်ခါတစ်ယံ တောင်ကြီးဈေးထဲမှာ သာစည်ကလာရောင်းတဲ့ နွားနို့ခဲသည်တွေ့ရင် အမေကအမြဲဝယ်လာပေးပါတယ်။

အဖေနဲ့မုံရွာလိုက်သွားရင် ဒေါ်ကြီးကိုပူဆာပြီးတော့ နွားနို့ခဲလုပ်ပြီးချက်ခိုင်းတယ်။ ဒေါ်ကြီးကတော့ နွားနို့ခဲလုပ်တာ လုပ်နေကျဆိုတော့ ကျွမ်းကျင်ပါတယ်။ နွားနို့ကိုအိုးလေးထဲထည့်ပြီး ဆူအောင်တည်ပါတယ် နွားနို့ပူလာပြီဆိုရင် ခြံထဲမှာပေါက်နေတဲ့ မရိုးပင်ကကိုင်းလေး တစ်ကိုင်းနှစ်ကိုင်း သွားချိုးပြီးထွက်လာတဲ့ မရိုးစေးလေးတွေကို နွားနို့အိုးထဲ့ထည့်ပြီး မရိုးကိုင်​းလေးနဲ့ပဲ မွှေရင်းနဲ့ပဲနွားနို့ကခဲလာပါတယ်။ အဲဒါလေးကို အဝတ်ပါးထဲလောင်းထည့်ပြီး အရည်စစ်ထားပြီး ငရုတ်ဆုံနဲ့ဖိထားလိုက်တယ်။ အရည်စစ်သွားရင် ခဲနေတဲ့နွားနို့ခဲလေးကို ထန်းလက်လေးနဲ့ဖြစ်ဖြစ် ဆတ်သွားဖူးရွက်နဲ့ဖြစ်ဖြစ် ပတ်ပြီးတော့မီးကင်ပါတယ် ဒါမှနွားနို့ခဲလေး အပေါ်ယံလေးတင်းပြီး အညိုရောင်လေး ဖြစ်သွားတယ်။ နွားနို့ခဲလေးကို ခရမ်းချဉ်သီး အနှစ်လေးနဲ့ချက်ရင် ချဉ်ချဉ်ဆိမ့်ဆိမ့် နွားနို့နံ့သင်းသင်းလေးနဲ့ အင်မတန်ကြိုက်ပါတယ်။

အခုတော့ နွားနို့ခဲကိုမစားရတာ နှစ်အတော်ကိုကြာပါပြီ စမ်းလုပ်ကြည့်ချင်ပေမယ့် မရိုးပင်မတွေ့တော့ လုပ်မရဘူးဖြစ်နေတယ်။ တစ်ခါကတော့ ရုက္ခဗေဒဥယျာဉ်ထဲမှာ မရိုးပင်ကိုတွေ့မိတယ် ဒါပေမယ်ဝေးလွန်းတော့ သွားပြီးခိုးချင်ပေမယ့် မလွယ်ဘူးဖြစ်နေတယ်။ အိမ်ရှင်ထီးလက်ရာမှာ အစ်ကိုတစ်ယောက် လုပ်ထားတာမြင်လို့ မရိုးမရှိပဲဘယ်လိုခဲသလဲ မေးလိုက်မိတော့ သံပုရာရည် နည်းနည်းထည့်ရင်အတူတူပဲလို့ပြောတယ် ဒါနဲ့သံပုရာကို မရိုးအစားထည့်သုံးလိုက်တယ်။ ကျန်တာကတော့ ငယ်ကတည်းက ဒေါ်ကြီးလုပ်တာမြင်နေကျဆိုတော့ မခက်ခဲပါဘူးလေ။ အညာလိုတော့ ခြံကနွားနို့တော့မဝယ်နိုင်ဘူးပေါ့ Dutch Lady နှစ်ဘူးဝယ်ပြီး နွားနို့ခဲလိုက်ပါတယ်။ ချက်ချင်းလုပ်ပြီးချက်တော့ မီးကင်တော့ပါဘူး ဒီအတိုင်းလေးပဲချက်လိုက်တယ်။ မစားရတာကြာတော့ အတော်လေးစားကောင်းတယ် ဒါပေမယ့် ဒေါ်ကြီးလုပ်တဲ့ နွားနို့ခဲကိုတော့ ဘယ်လိုမှမမှီဘူး။

ငရုတ်ပွအဆာသွပ်
အရင်တစ်ပါတ်က အစ်မတစ်ယောက် အဆောင်ကိုအလည်သွားတာ ငရုတ်ပွကို အဆာသွပ်ပြီး  ချက်တာစားခဲ့ရတယ်။ မနေ့ညကတော့ စျေးသွားရင်းနဲ့ ငရုတ်ပွအကြီးကြီးတွေ့လို့  အဆာသွပ်ဦးမယ်ဆိုပြီး အသားကြိတ်သားနဲ့ အဆာပလာတွေ ဝယ်လာလိုက်တယ်။  အလုပ်ရှုပ်တယ် ထင်ရပေမယ့် အလုပ်မရှုပ်ပါဘူး ချက်ရတာသက်သာပါတယ်။

လုပ်ပုံလုပ်နည်းကတော့ အင်မတန်လွယ်ပါတယ် ဂျူးမြိတ်နဲ့ မှိုကို သေးသေးလေးတွေ  ဖြစ်အောင် နုတ်နုတ်လှီး အသားကြိတ်သားနဲ့ နယ်သာထားလိုက်ပါ ဆားနည်းနည်း  ပဲငံပြာရည်နည်းနည်း ချင်းရည်နည်းနည်း ထည့်နယ်ပါ အဲဒါဆိုအထဲကိုထည့်မယ်  အဆာတွေကိစ္စပြီးပါပြီ ကျွန်တော်ကတော့ ကြက်သွန်ဖြူကို ကြိုက်လို့  အတောင့်လိုက် အသားထဲထည့်ထားပါတယ်။ ပန်းငရုတ်ပွကို အပေါ်ပိုင်းကို  ဓားသေးသေးနဲ့ ဖွင်လိုက်ပြီးအထဲက ငရုတ်အစေ့တွေကို သန့်ရှင်းလိုက်ပါ စောစောက  အဆာတွေထည့် အပေါ်ကနေဖွင့်ထားတဲ့ အပိုင်းလေးပြန်ပိတ် ရေနွေးငွေ့နဲ့  နာရီဝက်လောက် ပေါင်းလိုက်ပါ အဲဒါဆိုရင် စားလို့ရပါပြီ ငရုတ်ပွနဲ့  မွှေးမွှေးလေးနဲ့ အသားပေါင်း ချိုချိုလေးရပါပြီ။

Mayonnaise ကိုယ်တိုင်လုပ်ချင်သလား
မမဆင်ဆင်က Mayonnaise လုပ်တတ်သလားဆိုလို့ လုပ်တဲ့နည်းရေးထားပါတယ် Mayonnaise လုပ်တာက မခက်ပါဘူး အိမ်မှာကိုယ်တိုင် လုပ်လို့ရပါတယ် အင်မတန်လွယ်ပါတယ် လိုအပ်အတဲ့ပစ္စည်းတွေကလည်း ကြက်ဥအနှစ်၊ သံပုရာသီး၊ ရှာလကာရည်၊ Dijon or Yellow Mustard ၊ ဟင်းရွက်ဆီ၊ ဆား၊ ငရုတ်ကောင်း ဒါတွေရှိရင်ရပါပြီ။ Mustard ကတော့ ဗမာပြည်မှာလည်း ဝယ်လို့ရမယ်ထင်ပါတယ် Super Market တွေမှာရှိမှာပါ ရှာမရလည်းမထည့်နဲ့ ကိစ္စမရှိဘူး မပါလည်းရပါတယ်။ ဗမာပြည်မှာနေတုံးက ဝယ်ရတာရှားလို့ မထည့်ပဲလုပ်ပါတယ် ကိစ္စမရှိပါဘူး။

Mayonnaise စလုပ်မယ်ဆိုရင် သန့်ရှင်းရေးက အရေးကြီးပါတယ်။ Mayonnaise လုပ်ဖို့ ဖန်ပန်းကန်လုံး ခပ်ကြီးကြီးလိုပါတယ် ဖန်မရလည်းကွေပန်းကန်ပေါ့ သတ္တုပန်းပန်တော့ မသုံးတာကောင်းပါတယ်။ သန့်ရှင်းအောင်ဆေးပြီး ရေတစ်စက်မှ မကျန်အောင် ခြောက်သွေ့နေဖို့လိုပါတယ် ရေပါရင် Mayonnaise ပျက်သွားပါတယ်။ Mayonnaise လုပ်ချိန်မှာ အပူလည်းမထွက်ဖို့လိုပါတယ် အေးတဲ့တိုင်းပြည်တွေမှာတော့ Room Temperature လို့ပြောကြတယ် ပူတဲ့နိုင်ငံအဖို့ကတော့ ဖြစ်နိုင်ရင် Mayonnaise လုပ်မယ့်ပန်းကန်အောက်မှာ ရေခဲခံပြီး Mayonnaise လုပ်တာအဆင်ပြေတယ် အရမ်းတော့အရေးမကြီးလှပါဘူး။

အရင်ဆုံးကြက်ဥကို အကာနဲ့အနှစ်ခွဲဖို့လိုပါမယ် Mayonnaise မှာက ကြက်ဥအနှစ်ကိုပဲသုံးပါတယ်။ ကြက်ဥအကာနဲ့အနှစ်ခွဲတဲ့ ပန်းကန်လေးတွေလည်းရှိပါတယ် အလွယ်ဆုံးနဲ့ အကောင်းဆုံးကတော့ ကြက်ဥကိုဖောက်ပြီး လက်ထဲကိုထည့်ပါ ကြက်ဥအကာတွေဟာ လက်ချောင်းလေးတွေ ကြားကနေထွက်ကျသွားပါမယ် နောက်ပြီးတော့ ကြက်ဥမှာပါတဲ့ အချင်းကိုလည်း ကြက်ဥအနှစ်မပေါက်အောင် အသာလေးဖယ်လိုက်ပါ။ သတိထားရမှာက ကြက်ဥအကာလုံးဝမပါဖို့ရယ် လက်ကိုရေခြောက်နေစေဖို့ သတိထားပါ။ ကြက်ဥအနှစ်သန့်ရှင်းလေလေ Mayonnaise ကောင်းလေလေပါပဲ။

Mayonnaise စလုပ်မယ်ဆိုရင် ကြက်ဥအနှစ်နှစ်လုံးကို ဖန်ပန်းကန်ထဲကိုထည့်ပါ။ သံပုရာသီးတစ်ခြမ်းကို အဖတ်တွေမပါဖို့ ဇကာခံပြီးတော့ ညှစ်ထည့်ပါ။ ရှာလကာရည်အဖြူ တစ်ဇွန်းထည့်ပါ။ Mustard တစ်ဇွန်းလောက်ထည့်ပါ။ ပြီးရင်တော့ ကြက်ဥမှေတံနဲ့ သမအောင်မှေပါ ကြက်ဥမှေတံမရှိရင်တော့ ခက်ရင်းနဲ့ခေါက်လို့ရပါတယ် သမသွားပြီးဆိုရင် ဆီကိုစပြီးထည့်ပါမယ် အရေးကြီးတာက ဆီစပြီးထည့်တာနဲ့ Mayonnaise မဖြစ်မချင်းရပ်လို့မရဘူးဆိုတာ သတိထားပါ။

ဆီကို နည်းနည်းချင်း ထည့်ပေးပါ နည်းနည်းချင်းဆိုရာမှာ ဇွန်းတစ်ဝက်လောက်ချင်း ထည့်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ဆီနည်းနည်းထည့်လိုက် သမအောင်မှေလိုက်နဲ့ ဆက်တိုက်ပဲ မှေနေရပါမယ် မရပ်ရပါဘူး။ လူနှစ်ယောက်ဆိုရင် ပိုအဆင်ပြေပါတယ် တစ်ယောက်က ဆီထည့်ပေးပြီး တစ်ယောက်က အဆက်မပြတ် မှေနေရပါတယ်။ ဆီထည့်တာ မလောဖို့လည်းလိုပါတယ် ထည့်တာများသွားလို့ သမအောင်အချိန်မှီမမှေနိုင်ရင် အရည်ကျဲပြီး Mayonnaise ပျက်သွားပါတယ်။ Mayonnaise အပြစ်အကျဲ အတော်လောက်ဖြစ်သွားရင် ဆားတစ်ဇွန်းလောက်ရယ် ငရုတ်ကောင်း ဇွန်းဝက်လောက်ထည့်မှေပြီး ရပ်လိုက်လို့ရပါပြီ။ ကြက်ဥနှစ်လုံးအတွက်ဆို ဆီက လက်ဘက်ရည် ပန်းကန်လုံးတစ်ဝက်လောက် အထိထည့်ရတတ်ပါတယ်။

လက်နဲ့မမှေနိုင်လို့ ပင်ပန်းတယ်ဆိုရင်လည်း Blander ထဲကို ကြက်ဥ၊ သံပုရာ၊ ရှာလကာ၊ Mustard၊ ဆား၊ ငရုတ်ကောင်း တစ်ခါတည်းအကုန်ထည့်ပြီးမှေပါ။ ပြီးရင်တော့ ပထမဆုံးအနေနဲ့ ဆီတစ်ဇွန်းစာလောက် ထည့်ပြီးမှေနေပါ သမလောက်ပြီဆိုရင်တော့ ဆီကိုကွက်မြီးတန်းလောက်လေးနဲ့ ဖြည်းဖြည်းချင်းထည့်ပေးရင်း အပြစ်အကျဲအခြေအနေ အနေတော်ရင် ဆီထည့်ရပ်လိုက်လို့ရပါပြီ ပိုသမသွားအောင်တော့ အချိန်နည်းနည်းလောက် Blander ကိုဆက်ဖွင့်ထားပေးပါ။

Mayonnaise ကိုရေခဲသေတ္တာထဲမှာ လေလုံတဲ့ဘူးနဲ့ထည့်ပြီး သိမ်းထားလို့ရပါတယ် ၃-၄ ရက်လောက်အထိ ခံပါတယ်။ ကိုယ်တိုင်လုပ်ကြည့်ပါ ခက်ခက်ခဲခဲလည်းမဟုတ်သလို ပစ္စည်းတွေလည်း ထွေထွေထူးထူးမလိုအ

ပ်လှပါဘူး။ ပြီးရင်တော့ ဆိုင်ကဝယ်တဲ့ Mayonnaise နဲ့ယှဥ်ပြီးစားကြည့်ပါဦး လတ်လတ်ဆတ်ဆတ် လုပ်ထားတဲ့ Mayonnaise ကပိုကောင်းကြောင်း သိသာပါလိမ့်မယ် နောက်ပြီးတော့ ကြာရှည်ခံအောင်လုပ်ထားတဲ့ Chemical လည်းတစ်ခုမှ မပါဘူးလေ။ လတ်လတ်ဆတ်ဆတ် Mayonnaise လေးလုပ်ကြည့်ကြပါဦးလား။

မနက်ဖြန် ကြက်ဥကို ဘယ်လိုချက် ????
ဟိုတစ်ရက်က ကြက်ဥကို ပေါင်းပြီးချက်စားတယ် တစ်နေ့က ကြက်ဥကိုကြော်တယ် မနေ့က ကြက်ဥကိုပြုတ်ပြီး သုတ်စားတယ် ဒီနေ့တော့ ကြက်ဥကိုပြုတ်ပြီး ခရမ်းချဥ်သီးနဲ့ချက်စားတယ် မနက်ဖြန် ကြက်ဥကို ဘယ်လိုစားရမလဲစဥ်းစားတယ် ဒါနဲ့ပဲ ကြက်ဥအမျိုးမျိုးချက်နည်း ပြုတ်နည်း စဥ်စားမိသလောက် စာရင်းလုပ်ထားမိတယ် သိတဲ့လူများလည်း နာမည်လေးတွေ ပြောသွားကြပါဦးဗျာ ကြက်ဥချက်နည်း များများသိမှ ကျွန်တော်အဆင်ပြေမယ်။

(၁) ကြက်ဥကြော်
(၂) ကြက်ဥပြုတ်သုတ်
(၃) ကြက်ဥဖောက်ချက်
(၄) ကြက်ဥပြုတ်အချဥ်ချက်
(၅) ကြက်ဥပေါင်းချက်
(၆) သီးစုံဟင်းနဲ့ ကြက်ဥနဲ့ချက်
(ရ) ကြက်ဥစပယ်ရှယ်ကြော်ချက်

မနက်ဖြန်တော့ သီးစုံဟင်းနဲ့ ကြက်ဥချက်ရမလား ခက်တာက မဆလာပြတ်နေတယ်။ ကြက်ဥစပယ်ရှယ် လုပ်ရအောင်လည်း ကြက်ဥအနှစ်တွေက ပိုနေမယ် အဲဒါတွေ မရိုးနစ်လုပ်လိုက်ရအောင်လည်း ကိုယ်ကလည်း မရိုးနစ်သိပ်မကြိုက် မထူးပါဘူးမဆလာလေး ပြေးဝယ်ပြီး ကြက်ဥသီးစုံချဥ်ရည်လေးပဲ ချက်တာကောင်းပါတယ်။ နောက်နေ့မှ ကြက်ဥအမျိုးမျိုး တစ်ပါတ်စာ ချက်နည်းပြုတ်နည်း စိတ်ရှည်လက်ရှည်ရေးဦးမယ်။

ကန်စွန်းမြစ်ယို ချိုချိုလေး
ငယ်ငယ်ကတည်းက ကန်စွန်းဥဆိုရင် သိပ်ကြိုက်တာပဲ ပြုတ်ပြီး ဆီနဲ့ဆားနဲ့တို့စား။ နောက်တော့ တစ်ခါတစ်လေ မာမီက ကန်စွန်းဥကို ယိုထိုးပေးတတ်တယ် အောက်ပြည်အောက်ရွာမှာတော့ ကန်စွန်းဥ ဟာလဝါခေါ်မယ်ထင်တယ် သိပ်တော့မသေချာပါ။ မြေပဲဆန်လေး အုန်းသီးကြော်လေးနဲ့ ကန်စွန်းဥယိုချိုချိုလေးကို အရမ်းကြိုက်တယ်။ တစ်ခါတစ်လေ မာမီမအားတော့ လုပ်မပေးနိုင် ဒီတော့အဖေဖြစ်သူကို အပူကပ်ရတယ်။ အဖေဖြစ်သူကလုပ်ပေးပါတယ် ဒါပေမယ့် သူ့မူအတိုင်း တစ်ခါပဲလုပ်ပြပေးမယ် နောက်မင်းစားချင်ရင်မင်းဟာမင်းလုပ် ခက်ခဲတဲ့အလုပ်လည်း မဟုတ်ဘူးတဲ့။ ဒီလိုနဲ့ပဲ ငယ်ကတည်းက ကန်စွန်းမြစ်ယိုထိုးတတ်တာပါပဲ။

အခုလည်း ကန်စွန်းဥတွေတွေ့လို့ စျေးကနေဝယ်လာဖြစ်တယ် အရင်အပါတ်တွေကလည်း မအားလို့သိပ်ပြီး ချက်မစားနိုင်ဖြစ်နေတာနဲ့ နည်းနည်လေး အလုပ်ပါးချိန်လေးတစ်ခုခုတော့ လုပ်စားဦးမယ်ရည်ရွယ်တာပါ။ ကန်စွန်းဥယိုလုပ်ရတာ သိပ်မခက်ပါဘူး လွယ်ပါတယ်။ လိုအပ်တာတွေကတော့ (၁) ကန်စွန်းဥ (၂) မြေပဲလှော် (၃) သကြား (၄) အုန်းသီးကြော် (၅) ထောပတ် (၆) ဆီ (၇) ဆားနည်းနည်း ဒီလောက်ဆို အကုန်စုံပါတယ်။ အုန်းသီးကြော်တော့ မကြော်နိုင်တာနဲ့ မထည့်ဖြစ်တော့ဘူး။

ကန်စွန်းဥကိုပြုတ်ပြီးရင် အခွံခွာပြီး ခြေထားလိုက်ပါတယ်။ ပြီးရင်တော့ ဒယ်အိုးမှာဆီထည့် ထောပတ်ထည့်ပြီး ဆီပူအောင်တယ်ပါ။ ဆီမထည့်ချင်လည်း ထောပတ်ပဲ ထည့်ချင်တယ်ဆိုလည်း ဖြစ်ပါတယ်။ ပြီးရင်တော့ ဆီထဲကို သကြားထည့်ပါ။ သကြားအရောင်နီလာပြီး အရည်ပျော်တဲ့အချိန်အထိ စောင့်နေပါ အရည်ပျော်ပြီးနီလာပြီဆိုတာနဲ့ ခြေထားတဲ့ ကန်စွန်းဥတွေကိုထည့်ပါ။ နောက်ကျလို့မရပါ နောက်ကျရင်တော့ သကြားတူးသွားပြီး အရသာနည်းနည်း ခါးသွားတတ်ပါတယ်။ ဒါကို အနောက်တိုင်း ဟင်းချက်နည်းမှာတော့ Caramelization လို့ခေါ်ပါတယ် သကြားနဲ့ အရောင်ဆိုးတာပါ။ Rum အရက်ကို အရောင်နီအောင်လည်း သကြားလှော်နဲ့ဆိုးထားတာပါ။ တစ်ချို့ကတော့ သကြားကို ကန်စွန်းဥနဲ့ ရောနယ်ပြီး ဒယ်ပေါ်မှာပဲအရောင်နီလာတဲ့အချိန်အထိ မှေလေ့ရှိပါတယ် ဒါလည်းကောင်းပါတယ် ဒါပေမယ့် စိတ်မရှည်ပဲချလိုက်ရင်တော့ ကန်စွန်းဥယို အရောင်မလှတော့ပါဘူး အနီရောင်မသမ်းလာတော့ပါဘူး။ ဒယ်အိုးထဲမှာ သကြားအနီရောင်နဲ့ ကန်စွန်းဥကို သမအောင်မှေပါ ဆားနည်းနည်းထည့်ပါ ပြီးရင် ကန်စွန်းဥအပေါ်မှာ ဆီလေးတွေ ပြန်လာတဲ့အထိ မှေရပါမယ် ထမင်းနဲ့ထိုးသလိုဖြစ်နေလို့ နည်းနည်းတော့ပင်ပန်းပါတယ်။ ဆီပြန်လာပြီ ထောပတ်နံလေးမှေးလာပြီဆိုရင်တော့ မြေပဲလှောအခွံခွတ်ထားတာလေးတွေ ထည့်လို့ရပါပြီ။ ဒါဆိုရင်တော့ ကန်စွန်းဥယို ချိုချိုနဲ့ ထောပတ်န့ မှေးမှေးလေးရပါပြီ။ ဘလော့အလည်လာသူများ သုံးဆောင်သွားကြပါဦး။

Canonical Color Theory, Illusions and Application Areas
တစ်ခါတစ်ခါမှာတော့ Medical Science နဲ့ Social Science ဆန်တဲ့ Information Science ဟာ တစ်ခါတစ်လေတော့ ဆက်စပ်နေပြန်တယ်။ ဒါလည်းမထူးတော့ မထူးဆန်းပါဘူးလေ ပန်းချီကျောင်းမှာ ခန္တာဗေဒသင်ရတာပဲဟာ။ အရောင်အကြောင်းပြောမှတော့ မျက်စေ့အကြောင်းရယ် Canonical Color Theory ဆိုတာရယ်ကတော့ ဘယ်ပြေးလွတ်ပါ့မလဲ။ မျက်စေ့ဆိုတာကလည်း ကွန်ပျူတာလိုကြည့်ရင် Input ရယ် Output ရယ်နှစ်ခုပဲပါတယ်။ Input မှာက အရောင် သုံးမျိုးပဲလက်ခံတယ် အဲဒါတွေကို Canonical မှာက Cone လို့ခေါ်တယ် လွယ်လွယ်ပြောရရင် RGB သုံးခုပါပဲ။ Output ကလည်း သုံးခုထွက်တယ် အဲဒါကိုကျတော့ Channel လို့ခေါ်ပြန်ရော Channel တစ်ခုက အဖြူအမဲ ခွဲပေးတယ် အဖြူအမဲက RG အပေါ်မှာမူတည်ပြီးခွဲတာပဲ။ ကျန်တဲ့ Channel နှစ်ခုကတော့ Input သုံးခုရဲ့ခြားနားခြင်းတွေနဲ့ ကြားကအရောင်တွေခွဲပေးရတာပဲ။ အဲဒါတွေ အသေးစိတ်ရေးရင် ရှုပ်ကုန်မယ်။

ပြဿနာက Input ကန့်သတ်ချက်ရယ် အရောင်ခွဲတဲ့ Channel အခက်အခဲရယ်ကြောင့် အမြင်နဲ့အပြင်က ခြားနားမှု့တွေ ဖြစ်လာပြန်ရော ဒါကိုတော့ Illusion လို့ခေါ်ပြန်ရော။ Illusion ကိုဘာကြောင့် လေ့လာပြန်သလဲမေးစရာ ဖြစ်ပြန်တယ်။ အဖြေကတော့ ဝေ့ဝိုက်ဖြေနေရင် ရှုပ်ပါတယ် တစ်ခွန်းထဲပြောရင်တော့ ဘယ်လို အခြေအနေမှာ ဘယ်လိုအရောင်တွေ ပေါင်းလိုက်ရင် ဖွဲစည်းပုံမှားရင် Illusion ဖြစ်တတ်တယ် သိရင် Illusion မဖြစ်အောင် ရှောင်နိုင်ဖို့လေ့လာတာပါ။ Illusion ဆိုတာကို ပြောရရင် အောက်မှ ပြထားတဲ့ ပုံမှာ ငြိမ်သက်နေတဲ့ ပုံကိုဘာလို့ လှုပ်ရှားနေတယ်လို့ ထင်ရသလဲ။

Illusion ပုံတွေထပ်ပြီး ကြည့်ချင်ရင်တော့ Michael Bach ရဲ့ Optical Illusions and Visual Phenomena ကိုသွားကြည့်ပါ။ အလှကြည့်တာဆိုရင်တော့ ကြည့်ရတာလွယ်ပါလိမ့်မယ်။ ဘာ့ကြောင့်ဆိုတာကို သိချင်ရင်တော့ ရှင်းလင်းချက်ကို အသေအချာ ဖတ်ရပါလိမ့်မယ် အသေအချာ သုတေသန လုပ်ထားတဲ့ အရာတွေ ဖြစ်လို့ ဖတ်ရတာ ခက်ကောင်းခက်နေပါလိမ့်မယ်။

ဒါတွေကို ဘယ်နေရာမှာသုံးသလဲ Web Design လုပ်ရင် သုံးဖို့ ဆောင်ရန်ရှောင်ရန်တွေ သိဖို့သင်တယ်ဆိုရင် အမြင်ကျဥ်းရာကျတယ် ဘာကြောင့်လဲဆိုတော့ တစ်ချို့ဆောင်းပါးတွေက ၁၉၅ဝ လောက်ကတည်းက ရေးထားတာတွေပါတယ် အဲဒီ့ခေတ်က ဘယ်မလဲ Web Site ဒီတော့ အရောင်နဲ့ ပါတ်သက်သမျ အမြင်နဲ့ ပါတ်သက်မျနေရာတွေမှာ သုံးတတ်မယ်ဆိုရင် အသုံးတည့်ပါတယ်။ မသုံးတတ်ရင်တော့ ဘယ်လောက်သင်ခဲ့သင်ခဲ့ ထူးမလာပါဘူး။

ကွန်ပျူတာနဲ့ မသက်ဆိုင်တဲ့ အတတ်ပညာတစ်ခုကို ကြည့်လိုက်ဦးမယ် သူလည်း အရောင်ပေါင်းစပ်မှု့ကို သုံးပြီးတော့ အမြင်အာရုံနဲ့ ဆွဲဆောင်မှု့ကနေ စတင်ထားတယ်။ သူ့မှာတော့ အရောင်ကန့်သတ်ချက်ရှိတယ် အဖြူ၊ အနီ၊ အစိမ်း၊ အဝါ ဆိုပြီးပဲ သုံးခွင့်ရှိတယ် ကျန်တဲ့အရောင်တွေက ပါကောင်းပါမယ် ဒါပေမယ့် အင်မတန်ရှားပါတယ်။ အရောင်လေးခုကိုပဲသုံးပြီးတော့ ဘယ်လိုအသုံးချတယ်ဆိုတာ နမူနာကြည့်လိုက်ပါဦး။

<object width="480" height="385"><param name="movie" value="http://www.youtube.com/v/zv_r2wdU1qg&hl=en&fs=1&"></param><param name="allowFullScreen" value="true"></param><param name="allowscriptaccess" value="always"></param><embed src="http://www.youtube.com/v/zv_r2wdU1qg&hl=en&fs=1&" type="application/x-shockwave-flash" allowscriptaccess="always" allowfullscreen="true" width="480" height="385"></embed></object>

ဟင်းချက်တတ်ဖို့ ဟင်းအလှဆင်တတ်ဖို့ ဒါမျိုးတွေ တက္ကသိုလ်မှာ သင်စရာလိုသလားလို့ မေးရင်တော့ မလိုပါဘူးလေ ဒါပေမယ့် ဟင်းအလှဆင်တာကိုလည်း Canonical Color Theory အနေနဲ့ကြည့်ရင် ဒါမျိုးကြည့်လို့ရတယ်လို့ ဆိုလိုတာပါ။ ဘာပဲဖြစ်ဖြစ် သုံးစရာနေရာက ပေါများပါတယ် အသုံးချတတ်ဖို့သာ ခက်ခဲနေတာပါ။

ခုတ်မယ်ထစ်မယ် ပါးပါလှီးမယ်
လူပျိုကြီးများမှာ နေရတာတစ်ကာ မျက်နှာငယ်လှသည်။ သူ့ခမျာတစ်ယောက်တည်း မချက်တတ်မပြုတ်တတ် အစားဆင်းရဲရှာတယ်ဟု လူအများအတင်း တုတ်တတ်ကြသည်။ အမျိုးသမီးများသာ ချက်တတ်သည်ဟု မည်သူပြောသနည်း။ အမျိုးသမီးများ ချက်တတ်ပါသည်ဆိုလည်း အလွန်ဆုံးမိသားစုတစ်စု စားရုံသာချက်ပြုတ်ကြရသည်။ အလှူတွင်အမျိုးသမီး အိုးသူကြီးများ တစ်ခါမှမမြင်ဖူးပါ။

အိမ်ထောင်သည်များမှာလည်း တစ်ခါတစ်ယံ ဇနီးသည်မှ ခြိမ်းခြောက်ခြင်းကို ခံရတတ်သည်။ အမျိုးသမီးများက စိတ်ဆိုးသည့်အခါတိုင်း ထမင်းဟင်းချက်မကွေးခြင်း ဟင်းကိုမကြိုက်သည်များကိုသာ တမင်သက်သက် ချက်ကွေးခြင်းများဖြင့် နိုင်ရာနည်းဖြင့် နှိပ်စက်တတ်ကြသည်။

အမျိုးသားများအတွက်ရည်သန်ကာ လူပျိုကြီး၏ ချက်နည်းပြုတ်နည်း သင်ခန်းစာများကို လောကအလှ အွန်လိုင်းမဂ္ဂဇင်းတွင် စတင်ရေးသားနေပါသည်။ ပဏာမအနေဖြင့် ခုတ်နည်းထစ်နည်း ပါးပါးလှီးနည်းများကို စတင်ရေးသားနေပါပြီ။ မည်သူမဆို သွားရောက် ဖတ်ရှု့နိုင်ပါကြောင်း အသိပေးလိုက်ပါသည်။

http://www.lawka-ahla.com/news.php?item.790
http://www.lawka-ahla.com/news.php?item.792
http://www.lawka-ahla.com/news.php?item.793

လူပျိုကြီးရဲ့ Pasta ချက်နည်း
ဒီနေ့တော့ ညနေပိုင်းစောစောစီးစီး အလုပ်ပြီးလို့ အိမ်ကိုအပြန် စျေးဝင်ဝယ်ပါတယ်။ အားတုံးလေး ကိုယ့်ဟာကိုယ် ချက်စားမယ်ပေါ့ဗျာ ဖြစ်ချင်တော့ ဆိုင်မှာက Pasta တွေရော Spaghetti တွေရော တစ်ကျပ် ဆယ်ပြားနဲ့စျေးချနေတာနဲ့ တစ်ထုပ်ဆိုရင် အနည်းဆုံး ၃ ခါလောက်တော့ စားရတယ်ဆိုပြီး တွက်ခြေကိုက်လို့ Speghetti တစ်ထုပ်ရယ် Fusilli Pasta တစ်ထုပ်ရယ်ဝယ်လာလိုက်တယ်။ နောက်တော့ ဟင်းအနှစ်လည်း ချက်ရမှာ ပျင်းလို့ဆိုပြီး Pasta Tomato တစ်ဘူးလည်း တစ်ခါတည်း ဝယ်လိုက်တယ်။

အိမ်ရောက်တော့ ဗိုက်ဆာတာနဲ့ တစ်ခါတည်း Fusilli ကိုအထုပ်တစ်ဝက်ပြုတ် ထားလိုက်တယ်။ ဟင်းအနှစ်ကလည်း ချက်စရာမလိုတော့တာနဲ့ ဒယ်အိုးတစ်လုံးတည်း ဆီနှစ်ဇွန်းလောက်ထည့် ကြက်သွန်ဖြူရယ် ကြက်သွန်နီကို တောက်တောက်စင်း အနံမှေးအောင်ကြော် ပြီးတော့ Pasta အနှစ်ကိုထည့် နည်းနည်းချက်လိုက်တယ်။ ဆီကတော့တစ်ကယ်က သံလွင်ဆီကိုသုံးရတယ် ကျွန်တော်ကတော့သုံးနေတာ ဘာဆီမှန်းကိုမသိဘူး ရှိတဲ့ဟာထည့်လိုက်တာပဲ။ အသားထည့်မယ်ဆိုရင်တော့ ဆီနည်းနည်းနဲ့အရင်ကြော်ရတယ်ဗျ အသားကျက်မှ ကြက်သွန်ဖြူကို ထည့်ရတယ်။ ကြက်သွန်ဖြူက ကျက်မသွားရဘူး တစ်ချို့ဆိုရင် တောက်တောက်စင်ပြီးသား အစိမ်းတောင်ထည့်ကြတယ်။ ပိုမှေးအောင်ဆိုပြီး ငရုတ်ကောင်းတော့ နည်းနည်းထည့်လိုက်တယ်။ နည်းနည်း ပိုပြီးတော့ ဆိုင်နဲ့တူချင်ရင်တော့ Origano ထည့်ရတယ်။ ပြီးတော့မှ ပြုတ်ထားတဲ့ Fusilli Pasta ထည့်သမအောင်မှေလိုက် စားလို့ရသွားရောပဲ။

Pasta Tomato ကတစ်ဘူးကို သုံးယောက်လောက် စားရမဲ့ဟာကို တစ်ယောက်စာထဲထည့်လိုက်တော့ အရောင်တော့ တော်တော်လေးရဲသွားတယ် စားလို့တော့ကောင်းပါတယ်။ ကိုယ်တိုင်ချက်တာမှ တစ်ခုမှမပါတာပဲကိုး မကောင်းမှာမပူနဲ့ပေါ့။ အကုန်လုံး ဘူးထဲကဖောက်ထည့်လိုက်တဲ့ဟာပဲ။ တစ်ကယ်ကတော့ ကိုယ်တိုင်ချက်မယ်ဆိုရင် Pasta Tomato အနှစ်ကိုချက်ရတာက နည်းနည်းကြာတာပါ ခက်တာတော့ မခက်ပါဘူး။

ဒီတော့ Pasta တို့ Spaghetti တို့စားချင်ရင် ဆိုင်မှာသွားဝင်ဝယ်စားမနေနဲ့ စျေးကြီးတယ် အနည်းဆုံးတော့ ၆ ကျပ် ရ ကျပ်မပေးရင်မရဘူး။ ကိုယ်ဟာကိုချက် အလွန်ဆုံးက ၂ ကျပ်ဖိုးပေါ့ မပူနဲ့ အရသာက အတူတူပဲ သူတို့လည်း ဘူးထဲ့ကဟာကိုပဲ ဖောက်ချက်တာ ကိုယ်ဟာကိုယ် အနှစ်ချက်တဲ့ဆိုင်ဆိုရင်တော့ နည်းနည်းအရသာကွဲတယ်။ Spaghetti ချက်တာလည်း ပေါ်ကဟာနဲ့ အတူတူပဲ ဘာကွာသလဲဆိုတော့ Spaghetti ကတော့ ဖြစ်နိုင်မယ်ဆိုရင် Parmissian cheese အမှုန့်ကို ပေါ်ကနေဖြူးပေးပါတယ် သိပ်လွယ်ပါတယ်။ လူပျိုကြီးပြောတာ မယ့်ဘူးဖြစ်နေမှာစိုးလို့ YouTube ကဟာလေး တစ်ခုယူပြပေးလိုက်တယ်။ သူချက်တာကတောင် ကျွန်တော်ပြောတာထက် ပြီးစလွယ်နိုင်သေးတယ်။

<object height="350" width="425">
<param name="movie" value="http://www.youtube.com/v/ZroSAGUlzGs">
<param name="wmode" value="transparent">
<embed src="http://www.youtube.com/v/ZroSAGUlzGs;rel=0" type="application/x-shockwave-flash" wmode="transparent" height="350" width="425">
</object>

<object height="350" width="425">
<param name="movie" value="http://www.youtube.com/v/ONQwGxB4mDM&feature=related">
<param name="wmode" value="transparent">
<embed src="http://www.youtube.com/v/ONQwGxB4mDM&feature=related;rel=0" type="application/x-shockwave-flash" wmode="transparent" height="350" width="425">
</object>

Cooking Jargon
ရေးစရာမရှိတော့ ဟင်းချက်နည်း ရေးလိုက်ဦးမယ်။ ကိုဒီဘီစကားကို အငှားသုံးရရင်တော့ ဆားချက်ပေါ့ဗျာ။ ဟင်းချက်နည်း စာအုပ်ကိုဖတ်မယ်ဆိုရင် ပထမဆုံးသူတို့ အခေါ်အဝေါ်တွေကို နားလည်မှ ဖတ်လို့ရတယ်ဗျ။ ဗမာပြည်က ဦးကြီးပု စာအုပ်ဆိုရင်တော့ မလိုဘူးပေါ့ဗျာ။ ပထမဆုံး မဖြစ်မနေတွေ့ရတာကတော့ အသားတွေကို မချက်ခင်မှာ ပြင်တာဆင်တာကို သူတို့က အသေးစိတ်မပြောတော့ပဲ သူတို့ အခေါ်အဝေါ်တွေကိုပဲ သုံးလေ့ရှိတယ်။ ဒါကြောင့်တစ်ခါတစ်လေ စာအုပ်ဆိုင်ကနေ တွေ့တဲ့ ဟင်းချက်နည်း စာအုပ်တွေက ဖတ်ကြည့်လည်း ဘာလုပ်ရမှန်းမသိတာပါ။

Le guide culinaire ဆိုတာ စားဖိုးမှူးလက်စွဲ စာအုပ်တွေထဲမှာတော့ နာမည်ကြီးစာအုပ်ပေါ့။ သူ့ထဲမှာ ပါတာလေးတွေ ပြောရမယ်ဆိုရင် သူက Seasoning ဆိုတာကိုတောင် အမျိုးအစား သေသေချာချာ ခွဲထားသေးတယ်ဗျ။

Seasoings:
Saline Seasonings: အသားကို ဆားနဲ့နယ်ခြင်း
Acid Seasonings: အသားကို Organic Acid ဒါမှမဟုတ် ရှာလကာရည် အဖြူ ဒါမှမဟုတ် အနက်နဲ့ နယ်ခြင်း
Hot Seasonings: အသားကို ငရုတ်ကောင်းထည့်နယ်ခြင်း
Sacharine Seasoings: အသားကို သကြား ဒါမှမဟုတ် ပျားရည်ဖြင့်နယ်ခြင်း

အများအားဖြင့်တော့ ဟင်းချက်နည်းစာအုပ်တွေမှာပါတဲ့ Seasoning ဆိုတာကတော့ အသားကို ဆား၊ ငရုတ်ကောင်း ထည့်ပြီးနယ်တာကိုခေါ်တာပါ။ ဒါကြောင့် စာအုပ်ကိုဖတ်ပြီး Seasoning ဆိုရင် သဘောပေါက်လိုက် ဆား၊ ငရုတ်ကောင်းနယ်ခိုင်းတာ။

နောက်တစ်ခုကတော့ ဟင်းချက်ရင် လူတွေက ဆီပေါက်မှာကို အင်မတန်ကြောက်ပါတယ်။ တစ်ကယ်တမ်းက အနောက်တိုင်းအစားအစာတွေမှာက ကြော်ရင်တောင် ဆီမပေါက်ပါဘူး။ သူတို့က Flour လုပ်တယ်လို့သုံးပါတယ်။ ဘာလုပ်တာလဲဆိုတော့ Seasoning လုပ်ပြီးသား အသားတွေကို ရေစိုမနေအောင် ဂျုံမှုန့်လူးထားလိုက်ပါတယ်။

နောက်တစ်ခုက အသားတွေကို Deep Fry ကြော်မယ်ဆိုရင် Seasoning Flour လုပ်ပြီးရင် ကြက်ဥအကာနဲ့သုတ်ပါတယ် နောက်ပြီးတော့ ပေါင်မုန့်ခြောက်ကပ်ပါတယ် ဒါကိုဘာခေါ်သလဲဆိုတော့ Paning လုပ်တယ်လို့ပြောလေ့ရှိပါတယ်။

Seasoning = Salt + Vinegar + Pepper
Seasoning Flour = Seasoning + Flouring
Paning = Seasoning + Flouring + Egg + Bread Crumps

ဒါကြောင့် စာအုပ်တွေထဲမှာကတော့ ရေးထားတာက လွယ်လွယ်လေး Seasoning, Seasoning Flour, Seasoning Flour and Paning ဆိုပြီးပဲတစ်ခုခုရေးထားလိုက်တာ မသိရင်တော့ လည်ပြီသာမှတ်တော့။ တော်ကြာနေ Super Market သွားပြီးတော့ Seasoning လေးဘယ်နားရောင်းသလဲမေးလိုက်ရင်တော့ ကောင်တာက အရောင်းအမျိုးသမီးလည်း ဘယ်ညှန်ရမှန်း မသိဖြစ်သွားမယ်။