မြို့မရယ် ဒါးတန်းရယ် ကသစ်ပန်းရယ်

ဒါးတန်းဆိုရင် မျက်စေ့ထဲမြင်မိကြတာက ဘိလပ်ရည် ဒါးတန်းဘိလပ်ရည်ဆိုတာ အရင်ကတော့ ဒါပဲရှိတာကိုးဗျ။ အခုခေတ်လို အချိုရည်အမျိုးစုံမှ မပေါ်သေးတော့ ဒါးတန်းက ဘိလပ်ရည်ပဲ မန်းလေးသားများ သောက်ရတာပါပဲ။ ငယ်ငယ်ကတော့ ဝယ်သောက်ပါတယ် ကရင်ဆော်ဒါဆိုတာကို ဘိုလိုများ ဂရင်းဆိုဒါ လို့သွားပြီးမပြောနဲ့ မရှိဘူးပြောလှတ်လိမ့်မယ်။ ဒါးတန်းကို လူသိများတာက ဘိလပ်ရည်ရယ် နောက်တစ်ခုကတော့ မြို့မအသင်းရယ်။ မြို့မသင်းကို စတင်တည်ထောင်တုံးက အမာခံကြီးတစ်ယောက်က ဒါးတန်းဦးသန့်။ ဒီ့အပြင် နောက်ပိုင်းလူတွေ ပိုသိတာက ဒါးတန်းသူခင်ခင်ထား ဒါကတော့ သင်္ကြန်မိုးထဲက မင်းသမီးခင်သန်းနု သရုပ်ဆောင်ခဲ့တာကိုး။ ရုပ်ရှင်ထဲတော့ ခင်ခင်ထားက ဒါးတန်းထဲမှာနေတာပေါ့ လာရိုက်တော့ နေတဲ့အိမ်ကပွဲကုန်းလမ်းမတန်းမှာ။ ဦးသန့်ပြီးတော့ မြို့မနဲ့တွဲလျက် လူတိုင်းသိတာက မြို့မငြိမ်း။ မြို့မငြိမ်းဆိုလို့ အခုပဲ Youtube ကနေ ကသစ်ပန်းကို ပြန်ပြီးနားထောင်ဖြစ်လို့ ဒါးတန်းကိုသတိရလို့ရေးထားတာပါ။ ဒီလောက်စာလုံးပေါင်းခက်တဲ့ သီချင်းကို မြို့မငြိမ်း ဘယ်လိုများစဥ်းစားရေးပါလိမ့်။ ကိုအ့ကြီးကလည်း ပြီပြီသသဆိုလို့ တော်သေးတာပေါ့ ဒါတောင်စာသားကို မနည်းစာလုံပေါင်းမှန်အောင်ရိုက်ရတယ် ဒါတောင်တစ်ချို့စကားလုံးတွေ မသေချာဘူး မှားနိုင်တယ်။ ဒီလိုပဲ မအားတဲ့ကြားက ဆားချက်လိုက်တယ်။ ဆောင်းတွင်းကြီး ကသစ်ပန်းလို့ ပြောချင်လည်းပြောသွား ဒို့ဆီတော့ အခုမိုးရာသီပဲ ကြည့်ရတာ အသူရိန်နဲ့ သိကြားတွေလည်း တစ်နိုင်ငံချင်းစီလှည့်ပြီး မိုးရွာတာရှာပြီး အမြဲစစ်ခင်းနေတယ်ထင်ပါတယ်။

နတ်စည်ငယ်လေ ပုဇွန့်လက်ရိုး အာလမ္ဗဒါ ကျော့ကွန်းသံဝါ ဆော်ရွမ်းညံစာစာ တိမ်ယံအာကာ နီလာပြင်ဆိုင်း သင်တိုင်းခြုံလှာ အုံ့မှိုင်းညိုပြာ မိုးထက်ကဲဝဠာ ကိုးချက်နယ်မှာ တိမ်ခိုးယှက် မိုးသည်းကလေးတွေဖြာ

ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင့်မိုရ်ထက်ကိုတက်လို့ စစ်ဖက်တဲ့အခါ အုံ့ကာလေတစ်ဖွဲဖွဲ ရွာလေတစ်သဲသဲ

(လွဲခဲ့ကြရရှာ နတ်တို့နတ်ရွာ ဝတိံသာ အသူရိန်တွေဟာ ဘုံသာဝေယံနန်းမြင့် ကသစ်ပန်းပွင့်ရတုဖြာ သဘင်ပွဲအပြုမှာ) ၂

သြော် သခွတ်ဖြူစွာ အပွင့်ကိုသာမြင်တော့မှ ဝတိံတွင်မဟုတ်ပါလား ဟရို့ရဲ့ သေနင်ဗျူဟာ နတ်အသူရာမင်းငဲ့လေး စစ်ခင်လုမယ်လာ ရှေးရှု့ဝတိံသာ

ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင့်မိုရ်ထက်သို့တက်လို့ စစ်ဖက်တဲ့အခါ အုံ့ကာလေတစ်ဖွဲဖွဲ ရွာလေတစ်သဲသဲ

အာလိန်ငါးဆင့် နဂါးနှင့် ဂဠုန်ရံ ဂုမာ္ဘန်ယက္ခ စတုမဟာရာဇာ မခံနိုင်ကြလို့သိကြားထွက်တဲ့အခါ တွက်ရေတစ်သိန်းခြောက်သောင်း ရှစ်ထာင့်ယူဇနာ ဝရဇိန်လှတ်ကာ မြင်းမိုရ်ကိုပင် သူခွင်းခြင်းထွင်းလို့ဖောက်နိုင်တာ နတ်မြင်းတစ်ထောင်ကတဲ့ ရထားဝေဇယန္တာ ရန်ဖန်မာန်တင်းသားက ဆင်တော်သုမိတ္တာ ရဲတံခွန်လှားသုံးဆယ်သုံးပါး သိကြားနှယ်ပါ နေလနတ်သားလေးပါး စစ်အင်္ဂါ ပင်လုံးကွတ်သခွပ်ပွင့်ချိန်အခါ

ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင့်မိုရ်ထက်သို့တက်လို့ စစ်ဖက်တဲ့အခါ အုံ့ကာလေတစ်ဖွဲဖွဲ ရွာလေတစ်သဲသဲ

(နှစ်တိုင်းပင် သခွပ်ပွင့်ချိန်မှာ သိကြားနဲ့အသူရာ သမက်နဲ့ယောက္ခမ ဘောက်ကျလို့လည်း အားမရနိုင်ရှာ) ၂

ဒါကိုအားမကျဖို့ မယားအလှတောင်းပန်မှာ ယောက္ခမဆိုတာ တည့်အောင်ပေါင်း ကျောင်းကိုပို့ ဥပုသ်ရက်ရှည်စောင့်ခိုင်းမှာ

(ဝေဆာ သခွ

နိုင်ငံခြားဖြစ် ဓာတ်ရိုက်နည်း


မန္တလေးအိမ်မှာဆိုရင် ညပိုင်းဆိုရင် ဆိုင်တွေကိုမနက်က အကွေးပေးလိုက်တဲ့ ကုန်ဖိုးတွေ လိုက်ကောက်ရတယ်။ ဆိုင်တွေမှာလည်း လက်ကလေးတစ်ဘက် လှုပ်တုတ်လှုပ်တုတ် ကြောက်ရုပ်လေးတွေ ကောင်တာတွေပေါ်မှာ တင်ထားတတ်တယ်ဗျ။ မေးကြည့်တော့လည်း ဘာမှန်းဘယ်သူမှ ရေရေရာရာ မသိကြဘူး။ အင်တာနက်မှာ ရှာကြည့်လိုက်တော့မှ ဂျပန်ရိုးရာဆိုပဲ Maneki Neko လို့ခေါ်တယ်ပြောတာပဲ။ ဗမာပြည်တော့ တရုတ်ကဝင်တဲ့ ဂျပန်အရုပ်လို့ ပြောရမယ်ထင်တယ်။ လက်ကလေး လှုပ်နေတော့ လူခေါ်တယ် ဒီတော့စျေးဆိုင်ဆိုတော့ ဧည့်များတော့ လာဘ်ကောင်းတယ်ဆိုပဲ။ ဆိုင်တစ်ဆိုင်ကတော့ အဘွားလက်ထက်ကတည်းက ဖောက်သည်ဆိုတော့ အမျိုးလိုခင်နေတာဗျ။ ဆိုင်ရှင်မိန်းမကြီးက အဒေါ်နဲ့ဆို ငယ်ကတည်းက စီးပွားဖက်ဖြစ်နေတော့ ကျွန်တော့်ကိုလည်း အင်မတန်ခင်တယ်။ မနက်ခင်းသွား ကုန်ပို့ရင်တော့ ဟုတ်နေတာပဲ ဒါပေမယ့် ညပိုင်းမှာ ကျွန်တော့်ကို ဆိုင်ပေါက်ဝကနေ ဝင်လာတာမြင်ရင်တော့ ကောင်တာပေါ်က ကြောင်ရုပ်ကို ကောင်တာထဲ ဇွပ်ကနဲ့သိမ်းတယ်ဗျ။ နောက်ပိုင်း သတိထားမိတော့ မေးကြည့်တယ် အန်တီက ကျွန်တော့်မြင်တာနဲ့ ဘာကိစ္စ အရုပ်ကိုသိမ်းတာလဲ ကျွန်တော်က မယူပါဘူးဗျလို့ ပြောလိုက်တော့ “ဟဲ့ အရုပ်ပျောက်မှာ ကြောက်လို့ မဟုတ်ဘူး နင်ကပိုက်ဆံပေးမယ့်လူမဟုတ်ဘူး ပိုက်ဆံတောင်းမယ့်လူ နင်ရှိတုံး ကြောင်ရုပ်တင်ထားရင် နင့်လိုတောင်းမယ့် လူတွေကြည့် လာနေရင်ဒုက္ခများတယ်” တဲ့ဗျာ ကောင်းရော။ ဘလော့ကလည်း ဒီရက်ပိုင်း လူအလာနည်းတယ်လေ ဒီတော့ အတုမြင် အတတ်သင်ပဲ ပြောပြောပေါ့လေ ငယ်ငယ်ကတည်းက မြင်တွေ့နေရတဲ့ စျေးသည်လူခေါ် အဲလေ ဘလော့လူခေါ် ဓာတ်ရိုက်လိုက်ဦးမယ် အဟိ။


(မှတ်ချက်။ တစ်ကယ်ကတော့ စာမရေးလို့ လူမလာတာပါ။ ရေးစရာမရှိတော့လည်း လူခေါ်လို့ကမရတာနဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် စာရေးဓာတ်ရိုက် နှစ်ခုပေါင်းလိုက်ခြင်းဖြစ်၏။ စျေးတန်းထဲက ဓာတ်ရိုက်နည်းကတော့ မလိုအပ်သေးဟုထင်သဖြင့် မသုံးသေးပါ။)

ဆော့တာများ ထူးဆန်းသလား မျိုးနဲ့ရိုးနဲ့

ငယ်ငယ်ကတော့ လူပျိုကြီးဆိုတဲ့လူက အင်မတန်ဆော့တယ်ဆိုပြီး နာမည်အလွန်ကြီးပါတယ်။ ကိုယ်တင်မကဘူး သူများကလေးတွေလည်း ဆော့အောင် အဖော်စပ်တတ်တယ်။ လူပျိုကြီးနဲ့ ပေါင်းလို့ကြံကြံဖန်ဖန် ဆော့တတ်သွားတာကို တစ်ချို့က ကလေးတွေဆိုးသွားတယ်လို့ အမြင်လည်း မှားတတ်ပါတယ်။ သူတို့ကလေးက လူပျိုကြီအိမ်လာမှတော့ လူပျိုကြီးက ဆော့ရင်းဧည့်ခံဖို့တာဝန်ရှိတယ်လေ အတုမြင်အတတ်သင် ကိုယ်အိမ်ပြန်ရောက်မှ လူပျိုကြီးကိုဆော့လို့ အရိုက်ခံရတာကတော့ လူပျိုကြီးတာဝန်မဟုတ်လို့ ထင်တာပဲ။

ကိုယ့်ဒယ်ဒီကို အားမနာတမ်း ပြောရမယ်ဆိုရင် သူလည်းမကြီးမငယ်နဲ့ ဆော့တာပဲ။ လူပျိုကြီးနဲ့ လာကစားတဲ့ကလေးတွေနဲ့ တစ်ခါတစ်လေ ပေသီးပစ်နေရင်တောင် သူကဝင်ပစ်ရင်ပစ်သေးတာ ပြီးတော့လူကြီး လက်တံရှည်ကြီးနဲ့ လုပ်ပြီးတော့ စည်းကခိုးသေးတယ်။ တစ်ခါတစ်လေများ ကလေးတွေနဲ့တောင် ရန်ဖြစ်သေးဗျာ။ တစ်ခုကောင်းတာက ကျွန်တော်ဘယ်လောက်ဆော့ဆော့ မတားဘူးဗျ။ မာမီကတားရင်တော့ စာအုပ်နဲ့ကိုင်ပေါက်လိုက်တယ် ဗမာ့စွယ်စုံကျမ်း ဘယ်အတွဲလည်း မှတ်မိတော့ဘူး။ ကလေးများ ဆော့ကစားခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်၏ ဥာဏ်ကောင်းစေ၏ဆိုတာကို စာရွက်ကလေးညှပ်ပြီး မှတ်ထားတယ်။

အိမ်ရှေ့မှာလည်း ဆော့ရအောင်ဆိုပြီး ဝက်သစ်ချပင် အမြင့်ကြီးမှာ အုန်းဆံကြိုးအတုတ်ကြီးကို အပင်ပေါ်ကနေ တွဲလဲချထားတယ်ဗျာ။ စိတ်ကူးပေါက်တဲ့အချိန် သက်လုံကောင်းအောင်ဆိုပြီး အဲဒီ့ကြိုးကိုဆွဲပြီး တက်သေးတာ။ ကိုယ်လည်း သူ့ကစိတ်ကူးပေါက်တဲ့အချိန် တက်ခိုင်းသေးတာ စတက်ကာစကတော့ မသိဘူးလေ ကိုယ့်အားအကုန်သုံးပြီး ဆွဲတက်လိုက်တာ အပေါ်လည်ရောက်ရော ပြန်ဆင်းစရာ အားမရှိတော့ဘူး ပြန်အဆင်း လက်အံသေပြီး ပြုတ်ကျတာပါပဲ။ ဒယ်ဒီကမေးတယ် ကျိုးတော့မကျိုးဘူး မဟုတ်လားတဲ့။ အဲ့ဒီအကျင့်က အခုထက်ထိ ပါလာတယ် မယ့်ရင် အောက်မှာသာ ကြည့်ပါတော့ဗျာ။