Calm Hill » ဆောင်းပါး

Source Code Control (Version Control System)
Software Development လုပ်တဲ့အချိန်မှာ အရေးကြီးတဲ့အချက်တစ်ခုဟာ ရေးနေတဲ့ Sorce Code များကိုထိမ်းသိမ်းရခြင်း ဖြစ်ပါတယ်။ ရေးသားတဲ့နေရာမှာ အမြဲပြုလုပ်ရလေ့ရှိတာက မူရင်းရေးပြီးသား Sorce Code များကိုအကြောင်းအမျိုးအမျိုးကြောင့် ပြင်ပြီးစမ်းရတတ်ပါတယ်။ အဲဒီလိုပြုလုပ်ရင်း မကောင်း၍သော်လည်းကောင်း မူရင်းကိုပြန်လိုချင်၍သော်လည်းကောင်း တစ်ခါတစ်ရံမှာခက်ခဲ့တတ်ပါတယ်။ ဒီနေရာမှာ Source Code Control (Version Control System) တွေဟာ အများကြီးအရေးပါလာပါတယ်။

ဒီလိုအရာတွေကို ပုံမှန်အားဖြင့်ရှင်းလေ့ရှိတာက စမ်းသပ်မှု့ပြင်ဆင်မှု့မလုပ်ခင်မှာ backup လုပ်ပြီးစမ်းသပ်ပြင်ရပါတယ် မူရင်းပြန်လိုချင်တယ်ြဖစ်လာရင်တော့ backup လုပ်ထားတာကို ပြန်သုံးလို့ရပါတယ်။ နောက်ပြီးတော့ backup လုပ်ရာမှာလည်း ဖိုင်တွေကို Version သော်လည်းကောင်း နေ့စွဲအချိန်လိုသော်လည်းကောင်း ထည့်ပြီးမှတ်ထားမယ်ဆိုရင် ထိမ်းသိမ်းရလွယ်ပါတယ်။ backup လုပ်ထားတဲ့ ဖိုင်တွေကိုလည်း အားလုံးအတွက် တစ်နေရာတည်းမှာထားပြီး shared directory အဖြစ်ဆိုရင်အားလုံး အသုံးပြုရလွယ်ကူပါတယ်။ ဒါတွေဟာ Source Code Control ရဲ့အခြေခံအချက်တွေပါ။

Version Control System တွေကိုဘာလို့ အသုံးပြုရတယ်ဆိုတဲ့ အချက်တွေဟာလည်း အရေးကြီးပါတယ်။ shared directory တွေမှာက ပရောဂျက်တစ်ခုအတွက်နဲ့ ပရိုဂရမ်မာနည်းရင် ညှိနှိုင်းသုံးစွဲလို့ရပေမယ့် များလာရင်တော့ Version Control အင်မတန်ရှုပ်ထွေးလာပါတယ် နောက်ပြီးတော့ အများသုံးစွဲတာဖြစ်လို့ မူရင်းထားတဲ့ shared directory မှာပဲ တိုက်ရိုက်ပြုပြင်ဖို့ကြိုးစားရင် တစ်ခုတည်းကို တစ်ချိန်တည်းမှာပဲ လူအများဝိုင်းပြင်မိတာတွေ ဖြစ်လာနိုင်ပြီးတော့ ပြဿနာများစွာ ရှုပ်ထွေးလာမှာဖြစ်ပါတယ်။ နောက်တစ်ချက်က လူအများအသုံးပြုတာဖြစ်လို့ မိမိရေးသားထားတဲ့ Soruce Code များနဲ့အတူ ပြုလုပ်ခဲ့အတဲ့ အပြောင်းအလဲများကို မှတ်တမ်းတင်ဖို့လည်း လိုအပ်ပါတယ် ဒီနေရာမှာ shared directory တွေဟာ Soruce Code ရဲ့အတွင်းမှာပဲ Comment များရေးသားရုံကလွဲပြီး မထောက်ပံ့ပေးနိုင်တော့ပါဘူး။

Shared directory တွေမှာဖြစ်နိုင်တဲ့ အခက်အခဲပြဿနာကို အောက်မှာပုံအဖြစ်နဲ့ပြထားပါတယ်။ ပုံမှာ လူနှစ်ယောက်ဟာ ဖိုင်တစ်ခုကို တစ်ပြိုင်တည်းဖတ်ပြီး ပြုပြင်ကြပါတယ် ဒီနေရာမှာ တစ်ယောက်ပြင်ထားတဲ့ ဖိုင်တစ်ခုကို နောက်တစ်ယောက်က မူရင်းဖိုင်ထင်တဲ့အတွက် ထပ်ရေးတဲ့အတွက်အခက်အခဲဖြစ်နိုင်ပါတယ်။

အလွယ်ဆုံးဖြေရှင်းနည်းကတော့ အသုံးပြုသူတစ်ယောက်အနေနဲ့ ပြုပြင်လိုခဲ့ပါက Lock ချတဲ့နည်းနဲ့ ​ဖြေရှင်းလေ့ရှိပါတယ် အချို့သော Operating System များမှာလည်း Shared file တွေကို Lock ချပေးထားနိုင်ပါတယ်။ သရုပ်ပြပုံကိုအောက်မှာ ကြည့်ရှု့နိုင်ပါတယ်။ Lock ကိုသုံးချင်းအားဖြင့် သာမန်အနေအထားအတိုင်း Shared လုပ်ရင်ြဖစ်လေ့ရှိတဲ့ နှစ်ယောက်ပြိုင်ရေးတဲ့ ပျောက်ဆုံးတာမျိုးမဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့်လည်း Lock လုပ်တဲ့အတွက် ဖြစ်လာနိုင်တာက Lock ပေးနိုင်ဖို့ သက်ဆိုင်တဲ့ System တစ်ခုလိုအပ်လာပါတယ်။ တစ်ခါတစ်ရံမှာ တူညီတဲ့ ဖိုင်တစ်ခုဖြစ်ပေမယ့် မတူညီတဲ့နေရာတွေကို နှစ်ဦးပြင်ဆင်လိုခဲ့ပါက Lock ဟာခွင့်ပြုပေးလို့မရတဲ့အတွက် အခြားပြင်ဆင်လိုသူတစ်ဦးဟာ စောင့်ဆိုင်းရမှာဖြစ်ပါတယ်။

Version Control System(VCS) တွေမှာတော့ အောက်မှာဖော်ပြထားတဲ့ ပုံမှာပြထားတဲ့အတိုင်း အထက်ပါအခက်အခဲတွေကိ ​ဖြေရှင်းလေ့ရှိပါတယ်။ ​ဖြေရှင်းပုံကိုတော့ Copy-Modify-Merge လို့ခေါ်လေ့ရှိပါတယ်။ သာမန် Shared directory တွေအတိုင်း လူအများအနေနဲ့ ကူးယူပြီးတော့ ပြင်ဆင်နိုင်ပါတယ်။ VCS အနေနဲ့ မည်သူကမည်သည့် Version ကို ကူးယူသွားတယ်ဆိုတာ မှတ်သားထားလိုက်ပြီး Repository ထဲမှာမူရင်း Version ရှိမှသာပြင်ဆင်ခွင့်ပေးပါတယ် အကယ်၍သာ အခြားလူတစ်ဦးက ဝင်ရောက်ပြင်ဆင်သွားပါက ပြင်ဆင်ခွင့်မပေးတော့ပဲ Version ပြောင်းသွားကြောင်း အကြောင်းကြားပြီး ပြောင်းလဲသွားတဲ့ Version ကိုထပ်မံဖတ်ရှု့စေပြီး ထပ်မံပြင်ဆင်စေမှာဖြစ်ပါတယ်။ ဒီနည်းအားဖြင့် Shared directory ရဲ့အခက်အခဲကို ပြေလည်စေပြီး Lock မလိုအပ်ပဲ တစ်ပြိုင်နည်း လူအများပြင်ဆင်နိုင်စေမှာ ဖြစ်ပါတယ်။ Lock မလိုအပ်​ဘူးဆိုပေမယ့် ချို့ယွင်းချက်အနေနဲ့ လိုအပ်နိုင်တဲ့ အ​ခြေအနေတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။

VCS တွေမှာအများအားဖြင့် အောက်မှာဖော်ပြထားတဲ့ အချက်များကို အထောက်အကူပြုလေ့ရှိပါတယ်။

(၁) Backup and Restore: သက်ဆိုင်ရာဆော့ဝဲ Soruce Code များကို Backup and Restore လုပ်ပေးနိုင်ရပါမယ် Backup and Restore ဆိုရာမှာ အချိန်အလိုက်လုပ်ဆောင်ပေးနိုင်ရပါမယ် ဒီအချက်ဟာတော့ shared directory မှာလည်း လုပ်ပေးနိုင်တာဖြစ်တာကြောင့် ထူးခြားတယ်မဆိုနိုင်ပါဘူး ဒါပေမယ့် VCS မှာတစ်ခါတည်း ပါလာတဲ့အတွက် Backup and Restore ပိုမိုလွယ်ကူနိုင်ပါတယ်။

(၂) Synchronization: ပုံမှန်အားဖြင့် Soruce Code များဟာ တစ်နေရာတည်းမှာ ထိမ်းသိမ်းထားတာဖြစ်ပြီး ပြင်ဆင်လိုတယ်ဆိုပါက မိမိရဲ့ကိုယ်ပိုင် စက်အတွင်းကို ကူးယူပြီးမှသာပြင်ဆင်လို့ရပါတယ် ပြင်ဆင်ပြီးလျင်တော့ မူရင်းထိမ်းသိမ်းတဲ့နေရာကို ပြန်လည်ပို့ပြီး အပြောင်းအလဲများကို မှတ်တမ်းတင်ရပါတယ်။ လူအများတစ်ပြိုင်တည်း ပြင်ဆင်နေတာ ဖြစ်တဲ့အတွက် မိမိယူထားတဲ့ Soruce Code များဟာ နောက်ဆုံးအပြောင်းအလဲကို လိုကောင်းလိုမှာ ဖြစ်လာနိုင်ပါတယ် VCS များမှာတော့ Synchronization ကိုလုပ်ပေးနိုင်စွမ်း ပါလေ့ရှိတာကြောင့် Synchronization ဟာ လူကိုယ်တိုင်လုပ်စရာမလိုအပ်ပါဘူး။

(၃) Undo: မိမိပြင်ဆင်လိုတဲ့ Soruce Code တွေကိုကူးယူပြင်ဆင်ပြီးမှ မူရင်းအခြေအနေ ပြန်လိုချင်ခဲ့လျင် လိုအပ်တဲ့ နောက်ဆုံးအခြေအနေကို အလွယ်တကူပြန်လည်ရရှိနိုင်ပါတယ်။ အများအားဖြင့် မိမိတိုပြန်လည်ရောက်ရှိချင်တဲ့ Version or Revision အခြေအနေကို ပြန်လည်ကူးပြောင်းလို့ရပါတယ်။

(၄) Track Changes: မိမိတို့ပြင်ဆင်လိုက်တဲ့ အကြောင်းအရာတွေကို မှတ်ချက်များရေးသား ပြင်ဆင်ချင်တယ်ဆိုရင် ပြောင်းလဲတဲ့အကြိမ်တိုင်းမှာ မိမိတို့မှတ်သားလိုတဲ့ ပြောင်းလဲချက်များကို ရေးသားထိမ်းသိမ်းလို့ရပါတယ်။ ဒီအချက်တွေဟာ မိမိတို့ရဲ့ဆော့ဝဲမှာ ဘယ်လိုအပြောင်းအလဲတွေ ရှိခဲ့တယ်ဆိုတာတွေကို လိုအပ်လာပါကပြန်လည် စီစစ်ရာမှာ အသုံးပြုကြပါတယ်။

(၅) Track Ownership: လူအများနဲ့ အလုပ်လုပ်တာ ဖြစ်တဲ့အတွက် ပြုလုပ်သွားတဲ့ အပြောင်းအလဲတွေကို ပြန်လည်စီစစ်နိုင်ဖို့လိုပါတယ်။ VCS တွေမှာ Track Changes တွေအပေါ်မှာ ဘယ်သူကဘယ်လို ပြောင်းလဲသွားတယ်ဆိုတာကို ပြန်လည်ပြီးတော့ စီစစ်နိုင်အောင် မှတ်သားထားပေးနိုင်ပါတယ်။ တစ်ချိန်မှာပြဿနာရှိလာရင် မည်သူပြောင်းလဲသွားလို့ ဖြစ်ရတယ်ဆိုတာမျိုး ပြန်လည်ရှာဖွေပေးနိုင်ပါတယ်။

(၆) Sandboxing: မူရင်း Soruce Code များကို ပြင်ဆင်လိုပါက VCS ထံကနေ မိမိတို့ထံကိုကူးယူပြီးတော့ ပြင်ဆင်စမ်းသပ်တာ ဖြစ်တဲ့အတွက် စမ်းသပ်မှု့တွေ ပြင်ဆင်မှု့တွေပြီးတဲ့ အချိန်မှသာ VCS ထဲကို ပြောင်းလဲမှု့ပြုလုပ်တဲ့အတွက် မူရင်း VCS ကိုထိခိုက်စေမှု့မရှိပါဘူး။ ဒီနေရာမှာ VCS ဟာ File Server မဟုတ်ဘူးဆိုတာ ဆိုလိုပါတယ် မိမိတို့ပြင်ချင်သလောက်ပြင် VCS ထဲကိုပို့ဆိုတာမျိုးမလုပ်သင့်ပါဘူး အတိုင်းအတာတစ်ခုအထိ ပြုပြင်ပြီးမှသာ VCS ထဲကိုပြောင်းလဲရပါတယ် ဒါမှသာ Revision တစ်ခုနဲ့တစ်ခု ဘယ်လောက်ကွာခြားတယ်ဆိုတဲ့ Track Changes များဟာအသုံးဝင်မှာဖြစ်ပါတယ်။

(၇) Branching and merging: အပေါ်မှာပြောခဲ့တဲ့ Sandboxing ဟာကိုယ်ကူးယူထားတဲ့ Source code များကိုစိုက်ကြိုက် စမ်းသပ်မှု့ဖြစ်ပါတယ် အကယ်၍သာ အဲဒီ့စမ်းသပ်မှု့များမှာလည်း အဆင့်တွေများနိုင်သလို Track Changes တွေကိုလည်း မူရင်း VCS လိုလိုချင်တယ်ဆိုရင် VCS မှာပဲ စမ်းသပ်ဖို့အတွက် Branching အဖြစ်ခွဲထုတ်ပြီး အသုံးပြုနိုင်ပါတယ်။ Branch တစ်ခုစမ်းသပ်ပြီးလို့ မူရင်းထဲကို ပြောင်းလဲမှု့တွေကို ပေါင်းထည့်တာကိုတော့ VCS မှာ merging လုပ်တယ်လို့ ခေါ်လေ့ရှိပါတယ်။

( VCS များမှအခေါ်အဝေါ်များ၊ SVN ဖြင့်သရုပ်ပြ၍ ပုံနှင့်ပြထားခြင်းများ ဆက်ရန် )

အောက်ဖော်ပြပါ References များမှဖတ်ပြီး အဆင်ပြေသလို ရေးထားခြင်းဖြစ်သည် မူရင်းနှင့်လွဲနိုင်ပါသည် စိတ်ဝင်စားလျှင်သွားဖတ်ပါ စာရင်းများအောက်တွင်ပြထားသည်။

References

[1] http://betterexplained.com/articles/a-visual-guide-to-version-control/

[2] http://svnbook.red-bean.com/en/1.5/index.html

[3] http://www.dwheeler.com/essays/scm.html

[4] http://en.wikipedia.org/wiki/Version_control

[5] http://en.wikipedia.org/wiki/Versioning_file_system

[6] http://www.ericsink.com/scm/source_control.html

[7] http://en.wikipedia.org/wiki/Comparison_of_revision_control_software

[8] http://better-scm.berlios.de/comparison/

iBus, KMFL and Myanmar Unicode
ဒီရက်ပိုင်း စာ​မရေးဖြစ်သလောက်ြဖစ်နေတယ် ဖြစ်ရတာက မအားတာရယ် နောက်ပြီးတော့ ကွန်ပျူတာကနည်းနည်း ဒုက္ခပေးနေတယ် တင်ထားတာတွေ များလွန်းလို၌ ဝင်းဒိုးကတစ်ခါဖွင့်ရင် ၁၅ မိနစ်လောက်စောင့်မှ သုံးလို့ရသလိုဖြစ်နေတော့ အားတဲ့အချိန်လေးသုံးတာ အဲလောက်စိတ်မရှည်ဘူးဖြစ်တယ် ဒါနဲ့ Linux ​ဘက်မှာပဲသုံးနေဖြစ်တယ်။ ဖြစ်ချင်တော့ Linux ဘက်က Unicode ကဘုရားစူးမိုးကြိုးပစ် ကီးဘုတ်ြဖစ်နေတော့ ရိုက်လို့အတော်ခက်တယ် အဲဒါနဲ့ စာလည်းရေးမရဘူးဖြစ်နေတယ်။

လိုက်ရှာကြည့်တော့ ThanlwinSoft ကလုပ်ထားတဲ့ ကီးဘုတ်ကရှိတယ် Ubuntu Repository ထဲမှာကိုပဲ Package က kmfl-keyboards-mywin ဆိုတဲ့နာမည်နဲ့ပါပါတယ် ဒါပေမယ့်သူက SCIM ကိုသုံးထားတဲ့ဟာဆိုတော့ အခုက iBus ကို Default သုံးနေတဲ့အချိန်ြဖစ်နေတော့ နည်းနည်းလေး ခေတ်နောက်ကျနေပါပြီ။ အဲဒါနဲ့​ KMFL ကိုသွားကြည့်တော့ SCIM ရော iBus ရောနှစ်ခုလုံးမှာသုံးလို့ရပါတယ်။ လုပ်ဖို့လိုတာက iBus အတွက် KMFL ကို Install လုပ်ရပါမယ် Compile လုပ်ယူချင်ရင်တော့ မူရင်းဆိုက်မှာ Source code ကိုယူလို့ရတယ် Binary ပဲလိုချင်ရင်တော့ SIL Repository ကိုထည့်ဖို့လိုမယ်။

deb http://packages.sil.org/ubuntu lucid main

KMFL ကို iBus အတွက် package ကို Install လုပ်ဖို့လိုမယ်။ Ubuntu လိုကတော့လွယ်ပါတယ် apt နဲ့ Install လုပ်လိုက်ရုံပါပဲ။

apt-get install ibus-kmfl

အဲဒါပြီးရင်တော့ Keymen Source Code ရှိရင်အဆင်ပြေပြီ ဗမာစာအတွက် ကီးဘုတ်က Thanlwin Soft မှာ myWin ရှိတယ် အဲဒါကိုယူလည်းရတယ် ဒါမှမဟုတ် Myanmar 3 ကလည်း Open Source လုပ်ထားတော့ သူ့ဆီက ကီးဘုတ်လည်း ယူလို့ရတယ် အဲဒီ့ Keyman Source File .kmn ကို

/usr/share/kmfl

ထဲကိုကူးထည့်လိုက်ရင်ရပြီ root access လုပ်ခွင့်မရှိရင်လည်း ကိုယ့်ရဲ့ Home ထဲမှာပဲ .kmfl ဆိုပြီး directory တစ်ခုနဲ့ကူးထည့်လိုက်လည်းရတယ် ကိုယ့်တစ်ယောက်တော့ သုံးလို့ရပါတယ်။ အဲဒါဆို iBus ကိုဖွင့် ကီးဘုတ်အသစ်ထည့် ကီးဘုတ်အသစ်က Other အောက်မှာပဲတယ် အဲဒါဆိုသုံးလို့ရပြီပဲ။ ဒါကိုဘိုလိုရေးထားတာ ဖတ်ကြည့်ချင်ရင်တော့ အောက်ကလင့်ကိုသာ သွားကြည့်ပါ SIL မှာအသေအချာ ရေးထားပြီးသားရှိပါတယ်။

http://linux.lsdev.sil.org/wiki/index.php/Installing_KMFL_on_Ubuntu

ပြဿနာရှင်းတတ်ဖို့အရေးကြီးတယ်
Software Development လုပ်တဲ့လူတစ်ယောက်အနေနဲ့ လိုအပ်တဲ့  ကျွမ်းကျင်မှု့တွေ အမျိုးမျိုးရှိပါတယ် ပထမဆုံးအနေနဲ့ လူလိုတွေးတာကို  ဖျောက်ပြီးတော့ ကွန်ပျူတာအလုပ်လုပ်သလို တွေးတတ်ရပါတယ် ဒုတိယအနေနဲ့  ကွန်ပျူတာအလုပ်လုပ်သလို ခိုင်းနိုင်ဖို့အတွက် Programming Language  တစ်ခုခုကို အရင်ဆုံးကျွမ်းကျင်အောင် လေ့လာရပါတယ် တတိယအနေနဲ့က နမူနာပြဿနာအတု  တွေကိုဖြေရှင်း ကြည့်ရပါတယ်။ နမူနာပြဿနာအတုဆိုရာမှာ ကိုယ်တိုင်က System  တစ်ခုသတ်မှတ်ပြီး Implement လုပ်ကြည့်ရပါမယ် ဥပမာပြောရရင် Programming  Language တစ်ခုလေ့လာအပြီးမှာ အဲဒီ့ Programming Language ကိုသုံးပြီးတော့  System တစ်ခုရေးကြည့်တာမျိုးကို ဆိုလိုပါတယ်။

သင်မှတတ်တယ်ထင်တဲ့ ကိုယ့်လူမျိုးရဲ့ အကျင့်အရပြောရမယ်ဆိုရင်  အပေါ်ကသုံးဆင့်မှာ သင်ပေးလို့ရတာ ဒုတိယတစ်ဆင့်ပဲရှိပါတယ်  ကျန်တဲ့အဆင့်နှစ်ခုက ကိုယ်တိုင်လုပ်ယူရတာပါ။ ပထမဆင့်မှာ ကွန်ပျူတာလို  တွေးတတ်ဖို့ Logic Building ပုစ္ဆာတွေကို ရှင်းခိုင်းရပါတယ် သင်ယူတဲ့လူက  ကိုယ်တိုင်မရှင်းနိုင်လို့ သင်ပေးတဲ့လူက ရှင်းလိုက်ပြီးတော့  အဖြေကိုရှင်းပြရင် သင်ယူတဲ့လူနားလည်သွားပါလိမ့်မယ် ဒါပေမယ့်  သင်ယူတဲ့လူမတတ်လိုက်ပါဘူး သူနားလည်သွားတာက နမူနာပုစ္ဆာရဲ့အဖြေသာဖြစ်ပါတယ်  တတ်သွားရမယ့် Logic ကိုမရခဲ့ပါဘူး။ တတိယတစ်ဆင့်မှာလည်း ပရောဂျက်တစ်ခု  လုပ်ခိုင်းလိုက်တယ် ကျောင်းသားကကြိုးစားမလုပ်ဘူး အဲဒီ့မှာ သင်တန်းဆရာက  ဒီလိုဆိုပြီး အစကနေ ဘယ်လိုရေးတယ်ဆိုပြီး ရေးပြလိုက်တယ် အဲဒါဆိုလည်း  ကျောင်းသားအတွက် အလကားပါပဲ ရေးတတ်သွားတယ်လို့ ထင်သွားတယ် သို့ပေမယ့်  ဘာမှမရလိုက်ပါဘူး။

ဘယ်သင်တန်းကောင်းသလဲ ဆိုတဲ့အမေးတွေကို ဖြေရမယ်ဆိုရင်  အပေါ်မှာပြောထားသလို သင်ယူမယ့်လူအနေနဲ့ ပထမနဲ့ တတိယ အဆင့်နှစ်ဆင့်ကို  ကိုယ်တိုင်သင်ယူရမယ်ဆိုတာ သဘောပေါက်ရင် ဘယ်သင်တန်းမှာသင်သင် အတူတူပါပဲ။  ချော့သင်တဲ့နေရာမှာ ဗမာပြည်ထက် ကောင်းတဲ့နေရာ တစ်နေရာမှ မမြင်ဖူးပါဘူး  ဗမာပြည်က တက္ကသိုလ်မှာ Language တစ်ခုကို တစ်နှစ်သင်ရတယ်  စာသင်လအနေနဲ့တွက်ရင် ၉ လလောက်ရှိပါတယ် တတိယနှစ်အထိ Language  တစ်မျိုးစီသင်ပါတယ်။ တစ်ခြားနိုင်ငံက တက္ကသိုလ်မှာ Language တစ်ခုဟာ  Semester တစ်ခုပဲသင်ပါတယ် စာသင်လဟာ ၄ လလောက်ပဲရှိတယ် စာသင်ရက် ၁၅  ရက်လောက်ပဲရတယ် အနည်းဆုံး တစ်ရက်တစ်ခန်းနဲ့ အပြတ်သင်တာပါ ဗမာပြည်လို  ဒီတစ်ပါတ် if နောက်တစ်ပါတ် for ဆိုပြီးသင်နိုင်တာမဟုတ်ပါ။ အဲဒါကို  ဘာလို့တတ်သလဲဆိုတော့ ပရောဂျက်က အနည်းဆုံး ၄ဝ% လောက်ယူပါတယ်  ဒီတော့အဲဒါမလုပ်ရင် ကျဖို့ကသေချာပါတယ် ဒီတော့သင်တာ မကောင်းလည်း  ကျမှာကြောက်တော့ အတင်းတွန်းပြီး ကိုယ့်ဟာကိုယ်လုပ်ရပါတယ်။ ဗမာပြည်က  တက္ကသိုလ်က အဲဒီ့လိုဖိအား မရှိတဲ့အတွက် ကိုယ့်ကိုကိုယ်  တတ်အောင်လုပ်မယ်ဆိုတဲ့ ဖိအားလိုပါတယ် အဲဒါသာရှိမယ်ဆိုရင် ဘယ်မှာသင်သင်  အတူတူပါပဲ။

အဲဒီ့လိုသင်ခဲ့ရင် အလုပ်မှာသုံးလို့ရပြီလားဆိုရင် သုံးစားလို့မရသေးပါဘူး  ပြောရမယ်ဆိုရင် လက်သင်ပဲရှိပါသေးတယ် အလုပ်မှာက သင်တန်းမှာရေးတဲ့  ပရောဂျက်နဲ့ကွာတာက အပြင်မှာသုံးတဲ့ပြဿနာပါ သူ့သတ်မှတ်ချက်ကို  မရရအောင်ရေးရပါတယ် ဒီနေရာမှာကိုယ်ရေးတဲ့ Language မှာမပါတဲ့ Features  ဖြစ်ဖြစ် ရှိပေမယ့်ကိုယ်မသိတာပဲဖြစ်ဖြစ် ပြဿနာပေါင်းစုံ အမြဲတွေ့ရပါတယ်  အဲဒါကိုရှင်းတဲ့နေရာမှာ ကိုယ်တတ်သလောက်နဲ့ ဖြစ်အောင်လုပ်ယူရပါတယ် အဲဒါကို  Problem Solving Skill ခေါ်ပါတယ် Problem Solving Skill ဟာတစ်ယောက်နဲ့  တစ်ယောက်မတူပါ။ ပြဿနာများများကြုံတဲ့လူဟာ ဖြေရှင်းနည်းများများသိပါတယ်  အဲဒါကို အတွေ့အကြုံလို့ခေါ်တာပါပဲ။ Problem Solving Skill မမြင့်ပေမယ့်  ပြဿနာတက်လိုက် ဟိုလူ့မေးလိုက် ဒီလူ့မေးလိုက်နဲ့ လိမ်ဖယ်လိမ်ဖယ်နဲ့  အတွေ့အကြုံများများလာတဲ့ လူလည်းရှိတာပါပဲ။ ဒီတော့ဆိုလိုတာက  အလုပ်လုပ်တယ်ဆိုရင် အတွေ့အကြုံဆိုတာက တစ်ဖြည်းဖြည်းများလာတာပါ နည်းတာနဲ့  များတာပဲကွာပါတယ် Problem Solving Skill မြင့်တဲ့လူကတော့ အလုပ်လုပ်တာ  အချိန်တူရင်တောင် အတွေ့အကြုံပိုများများရမယ်ပေါ့။ ဒီတော့အလုပ်လုပ်ဖို့အတွက်  Problem Solving Skill မြင့်သည်ဖြစ်စေ နိမ့်သည်ဖြစ်စေ လိုအပ်ပါတယ်။  အဲဒါမရှိရင်တော့ အလုပ်လုပ်လို့မရပါ။

အလုပ်လုပ်လို့ရပြီဆိုရင် ဘယ်လောက်အထိ တိုးတက်မလဲဆိုတာ ကြည့်သင့်သေးတယ်  Implementation မှာ Problem Solving Skill မြင့်တယ်  အတွေ့အကြံများတယ်ဆိုရုံနဲ့ အပြင်ကကြုံတွေ့နေတဲ့ ပြဿနာတွေကို Analyze  မလုပ်နိုင်သလို ပရောဂျက်တစ်ခုကို စီမံခန့်ခွဲနိုင်ခြင်းမရှိပါ ဒီနေရာမှာ  Implementation ထက်ပိုတဲ့ ဘာသာရပ်တွေ အများကြီးသင်ယူဖို့လိုပါသေးတယ်  Software Engineering, Project Management, Management Information System,  System Analysis and Design စသည်ဖြင့် တတ်ကျွမ်းဖို့လိုပါတယ် အဲဒါတွေကို  မသင်ပဲအလုပ်လုပ်ရုံနဲ့ တတ်မယ်လို့မျှော်လင့်လို့မရပါ။ အဲဒါတွေသင်ဖူးရင်  လုပ်နိုင်ပြီလားဆိုတော့လည်း မဟုတ်ပါ ဒီနေရာမှာလည်း သင်ထားတာကို  သင့်လျော်တဲ့ပြဿနာမှာ သုံးတတ်တဲ့ Problem Solving Skill  ရှိဖို့လိုအပ်ပါတယ်။ အဲဒါတွေမသင်ဖူးရင် ပြဿနာမရှင်းတတ်ဖူးလားဆိုတော့  အဲဒီ့လိုလည်းမဟုတ်ပါ မြင်ဖူးတဲ့ပြဿနာတော့ ရှင်းတတ်ကောင်း  ရှင်းတတ်ပါလိမ့်မယ် သို့ပေမယ့် ရှုပ်ထွေးတဲ့ပြဿနာတွေ  ရှင်းနိုင်လိမ့်မည်မဟုတ်ပါ Implementation ပြဿနာမဟုတ်တဲ့အတွက်  ဒါလေးမရေးတတ်လို့ဆိုပြီး ဖိုရမ်မှာမေးလို့လည်း မရတော့ပါ။ ဒီအရာတွေကို  Management Problem Solving Skill လို့နာမည်တပ်လိုက်ပါ့မယ်  ဒါတွေမကျွမ်းကျင်ပဲ သက်ဆိုင်ရာဌာနရဲ့ Management Level ကိုမရောက်နိုင်ပါ။

ဒါတွေကတော့ လိုအပ်တဲ့ Technical Skill တွေကိုပြောတာပါ ဒါတွေနဲ့တော့  မလုံလောက်သေးပါဘူး အခြားသော Communication, Team Work စသည်ဖြင့်လိုအပ်တဲ့  Skill တွေရှိဦးမှာပါ။ နောက်တစ်ခုက Technical ပဲသိရှိပြီး  စီးပွားရေးအမြင်မရှိရင်လည်း Software Developement လုပ်ငန်းတစ်ခုနဲ့  ငွေရှာနိုင်မယ့်လူ ဖြစ်မလာပါဘူး သူများဆီမှာအလုပ်လုပ်တဲ့  ဝန်ထမ်းပဲဖြစ်နိုင်ပါတယ် ရာထူးကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အလုပ်သမားဟာ  အလုပ်သမားပါပဲ။ ဒါ့ကြောင့် Software Developement  နဲ့အသက်မွေးချင်တယ်ဆိုရင်တော့ ဆယ်တန်းအောင် ကျောင်းမတက်ပဲ Programming  သင်ပြီးအလုပ်လုပ်လို့ရတယ်လို့ မတွေးစေချင် လခစားလုပ်ရင်တောင်  ခိုင်းသမျှလုပ်ရမယ့် Implementation မှာတစ်သက်လုံး  အချိန်ကုန်ခံဖို့မသင့်လျော်ပါ။ ဒါ့ကြောင့် ဘယ်နေရာရောက်ရောက် သင့်တော်တဲ့  ပညာသင်ဖို့လိုအပ်သလို သင်လို့မရတဲ့ Problem Solving Skill  လည်းအရေးကြီးလှပါတယ်။

ဘုတ်အုပ်စုတဲ့ရောဂါ
လူအများပြောတဲ့ စာဖတ်ဝါသနာပါတယ်ဆိုတာ ဘယ်လိုဟာလည်း ကျွန်တော်မသိပါဘူး  ကျွန်တော့်အတွက်က စာဖတ်တာက ဝါသနာမဟုတ်ပါဘူး ကျွန်တော်စာဖတ်ရခြင်း  အကြောင်းအရင်း နှစ်မျိုးပဲရှိပါတယ် အသက်မွေးဝမ်းကျောင်းအတွက်ရယ်  ဝါသနာအတွက်ရယ် စာဖတ်တာပါ။ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်က  စာမဖတ်ရင် မရတဲ့အတွက် စာကိုအဆက်မပြတ်ဖတ်ရပါတယ် ဒီတော့စာဖတ်တာကိုက  အလုပ်တစ်ခုလို့ပြောလို့ရတယ်။ နောက်တစ်ခုက ကိုယ်ဝါသနာပါရာ အကြောင်းအရာတွေကို  သိချင်လို့စာကို ဖတ်ပါတယ်။ ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်းက  စာဖတ်တာချင်းတူပေမယ့် ဖတ်ပုံဖတ်နည်းချင်းကွဲပါတယ်။ ဝါသနာအတွက်  ဖတ်တဲ့စာတွေဟာ တစ်ခါနှစ်ခါထက် ပိုမဖတ်ဖြစ်တာများပါတယ် ဘယ်စာအုပ်ထဲ  ဘာရှိတယ်ဆိုမှတ်မိရင် အဆင်ပြေပါတယ် လိုတဲ့အချိန်မှ ပြန်ရှာလည်း  ကိစ္စမရှိပါဘူး။  ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် ဖတ်တဲ့စာကတော့  အတတ်ပညာတစ်ခု သင်တာဖြစ်လို့ အဲဒီ့လိုလုပ်ပြီးဖတ်လို့မဖြစ်ပါဘူး။

ကျွန်တော် တက္ကသိုလ်စတက်ချိန်က စပြီးသင်ရတာက C Language ကိုသင်ရပါတယ်  အဲဒီ့တော့စာဖတ်ရပါတယ် အခြေခံကသင်ပြီးလေတော့ ကျွန်တော်အသေးစိတ်  စပြီးဖတ်ဖြစ်တဲ့စာအုပ်က Stretching Turbo C စာအုပ်ပါ ၁၉၈၈  မှာပုံနှိပ်တဲ့စာအုပ်ဆိုတော့ ကျွန်တော်ဖတ်ချိန်မှာ အတော်လေးဟောင်းပါပြီ။  စာကြည့်တိုက်က C Language နဲ့ပါတ်သက်တဲ့ စာအုပ်တွေ အများကြီးဖတ်ဖူးပါတယ်  ဒါပေမယ့် အသေးစိတ်ဖတ်ခဲ့တာက Stretching Turbo C တစ်အုပ်ပဲရှိပါတယ်။  နောက်တော့ တစ်ခြား Language တွေ VB, Assembly, Power Builder, C# …  စသည်ဖြင့် ဖတ်တော့လည်း ဒီလိုပါပဲ အသေးစိတ်ဖတ်တဲ့ စာအုပ်တစ်အုပ်တော့  အမြဲတမ်းရှိပါတယ်။ Database နဲ့ပါတ်သက်ပြီးဖတ်တယ် Theory စာအုပ်က C.J Date  ရဲ့စာအုပ်ဟာ အရင်ကတည်းက ကျွန်တော်ပင်တိုင်ဖတ်တယ် Commercial Database  System တွေအတွက် MS SQL Server ဆိုရင် Microsoft SQL Server 7.0 Database  Implementatoin Training Kit ဆိုတဲ့စာအုပ်ဟာ အသေးစိတ်ဖတ်ခဲ့ဖူးတဲ့စာအုပ်ပါ  အခုဆိုရင် 2008 တောင်ထွက်နေလို့ 7.0 ဟာရှေးဟောင်း ပစ္စည်းဖြစ်နေပါပြီ  ဒါပေမယ့်လိုရင် ဖတ်နေတုံးပါပဲ။ ထို့နည်းတူပဲ Oracle, DB2, PostgreSQL,  MySQL … စသည်ဖြင့် အားလုံးမှာ ကျွန်တော် အသေးစိတ်ဖတ်တာ  တစ်အုပ်စီတော့ရှိကြတယ်။ အသစ်ထွက်သမျှလည်း ဖတ်ပါတယ် ဒါပေမယ့်  တစ်ခုကိုအသေးစိတ် ဖတ်ပြီးဖြစ်လို့ မလိုတာတွေမဖတ်ပဲ အသစ်တိုးတာပဲ  ဦးစားပေးဖတ်ပါတယ် အသစ်ထွက်တိုင်း အသေးစိတ်ဖတ်ရရင် ဘယ်လိုမှစာပေါင်းစုံ  အလျင်မှီအောင် ကျွန်တော်မဖတ်နိုင်ပါ။ ဒါကကျွန်တော် ဖတ်နေကျအတိုင်း ပြောတာပါ  သူများဖတ်တာတော့ ဒီလိုဟုတ်ချင်မှ ဟုတ်မယ်ပေါ့လေ။

အခုနောက်ပိုင်း တွေ့လို့သတိထားမိတာက အချို့သောလူများက စာအုပ်အင်မတန်  လိုချင်တယ် ကိုယ်ကိုယ်တစ်ခုခုမေးလို့ ခင်ဗျားဘယ်စာအုပ် ထဲမှာတော့အသေးစိတ်  ပါတယ်ပြောလိုက်ရင် အဲဒီ့ဟာလေးမရှိဘူးလား ဆိုပြီးကူးယူသွားတယ်  နောက်တစ်ခုလည်း ကောင်းတယ်ပြောရင် အဲဒါလည်းကူးသွားတာပဲ။ အခုနောက်ပိုင်းက  စာအုပ်တွေက E-Book တွေဖြစ်လေတော့ ကူးလို့ကလည်းလွယ်တာကိုး  မိတ္တူကူးရမယ်ဆိုတော့ ကူးချင်မှကူးမယ်ထင်တယ်။ နောက်ပိုင်း  မေးချင်လို့ဆိုပြီးစကားစပ်မိရင် ခင်ဗျားအရင်တစ်ခါ ကူးသွားတဲ့  ဘယ်စာအုပ်ထဲမှာပါတယ် ဘယ်အခန်းမှာပြန်ကြည့်လို့ပြောလိုက်ရင်  စာအုပ်နာမည်ကို မသိတော့တာများတယ်။ ဒီတော့ကိုယ်ပဲ ပေးလိုက်တာ  များသွားလို့မဖတ်သလားဆိုပြီး နောက်ပိုင်းကျတော့ တစ်အုပ်ပဲပေးလိုက်တယ်  ဖတ်လို့ပြီးရင်ပြော နောက်ထပ်ဖတ်သင့်တာ ရှာပေးမယ်ဆိုရင် နောက် ၁ လနေလည်း  ပေါ်မလာဘူး ၂ လနေလည်းပေါ်မလာဘူး။ နောက်ပိုင်းစကားစပ်မိလို့ နောက်ထပ်စာအုပ်  ကိုယ့်ဆီကတွေ့ရင် ထပ်တောင်းသေးတယ်။ အရင်စာအုပ်ကိစ္စမေးလိုက်ရင်  ပေးလိုက်မှန်းတောင် မမှတ်မိပါဘူး။ ကြုံပါများမှ သဘောပေါက်လာတယ်  သူတို့ကစာဖတ်တာမဟုတ်ဘူး စာအုပ်စုတဲ့ဝါသနာ ပါကြတာကိုးဗျ။ အရင်ကဆို  တစ်ကူးတစ်က အချိန်ကုန်ခံပြီး Upload လုပ်ပေးတယ်။ နောက်တော့  သဘောပေါက်သွားတယ် ဘာသာတစ်ခုကို တစ်အုပ်စီတင်ထားတယ် မေးလာရင်  အဲဒီ့တင်ပြီးသား တစ်အုပ်ကိုညွှန်းလိုက်တယ် ထပ်တောင်းရင် ဖတ်မယ်ဆိုရင်  အဲဒါအရင်ဖတ် ပြီးရင်ဖတ်စရာထပ်ပေးပါ့မယ် စာအုပ်စုမယ့်လူဆိုရင်တော့  အားရင်အိမ်ဝင်ခဲ့ Hardisk သယ်ခဲ့အကုန်ကူးသွား အလုပ်ရှုပ်လို့ Upload  တော့လုပ်မပေးအားဘူးလို့ ပြောတော့တယ်။ ဝါသနာပါရာ စာအုပ်စုတာက ကိစ္စမရှိပါဘူး  အသက်မွေးဝမ်းကျောင်း ဖတ်ရမယ့်စာကို စုပြီးမဖတ်ပဲနေရင်တော့  ဘာမှဖြစ်လာမယ်မထင်ဘူး။

Web Version မရေမရာ
အခုအချိန်အထိ တွင်တွင်ကျယ်ကျယ် သုံးနေပေမယ့် မသဲကွဲသေးတဲ့  အသုံးအနှုံးတွေ တွေ့နေရတယ်။ အတိအကျမေးရင် ဘယ်သူမှကွဲကွဲပြားပြား မဖြေတတ်ဘူး  ကိုယ်ထင်ရာကိုယ်ပဲ ဘာသာပြန်ပြီး ပြောတာရှိတယ် လူအများပြောတာကို  ကြားဖူးတာကို ပြန်ကိုးကားပြီး မသဲမကွဲဖြေရတာရှိတယ်။ အဲဒီ့အသုံးအနှုံးတွေကို  ရေးဖို့အတွက် စာတွေဖတ်ရပြန်တယ် မတူညီတဲ့အမြင်ကို အရင်စုရတာ အပင်ပန်းဆုံးပဲ  ကျယ်ကျယ်ပြန်ပြန် မဖတ်မိမှာလည်း စိုးရိမ်ရတယ် အသုံးမကျတွေပဲ  မဖတ်မိအောင်လည်း သတိထားရတယ် မှန်ကန်မှု့ ဘယ်လောက်ရှိသလဲလည်း သုံးသပ်ရတယ်။  အခုတော့ Web Version မသဲမကွဲအကြောင်း တစ်နာရီလောက် မွှေ့နှောက်ဖတ်ထားသလောက်  ရေးထားလိုက်တယ်။ အချိန်တစ်နာရီဆိုတာ ကျယ်ကျယ်ပြန်ပြန်  မဖြစ်နိုင်ဘူးဆိုတာတော့ သေချာပါတယ် ဒါ့ကြောင့်  အပေါ်ယံလို့ပဲကြိုပြောထားပါတယ် ဒါပေမယ့် ရေးရတာက တစ်နာရီမက  အချိန်ကုန်ပါတယ်။

Web 1.0

From http://en.wikipedia.org/wiki/Web_1.0

Web 1.0 ဆိုတာကို ၁၉၉၁-၂ဝဝ၃ အထိ ကာလလို့ပြောထားသလို www ကိုပြင်ပကို  စပြီးချပေးလိုက်ချိန် ၁၉၉၁ ခုနှစ်နှစ်အစကနေ  bursting of the Dot-com  bubble ၂ဝဝ၁ မတိုင်ခင်ကာလ အထိ ကြားကာလကို Version 1.0  လို့ခေါ်တယ်ပြောပြန်တယ်။ Terry Flew ရဲ့ New Media မှာ personal websites  တွေ blogs ဖြစ်လာတယ် ဖတ်တဲ့လူလည်း ရေးနိုင်လာတယ်  အပြန်အလှန်ဆက်သွယ်မှု့ရှိလာတယ် content management systems တွေသုံးလာတယ်  အဲဒါကို Web 1.0 ကနေ Web 2.0 အပြောင်းအလဲလို့ဆိုတယ် Reed Hastings  ကပြောသွားတာက Web 1.0 က dial-up ဖြစ်ပြီး Web 2.0 က Broadband  ဆိုရမလိုဖြစ်နေတယ် Web 3.0 ဆိုတာက 10 megabits per second ဆိုပဲ။

ဖတ်ရတာသိပ် အဆင်မပြေလှဘူး သူပြောသလို ၁၉၉၁ မှာစထုတ်လို့ Version 1.0  ဆိုရင် အရင်က အဲဒီ့အချိန်က Version 1.0 လို့ပြောခဲ့တဲ့လူ ဘယ်သူရှိပါသလဲ အခု  Version 2.0 ဆိုမှအရင်က Version 1.0 လို့အော်နေတယ်လို့ ပြောရင်ငြင်းရာ  အချက်အလက် မရှိသေးဘူး။ Terry Flew ပြောတာက လက်ခံနိုင်စရာရှိတယ်  လက်ရှိအနေအထားနဲ့ အရင်ကအနေအထားကြားထဲမှာ အပြောင်းအလဲဖြစ်နေတာတွေက  သူပြောတဲ့အချက်တွေပါနေတယ်။ Reed Hastings အဖြေကတော့ အတော်ရယ်ရတယ်ပြောရမယ်  သူကတော့ Streaming လုပ်တဲ့လူဆိုတော့ မြန်လေ Version  မြင့်လေလို့ခံယူထားပုံရတယ်။ ဒါပေမယ့် မှားတယ်လို့တော့ ပြောလို့မရဘူး လက်ရှိ  Web နည်းပညာတွေက အရင်က Dial-up နှုန်းနဲ့ဆိုရင် အလုပ်မဖြစ်နိုင်တဲ့အရာတွေ  ရှိနေတယ်။

Web 2.0

From http://en.wikipedia.org/wiki/Web_2.0

Web 2.0 ကို ၂ဝဝ၄ ခုနှစ်နောက်ပိုင်းလို့ ဆိုထားပြီးတော့ information  sharing, interoperability, user-centered design and collaboration တွေကို  www ပေါ်မှာ တည်ဆောက်ထားတဲ့ application လို့အဓိပ္ပာယ်ဖွင့်ထားတယ်။  ဥပမာတွေအနေနဲ့ hosted services, web applications, social-networking  sites, video-sharing sites, wikis, blogs, mashups, and folksonomies  လို့ပြောထားတယ်။ ရေးထားတာတွေ လက်ခံစရာကောင်းပါတယ် အချို့ပြောတဲ့ Wiki, blog  ကိုလက်ညှိုးထိုးပြီး အဲဒါ 2.0 လို့ပြောတဲ့လူတွေကို Wiki, blog ဆိုတာ 2.0  ဟုတ်ပါတယ် ဒါပေမယ့် 2.0 ဆိုတာ Wiki, blog မဟုတ်ဘူးလို့ သူပြောတဲ့  အချက်အလက်မျိုး ကိုင်တွယ် ပြောနိုင်ပါတယ်။ အရေးကြီးတဲ့ အချက်တစ်ခုကို  တွေ့ရတယ် Web 2.0 ဆိုတဲ့အသုံးအနှုန်းဟာ ၂ဝဝ၄ မှာလုပ်ခဲ့တဲ့ O’Reilly Media  ရဲ့ Conference နဲ့သက်ဆိုင်တယ် ဆိုတာတွေ့ရတယ်။ ဒီနေရာမှာ Web New Version  ဆိုတာဟာ နည်းပညာစံသတ်မှတ်ချက်ကို ပြောင်းလဲတာမဟုတ်ပဲ software developers  နဲ့ end-user ရဲ့ www ကိုသုံးချပုံ ပြောင်းလဲလာတယ်လို့ ဆိုလိုတယ်လို့  ပြောထားတာဟာ အပေါ်က Web 1.0 မှာမရေမရာပြောထားပုံနဲ့ ယှဥ်ကြည့်ရင်  အများကြီးလက်ခံနိုင်ပါတယ်။

Technology overview ဆိုပြီး keyword search တွေ information  တွေအလွယ်တကူ Link လုပ်နိုင်ပုံတွေ Web Technology ကိုတတ်သိတဲ့လူမဟုတ်ပဲ  ဝင်ရောက်ရေးသားနိုင်မယ် ရေးတဲ့လူကိုယ်တိုင် ရေးထားတဲ့ အကြောင်းအရာတွေကို  ဘာအကြောင်းအရာဆိုတာ Tags လုပ်နိုင်မယ် RSS ကိုသုံးထားတဲ့ User တွေကို  Content အသစ်ရောက်နေပြီလို့ အကြောင်းကြားပေးနိုင်တဲ့ Signals ပုံစံတွေကို  ဆွေးနွေးထားတယ်။ ဒီနေရာမှာ သူဆွေးနွေးထားတာကို လက်ခံပါတယ် ဒါပေမယ့်  အဲဒါတွေက RSS ကလွဲရင် Technology မဟုတ်ပဲ Features တွေပဲဖြစ်နေလို့  သူခေါင်းစဥ်ခွဲထားတာကို သိပ်လက်သင့်မခံချင်ဘူး။

ဘယ်လိုအလုပ်လုပ်သလဲဆိုပြီးတော့မှ လက်ရှိအသုံးပြုနေတဲ့ Technologies  တွေဖြစ်တဲ့ Ajax, Adobe Flash, Adobe Flex, XML, JSon စသည်ဖြင့်တင်ပြထားတာ  တွေ့ရပါတယ်။ အဲဒီ့ Technologies တွေကို Client  ဘက်မှာအသုံးပြုတယ်လိုဆိုပြီး Server Site မှာတော့ ယခင်နည်းပညာ  အဟောင်းများဖြစ်တဲ့ CGI, Database စသည်ဖြင့်ပဲ မပြောင်းလဲပဲ  အသုံးပြုနေတာကို တင်ပြထားပါတယ်။ ဒီနေရာမှာ ပြန်သုံးသပ်မယ်ဆိုရင်လည်း CGI,  Database နဲ့ Dynamic Website တွေ ရေးနေခဲ့တာ အရင်ကတည်းကပါ အခုမှမဟုတ်ပါဘူး  Web 2.0 လို့စပြီးအော်ချိန်ကနေ အခုအချိန်အထိ အပြောင်းအလဲဟာ Web  Application တွေဟာ အရင်လို Thin Client နည်းသွားပြီး အပေါ်မှာပြထားတဲ့  Technologies တွေနဲ့ Rich Client ကိုဖန်တီးထားတာပဲ ပိုလာတာကို  မြင်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် Web 2.0 ဆိုတာဘာလဲ စဥ်းစားတဲ့နေရာမှာ  မြင်သာတဲ့ Rich Client ကိုသာလက်ညှိုးထိုးပြီး အဲဒါတွေက Web 2.0  လို့ပြောကြတဲ့လူတွေ ရှိလာတာပါ။

Web 1.0 vs. Web 2.0

From http://blog.vovici.com/blog/bid/18085/Web-1-0-vs-Web-2-0

Jeffrey Henning ကတော့ Web 1.0 နဲ့ Web 2.0 ကိုအောက်မှာဖော်ပြထားတဲ့  ဇယားတစ်ခုနဲ့ တင်ပြထားပြန်ပါတယ်။

Web 1.0		Web 2.0
One-Way		Two-Way
Authoritarian	Democratic
Passive		Active
Static		Dynamic
Closed		Collaborative

One-Way နဲ့ Two-Way ဆိုတာမှာ အရင်က Personal Website တွေ Coporate  Website တွေမှာဆိုရင် ဖတ်လို့ပဲရတာများပါတယ် အနည်းဆုံး Feedback  ပြန်ပေးချင်ရင် အီးမေးနဲ့ပဲလုပ်ရတာ များပါတယ်။ အခုနောက်ပိုင်းမှာတော့  ဘလော့ဖြစ်ဖြစ် Social Network ဖြစ်ဖြစ် Website တော်တော်များများမှာ  Feedback လုပ်လို့ လွယ်ပါတယ် အနည်းဆုံးတော့ Comment ရေးလို့ရတယ် ဒါလည်း  မြင်သာတဲ့ အနေအထားတစ်ခုပါပဲ။

Authoritarian နဲ့ Democratic ဆိုတာကတော့ အရင်ကတော့ Web မှာ Publish  လုပ်ဖို့အတွက်လည်း သက်ဆိုင်ရာ Website ကခွင့်ပြုမှသာ ဖြစ်နိုင်ပါတယ်  သာမန်လူတွေ အနေနဲ့က နည်းပညာချို့တဲ့မှု့တွေကြောင့် ကိုယ်တိုင် Website  လုပ်ဖို့ အနည်းနဲ့အများ အခက်အခဲရှိပါတယ် အခုဆိုရင်တော့ Blog တစ်ခုလုပ်ဖို့  မခဲယဥ်းတာကြောင့် ကိုယ်တိုင် လုပ်ရပိုလွယ်တယ်။ အားနည်းချက်အနေနဲ့  ယုံကြည်နိုင်မှု့တော့ လျော့ကျပါတယ် ရေးထားတဲ့ အကြောင်းအရာ မှန်ကန်တယ်လို့  ယုံကြည်နိုင်ဖို့ အတော်လေးဆုံးဖြတ်ရမယ်။

Passive နဲ့ Active ဆိုတာကိုတော့ သူတို့အနေနဲ့ ဖတ်ရုံသက်သက်နဲ့  Interactive လုပ်လို့ရမရလို့ ပြောထားတယ်။ အရင်က Website တွေမှာက  ဖတ်ဖို့များတယ်ဆိုတာ လက်သင့်ခံပါတယ် ဒါပေမယ့် သူဥပမာပြောထားတဲ့ အွန်လိုင်းက  အရောင်းအဝယ်လုပ်တဲ့ Active ကိစ္စကတော့ အရင်လည်းရှိတာပါပဲ ဒါတွေကတော့  သိပ်ပြီးသိသာထင်ရှားတဲ့ အပြောင်းအလဲတော့ မဟုတ်ဘူးလို့ ယူဆပါတယ်။ Static နဲ့  Dynamic မှာလည်း ဒီလိုပဲသုံးသပ်ပါတယ် ၂ဝဝဝ ခုနှစ်များက Website များဟာ  Static များတယ်လို့ဆိုပေမယ့် အရာအားလုံး Static မဟုတ်ပါဘူး အခုခေတ်လည်း  Personal Page တွေရဲ့ခေတ်က ကုန်ဆုံးမသွားသေးပါဘူး  အနည်းနဲ့အများရှိနေကြပါတယ် ဒါ့ကြောင့် ဘယ်လောက်အတိုင်းအတာအထိ Dynamic  ဖြစ်တယ်ဆိုတာကို ပြောနိုင်မယ်ဆိုရင်တော့ လက်ခံကောင်းလက်ခံနိုင်ပါမယ်။  Closed နဲ့ Collaborative ဆိုတာကတော့ လက်သင့်ခံနိုင်ပါတယ် ဖတ်တဲ့လူတွေ  ပါဝင်နိုင်မှု့ လွယ်မလွယ်ဆိုတဲ့နေရာမှာ Wiki လိုလူတိုင်း ပါဝင်ခွင့်ရတဲ့  နေရာမျိုးက သက်သေထူပါတယ် ဒါပေမယ့် Wiki မှာတောင် အချို့အကြောင်းအရာတွေက  လူတိုင်းကိုပြင်ခွင့်မပေးပဲ Closed အဖြစ်ရှိနေတာတွေက Collaborative  အားလုံးလုပ်ဖို့ မဖြစ်နိုင်ကြောင်း ဖော်ပြနေပါတယ်။

လူတစ်ယောက်ချင်း အမြင်အဖြစ်နဲ့ ထပ်ပြီးဖတ်ချင်ရင် Joe Drumgoole ရေးတဲ့  Web 2.0 vs Web 1.0 ကိုလည်း http://joedrumgoole.com/blog/2006/05/29/web-20-vs-web-10/

မှာဖတ်လို့ရပါတယ် သိပ်ကွာခြားမှု့မရှိလှပါဘူး။

Web 1.0 vs Web 2.0, the Difference

From http://www.sizlopedia.com/2007/08/18/web-10-vs-web-20-the-visual-difference/

အများအနေနဲ့မြင်သာမယ့် Diagram အဖြစ် Web 1.0 and Web 2.0 ကို Saad  Hamid ကတော့ အောက်မှာပြထားတဲ့ ပုံနဲ့ တင်ပြထားပါသေးတယ်။

Key Differences between Web 1.0 and Web 2.0

From http://www.uic.edu/htbin/cgiwrap/bin/ojs/index.php/fm/article/view/2125/1972

First Monday မှာ Graham Cormode နဲ့ Balachander Krishnamurthy  ရေးထားတဲ့ Key Differences between Web 1.0 and Web 2.0 ကတော့ Website  တွေရဲ့ ကွာခြားချက်ကို Survey လုပ်ပြီး စနစ်တကျရေးထားပါတယ် Qualitative  Data တွေကို Survey လုပ်ထားတာ ဖြစ်တဲ့အတွက် သူတို့သတ်မှတ်ထားတဲ့  အတိုင်းအတာများကိုတော့ မူရင်းမှာပဲ အသေးစိတ် ဖတ်လို့ရပါမယ်။  အဓိကတင်ပြထားတာက Traffic and Technology ကိုအဓိကတင်ပြထားပြီး  စိတ်ဝင်စားစရာအဖြစ် တင်ပြထားပါတယ်။ သူတင်ပြထားတဲ့ Web 1.0 and Web 2.0  မှာသုံးစွဲတဲ့ Traffic ပမာဏကွာတယ်ဆိုတာ လက်ခံနိုင်ပါတယ် တစ်ခါတည်း  အကုန်လုံးဆွဲချတယ် နောက်တော့ Ajex လိုတစ်ပိုင်းချင်းစီဆွဲယူတယ် အစက  Information တွေက Text နဲ့ပဲရှိတယ် နောက်တော့ ရုပ်ရှင်တွေလို Information  တွေပါလာတယ် ဒါတွေမှာ Technology ကိုမူတည်ပြီး Traffic လည်းကွဲပြားလာတယ်။  ဒီဆောင်းပါးကိုတော့ မူရင်းမှာအသေးစိတ် ဖတ်မှပဲ သူတို့လုပ်ထားတဲ့ Survey နဲ့  တင်ပြချက်တွေကို အသေးစိတ်ဖတ်နိုင်ပါမယ် အသေးစိတ်ဖတ်သင့်တဲ့  ဆောင်းပါးတစ်ခုပါ။ တင်ပြထားတဲ့ Survey အဖြေတွေအရ အပေါ်ကဘလော့တွေမှာ  ရေးထားသလိုမဟုတ်ပဲ မှန်ကန်ကြောင်းလည်း အခိုင်အမာသက်သေခံနိုင်ပါတယ်။  ဒီနေရာမှာ Authoritarian နဲ့ Democratic ရဲ့အကျိုးအပြစ်ကို  ထင်ထင်ရှားရှားတွေ့နိုင်ပါတယ် Blog or Wiki မှာရေးထားတယ် ယုံကြည်ရမလား  ကိုယ်တိုင်ဆုံးဖြတ်ရမယ် Journal မှာပါဝင်ဖို့ နားလည်တဲ့ Technical  ဘုတ်အဖွဲ့ပါဝင်တာကြောင့် ဆောင်းပါးရဲ့ မှန်ကန်ကြောင်း အကျိုးရှိကြောင်း  အတည်ပြုချက်လိုတယ် ဒါ့ကြောင့်ပိုပြီးယုံကြည်ရတယ်။

What Is Web 2.0

From http://oreilly.com/pub/a/web2/archive/what-is-web-20.html?page=1

Web 2.0 ဆိုတဲ့အခေါ်အဝေါ်ဟာ Oreilly ကစခဲ့တယ်ဆိုတော့ Oreilly  မှာပြောခဲ့တယ်ဆိုတာကိုလည်း တစ်ခေါက်ဖတ်ရပြန်တယ် Oreilly မှာလည်း Web 1.0  and Web 2.0 ကိုအောက်မှာပြထားတဲ့ နှိုင်းယှဥ်ချက်နဲ့ ပြထားပြန်ပါတယ်။

Web 1.0				Web 2.0
DoubleClick			Google AdSense
Ofoto				Flickr
Akamai				BitTorrent
mp3.com

Napster
Britannica Online		Wikipedia
personal websites		blogging
evite				upcoming.org

and EVDB
domain name speculation	search engine optimization
page views			cost per click
screen scraping			web services
publishing			participation
content management system	wikis
directories(taxonomy)		tagging(folksonomy)
stickiness			syndication

Oreilly ရဲ့ဆောင်းပါးမှာတော့ The Web As Platform, Harnessing  Collective Intelligence, Data is the Next Intel Inside, End of the  Software Release Cycle, Lightweight Programming Models, Software Above  the Level of a Single Device, Rich User Experiences ဆိုပြီးတော့  အခန်းခွဲပြီးတော့ တင်ပြထားပါတယ်။ အပေါ်မှာတင်ပြခဲ့တဲ့ အကြောင်းအရာတွေနဲ့  ကွဲပြားစွာထပ်ပါလာတာက Data is the Next Intel Inside လို့ပြောရပါမယ် Web  1.0 ခေတ်ကဆိုရင် Data အတော်များများဟာ Static Page  အတွင်းမှာသာရှိနေပြီးတော့ Web 2.0 ခေတ်မှာ Data တွေဟာ Web Component  အပြင်မှာရှိလာကြောင်း တွေ့ရပါတယ် ဥပမာအားဖြင့် XML or External Database  ထဲမှာပဲ ထိမ်းသိမ်းတာများလာကြောင်း တွေ့ရပါတယ်။ End of the Software  Release Cycle မှာလည်း သာမန် Software Release မှာလို Acceptance မှာ Test  Team ထက်ပိုပြီး User တွေကို ပိုမိုပါဝင်ခွင့် ပေးလာတာကို တင်ပြထားတာ  တွေ့ရပါတယ်။ Software Above the Level of a Single Device မှာတော့ Web 2.0  မှာ PC ဆိုတာထက် ပိုမိုပြီးတော့ အခြားသော Platform များအထိ  ပါဝင်သွားတယ်ဆိုတာကို ဦးစားပေး တင်ပြထားတာကို မြင်နိုင်ပါတယ်။

သုံးသပ်ချက်

အပေါ်မှာ တင်ပြသွားတဲ့ လူတစ်ယောက်ချင်းရဲ့ အမြင်တွေရယ်  ဆောင်းပါးတွေရယ်ကို စုပေါင်းကြည့်မယ် အမျိုးအစား ခွဲကြည့်မယ်ဆိုရင် Web  Site တွေရဲ့ Content ပြောင်းလဲမှု့၊ User တွေရဲ့ အခန်းကဏ္ဍ၊ Technological  Support ဆိုပြီးခွဲခြားနိုင်ပါတယ်။

Web Site တွေရဲ့ Content ပြောင်းလဲမှု့မှာဆိုရင် ယခင်ကလို Content နဲ့  Web Component တွေခွဲခြားထားနိုင်တယ် Content တွေကို Data တွေအနေနဲ့  သီးသန့်ထုတ်ထားနိုင်တယ် ဒါ့ကြောင့် Content အပြောင်းအလဲဟာ  အခြားသောအကြောင်းအရာတွေကို ထိခိုက်မှု့လျော့သွားတယ်။ Content ဆိုရာမှာ  အရင်ကဆိုရင် သာမန် User တိုင်း ပြုပြင်နိုင်ခွင့်နည်းပါတယ် Wiki လို Blog  လိုအကြောင်းအရာများက ယခင်ထက် သာမန် User တွေကိုတင်ပြခွင့်တွေ  ပိုမိုလာခဲ့တယ်။

User တွေရဲ့ အခန်းကဏ္ဍမှာဆိုရင် ယခင်ကလို နည်းပညာတတ်ကျွမ်းမှ ဒါမှမဟုတ်  အယ်ဒီတာအဖွဲ့ အတည်ပြုမှတင်ပြခွင့်ထက် မိမိကိုယ်တိုင် တင်ပြခွင့်ကို  ပြောင်းလဲလာတဲ့ နည်းပညာက အကူအညီပေးခဲ့တယ်။ အကျိုးအမြတ်အဖြစ်  လွတ်လပ်စွာတင်ပြခွင့် ရရှိလာတယ်။ ဆိုးကျိုးလည်းရှိတာပါပဲ တင်ပြချက်တွေမှာ  အမှားတွေ အများကြီးပါလာတယ် ဒါ့ကြောင့် ယုံကြည်သင့်မယုံကြည်သင့်  ခွဲခြားနိုင်ဖို့စွမ်းအားရှိဖို့ အင်မတန်လိုအပ်တယ်။ Technical User  တွေပဲပြောပြော Developer တွေပဲပြောပြော သူတို့ရဲ့ ကဏ္ဍကတော့ အရင်အတိုင်းပဲ  သာမန် User  တွေ Web မှာ လွယ်လွယ်ကူကူ ရေးသားလို့ရတယ်ဆိုတာ သာမန် User တွေ  Web နည်းပညာကို တတ်ကျွမ်းလာတယ်လို့ မဆိုလိုဘူး မတတ်လည်းရေးလို့ရအောင်  အလွယ်တကူရှိတဲ့ Software တွေနဲ့ ထောက်ပံ့ပေးထားတာသာဖြစ်တယ်။ ဒီလို Software  တွေအတွက် Technical User တွေကတော့ အရေးပါတဲ့ ကဏ္ဍကနေ ရှိနေမှာပါပဲ။

Technological Support မှာ သာမန် User တွေအတွက် Support နဲ့ Technical  User တွေအတွက် Support ဆိုပြီးခွဲခြားမြင်နိုင်ပါသေးတယ်။ သာမန် User  တွေအနေနဲ့ Web မှာပါဝင်ရေးသားနိုင်အောင် Blog လို Wiki လိုဆော့ဝဲတွေက  အထောက်အကူပြုပေးနိုင်တယ် အဖွဲအစည်းအတွေအတွက်လည်း အမျိုးမျိုးသော Content  Management System တွေကလည်း အကူအညီပေးနိုင်ပါတယ်။ ဥပမာ- Blogger,  WordPress, Wiki, Joomla, … စသည်ဖြင့်ပေါ့လေ ဒီလိုဆော့ဝဲတွေဟာ သာမန် User  တွေအတွက် Content ပဲစိုက်ထုတ်ရုံနဲ့ Web မှာတင်ပြနိုင်အောင်  လုပ်ပေးနိုင်ကြပါတယ်။

Technical User တွေကတော့ သာမန် User တွေကို အထောက်အကူပြုတဲ့ Software  များကို ဖန်တီးဖို့အတွက် အခြားသော နည်းပညာများကို အသုံးပြုနိုင်ပါတယ်  ဒီနေရာမှာ Rich Client တွေဖန်တီးဖို့ JavaScript, Web Page ရဲ့  တစ်စိတ်တစ်ဒေသကို ပြုပြင်ပေးနိုင်တဲ့ Ajex, Publish Subscribe အတွက် RSS  စသည်ဖြင့်ပေါ့လေ အသစ်အသစ်နဲ့ ထွက်လာတဲ့ Web Technology တွေက Technical User  တွေကိုဖန်တီးခွင့်ပေးမယ့် Technological Support တွေအဖြစ်  ရှု့မြင်နိုင်ပါတယ်။

နိဂုံး

မရေမရာဖြစ်နေတဲ့ Web 2.0 ကို လှည့်လည်ဖတ်ရှု့လိုက်တော့ တစ်ယောက်တစ်ပေါက်  ပြောနေတဲ့ Ajex ဆိုတာ Web 2.0 ဆိုတာမျိုး၊ Blog ဆိုတာ Web 2.0 ဆိုတာတွေ၊  Wiki ဆိုတာ Web 2.0 စသည်ဖြင့်ပေါ့လေ ပြောနေတာတွေဟာ အင်မတန်  ဘောင်ကျဥ်းတယ်ဆိုတာ သိသာလာပါတယ်။ အားလုံးခြုံငုံလိုက်ရင်တော့ Content ကို  Contribute လုပ်တဲ့ User တွေတိုးလာတယ် အရင်လိုလာကြည့်ရုံမဟုတ်ဘူး  အကြောင်းကြားပေးတဲ့ ပုံစံတွေဖြစ်လာမယ် ဒီလိုဖြစ်ဖို့အတွက် ဖန်တီးရတဲ့  နည်းပညာအသစ်တွေ ပေါ်လာတယ် ဒါတွေအားလုံးပေါင်းက Tim Berners-Lee စခဲ့တဲ့ WWW  ထက်ပိုလာတယ် ဒီကွဲပြားခြားနားချက်ကို Web 2.0 လို့ခေါ်ထားတယ်။ ဒါဆိုရင်  ဘယ်အချိန်မှာ Web 3.0 ဖြစ်လာမလဲမေးရင်တော့ အခုထိ Web 2.0 ကိုတောင် တိတိကျကျ  သတ်မှတ်ချက် မရှိသေးတော့ Web 3.0 ဆိုတာလည်း နောင်တစ်ချိန်တော့ ဒီလိုပဲ  အပြောင်းအလဲ ပမာဏနဲ့ မသေမချာပြောနေရင်း ပြောင်းသွားဦးမှာပါပဲ။

ဘာတဲ့ သဝေထိုး ရယ်ရသကွာ
တစ်ခါလာလည်း Search Engine ကိုအကြောင်းပြတယ် လူနားမလည်တဲ့ အကြောင်းအရာလို့များ ထင်နေကြသလား အင်မတန်ရှုပ်ထွေးတဲ့ အများထင်နေလို့ ဇဝေဇဝါဖြစ်အောင်များ ပြောစရာတစ်ခုအဖြစ် ရနေသလား။ ငါကိုယ်တိုင်လည်း အများနားမလည်တဲ့ အရာတွေကိုပြောတတ်တယ် ဒါပေမယ့် အဲဒါတွေကို လူအများနားမလည်တာကို ခုတုံးလုပ်ပြီးတော့ ဘယ်တော့မှမလိမ်ဘူး အဲဒီ့လိုပြောတာကို အကြီးကျယ်ဆုံးလိမ်လည်မှု့လို့ ငါသတ်မှတ်တယ်။

လတ်တလောအနေနဲ့ ဗမာစာတွေ Google မှာအလုပ်လုပ်နေပုံကို အကြမ်းပြောမယ်ဆိုရင် Preprocess ဘာမှမလုပ်နိုင်ဘူး Space နဲ့ Tokenize လုပ်ပြီး Index လုပ်ထားတယ် Sorting လည်း စာလုံးတွေရဲ့ Code အပေါ်မူတည်ပြီး Lexicographically ပဲစီထားတာပါပဲ။ ဒီတော့ ကိုယ့်ဝဘ်ဆိုက်မှာရေးထားတဲ့ Space ခြားထားတဲ့အပေါ် မူတည်ပြီးတော့ ရှာလို့ရမှာပါပဲ။ ဥပမာပြောရင် “မော်လမြိုင်” နဲ့ “မော်လမြိုင်သို့” ဆိုရင်မတူဘူး။ Search Engine ဆိုတာ ဂူဂဲတစ်ခုတည်းမဟုတ်ဘူး ကိုယ်ပိုင်လည်းလုပ်လို့ရတာပဲ ဗမာစာအတွက် လုပ်နိုင်တာတွေရှိပါတယ်။ ဗမာစာ Search Engine ဆိုတာ လူအမြင်ကပ်အောင်ပြောရရင် Lucene, Sphinx, Sciencenet, …. ဒါတွေကို ယူသုံးတတ်တာလား။ အဲဒါတွေက ခက်ခဲ့တဲ့အရာတွေမပါပါဘူး ဖတ်ကြည့်သုံးတတ်ပါတယ်။ အရေးကြီးတာက ဗမာစာအတွက် ဘယ်နေရာက Improve လုပ်ဖို့လိုအပ်သလဲ။ လက်ရှိအနေနဲ့က စကားလုံး ဘယ်လိုဖြတ်မလဲက အရေးအကြီးဆုံး ဖြစ်နေတယ်။ ဖြစ်နိုင်တဲ့နည်းလမ်း ၂ ခုရှိမယ်။

ပထမတစ်ခုက ဗမာစာလုံးတွေဟာ Syllabic ဖြစ်နေလို့ Consonant ကနေအစပြုပြီးတော့ Syllabic တွေကုန်သွားရင် တစ်လုံးအဖြစ် သတ်မှတ်တာက အခြေခံအကျဆုံးနည်းစနစ်ပဲ။ ဒီတော့ ဗမာစကားလုံးမှာက ပဌ်ဆင့်နဲ့ အသတ်ဆုံးတာတွေမှာက နောက်ထပ် Consonant တစ်ခုအပိုပါတယ် အဲဒါကိုပါတစ်ခုတည်းအဖြစ် စဥ်းစားလိုက်ရင် Syllabic နဲ့ဖြတ်တာလွယ်ပါတယ်။ ဒီနေရာမှာ ဇော်ဂျီနဲ့လား ယူနီကုဒ်နဲ့လား ဒါကအရေးပါတယ်။ ဒါလည်း ခက်ခက်ခဲခဲမဟုတ်သေးပါဘူး ယူနီကုဒ်ဆိုရင် Consonant တစ်ခုအစကနေ Syllabic တွေအဆုံးသတ်တဲ့အထိ သို့မဟုတ် နောက်ထပ် Consonant မှာအသတ် (သို့) ပဌ်ဆင့် Syllabic အထိဆို တစ်လုံးပေါ့။ ဇော်ဂျီနဲ့ဆို Consonant တစ်ခုတည်းမဟုတ်ပဲ သဝေထိုး (သို့) ရရစ်လိုလည်း အစပြုနိုင်သည်ပေါ့။ Index လုပ်ရင် Bigram နဲ့လုပ်ပေါ့ ပြောမယ်ဆိုရင် Bidex ပေါ့။ ဥပမာ- မော်လမြိုင် လို့ရှာမယ်ဆိုရင် “မော်လ” AND “လမြိုင်” ဆိုပြီးတော့ Phrasal Search နဲ့ရှာလို့ရတယ်။ Precision မြင့်တဲ့ Search Engine တစ်ခုဖြစ်လာနိုင်တယ်။ ဒါတွေက Technical ဖြစ်လာလို့ အသေးစိတ်မရေးတော့ဘူး။

ဒုတိယတစ်ခုကတော့ ခက်ဖို့များတယ် ဗမာစာကြောင်းတစ်ခုကို Part of Speech နဲဲ့ဖြတ်ပေးမယ့် Parser တစ်ခုလိုမယ်။ ထွက်လာမယ့် စကားလုံးတွေကိုပဲ Index လုပ်ယူလို့ရတယ်။ ဒီနေရာမှာ Preprocessing လုပ်မှာလားဆိုတာကလည်း လိုအပ်ချက်အပေါ်မူတည်တယ်။ ကိုသာသာနဲ့ တစ်ခါက ဗမာစကားလုံးတွေစုပြီးတော့ Stemming လုပ်ကြည့်ဖူးတယ်။ မဆိုးပါဘူး ရလဒ်တွေက စကားလုံးကို မူရင်းပုံစံရောက်အောင် ၉၀% လောက်ပြန်ပို့လို့ရတယ်။ တစ်ခုပဲချို့ယွင်းချက်ရှိတယ် ဗမာစာ Parser မရှိလို့ Space နဲ့ဖြတ်ထားရတယ်။ ဒီနေရာမှာ ဗမာစာ Parser တစ်ခု လုပ်ကြမယ်ဆိုပါစို့။ သတ်မှတ်ချက်အတိုင်း အစဥ်အလိုက်သိမ်းတဲ့ ယူနီကုဒ်က လုပ်လို့လွယ်မှာငြင်းစရာမလိုဘူး။ ဇော်ဂျီကတော့ ဗြောက်သောက်ရိုက်တဲ့ အက္ခရာစဥ်နဲ့ဆို သေလုအောင်လုပ်ရမယ် ဘာလို့လဲဆိုတော့ အမှန်လို့ သတ်မှတ်ထားတာမရှိတော့ ဖြစ်နိုင်သမျကို လိုက်ပြင်ကြည့်ပြီးသုံးရမလိုဖြစ်မယ်။ ပြောမယ်ဆိုရင် မူရင်းကိုပြင်တယ်ဆိုတာ တန်ဖိုးကျပါတယ် ဖြစ်နိုင်သမျပြင်ကြည့်ပြီး စဥ်းစားဖို့ဆိုတာ အဓိပ္ပာယ်မရှိဘူး။ ဒီနည်းကတော့ Bidex, Tridex လိုမသုံးပဲ Term Index နဲ့ပဲ Search Engine လုပ်လို့ရမယ်။

လတ်တလော နည်းပညာအခြေအနေအရ ပထမနည်းက အတိကျဆုံး ဗမာစာ Search Engine ဖြစ်လာနိုင်မယ်။ ဒုတိယနည်းမှာတော့ Parser တစ်ခုလိုအပ်နေလို့ သိပ်မလွယ်လှသေးဘူး Research လိုအပ်နေတယ်။ ဒီနေရာမှာ သုံးတ

ဲ့လူတွေကို အနည်းငယ်ယုံကြည်လိုက်ပြီး Space and Punctuation တွေနဲ့ဖြတ်ပြီး ယာယီအစားထိုးထားနိုင်တယ်။ လက်ရှိသုံးနေတဲ့ ဂူဂဲက အဲဒီ့နည်းစနစ်လို့ ပြောလို့ရမယ် သူ့အနေနဲ့ Preprocess မလုပ်နိုင်ဘူး နောက်ပြီးတော့ စာလုံးဖြတ်တာမမှန်နိုင်ဘူးဖြစ်နေတယ်။ အဲဒါတွေ ထပ်ထည့်နိုင်ရင် လက်ရှိထက်ကောင်းတဲ့ အဖြေတွေထွက်မှာ သေချာပါတယ်။ ဟုတ်ပြီ ယူနီကုဒ်နဲ့ဇော်ဂျီစကားလုံးတွေ Index တစ်ခုထဲမှာ သိမ်းလို့ရသလားဆိုတာ စဥ်းစားစရာရှိတယ်။ သိမ်းလို့တော့ရတယ်လို့ ပြောလို့ရပါတယ် ပထမနည်းမှာကတော့ Syllabic ကိုဦးစားပေးလို့ ရှာတဲ့လူကတော့ သူဘာနဲ့ရိုက်တယ်ဆိုတာ ပြောဖို့တော့လိုလိမ့်မယ် အဲဒါဆိုရင် Query ကိုသက်ဆိုင်ရာနဲ့ Syllabic ဖြတ်လိုက်ဖို့လိုမယ်။ ဒုတိယနည်းကတော့ လက်ရှိအနေထားနဲ့ ဘာနဲ့သုံးတယ်ဆိုတာ မလိုအပ်သေးဘူး ဒါ့ကြောင့် ဂူဂဲမှာဘာနဲ့ရှာရှာ ရှာလို့ရနေတာပေါ့။ ဒါပေမယ့် Parser တစ်ခုသုံးလိုက်ရင်တော့ သူလည်းဘာသုံးတယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။

အဲဒါကို တစ်ခါကကြားဖူးတယ် ယူနီကုတ်များ စည်းရုံးရေးဆင်းနေတုံးက ဂူဂဲကသုံးတဲ့ Database ကများ ဇော်ဂျီကို Support လုပ်လို့မရတော့ရင် အားလုံးရှာလို့မရတော့ဘူးဆိုပဲ။ ဂူဂဲက Index ကို Database သုံးတယ်လို့ ဘယ်သူကများပြောလိုက်ပါလိမ့်။ အခုလည်းလာပြန်ပြီနောက်တစ်ဖွဲ့ ဇော်ဂျီမှာ သဝေထိုးအရှေ့ထားတာ Search Engine နဲ့ဆိုင်လို့ဆိုပဲ ငါပဲဥာဏ်မမှီတာဖြစ်မယ် အပေါ်မှာပြောခဲ့တာတွေနဲ့ ဆက်စပ်ကြည့်တယ် ဘယ်လိုသက်ဆိုင်မှန်း စဥ်းစားလို့မရဘူး။ ဇော်ဂျီကို စလုပ်ကာစအခြေအနေက Microsoft Keyboard Layout Creator မှာ Input အတွက် Keystroke Order ကို Swap လုပ်မပေးနိုင်ဘူး နောက်ပြီးတော့ Shaping Engine မရှိဘူးဒါ့ကြောင့် သဝေထိုးနဲ့ ရရစ်တွေက အရှေ့မှာရောက်နေတယ် အဲဒီလိုပဲငါနားလည်ထားတာ။ အေးလေ ငါသိတာမှားနေတာပဲ ဖြစ်မယ်ထင်ပါတယ်။ ဘယ်သူဖြစ်ဖြစ် နောက်ဆုံး Search Engine အကြောင်းပြတာ ထုံးစံဖြစ်လာသလား။

ပျက်နေတာကို ပြန်မပြင်ဖြစ်တာက နားလည်လို့ရပါတယ် အခြေအနေအရပေါ့ အခုအချိန်မှာသုံးနေတဲ့ မှားနေတာတွေက အများကြီးဖြစ်နေပြီမဟုတ်လား ပြင်ဖို့မလွယ်ဘူးဆိုတာ လက်ခံပါတယ်။ လတ်တစ်လော လိုအပ်ချက်တစ်ခုအရ မှန်နေပြီးသားအရာတစ်ခုကို ငါ့လိုလိုက်မှားစေမယ်ဆိုရင်တော့ အဲဒါကိုကန့်ကွက်ရမယ်။ သိမ်းချင်သလို သိမ်းခွင့်လို့အော်မလား အဲဒါဆိုလည်း ဘာလို့အပင်ပန်းခံနေကြလဲ ဟိုးအရင်က ASCII Fonts တွေလည်း သုံးရနေသားပဲ။ ဗမာစာနဲ့ ရှမ်းစာမှာ ဘုံသုံးတဲ့ အက္ခရာတွေ ရှိနေတာငါလည်းသိတယ် ကိုယ်ကိစ္စနဲ့ကိုယ် ဘယ်နားမှာ သဝေထိုးထားထား အစကတည်းက စံကိုလိုက်နာတဲ့ ရှမ်းစာက သဝေထိုးတော့ ရှေ့ကိုပို့စရာ အကြောင်းမရှိပါဘူးလေ။ Search Engine နဲ့သဝေထိုး ဂူဂဲရဲ့ Database ဟေးဟေးဟေး ကြားဖူးသမျ ဟာသတွေထဲမှာ ဒီဟာသတွေအရယ်ရဆုံးပဲ။ ဘယ်ဘက်အဖွဲ့ကမှမနေဘူး ဒါပေမယ့် ဘယ်သူလိမ်တာမှမခံဘူး လူနားမလည်ဘူးဆိုပြီး အလုံးကြီးကြီးပြောပြီး ထင်ယောင်ထင်မှားပြောတာကို အင်မတန်သောက်မြင်ကပ်တယ်။

အလုပ် FAQs
အလုပ်ကိစ္စကို အများကမေးလေ့ရှိတာကို သတိရမိလို့ရေးထားလိုက်တယ်။ အများမှားတတ်တာက ဗမာပြည်ကဘွဲ့ကသုံးမရဘူးတဲ့ အဲဒီလိုတော့မဟုတ်ဘူးဗျ ဗမာပြည်ကဘွဲ့မရှိရင်တော့ နိုင်ငံခြားကဘွဲ့တော့ရှိရမယ် မဟုတ်ရင် စင်ကာပူမှာ အလုပ်ရလည်း Pass မရတာတွေရှိတယ် Degree ဆိုတာလည်း ဘယ်ကရရလိုအပ်ချက် တစ်ခုအဖြစ်ရှိပါတယ် ကောင်းတာက ကိုယ်လုပ်မယ့်အလုပ်နဲ့ အခြေခံဘွဲ့ဟာတူရင် ပိုအဆင်ပြေပါတယ် ရထားတဲ့ဘွဲ့က သမိုင်း အလုပ်က ပရိုဂရမ်မာဆိုလည်း မဟုတ်သေးဘူးရယ်။ လူတိုင်းမေးလေ့ရှိတာက ဘယ်လိုအလုပ်တွေ ပေါသလဲပေါ့ .Net, Java, PHP, Networking စုံနေတာပါပဲ။ တစ်ကယ်ကတော့ ပေါတယ်မဟုတ်ပါဘူး အကုန်လုံးရှိပါတယ်။ နောက်ပြီးတော့ ဘယ်လိုလက်မှတ်တွေ MCTS, MCPD, MCSE, SCJP, SCJD, CCNA, … စသည်ဖြင့်ပေါ့ ဘယ်ဟာတွေအသုံးကျသလဲဆိုတော့ ကိုယ်စိတ်ဝင်စားရာသာ ဖြေခဲ့ပါအကုန်အသုံးကျပါတယ်။ နောက်တစ်ခုက ဘယ်လက်မှတ်က အလုပ်ရတာ လွယ်သလဲဆိုတော့ ဘယ်လက်မှတ်မှ အလုပ်ရမလွယ်ပါဘူး လက်မှတ်ပြရုံနဲ့ အလုပ်ခန့်တဲ့ခေတ်က ကုန်သွားတာကြာပေါ့ အင်တွေများလွန်းလို့လည်းပါတယ် ကျက်ဖြေတာတွေလည်း နောက်တစ်ခုပါတာပေါ့လေ။

လက်မှတ်ဆိုတာကတော့ စာရွက်ပေါ်က အထောက်အထားတစ်ခု အဖြစ်တော့လိုအပ်ပါတယ်။ ဒါဆိုရင် အလုပ်ရဖို့ ဘာလိုသလဲဆိုတော့ တတ်ဖို့လိုအပ်ပါတယ် ကိုယ့်ဘက်ကတော့ အလုပ်ကသင်သွားမယ်လို့ မျော်လင့်ပေမယ့် အလုပ်ရှင်ကအဲဒီလို မမျော်လင့်ပါဘူး သင်ပေးရမယ့်လူခန့်ရင် အနည်းဆုံး ၃ လလောက်တော့ ခိုင်းစားမရပါဘူး မသင်ရမယ့်လူခန့်လိုက်ရင် သင်ပေးရသက်သာတယ် ပိုလည်းခိုင်းလို့ရတယ်မဟုတ်လား ဘယ်သူမှ လစာပေးထားပြီး ခိုင်းလို့မရတာ မလိုချင်ပါဘူး။ ကိုယ့်အတတ်ပညာနဲ့မဟုတ်ပဲ အလုပ်ထဲရောက်မှ အသစ်သင်ပေးပြီးလုပ်ရမယ့် အကြောင်းအရာဆိုရင်တော့ တစ်မျိုးပေါ့လေ အဲဒီ့လိုအလုပ်တွေလည်းရှိတာပါပဲ။ ကိုယ်လျောက်တဲ့အလုပ်နဲ့ ပတ်သက်တာသိရင်လည်း ပိုကောင်းပါတယ် အဲဒါဆိုရင် ငါမင်းတို့အလုပ်မှာ အကျိုးရှိအောင် ဘာတွေလုပ်ပေးနိုင်တယ် ပြောပြနိုင်ရင် ပိုအဆင်ပြေတာပေါ့။

နောက်တစ်ခုက လစာဘယ်လောက်ရမလဲ ဒါကလည်း လက်မှတ်နဲ့မဆိုင်ဘူး အသေအချာစဥ်းစားကြည့်ရင် သူတို့ကလည်း ကိုယ့်လုပ်အားနဲ့ ငွေရှာတာပဲမဟုတ်လား ကိုယ်လုပ်နိုင်တာက အလုပ်ရှင်အတွက် အကျိုးအမြတ်ရှိမယ်ဆိုရင် ကိုယ်ကိုဘာလို့ ငွေပိုမပေးနိုင်ရမလဲ ငါဒီလောက်လုပ်တာက မင်းတို့ဘယ်လောက် အကျိုးအမြတ်ရှိနိုင်မယ် ဒါ့ကြောင့်ငါဒီလောက် လခရရမယ်လို့ ပြောနိုင်မယ်ဆိုရင် တန်ရာတန်ကြေးရမှာပဲပေါ့ အလုပ်ထဲရောက်ပြီး ကိုယ်လုပ်နိုင်တာ ပိုလာတယ် နောက်ပြီးတော့ အလုပ်အတွက် အကျိုးအမြတ်ပိုရှိလာရင် ရတဲ့လခလည်း ပိုလာမှာပဲပေါ့။ ငါကဘယ်လက်မှတ်ရှိတယ် ဘယ်ဘွဲ့ရတယ် ဒါ့ကြောင့်ငါလခ ဘယ်လောက်လိုချင်တယ်ဆိုရင်တော့ အလုပ်ရှင်ကလည်း ထီထိုးရသလိုပဲ ခန့်ပြီးမှသုံးမရလည်း ပြန်ဖြုတ်ရတာ သိပ်မလွယ်လှဘူးလေ ဒီတော့သူလည်း အဆုံးအရှုံးနည်းအောင် စျေးဆစ်တော့တာပေါ့။

ဒါကကိုယ့်ဘက်ကပြောတာပါ အလုပ်ရှင်ကလည်း တန်ရာတန်ကြေး မပေးတာလည်း ရှိလာတတ်တာပဲ အဲဒါဆိုရင်တော့ အစကတည်းက မတန်ရင်မလုပ်ခဲ့တာ ကောင်းပါတယ်။ အလုပ်လုပ်ရင်းနဲ့မှ တန်ရာတန်ကြေး တိုးတောင်းတာ မရဘူးဆိုရင်တော့ တန်ရာတန်ကြေးပေးမယ့် အလုပ်ပြောင်းရပါလိမ့်မယ် အရင်းရှင်ဝါဒမှာ အရှုံးအမြတ်ပဲရှိတယ် စေတနာတွေ မေတ္တာတွေမရှိပါဘူး အလုပ်ရှင်လည်း အကျိုးအမြတ်ရှိလို့ ကိုယ့်ကိုငှားသလို ကိုယ်လည်း အကျိုးအမြတ်ရှိလို့ တန်ရာတန်ကြေးယူပြီး အလုပ်လုပ်ပေးတာပါ ဘာကျေးဇူးခံကျေးဇူးစားမှ မရှိပါဘူး။ လမ်းခွဲမယ်ဆိုရင်လည်း ပြုံးပြုံးနဲ့ပဲလမ်းခွဲခဲ့ပါ အကျိုးအမြတ်မရှိလို့ လက်တွဲဖြုတ်တာ ဒေါသထွက်စရာမရှိပါဘူး။ နောက်အလုပ်တစ်ခုမှာ အရင်အလုပ်က ရန်ဖြစ်ပြီး ထွက်လာတယ်ဆိုတာ ဘယ်လိုမှ

မကောင်းပါဘူး။

Beyond PageRank and Third Generation IR
ဂူဂဲတည်ထောင်ခဲ့တာ ၁၉၉၆ ဆိုတော့အခုအချိန်ဆို ၁၄ နှစ်ကြာခဲ့ပြီပေါ့။ ဘာများထူးခြားလာသလဲ လူအကြောင်းကို သူတို့ပိုနားလည်တယ် ဘယ်လိုဆိုရင် လူမြင်လို့ပိုကောင်းမလဲ သူတို့ပိုနားလည်တယ် အလကားပေးပေမယ့် အားမနာတမ်းကြော်ငြာမထည့်ဘူး စာသားကြော်ငြာထည့်ပေမယ့် အခြားလူတွေလို မျက်စေ့နောက်လောက်တဲ့ ပုံတွေနဲ့ကြော်ငြာများ မထည့်တာတစ်ခုနဲ့ပဲ သူ့ကိုသုံးလာခဲ့တာပဲ။ ပထမမျိုးဆက် Altavista ကို ဒုတိယမျိုးဆက် Yahoo ကျော်တက်လိုက်တယ် ဒုတိယမျိုးဆက်ပဲဆိုပေမယ့် Google က Rank နည်းပညာအသာနဲ့ Yahoo ကိုကျော်တက်ပြန်တယ်။ တတိယမျိုးဆက်တွေ လက်ထက်ဆိုရင်တော့ သူတို့လည်း ဂူဂဲကိုကျာ်တက်ကောင်းတက်မှာပဲပေါ့။

မူရင်းအသုံးပြုနေတဲ့ Page Rank တွက်ပုံကို အများကထောက်ခံသူ များမှသာ Rank မြင့်တယ်ဆိုတဲ့ ပေါ်လစီကိုယူသုံးခဲ့တယ် မြင့်တဲ့လူကညှန်းရင်ပိုမြင့်တယ်ဆိုတာလည်း ပါလာခဲ့ပြန်တယ်။ သမရိုးကျ Page တစ်ခုလုံးမှာပါတဲ့ စကားလုံးတွေ အဆင့်အတန်းတူတယ်ဆိုတာကို ပယ်ဖျက်ပြီး နေရာအလိုက် အရေးပါမှု့ကိုသတ်မှတ်ခဲ့တယ်။ ဒါတွေဟာ မှတ်သားလောက်အောင် အထင်ကြီးလောက်တဲ့ အကြောင်းအရာတွေပါ။ ၁၉၉၆ နှစ်များကလုပ်ခဲ့တဲ့အရာတွေ အခုတော့ဘာတွေထပ်တိုးသလဲဆို ဘာမှထပ်မတိုးလာဘူး။ သူ့မှာစီးပွားဖြစ်လာတာနဲ့အမျ ကြီးမားတဲ့ Computing Power ကိုပိုင်ဆိုင်လာတယ် ဒီတော့ ပိုကောင်းတဲ့နည်းပညာအစား Computing Power ကိုအသုံးချလိုက်တယ် Stem လုပ်တာဟာ မူရင်းထက်တန်ဖိုးကျတယ်ဆိုတာ လက်ခံပါတယ် ဒါပေမယ့် Stem ဘယ်လိုပိုကောင်းအောင် လုပ်မလဲဆိုတာထက် Stem မလုပ်ပဲအကုန်ကောက်ထည့်လိုက်တာကို ကောင်းတယ်ပြောရမလား ဆိုးတယ်ပြောရမလား မစဥ်းစားတတ်အောင်ပဲ။ ဒီလိုနည်းလမ်းတွေကိုပဲ အသုံးပြုတာများလာသလိုမြင်လာမိတယ်။ သို့ပေမယ့်လုပ်နိုင်တဲ့ Computing Power ပိုင်ဆိုင်နေတော့ လုပ်သမျဖြစ်လာတယ် ဒါပေမယ့်အထင်ကြီးလောက်တဲ့ နည်းလမ်းတစ်ခုလို့ မမြင်မိတာအမှန်ပဲ။

အရာအားလုံးအတွက် မသက်ဆိုင်တဲ့ လိုအပ်ချက်တွေဖြစ်လာတယ် သမရိုးကျမဟုတ်ပဲ လိုအပ်တာတွေရှိလာတယ် နမူနာအဖြစ်ဗမာလိုစမ်းသပ်လိုက်တယ် “ကွန်ပျူတာစာရေးခြင်း vs လက်ဖြင့်စာရေးခြင်း” ကို ဂူဂဲမှာရှာလိုက်တယ် ထွက်လာတဲ့အဖြေစာရင်းကို အစဥ်အတိုင်းအောက်မှာပြထားတယ်။ ( မှတ်ချက်။ ။ တစ်ရက်နှင့်တစ်ရက် အဖြေထွက်ပုံမတူနိုင်သလို အစဥ်အတိုင်းလည်း မတူနိုင်ပါ )

(၁) blog.nweyoe.net
(၂) blog.calmhill.info
(၃) nay-lin.blogspot.com
(၄) khinoomay77.blogspot.com
(၅) arrmanthit.blogspot.com

နွယ်ရိုးဘလော့က ဆိုရှယ်ရော၊ နည်းပညာရော၊ ရှမ်းနဲ့ပါတ်သက်တဲ့ ဗဟုသုတရော တင်လေ့ရှိတော့ ပရိတ်သတ် သုံးဘက်ရှိသလိုဖြစ်မယ် ဒါ့ကြောင့် ညှန်တဲ့လူများနိုင်သလို ညှန်တဲ့လူများကလည်း Page Rank မြင့်တဲ့ဝဘ်ဆိုက်လည်း ပါဝင်နိုင်ပါတယ်။ ကျွန်တော့််ဆိုက်ကတော့ ညှန်တဲ့လူနည်းနည်းပဲရှိပါတယ် ဒါပေမယ့် Page Rank မြင့်တဲ့ ဖိုရမ်လိုနေရာတွေကနေ ညှန်နေတယ် နောက်ပြီးတော့ ရှာတဲ့စာသားက Anchor အရ အခြားဝဘ်ဆိုက်တွေမှာထက် မြင့်နေတော့ ဒုတိယလိုက်တာ သဘာဝကျပါတယ်။ ကိုနေလင်းဘလော့ကတော့ သိပ်မခင်တော့သွားကြည့်ရတယ် သူကလည်း ဗဟုသုတရစရာနဲ့ ဆိုရှယ်အတွက် ရေးတဲ့လူဆိုတော့ ပရိတ်သတ် နှစ်ဘက်နဲ့ ဆိုတော့ ညှန်တာခံရတာများပုံရပါတယ်။ အဘွားခင်ဦးမေရဲ့ ဝဘ်ဆိုက်တော့ စတုတ္ထနေရာမှာပြေးနေပါတယ် ဒီနေရာမှာစဥ်းစားမယ်ဆိုရင် အဘွားဘလော့ကို ညှန်တဲ့လူက အပေါ်သုံးခုထက် အဆမတန

ကွန်ပျူတာစာရေးခြင်း vs လက်ဖြင့်စာရေးခြင်း
ဗမာစာမှာလည်း စာရေးတဲ့နေရာမှာ Standard သတ်မှတ်ထားတာတွေ ရှိသင့်သလောက်တော့ ရှိပါတယ်။ ဒါပေမယ့် မလိုက်နာတာ များပါတယ် စာလုံးတွေရေးတဲ့အခါ ဆွဲရမယ့်လမ်းကြောင်းနဲ့ ရေးရမယ့်အချက်ရေ သတ်မှတ်ထားတာ ရှိပါတယ်။ ဗမာစာလုံးတွေက နာရီလက်တံလည်တဲ့အတိုင်းပဲ ရေးကြတာပါ။ “က” ဆိုရင်နှစ်ချက်ရေးတယ် “ခ” ဆိုရင်တစ်ချက်တည်း အပြီးရေးတယ် ဒါမျိုးတွေလည်း သတ်မှတ်ထားတာ ရှိတာပါပဲ။ ရှေးကရှိမရှိတော့ မပြောတတ်ဘူး ဒါပေမယ့် ဘယ်လိုရေးရမယ်ဆိုတာက သတ်မှတ်ထားပါတယ် မယ့်ရင်သူငယ်တန်း ဖတ်စာအုပ်ပြန်ကြည်ပေါ့။ ဒါပေမယ့် စာအုပ်ထဲလက်နဲ့ရေးတော့ ကြီးလာတာနဲ့တစ်ပြိုင်တည်း ရေးချင်သလိုရေးတာပါ နာရီလက်တံ ပြောင်းပြန်လည်း ရေးလိုက်တာပဲ “ည” ရေးတာကို “သ” ကိုအရင်ရေးပြီး နောက်ဆုံးမှ အောက်ကနေခြေထောက် တပ်လိုက်တာလည်း “ည” ဖြစ်သွားတာပဲမဟုတ်လား။ Standard အတိုင်းအကုန်ရေးတဲ့ လူဆိုတာက ၁၀ဝ မှာ ၁ ယောက်မရှိအောင်ကို ရှားပါတယ် နောက်ပြီးတော့ လက်နဲ့စာရေးတာမှာ အဲဒါတွေကအသေးစိတ် လိုက်နာစရာမှမလိုတာကိုး ဘယ်လိုရေးရေး နောက်ဆုံးဖတ်လို့ရဖို့ အရေးကြီးတယ်မဟုတ်လား။

ကွန်ပျူတာမှာ ဗမာလိုစပြီးတော့ ရိုက်လို့ရတဲ့ခေတ်များမှာပေါ့ အရင်ကတော့ ဗမာလိုလိုချင်ရင် လက်နှိပ်စက်နဲ့ပဲ ရိုက်ရတာပေါ့။ ဗမာစာအတွက် ASCII Font များထွက်လာပါတယ်။ ရှေ၊ ဝင်း၊ အကယ်ဒမီ၊ စီအီး စသည်ဖြင့်ပေါ့ အဲဒီ့ဖောင့်တွေနဲ့ ဗမာလိုရိုက်လို့ရိုက်လို့ ရလာပါတယ်။ ဘာမှကန့်သတ်ချက်မပါတော့ လက်နှိပ်စက်ရိုက်သလို ရိုက်တဲ့အလုပ်နဲ့ ဗမာစာကိုရိုက်လို့ရပါတယ် ဗမာစာလုံးသတ်မှတ်ချက် မရှိသေးတော့ ပုံပေါ်ဖို့ကိစ္စက အရေးကြီးတာပါပဲ ကျန်တာကပြဿနာမရှိပါဘူး။ “ဈ” ဆိုရင်လည်း “စ” + “-ျ” = “စျ” ဆိုပြီးရေးလိုက်တယ်။ “၎င်း” ဆိုရင် Alt နဲ့တွဲနှိပ်ရမှာ ပျင်းရင် “၄” + “င်း” = “၄င်း” ဖြစ်ကရောပဲ သိပ်မလှတာကလွဲရင် ဖတ်လို့တော့ဖြစ်သပေါ့။ “ဪ” ဆိုတာကလည်း တစ်ကယ်တော့ တစ်လုံးတည်းရယ် လက်နှိပ်စက်လိုပဲ သဝေထိုးကနေ စပြီးရိုက်ထည့်လိုက်ရတယ်။ နောက်ပြီးတော့ ဝလုံးနဲ့ သုညခွဲမထားဘူး ဝိုင်းရင်ပြီးရော လက်နှိပ်စက်လို တစ်ခုပဲရှိတယ်။ ဒါပေမယ့် ဘာမှသိပ်ပြဿနာမတက်သေးဘူး ဖတ်လို့ဖြစ်ရင် အလုပ်တွင်သေးတယ် မဟုတ်လည်း ပြီးတော့စာရွက်ထုတ် ဖတ်တာပဲလေ ကွန်ပျူတာကဖိုင်နဲ့ တစ်ခါတည်းအလုပ်လုပ်တဲ့ ခေတ်မှမဟုတ်တာပဲ Find နဲ့ရှာလည်း မတွေ့မှာမပူရဘူး။

တစ်ကမာ္ဘလုံးကစာတွေ ကွန်ပျူတာမှာ သိမ်းလို့ရရမယ်ဆိုတော့ ဒို့ဗမာစာလည်း ပါသွားသပေါ့။ အဲဒီတော့မှ ပြဿနာများက စလာပါတယ်။ ရိုက်ချင်သလိုရိုက်ရင် ရှာချင်သလိုရှာလို့ မရတော့ဘူးပေါ့။ ဒါကထားလိုက်ပါတော့ လူတိုင်းကို ဒီအကြောင်းတွေသိအောင်ပြောရတာ လွယ်တဲ့ကိစ္စမဟုတ်လှပါဘူး။ အရင်ကတည်းက တွေ့နေတာကြာပါပြီ မပါတ်သက်လို့မပြောဖြစ်ဘူး ရေးချင်သလိုရေးရာကနေ မြင်ရပြီးရောရိုက်တဲ့ အကျင့်များကိုနမူနာပြရရင် “ဟ” ကိုကြံကြံဖန်ဖန် “ပ” + “-ာ” = “ပာ” နဲ့ရေးကြတဲ့လူတွေလည်း ရှိပါတယ် ဘယ်လိုများစဥ်းစားသလဲ နားမလည်နိုင်အောင်ပဲ။ ကိုရဲမြတ်သူကဝင်ပြောတယ် အဲဒါဘာဟုတ်သေးသလဲတဲ့ “၏” ကို “ဧ” + “။” + “ -်” = “ဧ။်” ဖြစ်အောင်တောင် ရေးကြတာမြင်ဖူးတယ်ဆိုပဲ။ ဟိုးအရင်ကလူတွေ ဗမာစာရိုက်နေကျဖြစ်နေလို့ အရင်ကအမှားတွေ ရိုက်နေတယ်ဆိုရင် ဒါကလက်ခံနိုင်ပါသေးတယ်။ ကျွန်တော်ဆိုရင် ဝလုံးနဲ့ သုညကိုတူတူ ရိုက်တာအကျင့်ပါနေလို့ သတိထားပြီးပြင်ထားရတာပါ။

ပြဿနာက ကွန်ပျူတာသုံးတတ်ရုံနဲ့ ကွန်ပျူတာနဲ့ပါတ်သက်တာ နားလည်အောင်ရှင်းပြလို့ ရမယ်လို့မထင်နဲ့ အင်မတန်ရှင်းရခက်တယ်။ ကွန်ပျူတာအသုံးပြုသူဆိုလို့ အပြောခံရလို့ စိတ်ဆိုးကောင်းဆိုကြဦးမယ် တစ်ကယ်ဆိုရင် အတန်းအစား အမျိုးမျိုးရှိတယ် သုံးတတ်တဲ့လူ၊ ဘယ်လိုအလုပ်လုပ်တယ်သိ

အရွေးမှန်ခဲ့ကြပါစေ
တစ်ခါတစ်ရံတော့ အထင်နဲ့အမြင်နဲ့လွဲတတ်တယ် အချိန်တွေကုန်လွန်သွားတော့မှ အမှန်ကိုမြင်မိတာလဲရှိတယ်။ အတတ်ပညာတစ်ခုတတ်ဖို့ ဖြတ်လမ်းမရှိပါဘူး အရင်းအနှီးများပါတယ် အချိန်တွေ ငွေတွေ ကြိုးစားမှု့တွေ အများကြီးရင်းရတာပါ။ အတတ်ပညာတစ်ခုကို အတိုင်းအတာတစ်ခုအထိ တတ်မြောက်တယ်လို့ ပြောလို့ရတဲ့လူတစ်ယောက်ကို မေးမြန်းလို့ ပြန်ဖြေလိုက်တဲ့အဖြေဟာ ကိုယ်နားမလည်တာ တစ်ခုနဲ့တော့ လျိုတယ်လို့ပြောရင် မှားတတ်ပါတယ်။ တစ်ကယ်က အတတ်ပညာတစ်ခုမှာ လျို့ဝှက်ချက်ဆိုတာမှ မရှိတာပဲ တတ်ကွမ်းအောင် အမျိုးမျိုးကြိုးစားခဲ့ပြီးမှ တတ်မြောက်ခဲ့တာပဲ လျို့ဝှက်ချက်ကို လက်ဆင့်ကမ်းလို့ တတ်မြောက်တယ်ဆိုတာ မရှိပါဘူးလေ။ သင်တယ်ဆိုတာကလည်း အတိုင်းအတာတစ်ခုအထိ အခြေခံရှိမှအဆင့်ဆင့်သင်လို့ရပါတယ်။

ညီအစ်ကိုလိုဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိလို့ ကျောင်းတုံးကသူငယ်ချင်း တစ်ယောက်နဲ့ အွန်လိုင်းမှာပြန်ဆုံကြောင်းနဲ့ ဂုဏ်ထူးတန်းမှာ UML နားလည်အောင်ရှင်းမပြပဲ လျိုထားလို့ဒေါသထွက်ကြောင်း ရန်တွေ့ခံရတယ်လို့ ပြောပြပါတယ်။ တစ်ကယ်က အခြေခံမရှိလို့မလိုက်နိုင်တာကို နားမလည်အောင်ရှင်းတယ် ထင်တာပါ။ အတန်းကြီးလာတာနဲ့အမျ ပရိုဂရမ်းမင်း မတတ်ရင်စာတွေက အလွယ်ပြောရရင် ကကြီးခခွေးမတတ်ပဲ ကဗျာစပ်သင်သလိုဖြစ်နေတာပါ။ တစ်ကယ်က Relation တွေဆိုတာက ဘယ်ဘက်ကဘာဆိုတာ ရှင်းစရာမှမလိုတာပဲ OOP သိတဲ့လူက ဘယ်ဘက်မှာ Variable ဘယ်နှစ်လုံးကြေငြာတယ်ဆိုတာပ UML ပုံကိုကြည့်ပြီး မျက်စေ့ထဲမြင်လိုက်တာပါ။ ဒီတော့ပုံကိုဘယ်လိုဆွဲပဲ သင်ပေးလို့ရတယ် နားလည်ဖို့ကတော့ အရင်ကတည်းက အတိုင်းအတာတစ်ခုအထိ ရှိနေခဲ့ရမှာကိုး ဘယ်သူကအမြဲတမ်း ကကြီးကနေ အအထိပြောပြချိန်မရှိပါဘူး။

နောက်ပြီးတော့ဆရာမလိုဘူးလို့ မပြောပါဘူး ရှိတာကကောင်းပါတယ်။ ဒါပေမယ့်သိထားဖို့က ဒီဆရာဘယ်လိုသင်သင် ကိုယ်က တစ်ဝက်ရဖို့တောင်မလွယ်ပါ ဒါကသင်ကြားခြင်းနဲ့ သင်ယူသူကြားမှာ အမြဲဖြစ်နေတဲ့အကြောင်းပါ။ ဆရာလိုတတ်ချင်ရင် ဆရာကိုသင်ခိုင်းလို့မဖြစ်ဘူး ဆရာသင်ယူခဲ့သလို သင်ယူမှသာဖြစ်နိုင်ပါတယ်။ ဆရာတစ်ယောက်က သင်ပေးတာကောင်းရင် တပည့်တွေသဘောကျတယ် နာမည်ကြီးပါတယ် ဒါပေမယ့် တတ်သမျသိသမျကို အိတ်သွန်ဖာမှောက် အာပေါက်အောင်သင်ပါစေ ဒါပေမယ့်တပည့်တွေကို အကုန်သင်မပေးပဲ လျိုထားတယ်လို့ပြောလို့ရပါတယ်။ အဲဒီ့လိုဆရာမျိုးမှာ တပည့်ပေါပေမယ့် ထူးခွန်တဲ့တပည့်နည်းပါတယ်။ တစ်ကယ်တတ်စေချင်တဲ စေတနာရှိရင် အခြေခံလောက်တတ်ရင် ဆက်သင်စရာမလိုပါဘူး။ ကိုယ့်လမ်းကိုယ်သွားနိုင်အောင် ဆရာလျောက်ခဲ့တဲ့လမ်းကို တပည့်ကိုလှတ်နိုင်ရမယ်။ ဒီလိုဆရာမျိုးမှာတော့ တပည့်နည်းတတ်ပါတယ် နည်းတာမဟုတ်ပါဘူးလေ တပည်ကကြာကြာမနေနိုင်တာပါ။ ဒါပေမယ့် ကျန်တဲ့တပည့်တွေမှာ ထူးခွန်တဲ့တပည့်များပါတယ်။ ဒါ့ကြောင့် ညီငယ်ညီမငယ်များ မူကြိုဆရာများ၏လက်မှ လွတ်ကင်း၍ အင်မတန်ခိုင်းသော ဆရာများ၏ထံတွင် ကြာရှည်စွာနေနိုင်ကြပါစေ ဆရာအရွေးမှန်ခဲ့ကြပါစေ။