Calm Hill » တဂ်ဒုက္ခများ

ဆန္ဒနဲ့ ဘဝ
စာမျက်နှာ(၁) မူလတန်းကျောင်းသား

ဆန္ဒ = ဘဝ = ကစားချိန်မှာကစားမယ် အိပ်ချိန်မှာဝင်အိပ်မယ် အပူအပင်ကင်းတဲ့ ကလေးလေးဘဝ

စာမျက်နှာ(၂) အလယ်တန်းကျောင်းသား

ဆန္ဒ = ပန်းချီဆွဲတတ်ချင်တယ် စန္ဒယားတီးတတ်ချင်တယ်

ဘဝ = စာကျက်ချိန်မှာစာကျက်ရမယ် အားတဲ့အချိန်မှာ ကစားစရာအဖော်မရှိ ဖတ်စရာစာအုပ်တွေပဲရှိတဲ့ အိမ်လေးတစ်လုံး

စာမျက်နှာ(၃) အထက်တန်းကျောင်းသား

ဆန္ဒ = အဖေ့လိုဖြစ်ချင်တယ် အနည်းဆုံး အဖေ့ထက်မညံ့ပဲ အများဆုံး အဖေ့ထက်တော်ရမယ်

ဘဝ = အဖေ့လိုဖြစ်ချင်တဲ့ ဆန္ဒကိုဖျက်သိမ်းတယ် မတူညီတဲ့ဘဝကနေလဲ မညံ့အောင်ကြိုးစားနိုင်သလို ပိုတော်အောင်လည်း နေနိုင်တာပါပဲ မကျန်တော့တဲ့ အချိန်တစ်ခုအတွင်းမှာ အဝေးကိုထွက်မသွားနိုင်တော့ဘူး

စာမျက်နှာ(၄) တက္ကသိုလ်ကျောင်းသားဘဝ

ဆန္ဒ = ရွေးချယ်လိုက်တဲ့ နယ်ပယ်တစ်ခုမှာ တန်းတူကလွဲပြီး ငါ့ထက်တော်တဲ့လူမရှိတဲ့ အခြေအနေအထိ ရောက်ရမယ်

ဘဝ = ဆန္ဒတစ်ခုအတွက် ငယ်ရွယ်အချိန်၊ လွတ်လပ်မှု့၊ ပျော်ရွှင်မှု့ အားလုံးစွန့်လွှတ်လိုက်ရတယ် ထိပ်ဆုံးတော့ မရောက်ပေမယ့် အလယ်အလတ်တော့ကျော်ခဲ့တယ်။

စာမျက်နှာ(၅) လက်ရှိဘဝ

ဆန္ဒ = ဆန္ဒတစ်ခုတည်းအတွက် အရာရာရင်းနှီးခဲ့တဲ့ အချိန်တွေကိုပြန်ရချင်တယ် ဘယ်အရာမှ မထူးချွန်ချင်တော့ဘူး ဆန္ဒတွေအများကြီးနဲ့ မျှတတဲ့ဘဝကိုပဲ ပြန်တည်ဆောက်ခွင့် ရချင်မိတယ်

ဘဝ = ပျော်ချင်ပေမယ့် ပျော်ခွင့်ရချင်မှရမယ် နေချင်ပေမယ့် သွားချင်သွားရမယ် ကံအတိုင်းပဲ အဆင်သင့်သလို ဖြတ်သန်းနေတဲ့ဘဝ

မေကျော် Tag လုပ်သဖြင့်ရေးပါသည်။

အမေ့ရဲ့ မလိမ္မာတဲ့သား
အမေနေ့အထိမ်းအမှတ် ရေးပါဆိုပြီး အကီနိုက Tag လုပ်လာမှ မေလရဲ့ ဒုတိယတနင်္ဂနွေဟာ အမေနေ့မှန်းသိရပါတယ် ဗမာပြည်မှာက ဦးသုခက အမေနေ့ဆိုပြီး ပြာသိုလပြည့်နေ့ကို စပြီးလုပ်ရာကနေ ပြာသိုလပြည့် အမေနေ့က လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်ကစပြီး ဗမာပြည်မှာ အမေနေ့လုပ်လေ့ရှိပါတယ်။ ဒါ့ကြောင့် ပြာသိုလပြည့်ကိုပဲ စိတ်ကစွဲနေမိလို့ နိုင်ငံတစ်ကာကလုပ်တဲ့ အမေနေ့ကိုမသိဘူးဖြစ်နေတယ်။ တစ်ခြားနိုင်ငံတွေမှာလည်း လိုက်ကြည့်တော့ အမေနေ့ကို သတ်မှတ်ထားတာတွေ့ရတယ် ဒါပေမယ့် တစ်ချို့နိုင်ငံတွေမှာ ရက်မတူပါဘူး စုစည်းထားတဲ့ အမေနေ့တွေကို Wikipedia မှာကြည့်နိုင်ပါတယ်။

အမေနေ့ဆိုတော့ အမေ့အကြောင်း အမှတ်တရရေးပါဆိုတော့ အမှတ်ရစရာလေးတွေ ပြန်တွေးတော့ အတော်လေး ဝမ်းနည်းမိပါတယ်။ တစ်ခါက အဘွားခင်ဦးမေက အားရင်အဖေအကြောင်းပဲ ရေးနေတယ်ပြောတုံးက အမေ့အကြောင်း ထပ်ရေးဖို့စဥ်းစားပါတယ် ရေးစရာများလို့ရယ် ပြန်ပြီးသတိရတာတွေ များရင်စိတ်ဆင်းရဲလို့ရယ် မရေးဖြစ်ခဲ့ပြန်ဘူး။

မိဘဆိုတာ ဗဟုဝုစ်ကိန်းဆိုပေမယ့် ကျွန်တော့်အတွက်တော့ ဧကဝုစ်ဖြစ်သွားခဲ့တာ ကြာခဲ့ပါပြီ။ အမေတစ်ယောက်တည်း အထီးကျန်အဖြစ်နဲ့ သံယောစဥ်တွယ်စရာ သားနဲ့သမီးနှစ်ယောက်ပဲ ကျန်ခဲ့ရတယ်။ ညီမလေးက အသက်ငယ်လွန်းလှတယ် သူအရွယ်ရောက်ချိန်မှာ ကျွန်တော့်မိသားစုဟာ အတော်လေး ပြည့်ပြည့်စုံစုံဖြစ်နေပါပြီ။ ငယ်ကတည်းက ချို့တဲ့ချိန် ပြည့်စုံချိန် ပျော်ရွှင်ချိန် ဝမ်းနည်းချိန် အတူတူဖြတ်ကျော်လာရတဲ့ မိသားစုထဲမှာ သားဖြစ်သူတစ်ယောက်ပဲ အမှတ်ရစရာ ကျန်ခဲ့သလို အမေခံစားခဲ့ရတယ်။ အဖေဆုံးသွားတော့ လူယုံတွေ ရန်သူဖြစ်သွားတယ် စီးပွားရေးဆုံးမှု့တွေ အများကြီးဖြစ်ခဲ့ရတယ် ညီမလေး မျက်နှာမငယ်ရအောင် စိတ်မဆင်းရဲရအောင် အမေအတတ်နိုင်ဆုံးကြိုးစားရင်း ရုန်းကန်ခဲ့ရတယ်။ ကျွန်တော်ကံကောင်းတယ် ပြောခဲ့ရမယ် အမေလိုအပ်ချိန်မှာ ဆိုးတူကောင်းဘက် နေပေးခွင့်ရခဲ့ပါတယ်။

သားနဲ့သမီးကို အဖေဖြစ်သူလို သူ့မျက်စေ့ရှေ့မှာ ဆုံးသွားမှာကို အမြဲစိုးရိမ်တဲ့ စိတ္တဇလိုဖြစ်နေခဲ့တယ်။ အဖေမရှိတော့ အိမ်အတွက် ကျွန်တော်အလုပ်လုပ်ပါတယ် ကျောင်းလည်းတက် အလုပ်လုပ်ရတဲ့ကျွန်တော့်ကို ကျန်းမာရေးချို့တဲ့မှာ စိုးရိမ်လွန်းပါတယ် အလုပ်ကညပိုင်း ကျောင်းပြန်ချိန်မှ လုပ်နိုင်တယ် မီးလာချိန်ဆိုရင် တစ်ညလုံးအလုပ်လုပ်ချင်လုပ်တယ် အမြဲတမ်း ညပိုင်း ၂ နာရီလောက်ထပြီး ကျွန်တော်အလုပ် လုပ်သလားအိပ်ယာကနေ ထပြီးလာကြည့်ပြီး အိပ်ခိုင်းတတ်တယ် နောက်ပိုင်း အိမ်ကတစ်ဘက် စီးပွားရေးအလုပ် အဆင်မပြေဖြစ်လာလို့ ကျွန်တော့်အလုပ်ကို ပိုလုပ်ရတယ် တစ်ညလုံးအလုပ်လုပ်ရတဲ့ ညတွေများလာတော့ အမေစိတ်ကောင်းဘူး ဒါပေမယ့် ကျွန်တော့်ကိုမပြောရှာဘူး ဒီလိုနဲ့ကျွန်တော် ပင်ပန်းပြီးတစ်ပါတ်လောက် ဖျားခဲ့တဲ့အချိန်မှာ မင်းရဲ့ကျန်းမာရေးနဲ့ ရင်းလာရမယ့် ငွေကိုမလိုချင်ဘူးဆိုပြီး ငိုပြီးတော့ကျွန်တော်နားမှ နေခဲ့တဲ့အချိန်တွေဟာ ကျွန်တော်အတွက် သတိအရမိဆုံး အချိန်တွေပါ။ အခုအလုပ်များလို့ စာတွေများလို့ ညမအိပ်နိုင်တဲ့ ညတွေများလာရင် အမေ့ကိုသတိရမိတယ်။ အဲဒါတွေသိရင် အမေငိုဦးမယ်ထင်တယ်။

ကျွန်တော်လိမ္မာတယ်လို့ အမေ့ကိုအများကပြောကြရင် အမေအရမ်းဝမ်းသာတတ်တယ်။ လိမ္မာတယ်လို့ ပြောသံကြားတိုင်း အခုတော့ကျွန်တော် ဝမ်းနည်းမိတယ် ကျွန်တော်အမေ့ကို ပြန်မကြည့်နိုင်ခဲ့တာ ၂ နှစ်ပြည့်တော့မယ် ကျွန်တော်ထွက်ခါနီးမှာ မမျှော်လင့်ပဲ အိမ်ကကိုယ်ပိုင် စီးပွားရေး အတော်လေး အခက်အခဲဖြစ်ရပြန်တယ်။ ဒါပေမယ့် ကျွန်တော့်မျှော်လင့်ချက်တွေ မပျောက်ရအောင် အမေကကျွန်တော် ထွက်သွားနိုင်ဖို့ပဲ ကြိုးစားပေးခဲ့တယ်။ အမေ့အတွက် အခက်အခဲမရှိရအောင် တတ်နိုင်သလောက် ကျောင်းတက်ရင်း အသုံးစရိတ်အလုပ်တွေ လုပ်ပါတယ် တစ်ခါတစ်ယံတော့ ကျောင်းစာကို ဦးစားပေးရမယ့် အဖြစ်နဲ့တိုက်ဆိုင်လာရင် မလောက်မငှဖြစ်ရင် အမေ့ကိုအကူအညီတောင်းရပြန်တယ် ဘယ်အချိန်ဖြစ်ဖြစ် မရဘူးမပြောခဲ့ရှာဘူး ဖြစ်တဲ့နည်းနဲ့ ကျွန်တော့်ကိုလိုသလောက် ပေးပါတယ်။ အိမ်ကိုအကူအညီ တောင်းရချိန်တွေဟာ ကျွန်တော့်အတွက်တော့ အမေ့မျက်နှာကိုမြင်ယောင်ပြီး ဝမ်းအနည်းမိဆုံး အချိန်တွေပါ။ ကျွန်တော် လိမ္မာနိုင်ဖို့အချိန်တွေ နီးလာပါပြီ အမေ့ကိုမပင်ပန်းပဲ နေတာမြင်ချင်တာဟာ ကျွန်တော့်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပါ။ ကျွန်တော်က အမေကျွန်တော့်အတွက် ပင်ပန်းလို့ စိတ်ဆင်းရဲမိပေမယ့် အမေကတော့ ကျွန်တော့်အတွက် တစ်ခုခုလုပ်ပေးနေရရင်ပဲ ပျော်နေတာပါ။

အမေနေ့အတွက် ကျွန်တော်နဲ့ အကျိုးအကြောင်းတိုက်ဆိုင်နေတဲ့ သီချင်းလေးပဲ နားထောင်မိတော့တယ်ဗျာ။

<object classid="clsid:d27cdb6e-ae6d-11cf-96b8-444553540000" width="480" height="385" codebase="http://download.macromedia.com/pub/shockwave/cabs/flash/swflash.cab#version=6,0,40,0"><param name="allowFullScreen" value="true" /><param name="allowscriptaccess" value="always" /><param name="src" value="http://www.youtube.com/v/nok4EnW0JRA&hl=en_GB&fs=1&" /><param name="allowfullscreen" value="true" /><embed type="application/x-shockwave-flash" width="480" height="385" src="http://www.youtube.com/v/nok4EnW0JRA&hl=en_GB&fs=1&" allowscriptaccess="always" allowfullscreen="true"></embed></object>

အိမ်လွမ်းသူ
“ရေလှာလည်း ခင်းပြန့်ကြည်လင်စေ မိုးဦးလည်း လှပသာယာစေ ဘဝစေရာတာဝန် ကျေပွန်ဆောင်ရွက်ခဲ့သူတို့ ရေစုန်ကိုဆန်ကာပြန်ခဲ့ပြီ …..” ခင်ဝမ်းသီချင်းက တိုးတိုးလေး ဖွင့်ထားသံ ကြားတယ် စားပွဲပေါ်မှာ လက်ဘက်ရည်တစ်ခွက်၊ ရေနွေးကြမ်းဓာတ်ဘူးနဲ့ အကြမ်းပန်းကန်တစ်လုံး။ ဆိုင်ဒေါင့်က ချောင်ကျကျစားပွဲမှာ ထိုင်လို့ပေါ့ လူရှင်းနေတဲ့ဆိုင်ထဲမှာ ဘယ်ကိုကြည့်မှန်းမသိပဲ ငေးနေမိတယ် ဒီလိုအချိန်မျိုး ပြန်မရနိုင်တော့ဘူးလို့ ထင်နေမိတာပါ။ သြော်… ငါမဟာနွယ်မှာ ရောက်နေတာပဲ။ စားပွဲထိုးညီလေးရေ အစ်ကို့ကို ပူတီတစ်ပွဲပေးပါဟ။ ဟေ…. ပူတီမရဘူးဟုတ်လား သြော်… ဒါဆိုရင်ဒါ မဟာနွယ်မဟုတ်ပါလား။

“နာမည်ဆန်းတဲ့ လက်ဘက်ရည်ဆိုင် အလွမ်းကဖီးလို့ ပေးထားတယ် အချစ်ဆုံးမင်းနဲ့အတူ အမြဲသောက်တဲ့ ဒီဆိုင်လေး …..” ဂျေညီညီသီချင်းဖြစ်သွားပါလား။ သြော်…. မိန်းထဲက ရူဘီမှာရောက်နေတာပဲ။ ဘေးဘယ်ညာလှည့်ကြည့်တော့ အမေ့ဓောတ်ပုံတွေထဲမှာ တွေ့တွေ့နေတဲ့ တိုင်လုံးကြီးတွေနဲ့ ပင်မအဆောက်အဦးပါလား၊ ဒီဘက်မှာကစာသင်ဆောင်တွေ၊ ဟိုး… ဘက်မှာက လူမရှိတဲ့ လူနေဆောင်တွေ၊ နိုင်ငံခြားဘာသာ တက္ကသိုလ်ထဲတော့ မဝင်တော့ပါဘူးလေ ဆရာနဲ့တိုးရင် လာတက်ဦးခေါ်နေဦးမယ်။ ဟေ့… စားပွဲထိုးညီလေးရေ အစ်ကို့ကို မုန့်တီတစ်ပွဲပေးကွာ။ ဟေ… မုန့်တီမရှိဘူး ကြာဇံသုတ်ပဲရတယ်ဟုတ်လား အေး… ကျေးဇူးပါညီလေးရယ် မယူတော့ပါဘူးကွယ်။

“ရိုးရိုးလေးသာ ဝတ်ခဲ့ပါကွယ် အေးမြလို့ ကျင်လည်ရာလူ့လောကမှာ အပူမီးနဲ့အတူ လှုပ်ရှားရုံးကန် ဟန်လုပ်ပြုံးရခြင်းတွေ စွန့်ပစ်ခဲ့မယ်သွားကြမယ်လေ ဘုရားဖူးစို့ …” ဟောဗျာ ခင်မောင်တိုး ဖြစ်သွားပြန်ပြီ။ ဒါကဘယ်မှာလဲ ငါ… အောင်တော်မူထဲရောက်နေတာပဲ ကဖီးဘလူးမှာ မနက်စာစားနေတာဖြစ်မယ်။ အင်း… အဖေရှိစဥ်ကတော့ တနင်္လာမနက်တိုင်း လာလေ့ရှိတယ်။ စားပြီးရင်တော့ အမှတ်တရအဖြစ် ဘုရားဝင်ပြီးတရားထိုင်ဦးမယ်။ ဟေ့… ညီငယ်လေးရေ အစ်ကို့ဆိုင်ကယ်ကို ထုံးစံအတိုင်း ခဏထားခဲ့မယ် အစ်ကိုဘုရားကို ဝင်ဖူးလိုက်ဦးမယ် မသိမသာကြည့်ထားပေးနော်။ ခင်ဗျာ… အစ်ကိုဘယ် ဘယ်ဘုရားသွားမှာလဲဟုတ်လား။ အင်းအင်း… အစ်ကိုစကားမှားပြောမိတာ ဖြစ်မယ်ထင်ပါတယ် ညီလေးရယ်။

“ချစ်လူမိုက် ချစ်လို့ မိုက်ခဲ့တယ် ကြင်နာသူအတွက်ဆို မိုးကောင်းကင် ဒူးနဲ့ တိုက်မယ် ဘဝကိုပေး ရင်းချစ်ရဲတယ် သူ့အလိုအတိုင်း အမြဲတမ်း ပြည့်စေမယ် ချစ်သူအတွက် သတ္တိရှိတယ် သူ့အတွက်ပဲ ကိုယ့်ဘဝ ဖြစ်ခဲ့တယ် …” ဟမ်… ဒါက စိုးလွင်လွင်ပါလား။ ခက်တာကဒီလောက် မိုက်ကန်းတဲ့သီချင်းဖွင့်တဲ့ဆိုင် ငါထိုင်လေ့မရှိပါဘူး ဘယ်ဆိုင်လဲငါစဥ်းစားမရဘူး။ သြော်…. ရေနွေးတစ်အိုးအောင် ကုန်ပါပေါ့လား ညီလေးရေ ငါ့ကိုရေနွေးပေးဦးဟ။ ဟေ… ရေနွေးဖိုးဟုတ်လား ဘယ်လောက်လဲ အေးအေး… ရော့တစ်ကျပ်ခွဲ။ အတိတ်ကနေအခုပဲ ပြန်ပြီးရောက်တော့ သတိထားမိတာက ငါရဲရင့်မှာနေ့လည် တစ်ယောက်တည်းထိုင်နေမိတယ်။ အင်း… လူကမူးနောက်နောက်နဲ့ ကျန်ခဲ့တယ် ဘာပဲဖြစ်ဖြစ်ပါ သီချင်းလေးပုဒ်စာလောက် ပစ္စုပ္ပန်ကိုမေ့ခွင့်ရတာနဲ့ကို တစ်ကျပ်ခွဲကတန်ပါတယ်လေ အခုတော့လူကအခန်းကိုပြန်မယ် စိတ်ကတော့အိမ်ရောက်ချင် ရောက်ဦးမယ်ပေါ့။

ကျွန်တော်နှင့်အိမ်ထောင်ရေး
ပေါက်ပေါက်ရှာရှာ လူပျိုကြီးကိုများ ကျွန်တော်နှင့်အိမ်ထောင်ရေး ဆိုပြီးတဂ်ရတယ်လို့ မတတ်နိုင်ဘူးလေ ကိုယ်လည်းကိုယ်သိတာ ရှာဖွေပြီးရေးရတာပေါ့။ လူပျိုကြီးဆိုတော့ အိမ်ထောင်ရေးနဲ့ မဆိုင်ဘူးရယ်တော့ မဟုတ်ပါဘူးလေ သိတော့သိရမယ်မဟုတ်လား။ တစ်ခါတစ်လေတော့လည်း ချစ်တာတွေ မေတ္တာတွေနဲ့ အိမ်ထောင်ရေးမဆိုင်သလိုပါပဲ တစ်ချိုကလည်း ချစ်လို့ကြိုက်လို့အိမ်ထောင်ပြုကြတယ် တစ်ချို့ကလည်း အိမ်ကစီစဥ်လို့အိမ်ထောင်ပြုကြတယ် ဒါပေမယ့်ကွဲချင်လည်း ကွဲကြတာပါပဲ။ အဓိကကတော့ တစိမ်းလူနှစ်ယောက် အတူနေကြတယ်ဆိုတော့ အနည်းနဲ့အများတော့ အခက်အခဲဖြစ်ကြတာပါပဲ။ အရေးကြီးတာကစိတ်ပါပဲ တစ်ကယ်ကတော့ ကိုယ့်အတ္တနဲ့သူ့အတ္တမျနိုင်ရင် အဆင်ပြေမှာပါပဲ။ ယောက်ျားဖြစ်လို့ အလိုလိုက်ရမယ် မိန်းမဖြစ်လို့ အလျော့ပေးရမယ်ရယ် မဟုတ်ပါဘူး မျမျတတပေါ့။ ရှင်းရှင်းပြောရရင် လင်နိုင်တဲ့မိန်းမလည်း ကြည့်မရသလို မယားနိုင်တဲ့ယောက်ျားလည်း အမြင်မကြည်ပါဘူး။

အိမ်ထောင်ကျသွားရင်တော့ နှစ်ဘက်လုံး ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ မျော်လင့်ချက်တွေကို အညီအမျဆုံးရှုံးခံကြရတာပါ။ ဥပမာပြောရရင် ကျောင်းတက်ရင်း အိမ်ထောင်ကျတဲ့ သူငယ်ချင်းတွေ ကျောင်းဆက်မတက်နိုင်ကြတာ များပါတယ် နှစ်ဦးနှစ်ယောက်ရပ်တည်ဖို့အတွက် အလုပ်လုပ်ဖို့လိုပြီလေ။ တစ်ချိန်က ပညာရေးအတွက် ဘယ်လိုပဲမျော်လင့်ခဲ့ပါစေ တစ်ခြားတစ်ယောက်အတွက်ငဲ့ပြီးတော့ ဆက်မလုပ်နိုင်တော့ဘူးမဟုတ်လား။ ဒါပေမယ့် သူ့ဘက်ကဆုံးရှုံးတယ်ဆိုပေမယ့် နှစ်ယောက်ဘဝအတွက်ကျတော့ အောင်မြင်တာဖြစ်ပြန်ရော။ လူပျိုလူလွတ်တွေ အလုပ်ကိုအာရုံမစိုက်နိုင်ခင်မှာ မိသားစုအတွက်ရုန်းကန်ရတော့ အလုပ်တွေအခြေတစ်ကျ ဖြစ်နေတာတွေလည်း အများကြီးပါ။ ဒါပေမယ့် သူ့အတ္တငါ့အတ္တမညှိနိုင်လို့ အချိန်မတိုင်ခင်ကွဲခဲ့ကြလို့ ဘဝပျက်သွားတဲ့ သူငယ်ချင်းတွေလည်း မြင်ဖူးပြန်တော့ စိတ်မကောင်းမိပြန်ဘူး။ ဘာပဲပြောပြော လက်ခုပ်ဆိုတာ တစ်ဘက်တည်းတီးလို့မှ မရတာပဲ ချစ်လို့ခင်လို့ အလျော့အပေးတယ်ဆိုတာ မဖြစ်ထိုက်ဖူးလေ နှစ်ဦးနှစ်ဘက်လျော့မှသာ အဆင်ပြေမယ် အတူတူရည်ရှည် လက်တွဲသွားနိုင်မယ်မဟုတ်လား။

အဲဒါတွေကတော့ ကိုယ်ဥာဏ်မှီရာပြောတာပဲလေ ကိုယ်လည်းမသိဘူး။ ကိုယ်နဲ့ဆိုင်တာပြောရရင် လူပျိုကြီးရဲ့ အိမ်ထောင်မကျတာက အဲဒါတွေမြင်လို့မဟုတ်ပါဘူး လူပျိုကြီးရဲ့ အတ္တကြောင့်ပဲဖြစ်ပါလိမ့်မယ်။ လုပ်ချင်တာတွေကလည်း များနေတယ်လေ ငယ်ကတည်းက ရည်မှန်းထားတာတွေကို အခုအချိန်အထိ တစ်ဆင့်ချင်းလုပ်လာ ခဲ့တာပါပဲ။ ဒီအချိန်ရောက်မှ အမျိုးသမီးတစ်ယောက်အတွက် တစ်သက်လုံးလုပ်ခဲ့တာတွေကို ရပ်လိုက်ဖို့ဆုံးဖြတ်ဖို့ အခက်သားလား။ နောက်ပြီးတော့ ကိုယ့်ကြောင့်တော့ အိမ်ထောင်ဖက်ကို မျက်နှာမငယ်စေချင်ပါဘူး ကိုယ့်အလုပ်က အများအလုပ်လုပ်သလို မချမ်းသာနိုင်ပေမယ့် ဆင်းရဲတဲ့အလုပ်လည်း မဟုတ်ပါဘူးလေ သို့ပေမယ့် လက်ရှိတော့ မပြီးဆုံးသေးဘူးမဟုတ်လား ရှေ့ဆက်ဖို့တွေလည်း ကျန်နေသေးတာကိုး။ မည်သူ့ကိုမှ အများထက်မျက်နှာငယ်မယ့်ဘဝမှာ နေနိုင်ပါတယ်ဆိုတောင် စောင့်နိုင်မယ်ဆိုရင်တောင် ကိုယ့်တစ်ယောက်တည်းအတွက် လိုက်လျောပေးရမှာဖြစ်လို့ တောင်းဆိုဖို့စိတ်ကူးမရှိပါ။ တစ်ခုတော့ရှိပါတယ် စကားကိုကုန်အောင်တော့ မပြောပါဘူးလေ အခုဆုံးဖြတ်ချက်ကို ပြန်ပြင်လောက်တဲ့ မိန်းကလေးနဲ့ မဆုံဖြစ်သေးတာလည်း ဖြစ်နိုင်ပါတယ်။

နောက်များတော့ တဂ်လုပ်မယ့်လူများ ဒီလိုမျိုး မဟုတ်ကဟုတ်ကများ တဂ်မလုပ်ကြပါနှင့် ဘာတွေလျောက်ရေးရမှန်းမသိပါဘူး။ သွားလေသူ တဂ်လုပ်သူကြီးကလည်း တဂ်လုပ်လို့မှမကြာသေးဘ

ူး ဘလော့လောကကနေ သိုင်းစာအုပ်ထဲကစကားနဲ့ပြောရရင် လက်ဆေးပွဲကျင်းပသွားတယ် ကောင်းကြရော ပြန်လာရင်လာပြောဦးနော်။

Make me happy
ပျော်ရှင်စေသော အရာများဆိုပြီးတော့ တဂ်လုပ်ပြန်တော့ အသေအချာပြန်စဥ်းစားကြည့်ပါတယ် ကျွန်တော့််ကို ပျော်ရှင်စေမယ့်အရာက ကျွန်တော်ဝါသနာပါရာ စိတ်ဝင်စားရာ အလုပ်တွေကို လုပ်ခွင့်ရနေရင် ကျွန်တော်ပျော်နေပါတယ်။ ကျွန်တော့််မှာက စိတ်ဝင်စားတဲ့အလုပ်ဆိုတာက နှစ်မျိုးရှိပါတယ် အသက်မွေးဝမ်းကျောင်းအလုပ်ရယ် ဝါသနာအလုပ်ရယ်ရှိပါတယ်။ အသက်မွေးဝမ်းကျောင်း အလုပ်ကိုအခုအချိန်အထိ ငွေရဖို့တစ်တည်းအတွက် မလုပ်ခဲ့ပါဘူး အမြဲပဲငယ်ကတည်းက ကိုယ်တတ်ကွမ်းတဲ့ပညာရေးနဲ့ပဲ အလုပ်လုပ်အသက်မွေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အသက်မွေးဝမ်းကျောင်းတဲ့ အလုပ်ဟာလည်း ကျွန်တော့််အတွက် ဝါသနာပါလို့ရွေးခြယ်ခဲ့တဲ့ ပညာရေးပဲဖြစ်လို့ လေ့လာရင်းအသုံးချရင်းနဲ့ ပျော်နေတာပါပဲ။ အလုပ်ပဲလုပ်နေပြန်တော့လည်း ပျော်ပေမယ့် စိတ်ပင်ပန်းရင် တစ်ခြားအလုပ်နဲ့ မပါတ်သက်တဲ့ ဝါသနာနဲ့ပဲ အပန်းဖြေရင်း ပျော်စရာရှာရပြန်ပါတယ်။ ရုပ်ရှင်ကြည့်လေ့မရှိဘူး၊ အဝတ်အစားလည်း၊ ဝါသနာမပါဘူး အစားအသောက်လည်း ဖြစ်သလိုစားတတ်တယ် အလကားနေရင်း အချိန်ငွေကုန်သွားတယ်လို့ ယူဆတတ်တယ်။ ဗဟုသုတရမယ် ဝါသနာတွေပဲ များပါတယ် ပြတိုက်တွေ လျောက်လည်တတ်တယ် စာအုပ်အဟောင်းတွေ ဝယ်တတ်တယ်။ လူပင်ပန်းတဲ့အရာဆိုရင် အားကစားလည်း လူချင်းသတ်ရမယ့် အားကစားမှန်သမျ ဝါသနာပါပါတယ် အဲဒီ့ဝါသနာများအတွက်ကျတော့ ငွေကုန်လည်း အကုန်ခံပါတယ် အားကစားယူနီဖောင်းစျေးကြီးပါတယ် Dogi တစ်ထည်ကို ၂၀ဝ လောက်တန်ပါတယ် Hakama တစ်ထည် ၁၅ဝ လောက်ပေးရတယ် ဒါလည်းဝယ်တာပါပဲ။ လူကလည်းငယ်ကတည်းက ပညာရေးဘက်ပဲ လုံးလည်ရိုက်နေတော့ ပညာဒါနလည်းဝါသနာပါပါတယ် ဘောပင်ခဲတံဗလာစာအုပ်လှူတဲ့ ဒါနမျိုးမဟုတ်ပါဘူး ပုံနှိပ်စာအုပ်များ မဝယ်ချင်လို့လာမတောင်းနဲ့ အင်မတန်စိတ်ဆိုးတယ် အော်လှတ်တတ်ပါတယ် မှတ်စုစာအုပ်များ ပိုဆိုးသေးတယ် ကိုယ့်ဟာကိုယ်ရေးလို့ ပြောလှတ်တတ်ပါတယ်။ ဘာလုပ်ပေးသလဲဆိုရင် စာသင်ပေးတတ်ပါတယ် သိချင်တာရှိလိုမေးလာရင် အလုပ်ရှိတောင်ဖျက်ပေးတတ်ပါတယ်။ သိစေချင်လို့များများပြောပြတယ် မလိုက်နိုင်ရင်တော့ အရင်ကဆိုအင်မတန် ကရုဏာဒေါသ ထွက်တတ်ပါတယ် ငါးနှစ်ခြောက်နှစ်လောက်ကြာပြီး အခုတော့ဖြေတတ်သွားပါတယ် မေးတဲ့လူရဲ့ အခြေအနေကိုပဲကြည့်ပါတယ် နားလည်နိုင်မလောက်ပဲ သင်ပေးပါတော့တယ် မလိုက်နိုင်တော့ဘူးထင်ရင်တော့ ဆက်မပြောတော့ပါဘူး လိုက်နိုင်တဲ့လူကိုတော့ မေးနိုင်သလောက်သာမေးပါ ပါးစပ်ပဲ အမြုပ်ထွက်ထွက် မမောမပန်း ကိုယ့်ထမင်းကိုယ်စားပြီး ပြောပြတတ်ပါတယ် ဘာတွေဆက်ဖတ်သင့်တယ်လို့ ညှန်းတတ်ပါတယ် ကိုယ်ဖြေတာထက် အဲဒါတွေကိုဖတ်မှ လုပ်မှသာ ပိုအဆင်ပြေမယ်လို့ ပြောတတ်ပါတယ် အဲဒါမျိုးဖြေရရင်ကိုပဲပျော်နေတာပါ။ ဒီတော့ကျွန်တော်ပျော်စေတဲ့အရာတွေကတော့ အသက်မွေးဝမ်းကျောင်းအတွက် ကိုယ်တတ်တဲ့ပညာနဲ့ဆက်စပ်နေတဲ့အလုပ် အပန်းဖြေစရာ ပျော်စေတာကတော့ ဗဟုသုတအတွက် အပြင်ထွက်တာရယ် စာဖတ်တာရယ် အားကစားရယ် စာသင်တာရယ် ဒါတွေပါပဲ ထူးထူးဆန်းဆန်းမရှိပါဘူး။