Calm Hill » ထင်ရာမြင်ရာ

တယ်လီဖုန်းကိုအခွံသွပ်ကြသူများ
မနေ့ကဖတ်မိတဲ့ ဆောင်းပါးတစ်ခုမှာ တယ်လီဖုန်း ကာဗာဈေးကွက်ဟာ တစ်ဖြည်းဖြည်း ကြီးလာတဲ့အကြောင်း ရေးထားတာ သတိထားလိုက်မိတယ်။ တကယ်တော့ဖုန်းအခွံဆိုတာ ကိုယ်နဲ့မအပ်စပ်သလိုပဲ ရင်တုံးကသုံးတဲ့ ဖုန်းလေးတစ်လုံး မောင်ပြုံးက မှတ်မှတ်ရရ အဲဒီ့ဖုန်းအတွက် အခွံတစ်ခုလက်ဆောင် ပေးထားဘူးတယ် ဖုန်းသာပျက်သွားတယ် ဖုန်းကလေးအဲဒီ့အခွံထဲ တစ်ခါမှမဝင်ဖူးလိုက်ဘူး။ အခုအချိန်မှာ အတွေ့အများဆုံးက အိုင်ဖုန်းအခွံတွေပါပဲ ပုံစံအမျိုးမျိုး ပစ္စည်းအစုံစုံနဲ့ လုပ်ထားတယ်။ ဖုန်းကိုဘာလို့ အခွံသွပ်သလဲစဉ်းစားရင် လှလို့တော့မဟုတ်တာ သေချာပါတယ် အခွံစွပ်လိုက်မှတော့ ဖုန်းကိုတောင် မမြင်ရတော့တာ ဘယ်လိုလုပ်လှပါတော့မလဲ။ လူအတော်များများကတော့ အပွန်းအပဲ့မဖြစ်အောင် အခွံစွပ်ထားတယ်လို့ပဲ ဖြေကြမယ်ထင်တယ်။

အသေချာစဉ်းစားမယ်ဆိုရင် အခွံစွပ်ထားလို့ အစဉ်းအရာမထင် အပွန်းအပဲ့မရှိပဲရှိနေလည်း ဖုန်းကတော့ ပျက်သွားမှာပါပဲ အဲဒီ့အချိန်ရောက်မှ ပျက်သွားသည့်တိုင် ကိုယ့်လက်နဲ့မထိလိုက်မိဘူးလို့ သတိရောထားမိပါရဲ့လားမသိ။ အပွန်းအပဲ့ဆိုတာက ကိုယ်သာဂရုတစိုက် ကိုင်မယ်ဆိုရင် အပွန်းအပဲမရှိနိုင်ပါဘူး အခွံတတ်ထားပြီး ပရမ်းပတာကိုင်မယ်လို့ သဘောထားရင်တော့ မပြောတတ်ဘူးပေါ့။ မတော်တဆဆိုတာက ရှိနိုင်တာပါပဲ အခွံတပ်ထားလို့ လွတ်ကျခံနိုင်တယ်ယူဆရင် လွှတ်ချကြည့်ပါဆို ဘယ်သူမှမလုပ်ရဲပါဘူး။ ဘာပဲဖြစ်ဖြစ်ပါ သံချပ်ကာ ဝတ်ထားတဲ့ ဖုန်းတစ်လုံးကိုတော့ လက်ထဲမှာ ကိုင်မထားချင်တာ အမှန်ပါပဲ။

ခိုးမသုံးပဲနေနိုင်သေးတယ်
ဆော့ဝဲတွေ ခိုးမသုံးတော့ဘူးလို့ ဆုံးဖြတ်ထားတာ အတော်ကြာခဲ့ပြီ။ ဝယ်လည်းမသုံးဖြစ်ပါဘူး အလကားရတဲ့ ဆော့ဝဲတွေနဲ့ပဲ အသက်ဆက်နေခဲ့တာ အတော်ကြာခဲ့ပြီ။ ကွန်ပျူတာမှာ ဈေးကြီးတဲ့ဆော့ဝဲဆိုလို့ ဝယ်တုံးကပါလာတဲ့ Windows ကလွဲရင် ကျန်တာတစ်ခုမှမရှိပါဘူး။ ခိုးသုံးတယ်ဆိုတာ တစ်ခြားလူအတွက်တော့ လိုအပ်ကောင်းလိုအပ်မယ် ပရိုဂရမ်မာတစ်ယောက် အတွက်တော့ခိုးသုံးမှ လေ့လာလို့ရမယ့် အခြေအနေတွေ ရှိသေးတဲ့ခေတ်လို့ မမြင်မိတာကြာခဲ့ပြီ။ တစ်ချိန်ကတော့ မိုက်ခရိုဆော့ကထုတ်တဲ့ Visual Programming Language တွေရဲ့ Compiler တွေက အလကားမရနိုင်ဘူး အဲဒီတော့လေ့လာချင်ရင် ခိုးသုံးမှပဲလေ့လာနိုင်တော့တယ်။ အခုအချိန်မှာတော့ သူတို့လည်း Express Edition တွေပေးထားလို့ မလိုအပ်တော့ပါဘူး တကယ်တမ်း Development လုပ်တဲ့လူတွေတောင် Express Edition နဲ့လုပ်လို့ရပါတယ်။ ဝယ်သုံးမှလေ့လာလို့ရမယ့် အခြားသော Prgramming Language တွေလည်း မမြင်မိတော့ပါဘူး။

ဒီလိုနဲ့အသက်ဆက်လာတာ ၂ နှစ်ကျော်အကြာမှာ ပြဿနာအတော်ဖြစ်တာက ဓာတ်ပုံရိုက်ရာကစလာတယ် ဓာတ်ပုံတွေကိုပြင်ချင်တော့ အတော်ဒုက္ခရောက်ရတယ် ထွက်သမျှဆော့ဝဲ အရင်ဆုံးခိုးဆိုတဲ့ သူခိုးအကြီးစား လူတစ်ယောက် တစ်ချိန်ကတော့ Photoshop ဆိုလည်း အသစ်ထွက်သမျှ အရင်ဆုံးတင်သုံးခဲ့တယ် အခုအချိန်မှ GIMP သုံးတော့အတော်လက်ဝင်တယ် Photoshop မှာဆိုရင် အရင်တုံးကသုံးနေကျဆိုတော့ ဘယ်လိုလုပ်ရမယ်ကျွမ်းကျင်နေတယ် အခုတော့လွယ်တဲ့အလုပ်ကို ဘယ်နားဘာရှိမှန်းမသိတော့ အတော်လိုက်ရှာရတယ်။ Photoshop ပြောင်းသုံးချင်စိတ် တော်တော်ပေါက်လာမိတယ် ဒါပေမယ့်လည်း အချိန်ဒီလောက်ကြာအောင် ကြိုးစားလာခဲ့ပြီးမှ လွယ်လွယ်တော့မဖျက်ဆိုပြီး GIMP ကိုအသားကျအောင်ပဲသုံးခဲ့ပါတော့တယ်။ အပြောင်းအလဲတစ်ခုက အတိုင်းအတာတစ်ခုပါပဲ အသားကျသွားတော့ GIMP လည်းသုံးရတာ အတူတူပါပဲ။

ဘာပဲဖြစ်ဖြစ် စက်ထဲမှာ ခိုးသုံးတဲ့ဆော့ဝဲ မရှိတော့ဘူးလို့ ဆက်ပြောလို့ရပါသေးတယ်။ အဲဒီတော့ ပြောတဲ့စကားအမြင်ကပ်လို့ မင်းကတကယ် မခိုးတာလားဆိုရင်တော့ မဟုတ်ပါဘူးခိုးပါတယ် ဆော့ဝဲမခိုးပေမယ့် စာအုပ်တွေကတော့ခိုးပါတယ် စက်ထဲရှိသမျှစာအုပ် အကုန်လုံးခိုးထားတာပါ ပိုင်ဆိုင်သမျှ အသိဉာဏ်အားလုံးဟာ ခိုးထားတဲ့စာအုပ်များက အခြေခံပြီး ပိုင်ဆိုင်ထားတယ်ဆိုတာ ငြင်းစရာ အကြောင်းလည်း မရှိပါဘူးလေ ဘာပဲဖြစ်ဖြစ်အတိုင်းအတာ တစ်ခုအထိတော့ ခိုးတာကို လျှော့ထားနိုင်လိုက်ပါတယ်။

Dennis MacAlistair Ritchie
ဒီလထဲမှာ iPhone အသစ်ထွက်ပြီးတဲ့နောက်နေ့ Steve Jobs ဆုံးသွားတယ် တစ်နေရာတစ်ခါ လူတစ်ယောက်တွေ့တိုင်း Steve Jobs ဆုံးသွားတယ်ပဲပြောကြတယ် Facebook မှာလည်းပုံတွေ ပလူပျံနေတယ် Profile ပြောင်းတဲ့လူလည်းပြောင်း အခုထိပြန်မဖြုတ်ကြသေးဘူး။ iPhone ဝယ်မလားတော့ စဉ်းစားမိပါတယ် ဒါပေမယ့် ဆုံးသွားပြီဆိုတော့ ဪ.. သွားရှာပြီလို့ စိတ်မကောင်း တစ်ချက်ဖြစ်တာတစ်ခုပါပဲ။

ကိုယ့်အတွက်တော့ ကွန်ပျူတာနဲ့စီးပွားရေး လုပ်စားတာအင်မတန် တော်တယ်ဆိုပြီး နှစ်ဘက်တော်တဲ့ လူတစ်ယောက်အဖြစ် အသိအမှတ်ပြုထားတာကလွဲရင် သိပ်ထူးခြားမှု့မရှိပါဘူး။ လူသုံးလွယ်တဲ့ ကွန်ပျူတာတွေ အများကြီးထုတ်ခဲ့တာ လက်ခံလို့ရပါတယ် ဒါပေမယ့် လူအများကြီးအတွက် အထောက်အကူ မပေးနိုင်ခဲ့ဘူး။ IBM သာ PC Standard ကိုထုတ်ပေးခဲ့တာ အင်မတန်ကျေးဇူးတင်ရမယ် မထုတ်ပေးခဲ့ရင် ဒီအချိန်မှာ ဆင်းရဲတဲ့နိုင်ငံတွေ ကွန်ပျူတာသုံးနိုင်ဖို့ လမ်းမမြင်မိသေးဘူး။

Microsoft ချမ်းသာတော့ လူတွေကအတော် ဆန့်ကျင်ကြတယ် Microsoft ပစ္စည်းမသုံးဘူး အော်ကြဟစ်ကြတယ် Apple တစ်ခုခုထွက်တော့ လုဝယ်ကြပြန်တယ် တကယ်တော့ ပြန်စဉ်းစားကြည့်ရင် Apple စီးပွားဖြစ်တော့ ဘယ်သူအကျိုးရှိသလဲ လိုက်ကြည့်တော့ သူတို့ချမ်းသာတာတစ်ခုပဲ မြင်မိပါတယ်။ Microsoft စီးပွားဖြစ်တော့ အနည်းဆုံးတော့ Bill Gates ချမ်းသာတယ်ပေါ့ အဲဒီကတစ်ဆင့် Bill & Melinda Gates Foundation ဟာ ချို့တဲ့ပြီး လိုအပ်တဲ့နေရာတစ်ချို့မှာ တစ်စိတ်တစ်ဒေသ အကျိုးပြုနိုင်သေးတယ်။

သတင်းတစ်ခုထဲမှာ အောက်တိုဘာ ၈ ရက်နေ့က Dennis MacAlistair Ritchie ဆုံးသွားပြီဆိုတာ ဖတ်လိုက်ရတယ်။ Dennis M. Ritchie ဟာ ကွန်ပျူတာခေတ်မှာ အရေးပါတဲ့နေရာမှ ရှိနေခဲ့တယ် သူရဲ့အမွေတွေကို ဆက်ပြီးသုံးနေကြတယ် အခုအချိန်အထိ နှစ်ပေါင်းများစွာ မကျဆုံးပဲရပ်တည်နေတဲ့ C Programming Language ရဲ့ဖခင်ကြီးလို့ပြောရမယ်။ ၁၉၈၀ မှာ Dennis M. Ritchie နဲ့ Brian W. Kernighan အစပြုခဲ့တဲ့ C Language ဟာအခုအချိန်အထိ မဖြစ်မနေသုံးစွဲနေကြဆဲဖြစ်တယ်။ သူဟာ Unix System ကိုလည်း ပူးတွဲတည်ဆောက်ခဲ့တဲ့ လူတစ်ဦးလည်းဖြစ်တယ်။ တကယ်တော့ အင်တာနက်သုံးနေသ၍ Unix နဲ့ကင်းတယ်လို့ ဘယ်လိုမှပြောလို့မရနိုင်ပါဘူး အင်တာနက်ပေါ်က ဆာဗာအများစုဟာ Unix မဟုတ်ခဲ့ရင်တောင် သူ့ကိုအခြေခံတဲ့ Linux တွေဖြစ်နေတယ်။

အာဒမ်နဲ့ဧဝခိုးစားတဲ့ ပန်းသီးရယ် နယူတန်တွေ့လိုက်တဲ့ ကြွေကျတဲ့ပန်းသီးရယ် Steve Jobs ပေးတဲ့ပန်းသီးရယ်ဆိုပဲ တကယ်တော့ Steve Jobs ရဲ့ပန်းသီးလည်း Dennis M. Ritchie ပေးတာတွေနဲ့ တည်ဆောက်ထားရတယ် Objective C ဆိုတော့ နာမည်နဲ့တင် ပြောစရာမလိုတော့သလို တကယ်တော့အခု အချိန်မှာသုံးနေတဲ့ MacOSX တွေဟာ Dennis ရဲ့ Unix ကိုအခြေခံပြီးပြုပြင်ထားရတာပါ။ Bill Gates ဟာ BASIC Language ကိုအင်မတန် သံယောစဉ်ရှိပေမယ့် တကယ်တော့သူ့ရဲ့ OS တွေလည်း ၉၀% C or C++ ကိုသုံးနေရသလို Unix လွှမ်းမိုးမှု့အောက်က မလွတ်မြောက်ပါဘူး။ တကယ်တော့ Dennis လုပ်ခဲ့တဲ့အရာတွေဟာ တစ်ဦးတစ်ယောက်တည်းအတွက် မဟုတ်ခဲ့ပဲ ခေတ်သစ်ကွန်ပျူတာ လောကတစ်ခုလုံးကို အကျိုးပြုသွားသလို အခုလည်း အကျိုးပြုနေဆဲပါပဲ သူဆုံးပါးသွားပေမယ့် သူ့ရဲ့တီထွင်မှု့တွေက ရှေ့ဆက်ပြီးလည်း အကျိုးပြုနေအောင် ထားသွားနိုင်ခဲ့တဲ့ လူတစ်ဦးပါပဲ။

ဖုန်းဘယ်လိုကိုင်ရမလဲ
Mobile Phone တွေ တစ်နှစ်နှစ်နှစ်အတွင်း အပြောင်းအလဲ အတော်များသွားခဲ့တယ် ဖုန်းတစ်လုံးနဲ့ အီးမေးသုံးလို့ရတယ် အင်တာနက် သုံးလို့ရတယ် Chat လို့ရတယ် ဂိမ်းနှိပ်လို့ရတယ် GPS ပါတယ် ကွန်ပျူတာတစ်လုံး အိတ်ထဲထည့်သွားနေသလို ဖြစ်လာတယ်။ အရင်ကတော့ ဖုန်းဆိုတာက စကားပြောဖို့နဲ့ SMS ပို့ဖို့လက်ခံဖို့အပြင် အပိုဖြစ်နိုင်တာက ဂိမ်းကစားဖို့ဖြစ်နိုင်တယ် တစ်ခြားဟာတွေ သုံးလို့မရတော့ အခက်အခဲဖြစ်တာပေါ့ အခုတော့ တခြားဟာတွေ အကုန်သုံးလို့ရသွားတယ် ဒါပေမယ့် ဘယ်လိုအခက်အခဲ ဖြစ်သလဲဆိုတော့ ဖုန်းလာရင် ဘယ်လိုကိုင်ရမှန်း အတော်စဉ်းစားရတယ် ဖုန်းဆက်ချင်ရင် ဘယ်ခလုတ်နှိပ်ရမလဲ အတော်ရှာနေရလို့ တယ်လီဖုန်းကိုင်ထားပြီး ဖုန်းဆက်ဖို့ အခက်အခဲဖြစ်သွားတယ်။

ယောနသံဇင်ယော်
ဟိုတစ်လောက မေကျော်က စာအုပ်တစ်အုပ် ဖတ်ဖူးလားမေးလို့ သတိရမိတယ်။ သူမေးတဲ့စာအုပ်က ယောနသံဇင်ယော် ဆိုတဲ့စာအုပ်ပါ။ ကိုးတန်းလောက်က အဖေ့ဆီကနေ ယောနသံဇင်ယော်ကို လက်ဆောင်ရဖူးတယ် စာအုပ်ကတော့ အဲဒီ့အချိန်ကိုပဲ အတော်လေးဟောင်းနေပါပြီ။ ယောနသန်ဇင်ယော်ရဲ့ မူရင်းစာအုပ်နာမည်က Jonathan Livingston Seagull ရေးတဲ့လူက Richard Bach ဗမာလိုဘာသာပြန်သူက ဓမ္မိကဦးဘသန်း။ စာအုပ်ကလေးက ပါးပါးလေးပါ ဒါပေမယ့် မူရင်းကနေ ဘာသာအတော်များများကို ပြန်ဆိုပြီးသားရှိတယ် ၁၉၇၀ ခုနှစ်ကပုံနှိပ်ပါတယ် အခုအချိန်အထိလည်း အကြိမ်ကြိမ်ပြန်လည် ပုံနှိပ်နေရပါတယ်။ ဗမာလိုဘာသာပြန်စာအုပ်ကိုပဲ အခုအချိန်မှာပြန်ပြီးပုံနှိပ်တာ အကြိမ်ရေအတော်ကိုများပါတယ်။

ယောနသံဇင်ယော်မှာ ဇာတ်ဆောင်ဟာ ဇင်ယော်လေး တစ်ကောင်ပါ။ စာအုပ်မှာအခန်း သုံးခန်းပဲပါပါတယ် ပထမအခန်းမှာ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်အတွက် ကိုယ့်အားကိုယ်ကိုးတယ် အများနဲ့ကွဲထွက်လာတယ် သင်းကွဲဖြစ်လာတယ် ဒါပေမယ့် ကိုယ့်လမ်းကိုကိုယ် ပုံကြမ်းဖော်နိုင်တယ်။ ဒုတိယအခန်းမှာ သင့်လျော်တဲ့ဆရာတွေ တွေ့လာတယ် သူ့ရဲ့ဇာတိငှက်အုပ်ကို စွန့်ခွာခဲ့တယ် ဘယ်လောက်ပဲ ဆရာဆီမှာသင်ပါစေ ကိုယ်ပိုင်အတတ်ပညာတော့ ရှိအောင်ကြိုးစားရပြန်တယ်။ တတိယအခန်းမှာ သင့်လျော်တဲ့ တပည့်တစ်ယောက်ကိုတွေ့တယ် သူနဲ့သင့်လျော်မယ့် လမ်းညွှန်မှု့ပေးသလို လက်ဆင့်ကမ်းပေးတယ်။

လူတစ်ယောက်နဲ့တစ်ယောက် ဖတ်ပြီးခံစားပုံချင်းမတူနိုင်ဘူး တစ်ယောက်ရဲ့ဘဝ ဖြတ်သန်းခဲ့ပုံနဲ့တစ်ယောက်ဟာ အနည်းနဲ့အများကွာခြားကြပါတယ်။ ငယ်တုံးကဖတ်တုံးက ခံစားချက်နဲ့အခုအချိန်မှာ ခံစားချက်ဟာ ကွဲပြားနေတာသတိထားမိတယ်။ အခုတော့အလွယ်ပြောရရင် သုံးခန်းအတွက် သုံးခုလောက်အကျဉ်းချုပ် မှတ်ထားတယ် ပထမဆုံးက ဘယ်သူ့မှအားမကိုးပဲ ကိုယ့်လမ်းကိုယ်လျှောက်ပေါ့ ရူးရင်ရူး မရူးရင်ထူးရမယ် ဒုတိယအခန်းအတွက်က တပည့်သေချာမှ ဆရာလာတယ်ဆိုတဲ့ ရှေးဟောင်းအိန္ဒိယဆိုရိုးရှိတယ် ထိုက်တန်မယ့်ဆရာတော့ တစ်ချိန်မှာတွေ့မှာပါ။ ဆရာသင်ပေးတာထက် ပိုပြီးဖောက်မထွက်နိုင်ရင် ဘယ်တော့မှပညာမတတ်ဘူး။ တတိယအခန်းကတော့ သူ့အိုးနဲ့သူ့ဆန်တန်တဲ့ တပည့်လည်းတွေ့ဦးမှာပါ ဘယ်သူလဲဆိုတာတော့ သတိထားကြည့်ရမယ် လူတိုင်းကိုအတင်းလိုက်ပေးရင်တော့ လူပေါကြီးလည်းဖြစ်နိုင်တယ် သတိထားရမယ်။ နောက်ငါးနှစ်ဆယ်နှစ်နေလို့ ပြန်ဖတ်မိရင်တော့ ဒီအမြင်တွေထပ်ပြောင်းနိုင်တယ် အခုတော့ဒီလိုပဲခံစားမိတယ်။

Adaptability
အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေ လာလာ​ပြောနေကျ စကားတွေကို စိတ်ကူးပေါက်လို့ Chat List ထဲမှာပြန်ကြည့်မိတော့ မလုပ်ဖူးတာတွေ လုပ်ရတယ် မလုပ်တတ်ပါဘူးဆို ခိုင်းတော့ကြာမှာပေါ့ လုပ်နေကျမှမဟုတ်ပဲ ဒါတွေက အများဆုံးတွေ့ရတဲ့ ကြားနေကျစကားတွေပါ။ တကယ်တော့ လုပ်နေကျအလုပ်ပဲ လုပ်ရတဲ့အလုပ်တော့ ဘယ်နေရာမှမမြင်မိပါဘူး ဈေးရောင်းစာ​းတောင် အခန့်မသင့်ရင် ဈေးဝယ်ကို ပြန်​ဖြေရတဲ့စကား ကွဲပြားသေးတာပါပဲ။ နောက်တစ်ခု စဉ်းစားလို့မရတာက ဘာဖြစ်လို့များ လုပ်တတ်ပြီးသား အလုပ်တွေကို လုပ်ချင်ကြသလဲ မကွဲပြားဘူး။

တကယ်တော့ ကိုယ်လည်းအလုပ်မှာ ကျွမ်းကျင်တာနဲ့ မဆိုင်တာတွေ အများကြီးဖြစ်သလို ကိုယ့်မသိတာတွေလည်း အများကြီးရှိပါတယ် ယူထားတဲ့ဘွဲ့တွေက ကွန်ပျူတာသိပ္ပံနဲ့ သုတသိပ္ပံ အလုပ်လုပ်နေတာက မာတီမီဒီယာနဲ့ ဂိမ်းအလုပ်တွေ ပြောမယ်ဆိုရင် ကျောင်းကစာရေးမကြီးကများ ဘွဲ့လက်မှတ်ကို အထူးပြုဘာသာ မှားရိုက်ပေးလိုက်သလား ယူဆရမယ်။ အလုပ်ဆိုတော့ မဆိုင်ဘူးနေလို့မရဘူး ဝါသနာမပါလည်း စိတ်ဝင်စားယူရတာပဲ။ ပြောမယ်ဆိုရင် မိုဘိုင်းဆော့ဝဲတွေ စိတ်ကိုမဝင်စားလို့ ကျောင်းသာပြီးတယ် တစ်ဘာသာမှမယူဘူး သူငယ်ချင်းတစ်ယောက် မိုဘိုင်းနဲ့ပါတ်သက်ပြီး အခက်အခဲဖြစ်တော့ အကူအညီတောင်းတယ် နားတော့မလည်ဘူး ဖတ်ကြည့်ပေးတယ် ကူရှင်းပေးတယ် အဆင်ပြေတာပါပဲ။ လူတချို့က သူတို့ကျွမ်းကျင်တဲ့အလုပ်ကို စာဖတ်ကြည့်ရတယ် ပြောတော့သိပ် အမြင်မကြည်ဘူး တကယ်တော့ သူတို့လည်း ဘာထူးတော်တာလိုက်လို့ စာဖတ်ပြီးတတ်လာတာပါပဲ သူတို့ကိုယ်ပိုင် တီထွင်ထားတာ တစ်ခုမှမမြင်မိပါဘူး။

အဖေနဲ့ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက် ရောက်လာလို့ တစ်ရက်လောက် စကား​ပြောဖြစ်တယ် သူကတစ်သက်လုံးမှာ တစ်ဝက်လောက်က တက္ကသိုလ်မှာပဲ နေခဲ့တယ်ပြောရမယ် တက္ကသိုလ်ပေါင်းစုံ လှည့်တက်ပြီးတော့ တက္ကသိုလ်မှာပဲ ဆရာဘဝနဲ့ မော်ကွန်းထိမ်းဘဝနဲ့ နှစ်အတော်ကြာခဲ့တယ် နောက်တော့ ကျောင်းကထွက်ပြီး အပြင်ကလူမှု့ရေးအလုပ်တစ်ခုမှာ အရာရှိတစ်ယောက်အဖြစ်နဲ့ အလုပ်ဝင်လုပ်တယ်။ ဦးဦး အနှစ် ၂၀ – ၃၀ သင်လာတဲ့ လေ့လာလာတဲ့ ဘာသာရပ်တွေနဲ့ အခုအလုပ် ဘာမှမဆိုင်ဘူး ဒါပေမယ့် ဦးဦး အလုပ်မှာ ကောင်းကောင်း စီမံခန့်ခွဲနိုင်တာပဲ အရေးအကြီးဆုံးက မင်းလက်ရှိ မင်းရဲ့ကိုယ်ပိုင်စွမ်းရည်ကို ဘယ်လောက် အသုံးချမလဲ လက်ရှိအလုပ်ကို မင်းဘယ်လောက် လေ့လာနိုင်မလဲဆိုတာပဲ အရေးကြီးတယ် အရင်က မင်းဘာတွေ လေ့လာခဲ့တယ်ဆိုတာ အရေးမကြီးပါဘူးလို့ လွန်ခဲ့တဲ့ ၇ နှစ်လောက်က သူပြောခဲ့ဖူးတယ်။ အခုပြန်တွေ့တော့လည်း အရင်လိုပဲ ဒီလိုစကားမျိုးပဲ​ပြောပြီးဆုံးမတယ်။

အိုက်ကီဒိုသင်တန်းမှာ ကစားရင်းနဲ့ခင်နေတဲ့ ဗီယက်နမ်သူငယ်ချင်း တစ်ယောက်ရှိတယ် သူ့နိုင်ငံမှာတော့ သူတို့အမျိုးက ဆွေကြီးမျိုးကြီးပြောရမယ် ဆွေစဉ်မျိုးဆက်က ဗီယက်နမ်လွတ်လပ်ရေးကနေ ပြည်တွင်းစစ်ထဲမှာလည်း အရေးပါခဲ့တဲ့လူတွေပါ။ သူ့အဖေဖြစ်သူက ဗီယက်နမ်မှာပဲ ကျောင်းတက်တယ် ကျောင်းမှာလည်း ထူးချွန်ပါတယ် အဲဒါကြောင့် ကွန်မြူနစ်နိုင်ငံဆိုတော့ ဆိုဗီယက်ကိုပို့ပြီး ကျောင်းဆက်တက်စေတယ် ၁၀ နှစ်လောက်ကြာတော့ နယူးကလီးယားအင်နာဂျီအထူးပြုနဲ့ ပါရဂူဘွဲ့ရခဲ့တယ် သူ့နိုင်ငံမှာ အလုပ်လုပ်စရာမရှိတော့ ဂျပန်က နယူကလီးယားစက်ရုံမှာ အလုပ်လုပ်တယ်။ သူအဖေအကြောင်း သူပြောပြတော့ သူ့အဖေတို့စက်ရုံက ဒါရိုက်တာက နယူးကလီးယား အကြောင်းဘာမှမသိဘူးတဲ့ ဟားဗက်ကနေ စီးပွားရေးအထူးပြုနဲ့ ပါရဂူဘွဲ့ရတယ်ဆိုပဲ။ သူအနေနဲ့ နယူးကလီးယားအကြောင်းကို အသေးစိတ်ဘာမှမသိပေမယ့် အလုပ်သဘာဝကို သူကောင်းကောင်းနားလည်ပါတယ် ဒါ့ကြောင့်လည်း သူကောင်းကောင်း စီမံခန့်ခွဲနိုင်တာပါ။ သူဒါတွေ မသင်ခဲ့ဘူးဆိုတာ မှန်ပါတယ် ဒါပေမယ့် အလုပ်သဘောမှာ လိုအပ်လာတော့ မလေ့လာဘူးဆိုတာတော့ မဟုတ်ခဲ့ဘူး။

နာမည်ကြီး အကြောင်းအရာကို ပြပါဆိုရင် ဒုတိယကမ္ဘာစစ်ထဲမှာ Operation Reserach အတွက် အင်္ဂလန်က တက္ကသိုလ်တွေကလူတွေ အများစုနဲ့ အမေရိကန်က တက္ကသိုလ်တွေက လူတွေစုပေါင်းပြီး အလုပ်လုပ်ကြတယ်။ တကယ်က Operation Reserach မှာက statistics, optimization, probability theory, queuing theory, game theory, graph theory, decision analysis, mathematical modeling and simulation တွေကိုအ​ခြေခံတယ်။ အလုပ်လုပ်ကြတဲ့လူတွေထဲမှာ အဲဒါတွေနဲ့ မရင်းနီးတဲ့လူတွေ ပါနေတာတွေရှိပါတယ်။ Chairman တစ်ယောက်ဖြစ်တဲ့ Owen Wansbrough Jones ဟာ သင်္ချာသမားမဟုတ်ပဲ Chemist ဖြစ်တယ်။ ပိုထူးခြားတာက Conrad Hal Waddington ဟာ Biologist ဖြစ်ပါတယ်။ ဆိုင်ဆိုင်မဆိုင်ဆိုင် သူတို့တတွေအလုပ်ကို တာဝန်ယူပြီးကြိုးစားတယ် လိုအပ်တဲ့အရာကို ထပ်ပြီးလေ့လာတယ် သူတို့ရဲ့ကျွမ်းကျင်တဲ့ Analysis Skill တွေအသုံးချခဲ့တယ် ဒီလိုနဲ့ပဲ စစ်အတွင်းက အသုံးချနိုင်ခဲ့တဲ့ Operation Reserach ထွက်လာတာပါပဲ။

ဒီနေရာမှာ ဘာမှမတတ်ပဲ လုပ်ချင်တဲ့အလုပ် လုပ်လို့ရတယ်လို မဆိုလိုပါဘူး အရေးကြီးတာက လိုက်လျောညီထွေပြောင်းလဲမှု့နဲ့ ကြိုးစားမှု့ပါပဲ ကိုယ်ပိုင်အရည်အချင်းလည်း အရေးကြီးတယ်။ တကယ်တော့ လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်းဆိုတာကိုက အတော်ကြိုးစားပျိုးထောင်ရတာပါ လွယ်တယ်တော့ မဟုတ်ပါဘူး။ တကယ်တော့ ကိုယ်ဝါသနာပါတဲ့အလုပ် ကျွမ်းကျင်တဲ့အလုပ်ကို လုပ်ခွင့်ရတဲ့လူဟာ ၁၀၀ မှာ ၁ ယောက်ရှိတာမဟုတ်ပါဘူး အဲဒီ့လို လုပ်ခွင့်မရလို့ အခွင့်အရေးမရလို့ ကျဆုံးမယ်ဆိုရင် ၉၉ ယောက်လုံး ကျဆုံးကုန်မှာပေါ့။ တကယ်တော့ ရောက်ရာအရပ်မှာ ကျရာအလုပ်မှာ ထူးချွန်အောင်နေတတ်ရင် အရာရာအဆင်ပြေပါတယ်။

မူတူးနဲ့ ဆာမိ
တစ်ခါက မြို့တစ်မြို့မှာ မူတူးနဲ့ဆာမိဆိုတဲ့ ကုလားသူငယ်ချင်း နှစ်ယောက်ရှိတယ် အင်မတန်ချစ်ကြတဲ့ သူငယ်ချင်းတွေဆိုတော့ တစ်ယောက်က တစ်ခုခုလုပ်ရင် နောက်တစ်ယောက်ကလည်း လိုက်လုပ်တာလည်း ထုံးစံလိုဖြစ်နေတယ် တစ်ယောက်က စက်ဘီးဝယ်တော့ နောက်တစ်ယောက်လည်း စက်ဘီးလိုက်ဝယ် တစ်ယောက် အိမ်ပြောင်းရင် နောက်တစ်ယောက်လည်း လိုက်ပြောင်းနဲ့ အကုန်လိုက်လုပ်တတ်တယ်။ တစ်ရက်တော့ ဆာမိက ဘယ်သူစည်းရုံးလိုက်တယ်မသိဘူး ဗုဒ္ဓဘာသာကိုပြောင်းလိုက်တယ် ဘာသာပြောင်းတော့ အိမ်မှာဘုန်းကြီးဆွမ်းကျွေးလုပ်တော့ သူငယ်ချင်း မူတူးကိုလည်းဖိတ်ပါတယ်။

သူငယ်ချင်း မင်းကတော့ ဘာသာကမတူဘူးပေါ့ ဒါပေမယ့် ထမင်းနဲ့မုန့်တော့လာစားပါကွာလို့ ဖိတ်ထားတော့ မူတူးလည်းလာပါတယ်။ သူကလည်း ဗုဒ္ဓဘာသာဆိုတာ ဘယ်လိုလည်းမသိဘူးပေါ့ဆိုပြီး သွားကြည့်ဦးမယ်ဆိုပြီး ဘုန်းကြီးတရားဟောကတည်းက အစောကြီးရောက်နေပြီး ဘေးကနေကြည့်တယ်။ တရားဟောတဲ့ ကိုယ်တော်ကလည်း အာပေါင်အာရင်းသန်သန်နဲ့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ …. ရှေ့ကနေတရားကို လိုက်ဆိုခိုင်းတယ် ခဏနေတော့ တရားနာတဲ့လူအုပ်ကြီးက သာဓု သာဓု ဆိုပြီး အသံကျယ်ကြီးနဲ့ အော်ကြတော့ သာဓုဆိုတာ ဘာတုံးသွားမေးတော့ ကောင်းတယ် ကောင်းတယ်လို့ ဆိုလိုတယ်ဆိုတော့ မူတူးလည်းသဘောကျသွားတယ်။

မူတူးလည်းစဉ်းစားတယ် ဆာမိကိုတော့ ဒီတစ်ခါတော့ရှုံးလို့မဖြစ်ဘူး ငါလည်းဘာသာပြောင်းမယ်ဆိုပြီး တရားဟောကိုယ်တော်ကို သွားလျှောက်တယ် သူလည်းဆွမ်းကျွေးလုပ်ပြီး ဘာသာပြောင်းချင်လို့ နောက်နေ့သူ့အိမ်ကို ဆွမ်းစားကြွပါဆိုပြီးပင့်တယ် တစ်ခါတည်း တရားနာပရိတ်သတ်ကိုလည်း နောက်နေ့သူ့အိမ်ကိုလည်း တရားနာရင်း ဆွမ်းကျွေးဖိတ်ပါတယ်ဆိုပြီး တစ်ခါတည်းဖိတ်ခဲ့တယ်။

မူတူးအိမ်မှာဆွမ်းကျွေးစတော့ ဘုန်းကြီးကလည်း ဒါယိကာကြီး ဘုန်းကြီးတိုင်ပေးသလို လိုက်ဆိုဆိုပြီးတိုင်ပေးတယ် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” အဲဒီ့မှာမူတူးလည်း နည်းနည်းအံ့ဩသွားတယ် ဒါနဲ့ဘုန်းကြီးကို အရှင်ဘုရားလွဲနေပါတယ် တပည့်တော်က မူတူးပါ ဆာမိမဟုတ်ပါဘူး ပြန်လျောက်ရတယ်။ ဘုန်းကြီးကလည်း အေး.. ဒါယိကာကြီး ဘုန်းကြီးသိပါတယ် လိုက်သာဆိုပါ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ လို့ထပ်တိုင်ပေးတယ်။ မူတူးကလည်း မဟုတ်သေးဘူးဘုရား တပည့်တောက် မူတူးပါလို့ ထပ်လျောက်ြပန်တယ်။ ဒီတော့မှ တရားဟောကိုယ်တော်လည်း သဘောပေါက်သွားပြီး စဉ်းစားတယ် အင်း… ငါတော့ တရားစာကို ပြင်မပေးရင် ဆွမ်းကျွေးပျက်ဖွယ်ရှိတယ် ဆိုပြီးတော့

ကဲကဲ ဒါယိကာကြီးမူတူး လိုက်ဆိုလိုက်ဆို ဗုဒ္ဓံ သရဏံ ဂစ်မူတူး ဓမ္မံ သရဏံ ဂစ်မူတူး သံဃံ သရဏံ ဂစ်မူတူး

အဘိဓာန်လျှော့ဖို့လိုတယ်
အခုအချိန်အထိ ခဏခဏမြင်ဖူးနေတာက အကြောင်းအရာတစ်ခုမေးရင် ဗမာလိုမရှိဘူးလား အရင်မေးတယ် မူရင်းကိုဖတ်ပါဆိုရင် ဖြေလေ့ရှိတာက အဘိဓာန်လေးနဲ့ ကြိုးစားဖတ်ပါ့မယ်ဆိုတာက အမြဲကြားရတတ်တယ်။ မြင်သာထင်သာရှိတာ ပြောမယ်ဆိုရင် စေတန့်ရဲ့ အင်္ဂလိပ်-ဗမာ အဘိဓာန်ဟာ အတော်ရောင်းကောင်းတယ် ရောင်းကောင်းတာက ကောင်းတဲ့ကိစ္စဆိုပေမယ့် ရောင်းကောင်းရခြင်း အဓိကအကြောင်းကတော့ ဝမ်းသာစရာမဟုတ်ဘူး။ တကယ်ကစာဖတ်မယ်ဆိုရင် အဘိဓာန်ကြည့်ဖတ်တာဟာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ကိုယ်ရဲ့ဘာသာစကားမဟုတ်လို့ ဝေါဟာရတွေ အကုန်သိဖို့မလွယ်ပါဘူး နောက်ပြီးတော့ ကိုယ်ဖတ်တဲ့စာမှာ ကိုယ်သိတဲ့ဝေါဟာရတွေပဲပါမှ ဖတ်တတ်မယ်ဆိုရင် ဒါမှမဟုတ်အဲလို ဖြစ်ဖို့ကြိုးစားနေတာ ဆိုရင်တော့ စာဖတ်တာမဟုတ်ပဲ ခက်ဆစ်ကျက်တာ ဖြစ်လာပါလိမ့်မယ်။ ရေးထားတဲ့စာကို နားလည်ဖို့အတွက် စကားလုံးတိုင်းကို အဓိပ္ပာယ်သိဖို့လိုတယ်ဆိုတာ မဟုတ်ပါဘူး တစ်ကယ်တော့ ရေးထားတဲ့စာကို နားလည်ဖို့ဟာ Comprehensive reading skill သာအရေးကြီးပါတယ်။ စာတစ်ပိုဒ်မှာ မသိတဲ့စကားလုံးပါလည်း အခြားသောစကားလုံးများအပေါ် မူတည်ပြီးတော့ အဓိပ္ပာယ်ဟာ ပြန်ယူလို့ရပါတယ်။ ဒီလိုဖြစ်ဖို့ကတော့ စာများများဖတ်ဖို့လိုပါတယ် တစ်ြခားနည်းနဲ့လည်း လုပ်ယူလို့မရပါဘူး။

ငယ်ကတည်းက စာဖတ်ခိုင်းလေ့ရှိပါတယ် အိမ်ကအကျင့်လုပ်ပေးထားတာက မသိရင်လည်းဆက်ဖတ်သွား ခြုံငုံပြီးတော့ ဘာသာပြန်ကြည့်ရပါတယ် လုံးလုံးဘာသာပြန်လို့မရမှသာ အဘိဓာန်ကိုကြည့်ရပါတယ် ဖတ်ြပီးရင်ဘာတွေရေးထားသလဲ နားလည်သလိုပြန်ပြောရတယ် ဒီလိုနဲ့ပဲ နားလည်နိုင်စွမ်းတက်လာပြီးတော့ တစ်ြဖည်းဖြည်းနဲ့ အဘိဓာန်အသုံးကို လျှော့ချလို့ပါတယ်။ နောက်ပြီးတော့ အရေးကြီးတာက တတ်နိုင်သ၍ အင်္ဂလိပ်-ဗမာအဘိဓာန်ကို အသုံးမပြုပဲ အင်္ဂလိပ်-အင်္ဂလိပ်အဘိဓာန်ကို ပြောင်းသုံးနိုင်ရင် အကောင်းဆုံးပါ အင်္ဂလိပ်-အင်္ဂလိပ်အဘိဓာန်ဟာ ခက်ခဲတဲ့စကားလုံးကို လွယ်ကူတဲ့စကားလုံးနဲ့ နားလည်အောင် ရေးထားတာဖြစ်တဲ့အတွက် အဲဒါဟာလည်း နားလည်နိုင်စွမ်းကို လေ့ကျင့်တဲ့နေရာမှာ အထောက်အကူ အများကြီးဖြစ်ပါတယ်။ ကျူရှင်ပို့အင်္ဂလိပ်စာသင်ရုံနဲ့ တကယ်ကမလုံလောက်ပါဘူး ကျူရှင်မှာသင်တဲ့ သဒ္ဒါဆိုတာက ဖော်မြူလာထဲ ထည့်ရေးတာထက်မပိုပါဘူး ဘာသာစကားဖြစ်လို့ ပုံသေနည်းလွတ်အောင် မလေ့လာနိုင်ရင် ဘယ်တော့မှလည်း မတတ်ပါဘူး စာဖတ်မှသာ ပုံမှန်ထက်ကွဲပြားနေတဲ့ အသုံးအနှုံးတွေကို သိနိုင်မှာပါ။ အဲဒီတော့ ကိုယ်ကမိဘဆိုလည်း သားသမီးကို အရွယ်နဲ့တန်မယ့်စာကို ဖတ်ခိုင်းတာသင့်လျော်တယ် ကိုယ့်အတွက်ဆိုလည်း ခွေးကြီးမှလက်ပေးသင်လို့ မရဘူးမထင်ပါနဲ့ ကျည်ပွေ့အတက်ပေါက် ဆိုတာလည်းရှိတာပါပဲ ဘယ်အရွယ်ဖြစ်ဖြစ်သင်လို့ရပါတယ် စာများများဖတ် အဘိဓာန်ကိုလျှော့ပါလေ။

ညှော်တယ်အော်တယ်
မြင်ရရင် လျောက်မမေးရ မနေနိုင်တာလည်း ဝါသနာဖြစ်မယ် ဒီလကတော့ စင်ကာပူမှာ တရုတ်ကုလား အားပြိုင်တဲ့လလို့ဆိုရမယ် တရုတ်ကလည်း ဗိုက်ဆာနေတဲ့ တစ္ဆေတွေပွဲလို့​ပြောတယ် ညနေပိုင်းဟိုဟာ မလုပ်ရဒီဟာ မလုပ်ရလို့သူများတွေတော့ပြောတယ် ကိုယ်ကတော့ သိပါဘူးသယ်ချင်တာသယ် စားချင်ရာစားတာပဲ။ ရုံးမှာကလည်း ဗမာကနှစ်ယောက်ရှိတာ ရှိတဲ့အစ်ကိုကလည်း ထမင်းစားချိန်အိမ်ခဏပြန်တာများတော့ ထမင်းစားချိန်ဆို ကျန်တဲ့လူတွေက တရုတ်တွေပါ ထမင်းစားသွားတိုင်း ကိုယ်ကလည်းစပ်စပ်စုစု လျောက်မေးပါတယ် ရုံးအောက်မှာ စည်ပိုင်းပြတ်နဲ့ စက္ကူတွေမီးရှို့တာကို မေးကြည့်တော့ တစ်ယောက်က ငါကသေသေချာချာ မသိဘူးတဲ့ သူကခရစ်ယာန်တဲ့ ငါတို့ဘာသာမှာ Ghost မရှိဘူးတဲ့။ အဲဒါနဲ့ဘာရှိသလဲဆိုမေးကြည့်တော့ Spirit ပဲရှိတယ်တဲ့ အဲဒါနဲ့ အဲဒီ့နှစ်ခုက ဘာကွာတာလဲလို့မေးတော့ သူလည်းအတော်လေး စိတ်ညစ်သွားပုံရတယ် ငါလည်းမခွဲတတ်ဘူးတဲ့ အဲဒါနဲ့ ခွဲတတ်ဖို့ဆိုရင် မင်းနှစ်ခုလုံးမြင်ဖူးရမယ် အဲဒါမှမင်းခွဲတတ်မယ်ထင်တယ်လို့ ​ပြောလိုက်ရော ငါမသိတော့ဘူး သူ့မေးဆိုပြီး နောက်တစ်ယောက်ကို ဘော်လီဘောပုတ်ပြန်တယ်။

နောက်တစ်ယောက်က စိတ်ရှည်လက်ရှည် ရှင်းပြပါတယ် ကန်တင်းနားမှာ ရှို့မလို့ပြင်ဆင်ထားတဲ့နေရာ ခေါ်သွားပြီးတော့ စက္ကူတွေကိုပြပါတယ် ဒါကစက္ကူမဟုတ်ဘူး ပိုက်ဆံတဲ့ အဲဒါရှို့မှ တစ္ဆေတွေက တမလွန်ကနေ ပိုက်ဆံရတာတဲ့ ဒါမှသူတို့ကပျော်တာတဲ့ တစ်နှစ်မှာတစ်လ သေမင်းတံခါးကပွင့်တော့ ဒီလမှဒို့ကပိုက်ဆံလွဲရ​တာတဲ့။ အဲဒါနဲ့ သူတို့ကသုံးစရာနေရာ ရှိလိုလားမေးကြည်တော့ ငါလည်းမသိဘူးလေ မရောက်ဖူးသေးဘူးတဲ့။ ဒါနဲ့အဲဒါတွေက ဝယ်တာဘယ်လောက် ပေးရသလဲမေးကြည့်​တယ် တစ်စုံကို ၂၀ လောက်တော့ရှိတယ်​ပြောတယ် အခုပုံထားတဲ့အပုံလောက်ဆို ၁၀၀ လောက်တန်မယ်ထင်တယ်တဲ့။ ဒါနဲ့အဲဒါဆိုရင် အဲဒါတွေ ဘာလို့ရှို့နေသလဲ ၁၀၀ တန်တစ်ရွက်လောက် ရှို့လိုက်ရင်အဆင်​ပြေတယ် အဲဒါဆိုရင် တစ္ဆေတွေလည်း ဒေါ်လာအစစ်ရလို့ အတော်ကိုပျော်မယ် အခုတော့အတုတွေ မီးရှို့တော့ဒို့ကညှော်တာပေါ့လို့ ​အကြံပေးမိတယ်။ သူကလည်းကိုယ့်ကို ပြန်ပြီးတော့ အချွန်နဲ့မပါတယ် အကြံဉာဏ်ကောင်းတယ်တဲ့ ရှို့နေတဲ့အန်ကယ်ကြီးကို မင်းသွားပြောပါလားတဲ့။

အိမ်ြပန်ရင် ကုလားတွေကလည်း ဥပုသ်လဖြစ်လေတော့ တိုက်အောက်မှာ ယိုင်ပတ်ပြီးတော့ ဝတ်ပြုစရာနေရာတွေ လုပ်ထားပါတယ် ပုံမှန်ကပတ်ဝန်းကျင် အနှောင့်အယှက် ဖြစ်မှာစိုးလို့ ဗမာပြည်မှာလို လော်စပီကာနဲ့ အော်လို့မရပါဘူး။ ဗမာပြည်တော့ ဗလီကနာရီခြားနဲ့ အော်တာပါပဲ အတော်ဆူတာပဲ မထူးပါဘူး ဘုရားပေါ်ကလည်း သူများတွေ အိမ်မှန်းမသိ မအိပ်မှန်းမသိ မနက်စောကြီး တရားတိတ်ခွေ လော်စပီကာနဲ့ဖွင့်တာလည်း အင်မတန်ဆူတာပဲ ဒီမှာပဲအေးတယ် ဘယ်သူမှမဆူနဲ့ Church လည်း အကြောင်းထွေထူးမရှိရင် ခေါင်းလောင်းထိုးလို့မရ ကုလားလည်း ပွဲမရှိမအော်ရ ဘုန်းကြီးကျောင်းလည်း တရားတိတ်ခွေကို လော်စပီကာနဲ့မဖွင့်ရပဲ။ ဘာပဲပြောပြော ဆူဆူညံညံမရှိတာ အတော်စိတ်ချမ်းသာစရာ ကောင်းတယ်။ ဒါပေမယ့်ဒီလတော့ ကုလားလည်း ဥပုသ်ထွက်ချိန် အော်လို့ရပါတယ် အဲဒါကို ဓာတ်လှေခါးထဲအတူတူ ပါလာတဲ့ တရုတ်မကြီးက စကားစပ်မိလို၌ ဆူတယ်တဲ့ အဲဒါနဲ့ သူ့လက်ထဲက တမလွန်ကို လွှဲမယ့်ငွေအထပ်လိုက်ကို လက်ညှိုးထိုးပြီး ညှော်တယ်လို့​ပြောခဲ့လိုက်တယ်။

သင်္ချာတော်တဲ့ကလေး
တစ်ခါက မူလတန်းကျောင်း တစ်ကျောင်းမှာ ကလေးတွေကို သင်္ချာစိတ်တွက်ပြိုင်ပွဲ လုပ်ကြတာပေါ့။ ပြိုင်ပွဲလုပ်ပုံကရှင်းရှင်းလင်းလင်းပါ အရှေ့ကဆရာမက ဂဏန်းသုံးလေးလုံးကို ရွတ်ပြလိုက်ရင် ကျောင်းသားကအဲဒါကို စိတ်နဲ့ပေါင်းပြီးပြန်ဖြေရတာပေါ့။ ကလေးတွေက ငယ်သေးတော့ ဂဏန်းသုံးလုံးနဲ့အထက်မှာ အတော်နဲ့မပေါင်းနိုင်ပဲ အတော်ကြာမှသာဖြေနိုင်ကြတယ်။ အဲဒီ့မှာ စိတ်တွက် တော်တဲ့ကလေးတစ်ယောက်တော့ တွေ့ရပါတယ်။

ဆရာမ။ ။ ၃ နဲ့ ၄ ပေါင်းရင် ဘယ်လောက်ရပါသလဲ။

ကျောင်းသား။ ။ ၇ ပါခင်ဗျ။

ဆရာမ။ ။ ၅ ရယ် ၄ ရယ် ၆ ရယ် ပေါင်းရင်ရောကွယ်။

ကျောင်းသား။ ။ ၁၅ ပါခင်ဗျ။

ဆရာမ။ ။ ၆ ရယ် ၇ ရယ် ၈ ရယ် ၉ ရယ်ဆိုရင်ရောကွယ်။

ကျောင်းသား။ ။ ၃ဝ ပါခင်ဗျ။

ဆရာမ။ ။ နောက်ဆုံး မေးခွန်းမေးမယ် သားရယ် ၁ ရယ် ၂ ရယ် ၃ ရယ်ဆိုရင် ဘယ်လောက်ရသလဲကွယ်။

ကျောင်းသား။ ။ ၂၀ ပါခင်ဗျ။

ဆရာမ။ ။ သြော်… သင်းကဒါ့ကြောင့်ကိုး။