Calm Hill » နည်းပညာသတင်း

PC Emulator with JavaScript by Fabrice Bellard
CNET မှာသတင်းတစ်ခုတွေ့လို့ အသေအချာလိုက်ဖတ်မိတယ် JavaScript နဲ့ Processor တစ်ခုကို Emulate လုပ်ထားပါတယ် ပြီးတော့ အဲဒီ့ Emulated Processor ပေါ်မှာ Linux တစ်ခုတင်ပြီး စမ်းသပ်ပြထားပါတယ်။ Browser ပေါ်မှာ ပထမဆုံး OS တစ်ခုတင်ပြီး သုံးနိုင်ခြင်းဖြစ်ပါတယ်။ တကယ်ကိုပဲ Innovative ဖြစ်ပါတယ် JavaScript ဆိုတာနဲ့ Emulator လုပ်ဖို့ဘယ်သူမှ မစဉ်းစားကြပါဘူး လုပ်မယ်ဆိုလည်း မဖြစ်နိုင်ဘူးရယ်လို့ပဲ သတ်မှတ်ကြမှာပါပဲ။ ဒါပေမယ့် ဖြစ်အောင်လုပ်ထားပါတယ် အောက်မှာပြထားတဲ့ Link မှာစမ်းသပ်ကြည့်နိုင်ပါတယ်။

http://bellard.org/jslinux/index.html

လုပ်တဲ့လူကို စိတ်ဝင်စားလို့ နောက်ပြန်ပြန်လိုက်ကြည့်မိတယ် ရေးတဲ့လူက Fabrice Bellard ပြောမယ်ဆိုရင် နာမည်ကြီးတဲ့ လူတစ်ယောက်ပါပဲ။ FFmpeg ဆိုတာ Cross Platform Media Converter တစ်ခုပါ ဒါဟာလည်း Fabrice Bellard လက်ကထွက်တာပါပဲ။ ဒီအချိန်အထိ ဘာမှမသက်ဆိုင်တော့ လက်မခံနိုင်သေးဘူး ဆက်ပြီးရှာကြည့်တယ် သူကိုယ်တိုင်လုပ်ထားတဲ့ Tiny C Compiler ဆိုတာလည်းရှိတယ်။ နည်းနည်းဆက်စပ်လာလို့ သဘောပေါက်စပြုလာတယ် သူဟာ Application Programmer မဟုတ်ဘူး Computer Scientist တစ်ယောက်ဖြစ်နေတယ်။

သင်္ချာတော်တဲ့ Computer Scientist ဆိုရင်စိတ်ဝင်စားတယ် Fabrice Bellard ကိုယ်ပိုင်တည်ထောင်ခဲ့တဲ့ Pi Calculation Formula တစ်ခုရှိတယ် Bellard’s formula လို့ခေါ်ပါတယ်။ သူ့အရင်က နာမည်ကြီးခဲ့တဲ့ Bailey–Borwein–Plouffe formula ထက် ၄၀% ​လောက်မြန်အောင် တွက်ချက်နိုင်တယ်။ ၂၀၀၉ ခုနှစ်အထိတော့ သူ့တွက်ချက်ခဲ့တဲ့ 2.7 trillion decimal places ဟာအမြင့်ဆုံးပဲ။ ၂၀၁၀ မှာတော့ Shigeru Kondo က 5 trillion decimal places နဲ့သူ့စံချိန်ကိုချိုးနိုင်သွားတယ်။ အသေးစိတ်ကတော့ Chronology of Computation of Pi မှာကြည့်လို့ရပါတယ်။

Fabrice Bellard မှာ Processor Emulation နဲ့သက်ဆိုင်တဲ့ Knowledge အပြည့်အဝရှိပါတယ် QEMU ဟာသူလုပ်ခဲ့တာပါ။ QEMU ဟာ Hardware အမျိုးအစား အတော်များများပေါ်မှာ အလုပ်လုပ်နိုင်ပါတယ်။ QEMU ကိုအခြေခံခဲ့တဲ့ Virtual Bridges ဟာအခုအချိန်မှာ အတော်ကို အောင်မြင်နေပါပြီ။ Virtual Bridges ဟာ Gartner ရဲ့ 2011 Cool Vendor ရတဲ့ကုမ္ပဏီလည်းဖြစ်သလို MIT Sloan CIO Symposium မှာလည်း Innovation Showcase finalist ဝင်ဖူးပါတယ် အဲဒီတော့ Virtual Bridges ရဲ့မူလပထမ QEMU ဟာ အတော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။

JavaScript PC Emulator မှာ အောက်မှာပြထားတာတွေပါပါတယ် Technical Hardware တွေဖြစ်လို့ အသေးစိတ်သိချင်ရင်တော့ ရှာဖတ်ပါ။

-32 bit x86 compatible CPU

-8259 Programmble Interrupt Controller

-8254 Programmble Interrupt Timer

-16450 UART

-Real Time Clock

သူ့မှာအဓိကမပါတာက Floating Point Coprocessor တစ်ခုတော့မပါလာပါဘူး ဒါပေမယ့် Browser ပေါ်မှာပဲ Run မှာဖြစ်လို့ ရှုပ်ထွေးတဲ့ တွက်ချက်မှု့တွေမပါတဲ့အတွက် Floating Point Coprocessor မပါလည်းသာမန်တော့ အလုပ်လုပ်ပါတယ်။ ဘာအတွက် သုံးမှာလဲမေးရင်တော့ Fabrice Bellard ကပြောပါတယ် အပျော်ရေးတာပါ သုံးချင်ရင်တော့ JavaScript Engine တွေ Benchmark စမ်းချင်တာတို့ Browser မှာ Linux Command စမ်းချင်ရင်ရနိုင်မယ် နောက်ပြီးတော့ အရင်က Dos Game တွေကို Browser မှာစမ်းချင်ရင် ရနိုင်ပါလိမ့်မယ်လို့ဆိုပါတယ်။ စိတ်ဝင်စားရင် အောက်မှာပြထားတဲ့ လင့်တွေကနေ စမ်းကြည့်နိုင်ပါတယ် ဖတ်ကြည့်နိုင်ပါတယ်။

External Links

http://bellard.org/jslinux/index.html

http://bellard.org/jslinux/tech.html

http://bellard.org/jslinux/cpux86.js

http://www.qemu.org

http://buildroot.uclibc.org/

http://www.busybox.net/

http://en.wikipedia.org/wiki/Bellard%27s_formula

http://en.wikipedia.org/wiki/Bailey%E2%80%93Borwein%E2%80%93Plouffe_formula

http://en.wikipedia.org/wiki/Chronology_of_computation_of_%CF%80

http://us.generation-nt.com/emulator-linux-javascript-bellard-news-2922501.html

http://news.cnet.com/8301-30685_3-20063563-264.html

http://www.zdnet.com/news/javascript-emulator-runs-linux-in-a-browser/6235117

http://vbridges.com/home.php

ယွန်းချို သို့မဟုတ် Yunghkio
ဒီနှစ်ပိုင်းမှာ ယူနီကုဒ်အသုံးအစွဲ တက်လာပါတယ် အရင်နှစ်ကကိုယ်သုံးတော့ သုံးတဲ့လူသိပ်မရှိတော့ ဖတ်လို့ရအောင် Converter ထည့်ထားပါတယ် အခုတော့အဲဒါပါ ဖြုတ်လိုက်ပါတယ်။ ယူနီကုဒ်သုံးတော့ ကြည့်လို့မကောင်းတာရယ် ဖောင့်စာလုံးသေးတာရယ် လူအပြောများပါတယ်။ ဟုတ်ပါတယ် မြန်မာ ၃ ဖောင့်ဟာ စာလုံးသေးပါတယ် နောက်ပြီးတော့ ဗမာစာပုံက သူ့နည်းသူ့ဟန်နဲ့ရှိပေမယ့် အင်္ဂလိပ်စာလုံးကတော့ ရုပ်ဆိုးပါတယ် နောက်ပြီးပိတောက်ဖောင့်ကတော့ ဗမာစာစာလုံးပုံစံ အတော်လေးရုပ်ဆိုးပါတယ်။

သူငယ်ချင်းတစ်ယောက်က ကွန်ပျူတာတက္ကသိုလ်မှာ မဟာတန်းကျမ်းပြုစုတော့ ရှမ်းစာအတွက် ယူနီကုဒ်စနစ်တစ်ခု လုပ်ခဲ့ပါတယ် အဲဒါကြောင့်သူက ဖောင့်တွေအကြောင်း ကောင်းကောင်းနားလည်ပါတယ်။ သူ့ကိုဗမာစာအတွက် ဖောင့်တစ်ခုလုပ်ပေးဖို့ အကူအညီတောင်းဖူးတယ် ပရောဂျက်တစ်ခု အနေနဲ့လုပ်မယ် စိတ်ကူးခဲ့တယ် ဒါပေမယ့် အဲဒီ့ပရောဂျက်ပျက်သွားခဲ့တယ်။ ဒါပေမယ့်သူငယ်ချင်းက သူ့ဟာသူဆက်လုပ်ခဲ့လို့ ဖောင့်တစ်ခုတော့ အကြမ်းရလာခဲ့ပါတယ် အရင်နှစ်ကတည်းက ပေးထားပေမယ့် သုံးမယ့်လူသိပ်မရှိတာနဲ့ အသေးစိတ်မစမ်းနိုင်ခဲ့ပါဘူး။

ယူနီကုဒ်တွေ အပြောင်းအလဲလုပ်တာများတော့ ဖောင့်မလှဘူးအော်ကြဟစ်ကြတော့ လုပ်ထားတဲ့ဖောင့်အကြမ်းကို သတိရလို့စမ်းကြည့်တယ် လက်ရှိဖောင့်တွေထက် စာလုံးကြီးသလို လှလည်းလှပါတယ် ဒါပေမယ့်အမှားတွေရှိပါတယ်။ အဲဒါနဲ့ သူငယ်ချင်းကိုဆက်သွယ်ပြီး အမှားတွေကိုအရင်ဆုံး အကြမ်းပြင်ခိုင်းရပါတယ် တိုက်ဆိုင်ချင်တော့ စေတန်က Font Embed လုပ်မယ်ဆိုတော့ လိုင်စင်ကိစ္စအဆင်ပြေရင် အဲဒီ့ဖောင့်ကို ယူသုံးချင်တယ်ပြောလို့ အဆင်ပြေလို့သုံးဖြစ်ပါတယ်။

ဖောင့်နာမည်က မူရင်းနာမည်က ရှမ်းနာမည်ပါ ဒါပေမယ့် ဗမာလိုခေါ်ချင်ရင်တော့ ယွန်းချိုလို့အသံထွက်မယ်လို့ သူငယ်ချင်းက အကြံပေးပါတယ်။ ဘာအဓိပ္ပာယ်လဲမေးရင် ဒေါင်းစိမ်းလို့ အဓိပ္ပာယ်ရပါတယ်။ တစ်ချိန်က ကျွန်တော်တို့နှစ်ယောက် သင်တန်းတစ်ခု အတူတူဖွင့်ရင်း စာသင်ခဲ့ကြဖူးပါတယ် သင်တန်းတံဆိပ်က ဒေါင်းအစိမ်းရောင်လေးပါ အဲဒါကိုအမှတ်တရ နာမည်ပေးထားတယ်လို့ပြောပါတယ်။

ယူနီကုဒ်ဖြစ်တဲ့အတွက် ဖောင့်တစ်ခုထဲမှာ ဘာသာစကား အမျိုးမျိုးသုံးလို့ရပါတယ် လက်ရှိအနေနဲ့ယွန်းချိုမှာ ဗမာ၊ ရှမ်း၊ ပလောင်၊ ပအိုဝ် ဘာသာတွေအတွက် အထောက်အပံ့ပေးထားပါတယ်။ အကယ်၍များ အခြားသောဘာသာစကားတွေအတွက် အလုပ်လုပ်နေတဲ့လူ ရှိရင်လည်းယွန်းချိုမှာ ထည့်ပေးလို့ရအောင် ဘယ်ဘာသာကိုမဆို ဖိတ်ခေါ်ပါတယ်။ လက်ရှိအနေနဲ့ ယွန်းချိုဖောင့်ကို Version 1.1.1 အနေနဲ့ ရယူနိုင်ပါတယ်။ အကယ်၍သုံးရင်းနဲ့ အမှားတွေ့ရင်လည်း ကူညီတဲ့အနေနဲ့ မှားနေကြောင်း ပြောပြနိုင်ပါတယ် အမှားတင်ပြချက်တွေကို နောက်ထွက်မယ့် Version မှာပြင်ဆင်နိုင်မှာ ဖြစ်တဲ့အတွက် မှားတာပြောပြလေလေ လုပ်တဲ့လူက ကျေးဇူးတင်လေလေပါ။

အောက်မှာပြထားတဲ့ ဝဘ်ဆိုက်မှာ ယွန်းချိုဖောင့်နောက်ဆုံး Version များကိုရယူနိုင်ပါတယ်။ ကီးဘုတ်များကိုတော့ ကြိုက်နှစ်သက်ရာ Keyman, NHM, အက္ခရာ စတာတွေနဲ့ရိုက်လို့ရပါတယ် ယူနီကုဒ်ဖြစ်တဲ့အတွက် ဖောင့်တစ်ခု ကီးဘုတ်တစ်ခု သီးသန့်မလိုအပ်ပါဘူး မိမိတို့ကြိုက်နှစ်သက်ရာ ပေါင်းစပ်သုံးစွဲနိုင်ပါတယ်။

http://www.yunghkio.com/unicode/

Oracle Unveils Exadata Version 2 Launched
ကိုယ်လုပ်နေတဲ့အလုပ်နဲ့ ဆက်စပ်တဲ့သတင်းလေးတွေ နားစွင့်နေတတ်တော့ မနေ့ကသတင်းတစ်ခုရတယ် စက်တင်ဘာ ၁၅ ရက်နေ့ကပဲ Oracle Unveils Exadata Version 2 ကိုထုတ်တယ်လို့ ကြေငြာသွားတယ်။ အရင် Version 1 တုံးကတော့ အဓိကအနေနဲ့ Data Warehouse အတွက်သုံးဖို့ထုတ်ထားတာ Database Server 8 လုံးရယ် Exadata Server 14 လုံးရယ်နဲ့ Xeon တွေသုံးထားတာ Hardware တွေက HP ကနေထုတ်တယ်။ OS ကတော့ Oracle Linux ရယ် Database ကတော့ Oracle Database Server ကိုသုံးခဲ့တယ်။ ဒီတစ်ခါတော့ သူမှာ Sun ကလက်ဆုတ်လက်ကိုင် ဖြစ်သွားပြီဆိုတော့ Sun Hardware တွေပဲသုံးတယ် ဒါပေမယ့် Processor ကတော့ Intel ပဲဖြစ်နေသေးတယ်။ ဒီတစ်ခါတော့ Processor တွေက Quad-Core Nehalem တွေသုံးတယ် DDR3 Memory တွေသုံးထားတယ်။ Ultrasparc ကိုလာလတ့သော အနာဂါတ်မှာတော့ သုံးမယ်ပြောတာတွေ့တယ်။ နောက်ပြီးတော့ Solaris ကိုလည်းမသုံးပြန်ဘူး အရင်လိုပဲ Oracle Linux။ ဒီတစ်ခါတော့ Model လေးမျိုးနဲ့ထုတ်တယ်။

(1) Full rack (8 database servers and 14 storage servers)
(2) Jalf-rack (4 database servers and 7 storage servers)
(3) Quarter-rack (2 database servers and 3 storage servers)
(4) A basic system (1 database server and 1 storage server)

ထူးခြားတာက OLTP အတွက်ရည်ရွယ်ပြီး Disk Access နည်းအောင် Main Memory နဲ့ Disk ကြားမှာ FlashFire လို့နာမည်ပေးထားတဲ့ Flash Memory တွေထည့်ထားတယ်။ ပမာဏကတော့ Storage Server တစ်ခုကို Flash Memory 96GB ထည့်ထားတယ်ဆိုတော့ Servers အရေအတွက်နဲ့ မြောက်ကြည့်ရမယ်ထင်တယ်။ Storage ကတော့ Rack တစ်ခုကို 100 TB of SAS disk ဒါမှမဟုတ် 336 TB of SATA disk လို့ပြောထားပါတယ်။ စျေးနှုန်းကတော့ Full rack ဆိုရင် Hardware ဖိုးသက်သက် US$1.15 Million ကျသင့်ပါတယ်။ Database Server and Exadata Storage Software ဖိုးတွေမပါသေးပါဘူး။ Exadata Storage Software မပါပဲနဲ့လည်း သူ့ရဲ့ Storage Server တွေကအလုပ်မလုပ်ပါဘူး။

ကိုယ့်ဟာကိုယ် ထင်ရာမြင်ရာ ပြောရမယ်ဆိုရင် Database Server ဘက်မှာ Exadata ကိုသုံးဖို့ရယ် Flash ကို Support လုပ်ပြီးသုံးဖို့ရယ်တော့ တိုးတက်မှု့ပါတယ်လို့ပြောတယ် ဒါပေမယ့် အနည်းငယ်ပဲဖြစ်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ Disk -> Flash -> Memory ဆိုပြီး Hierarchy က Storage Server ဘက်မှာပဲရှိနေတာကိုး။ Exadata Storage Software ဘက်မှာတော့ တော့်တော့်ကို ကြီးမားတဲ့ တိုးတက်မှု့တွေပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ့နည်းပညာက OLTP အတွက်မြန်လာမှာတော့ သေချာတယ်။ အဲဒီလိုမျိုးနဲ့ နည်းနည်းဆင်တူတဲ့ Research ကိုလုပ်နေလို့ စမ်းသပ်မှု့လည်းလုပ်ဖူးတယ် ဒါကြောင့် သေချာပေါက်မြန်တယ်လို့ ပြောနိုင်တယ်။ Flash မသုံးပဲ Main Memory ကို Dedicated ပိုင်းထားပြီး Data warehouse ထဲကို Insert နဲ့ပဲ OLTP Operation ဆန်ဆန် Loading လုပ်တာ မူရင်းထက် အဆ ၁၅ဝ လောက်ပိုမြန်တယ်။ Flash ဖြစ်တဲ့အတွက် Main Memory ထက်နည်းနည်းတော့နှေးမယ် ဒါပေမယ့် Storage အတွက်သီးသန့်လုပ်တဲ့ Hardware တွေသုံးထားတဲ့အတွက် ဘယ်လောက်ပိုမြန်မယ်တော့ မှန်းလို့မရဘူး။

မနေ့ကမှထွက်တာဆိုတော့ ဘယ်လောက်ပိုကောင်းသလဲ Exadata ရဲ့ Reliability အခြေအနေတွေကတော့ ဘာမှစမ်းသပ်ထားတာ မထွက်လာသေးဘူး။ တစ်ခုတော့ရှိပါတယ် ယှဥ်တယ်ဆိုတာကလည်း တူညီတယ်လို့ ယူဆရမှပဲ ယှဥ်ကြည့်လို့ရတဲ့အမျိုးဖြစ်လေတော့ သူ့လိုပစ္စည်းကလည်း ယှဥ်စရာရှားတော့ နှို်းယှဥ်ချက်မျိုးတော့ လွယ်လွယ်နဲ့ ထွက်မလာပါဘူး။ ပြည့်ပြည့်စုံစုံသိချင်ရင်တော့ Reference ကိုသာဖတ်ကြပါတော့ဗျာ။

Reference
[1] http://www.oracle.com/database/exadata.html
[2] http://www.oracle.com/us/corporate/press/033684
[3] http://www.computerworld.com/s/article/9138098/Oracle_Sun_launch_high_end_OLTP_server?taxonomyId=18&pageNumber=1
[4] http://news.zdnet.co.uk/hardware/0,1000000091,39493743,00.htm
[5] http://videos.zdnet.co.uk/260566466.htm
[6] http://idcdocserv.com/HI214522
[7] http://www.networkworld.com/news/2008/092408-ellison-pitches-high-speed-data-warehouse.html?page=1
[8] http://www.channelregister.co.uk/2009/09/15/oracle_sun_exadata_v2/
[9] http://www.google.com/hostednews/ap/article/ALeqM5ieSyj-5XSahxWmmYoM-2cKYjAfRwD9AO2LA00