Calm Hill » ပေါက်ကွဲမှု့များ

ဘောင်းဘီခြေထောက်ဖြတ်တဲ့ဒုက္ခ
ဘောင်းဘီတစ်ထည်ဝယ်လာရင် ခြေထောက်တွေ အနေတော်ဖြစ်အောင် ဖြတ်ရတဲ့ဒုက္ခကလည်း အတော်ပြဿနာတက်တယ်။ အင်္ဂါနေ့က ခြေထောက်ရှည်နေတဲ့ ဘောင်းဘီတစ်ထည်ကို အိမ်နားကစက်ချုပ်ဆိုင်မှာ ဖြတ်ရအောင်သွားအပ်တယ် ဆိုင်ပိတ်ချိန်ရောက်နေတော့ ဆိုင်ရှင်တရုတ်မက ပေးဆိုပြီးအမြန်ယူထားလိုက်တယ် နေဦးအထဲမှာ နှစ်ထည်ပါတယ် တစ်ထည်ကဖြတ်ရမယ် နောက်တစ်ထည်က တိုင်းဖို့အတွက် တိုင်းထားပြီးအဲဒါကို ပြန်ယူသွားမယ်ဆိုတော့ ရတယ်နှစ်ထည်လုံးထားခဲ့ နောက်နေ့မှတိုင်းမယ် တိုင်းစရာတွေက သော့ခတ်လိုက်ပြီဆိုတော့ ထားခဲ့လိုက်တယ်။

မနက်ကသွားယူတော့ ဆိုင်မှာမကြည့်ခဲ့မိဘူး အဲဒါနဲ့အိမ်ရောက်မှ သတိရလို့ထုတ်ကြည့်မိတော့ ဘောင်းဘီကမဖြတ်ရသေးဘူး ဟမ်… မဟုတ်သေးဘူးဆိုပြီး ဆိုင်ပြန်သွားရတယ် ငါ့ဘောင်းဘီကို မဖြတ်ရသေးဘူး ဒီမှာကြည့်ဆိုပြီး တိုင်းပြတော့ ဒီဟာမဖြတ်ဘူးလေ ဟိုဟာဖြတ်ပေးလိုက်တယ်ဆိုတော့ ဟမ်… အကောင်းကိုဘာလို့ဖြတ်သလဲ ပြစမ်းဆိုကြည့်တော့ အရင်ကအသေအချာ လက်ချုပ်နဲ့ခေါက်ထားတဲ့ ဘောင်းဘီခြေထောက်ကို စက်နဲ့နင်းထားတယ်။

နင်အသေအချာ မပြောဘူးလို့လုပ်နေလို့ အဲဒါနဲ့ ရူးနေသလား ဗောက်ချာမှာကြည့် ခြေထောက်ဖြတ်ရန်လို့ပါတယ် တစ်ထည်ကတိုင်းဖို့ အသေအချာ ပြောပြီးပေးခဲ့တာ သေချာအောင်ပြန်ယူသွားမယ် တိုင်းလို့ပြောခဲ့တယ်ဆိုတော့ အူလည်လည်လုပ်နေတယ်။ အဲဒါနဲ့ ဖြတ်ရန်မှာ ၂ ထည်ပေးပြီး တစ်ထည်အတို တစ်ထည်အရှည် တစ်ထည်အသစ် တစ်ထည်အဟောင်း ဘယ်ဟာဖြတ်ရမယ် နားမလည်ဘူးလားလို့ပြောမှ ပါးစပ်ပိတ်သွားတယ်။ မနက်ဖန်လာခဲ့လုပ်နေလို့ မနက်ဖန်မအားဘူး အခုရအောင်လုပ် နောက်ထပ် ၁ နာရီလောက်နေရင် ပြန်လာယူမယ်ဆိုပြီး ပြဿနာရှာပြန်ခဲ့ရတယ်။

ညှော်တယ်အော်တယ်
မြင်ရရင် လျောက်မမေးရ မနေနိုင်တာလည်း ဝါသနာဖြစ်မယ် ဒီလကတော့ စင်ကာပူမှာ တရုတ်ကုလား အားပြိုင်တဲ့လလို့ဆိုရမယ် တရုတ်ကလည်း ဗိုက်ဆာနေတဲ့ တစ္ဆေတွေပွဲလို့​ပြောတယ် ညနေပိုင်းဟိုဟာ မလုပ်ရဒီဟာ မလုပ်ရလို့သူများတွေတော့ပြောတယ် ကိုယ်ကတော့ သိပါဘူးသယ်ချင်တာသယ် စားချင်ရာစားတာပဲ။ ရုံးမှာကလည်း ဗမာကနှစ်ယောက်ရှိတာ ရှိတဲ့အစ်ကိုကလည်း ထမင်းစားချိန်အိမ်ခဏပြန်တာများတော့ ထမင်းစားချိန်ဆို ကျန်တဲ့လူတွေက တရုတ်တွေပါ ထမင်းစားသွားတိုင်း ကိုယ်ကလည်းစပ်စပ်စုစု လျောက်မေးပါတယ် ရုံးအောက်မှာ စည်ပိုင်းပြတ်နဲ့ စက္ကူတွေမီးရှို့တာကို မေးကြည့်တော့ တစ်ယောက်က ငါကသေသေချာချာ မသိဘူးတဲ့ သူကခရစ်ယာန်တဲ့ ငါတို့ဘာသာမှာ Ghost မရှိဘူးတဲ့။ အဲဒါနဲ့ဘာရှိသလဲဆိုမေးကြည့်တော့ Spirit ပဲရှိတယ်တဲ့ အဲဒါနဲ့ အဲဒီ့နှစ်ခုက ဘာကွာတာလဲလို့မေးတော့ သူလည်းအတော်လေး စိတ်ညစ်သွားပုံရတယ် ငါလည်းမခွဲတတ်ဘူးတဲ့ အဲဒါနဲ့ ခွဲတတ်ဖို့ဆိုရင် မင်းနှစ်ခုလုံးမြင်ဖူးရမယ် အဲဒါမှမင်းခွဲတတ်မယ်ထင်တယ်လို့ ​ပြောလိုက်ရော ငါမသိတော့ဘူး သူ့မေးဆိုပြီး နောက်တစ်ယောက်ကို ဘော်လီဘောပုတ်ပြန်တယ်။

နောက်တစ်ယောက်က စိတ်ရှည်လက်ရှည် ရှင်းပြပါတယ် ကန်တင်းနားမှာ ရှို့မလို့ပြင်ဆင်ထားတဲ့နေရာ ခေါ်သွားပြီးတော့ စက္ကူတွေကိုပြပါတယ် ဒါကစက္ကူမဟုတ်ဘူး ပိုက်ဆံတဲ့ အဲဒါရှို့မှ တစ္ဆေတွေက တမလွန်ကနေ ပိုက်ဆံရတာတဲ့ ဒါမှသူတို့ကပျော်တာတဲ့ တစ်နှစ်မှာတစ်လ သေမင်းတံခါးကပွင့်တော့ ဒီလမှဒို့ကပိုက်ဆံလွဲရ​တာတဲ့။ အဲဒါနဲ့ သူတို့ကသုံးစရာနေရာ ရှိလိုလားမေးကြည်တော့ ငါလည်းမသိဘူးလေ မရောက်ဖူးသေးဘူးတဲ့။ ဒါနဲ့အဲဒါတွေက ဝယ်တာဘယ်လောက် ပေးရသလဲမေးကြည့်​တယ် တစ်စုံကို ၂၀ လောက်တော့ရှိတယ်​ပြောတယ် အခုပုံထားတဲ့အပုံလောက်ဆို ၁၀၀ လောက်တန်မယ်ထင်တယ်တဲ့။ ဒါနဲ့အဲဒါဆိုရင် အဲဒါတွေ ဘာလို့ရှို့နေသလဲ ၁၀၀ တန်တစ်ရွက်လောက် ရှို့လိုက်ရင်အဆင်​ပြေတယ် အဲဒါဆိုရင် တစ္ဆေတွေလည်း ဒေါ်လာအစစ်ရလို့ အတော်ကိုပျော်မယ် အခုတော့အတုတွေ မီးရှို့တော့ဒို့ကညှော်တာပေါ့လို့ ​အကြံပေးမိတယ်။ သူကလည်းကိုယ့်ကို ပြန်ပြီးတော့ အချွန်နဲ့မပါတယ် အကြံဉာဏ်ကောင်းတယ်တဲ့ ရှို့နေတဲ့အန်ကယ်ကြီးကို မင်းသွားပြောပါလားတဲ့။

အိမ်ြပန်ရင် ကုလားတွေကလည်း ဥပုသ်လဖြစ်လေတော့ တိုက်အောက်မှာ ယိုင်ပတ်ပြီးတော့ ဝတ်ပြုစရာနေရာတွေ လုပ်ထားပါတယ် ပုံမှန်ကပတ်ဝန်းကျင် အနှောင့်အယှက် ဖြစ်မှာစိုးလို့ ဗမာပြည်မှာလို လော်စပီကာနဲ့ အော်လို့မရပါဘူး။ ဗမာပြည်တော့ ဗလီကနာရီခြားနဲ့ အော်တာပါပဲ အတော်ဆူတာပဲ မထူးပါဘူး ဘုရားပေါ်ကလည်း သူများတွေ အိမ်မှန်းမသိ မအိပ်မှန်းမသိ မနက်စောကြီး တရားတိတ်ခွေ လော်စပီကာနဲ့ဖွင့်တာလည်း အင်မတန်ဆူတာပဲ ဒီမှာပဲအေးတယ် ဘယ်သူမှမဆူနဲ့ Church လည်း အကြောင်းထွေထူးမရှိရင် ခေါင်းလောင်းထိုးလို့မရ ကုလားလည်း ပွဲမရှိမအော်ရ ဘုန်းကြီးကျောင်းလည်း တရားတိတ်ခွေကို လော်စပီကာနဲ့မဖွင့်ရပဲ။ ဘာပဲပြောပြော ဆူဆူညံညံမရှိတာ အတော်စိတ်ချမ်းသာစရာ ကောင်းတယ်။ ဒါပေမယ့်ဒီလတော့ ကုလားလည်း ဥပုသ်ထွက်ချိန် အော်လို့ရပါတယ် အဲဒါကို ဓာတ်လှေခါးထဲအတူတူ ပါလာတဲ့ တရုတ်မကြီးက စကားစပ်မိလို၌ ဆူတယ်တဲ့ အဲဒါနဲ့ သူ့လက်ထဲက တမလွန်ကို လွှဲမယ့်ငွေအထပ်လိုက်ကို လက်ညှိုးထိုးပြီး ညှော်တယ်လို့​ပြောခဲ့လိုက်တယ်။

ဘာတဲ့ သဝေထိုး ရယ်ရသကွာ
တစ်ခါလာလည်း Search Engine ကိုအကြောင်းပြတယ် လူနားမလည်တဲ့ အကြောင်းအရာလို့များ ထင်နေကြသလား အင်မတန်ရှုပ်ထွေးတဲ့ အများထင်နေလို့ ဇဝေဇဝါဖြစ်အောင်များ ပြောစရာတစ်ခုအဖြစ် ရနေသလား။ ငါကိုယ်တိုင်လည်း အများနားမလည်တဲ့ အရာတွေကိုပြောတတ်တယ် ဒါပေမယ့် အဲဒါတွေကို လူအများနားမလည်တာကို ခုတုံးလုပ်ပြီးတော့ ဘယ်တော့မှမလိမ်ဘူး အဲဒီ့လိုပြောတာကို အကြီးကျယ်ဆုံးလိမ်လည်မှု့လို့ ငါသတ်မှတ်တယ်။

လတ်တလောအနေနဲ့ ဗမာစာတွေ Google မှာအလုပ်လုပ်နေပုံကို အကြမ်းပြောမယ်ဆိုရင် Preprocess ဘာမှမလုပ်နိုင်ဘူး Space နဲ့ Tokenize လုပ်ပြီး Index လုပ်ထားတယ် Sorting လည်း စာလုံးတွေရဲ့ Code အပေါ်မူတည်ပြီး Lexicographically ပဲစီထားတာပါပဲ။ ဒီတော့ ကိုယ့်ဝဘ်ဆိုက်မှာရေးထားတဲ့ Space ခြားထားတဲ့အပေါ် မူတည်ပြီးတော့ ရှာလို့ရမှာပါပဲ။ ဥပမာပြောရင် “မော်လမြိုင်” နဲ့ “မော်လမြိုင်သို့” ဆိုရင်မတူဘူး။ Search Engine ဆိုတာ ဂူဂဲတစ်ခုတည်းမဟုတ်ဘူး ကိုယ်ပိုင်လည်းလုပ်လို့ရတာပဲ ဗမာစာအတွက် လုပ်နိုင်တာတွေရှိပါတယ်။ ဗမာစာ Search Engine ဆိုတာ လူအမြင်ကပ်အောင်ပြောရရင် Lucene, Sphinx, Sciencenet, …. ဒါတွေကို ယူသုံးတတ်တာလား။ အဲဒါတွေက ခက်ခဲ့တဲ့အရာတွေမပါပါဘူး ဖတ်ကြည့်သုံးတတ်ပါတယ်။ အရေးကြီးတာက ဗမာစာအတွက် ဘယ်နေရာက Improve လုပ်ဖို့လိုအပ်သလဲ။ လက်ရှိအနေနဲ့က စကားလုံး ဘယ်လိုဖြတ်မလဲက အရေးအကြီးဆုံး ဖြစ်နေတယ်။ ဖြစ်နိုင်တဲ့နည်းလမ်း ၂ ခုရှိမယ်။

ပထမတစ်ခုက ဗမာစာလုံးတွေဟာ Syllabic ဖြစ်နေလို့ Consonant ကနေအစပြုပြီးတော့ Syllabic တွေကုန်သွားရင် တစ်လုံးအဖြစ် သတ်မှတ်တာက အခြေခံအကျဆုံးနည်းစနစ်ပဲ။ ဒီတော့ ဗမာစကားလုံးမှာက ပဌ်ဆင့်နဲ့ အသတ်ဆုံးတာတွေမှာက နောက်ထပ် Consonant တစ်ခုအပိုပါတယ် အဲဒါကိုပါတစ်ခုတည်းအဖြစ် စဥ်းစားလိုက်ရင် Syllabic နဲ့ဖြတ်တာလွယ်ပါတယ်။ ဒီနေရာမှာ ဇော်ဂျီနဲ့လား ယူနီကုဒ်နဲ့လား ဒါကအရေးပါတယ်။ ဒါလည်း ခက်ခက်ခဲခဲမဟုတ်သေးပါဘူး ယူနီကုဒ်ဆိုရင် Consonant တစ်ခုအစကနေ Syllabic တွေအဆုံးသတ်တဲ့အထိ သို့မဟုတ် နောက်ထပ် Consonant မှာအသတ် (သို့) ပဌ်ဆင့် Syllabic အထိဆို တစ်လုံးပေါ့။ ဇော်ဂျီနဲ့ဆို Consonant တစ်ခုတည်းမဟုတ်ပဲ သဝေထိုး (သို့) ရရစ်လိုလည်း အစပြုနိုင်သည်ပေါ့။ Index လုပ်ရင် Bigram နဲ့လုပ်ပေါ့ ပြောမယ်ဆိုရင် Bidex ပေါ့။ ဥပမာ- မော်လမြိုင် လို့ရှာမယ်ဆိုရင် “မော်လ” AND “လမြိုင်” ဆိုပြီးတော့ Phrasal Search နဲ့ရှာလို့ရတယ်။ Precision မြင့်တဲ့ Search Engine တစ်ခုဖြစ်လာနိုင်တယ်။ ဒါတွေက Technical ဖြစ်လာလို့ အသေးစိတ်မရေးတော့ဘူး။

ဒုတိယတစ်ခုကတော့ ခက်ဖို့များတယ် ဗမာစာကြောင်းတစ်ခုကို Part of Speech နဲဲ့ဖြတ်ပေးမယ့် Parser တစ်ခုလိုမယ်။ ထွက်လာမယ့် စကားလုံးတွေကိုပဲ Index လုပ်ယူလို့ရတယ်။ ဒီနေရာမှာ Preprocessing လုပ်မှာလားဆိုတာကလည်း လိုအပ်ချက်အပေါ်မူတည်တယ်။ ကိုသာသာနဲ့ တစ်ခါက ဗမာစကားလုံးတွေစုပြီးတော့ Stemming လုပ်ကြည့်ဖူးတယ်။ မဆိုးပါဘူး ရလဒ်တွေက စကားလုံးကို မူရင်းပုံစံရောက်အောင် ၉၀% လောက်ပြန်ပို့လို့ရတယ်။ တစ်ခုပဲချို့ယွင်းချက်ရှိတယ် ဗမာစာ Parser မရှိလို့ Space နဲ့ဖြတ်ထားရတယ်။ ဒီနေရာမှာ ဗမာစာ Parser တစ်ခု လုပ်ကြမယ်ဆိုပါစို့။ သတ်မှတ်ချက်အတိုင်း အစဥ်အလိုက်သိမ်းတဲ့ ယူနီကုဒ်က လုပ်လို့လွယ်မှာငြင်းစရာမလိုဘူး။ ဇော်ဂျီကတော့ ဗြောက်သောက်ရိုက်တဲ့ အက္ခရာစဥ်နဲ့ဆို သေလုအောင်လုပ်ရမယ် ဘာလို့လဲဆိုတော့ အမှန်လို့ သတ်မှတ်ထားတာမရှိတော့ ဖြစ်နိုင်သမျကို လိုက်ပြင်ကြည့်ပြီးသုံးရမလိုဖြစ်မယ်။ ပြောမယ်ဆိုရင် မူရင်းကိုပြင်တယ်ဆိုတာ တန်ဖိုးကျပါတယ် ဖြစ်နိုင်သမျပြင်ကြည့်ပြီး စဥ်းစားဖို့ဆိုတာ အဓိပ္ပာယ်မရှိဘူး။ ဒီနည်းကတော့ Bidex, Tridex လိုမသုံးပဲ Term Index နဲ့ပဲ Search Engine လုပ်လို့ရမယ်။

လတ်တလော နည်းပညာအခြေအနေအရ ပထမနည်းက အတိကျဆုံး ဗမာစာ Search Engine ဖြစ်လာနိုင်မယ်။ ဒုတိယနည်းမှာတော့ Parser တစ်ခုလိုအပ်နေလို့ သိပ်မလွယ်လှသေးဘူး Research လိုအပ်နေတယ်။ ဒီနေရာမှာ သုံးတ

ဲ့လူတွေကို အနည်းငယ်ယုံကြည်လိုက်ပြီး Space and Punctuation တွေနဲ့ဖြတ်ပြီး ယာယီအစားထိုးထားနိုင်တယ်။ လက်ရှိသုံးနေတဲ့ ဂူဂဲက အဲဒီ့နည်းစနစ်လို့ ပြောလို့ရမယ် သူ့အနေနဲ့ Preprocess မလုပ်နိုင်ဘူး နောက်ပြီးတော့ စာလုံးဖြတ်တာမမှန်နိုင်ဘူးဖြစ်နေတယ်။ အဲဒါတွေ ထပ်ထည့်နိုင်ရင် လက်ရှိထက်ကောင်းတဲ့ အဖြေတွေထွက်မှာ သေချာပါတယ်။ ဟုတ်ပြီ ယူနီကုဒ်နဲ့ဇော်ဂျီစကားလုံးတွေ Index တစ်ခုထဲမှာ သိမ်းလို့ရသလားဆိုတာ စဥ်းစားစရာရှိတယ်။ သိမ်းလို့တော့ရတယ်လို့ ပြောလို့ရပါတယ် ပထမနည်းမှာကတော့ Syllabic ကိုဦးစားပေးလို့ ရှာတဲ့လူကတော့ သူဘာနဲ့ရိုက်တယ်ဆိုတာ ပြောဖို့တော့လိုလိမ့်မယ် အဲဒါဆိုရင် Query ကိုသက်ဆိုင်ရာနဲ့ Syllabic ဖြတ်လိုက်ဖို့လိုမယ်။ ဒုတိယနည်းကတော့ လက်ရှိအနေထားနဲ့ ဘာနဲ့သုံးတယ်ဆိုတာ မလိုအပ်သေးဘူး ဒါ့ကြောင့် ဂူဂဲမှာဘာနဲ့ရှာရှာ ရှာလို့ရနေတာပေါ့။ ဒါပေမယ့် Parser တစ်ခုသုံးလိုက်ရင်တော့ သူလည်းဘာသုံးတယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။

အဲဒါကို တစ်ခါကကြားဖူးတယ် ယူနီကုတ်များ စည်းရုံးရေးဆင်းနေတုံးက ဂူဂဲကသုံးတဲ့ Database ကများ ဇော်ဂျီကို Support လုပ်လို့မရတော့ရင် အားလုံးရှာလို့မရတော့ဘူးဆိုပဲ။ ဂူဂဲက Index ကို Database သုံးတယ်လို့ ဘယ်သူကများပြောလိုက်ပါလိမ့်။ အခုလည်းလာပြန်ပြီနောက်တစ်ဖွဲ့ ဇော်ဂျီမှာ သဝေထိုးအရှေ့ထားတာ Search Engine နဲ့ဆိုင်လို့ဆိုပဲ ငါပဲဥာဏ်မမှီတာဖြစ်မယ် အပေါ်မှာပြောခဲ့တာတွေနဲ့ ဆက်စပ်ကြည့်တယ် ဘယ်လိုသက်ဆိုင်မှန်း စဥ်းစားလို့မရဘူး။ ဇော်ဂျီကို စလုပ်ကာစအခြေအနေက Microsoft Keyboard Layout Creator မှာ Input အတွက် Keystroke Order ကို Swap လုပ်မပေးနိုင်ဘူး နောက်ပြီးတော့ Shaping Engine မရှိဘူးဒါ့ကြောင့် သဝေထိုးနဲ့ ရရစ်တွေက အရှေ့မှာရောက်နေတယ် အဲဒီလိုပဲငါနားလည်ထားတာ။ အေးလေ ငါသိတာမှားနေတာပဲ ဖြစ်မယ်ထင်ပါတယ်။ ဘယ်သူဖြစ်ဖြစ် နောက်ဆုံး Search Engine အကြောင်းပြတာ ထုံးစံဖြစ်လာသလား။

ပျက်နေတာကို ပြန်မပြင်ဖြစ်တာက နားလည်လို့ရပါတယ် အခြေအနေအရပေါ့ အခုအချိန်မှာသုံးနေတဲ့ မှားနေတာတွေက အများကြီးဖြစ်နေပြီမဟုတ်လား ပြင်ဖို့မလွယ်ဘူးဆိုတာ လက်ခံပါတယ်။ လတ်တစ်လော လိုအပ်ချက်တစ်ခုအရ မှန်နေပြီးသားအရာတစ်ခုကို ငါ့လိုလိုက်မှားစေမယ်ဆိုရင်တော့ အဲဒါကိုကန့်ကွက်ရမယ်။ သိမ်းချင်သလို သိမ်းခွင့်လို့အော်မလား အဲဒါဆိုလည်း ဘာလို့အပင်ပန်းခံနေကြလဲ ဟိုးအရင်က ASCII Fonts တွေလည်း သုံးရနေသားပဲ။ ဗမာစာနဲ့ ရှမ်းစာမှာ ဘုံသုံးတဲ့ အက္ခရာတွေ ရှိနေတာငါလည်းသိတယ် ကိုယ်ကိစ္စနဲ့ကိုယ် ဘယ်နားမှာ သဝေထိုးထားထား အစကတည်းက စံကိုလိုက်နာတဲ့ ရှမ်းစာက သဝေထိုးတော့ ရှေ့ကိုပို့စရာ အကြောင်းမရှိပါဘူးလေ။ Search Engine နဲ့သဝေထိုး ဂူဂဲရဲ့ Database ဟေးဟေးဟေး ကြားဖူးသမျ ဟာသတွေထဲမှာ ဒီဟာသတွေအရယ်ရဆုံးပဲ။ ဘယ်ဘက်အဖွဲ့ကမှမနေဘူး ဒါပေမယ့် ဘယ်သူလိမ်တာမှမခံဘူး လူနားမလည်ဘူးဆိုပြီး အလုံးကြီးကြီးပြောပြီး ထင်ယောင်ထင်မှားပြောတာကို အင်မတန်သောက်မြင်ကပ်တယ်။

စုပေါင်းစာကျက်ခြင်းသည်းခံပါ
စာကျက်စာကျက်နဲ့ ငယ်ကတည်းက လူကြီးတွေပြောလာတာ ငယ်တုံးကတော့ နားထောင်ပါတယ် ဒါပေမယ့် ဆယ်တန်းအောင်ကတည်းက ဘယ်တော့မှစာမကျက်တော့ပါဘူး။ တက္ကသိုလ်တစ်လျောက်လုံး စာမကျက်ပါဘူး သူများတွေက ကျက်စာကျက်စာနဲ့ပြောတယ် ကိုယ့်အတွက်တော့ ဘယ်ဟာမှကျက်စာမဟုတ်ဘူး ဖတ်ပဲဖတ်တယ် ပြီးရင်မေးလာရင် အဆင်ပြေသလိုချရေးပေးလိုက်တယ်။ သူများတွေကလည်း စာရှင်းပြပါ စာရှင်းပြပါနဲ့ပြောတတ်တယ် နားလည်ချင်လို့ဆိုရင် ဘယ်လိုရှင်းရှင်းရပါ စာမေးပွဲဖြေနိုင်ချင်လို့ဆိုတော့ ခက်တာကကိုယ်ကလည်း ဘယ်လိုဖြေနိုင်အောင် ရှင်းပြရမှန်းမသိ။

အခုလည်း အတန်းထဲကအစ်မကြီးများက မနက်ဖြန်စာစုကျက်ရအောင် လာခဲ့ပါဦးတဲ့။ ခက်တာက သူတို့က စာရနေတယ်လို့ ထင်တယ် ကိုယ်လည်း စာကဖတ်နေဆဲ။ နောက်ပြဿနာက ကိုယ်ကလည်း စာဖတ်ရင် တစ်ယောက်တည်းပဲ ဖတ်တတ်တယ်။ ကျောင်းမှာ အတန်းတွေလည်း အတူတူတက်လာတာ နှစ်တွေလည်းကြာပါပြီ ကိုယ့်အကြောင်းလည်း သူတို့ကအခုထက်ထိမသိ။ ကိုယ်ကဖြင့် မနက်ဖြန် စာမေးပွဲဆိုတောင် ဒီနေ့ညသန်းခေါင်အထိ စာကိုဖတ်လို့ပြီးသေးတာမဟုတ်။ ဒီလိုပဲမပြီးသေးလည်း စာမေးပွဲသွားဖြေတာ အထဲရောက်မှ ဖတ်ဖူးသမျ လုပ်ဖူးသမျစာတွေ အလုပ်မှာကြုံဖူးတာတွေနဲ့ စုပေါင်းပြီး အသားကုန်ညှစ်ထုတ်ရတာ စာမရလို့ လျောက်ရေးတာမျိုးမဟုတ်ဘူး မေးထားတာနဲ့ ဆက်စပ်ပြီးရေးပေးလိုက်တာ။ စာမေးပွဲအခန်းထဲမှမဟုတ်ရင် အဲဒီလောက်စာက ဘယ်လိုရေးရေး မထွက်လာဘူးရယ်။ မဟုတ်ရင်ပြောကြဦးမယ် စာရှင်းမပြချင်ဘူး ဖြစ်ကြဦးမယ် ခက်တာက ကိုယ့်လိုလျောက်ရေးတတ်ဖို့က  သင်ပေးလို့မှမရတာ။ စာတွေလည်းဖတ်ဖို့ အများကြီးကျန်သေးတယ် မနက်ဖြန်တော့ မတတ်နိုင်ဘူး ထင်ချင်ရာသာထင် မလာဘူးလို့ အပြတ်ပြောလိုက်ပြီးသားပဲ။

လူပြဿနာလား ယူပြဿနာလား
လူတွေ ယူတွေနဲ့ မတော်မတည့်ဖြစ်နေတာ မြင်ရပါများနေပြီ ဗမာပြည်က ထွက်လာတော့ ဒီပြဿနာတွေ မကြားရတော့ဘူး မှတ်နေတာပါ။ ဗမာပြည်မှာဆိုတော့လည်း ရှိတဲ့ ယူနီဗာစီတီကို ပုံချလိုက်တယ် ဒင်းတို့ကမှ တတ်အောင်မသင်တာတဲ့ ဟုတ်ပါတယ် ကျောင်းတွေရဲ့ လိုအပ်ချက်တွေကတော့ အများကြီးပါ ဒါပေမယ့် ထပ်ပြီးကွန့်မေးမိတယ် ခင်ဗျားတို့ကရော ကိုယ့်ဟာကိုယ် တတ်ဖို့ဘယ်လိုများ ကြိုးစားသလဲလို့ မေးမိပြန်တော့ ငါတို့က မင်းလိုမချမ်းသာဘူး သင်တန်းတွေမတက်နိုင်ဘူးတဲ့။ ဒီတော့ထပ်ပြောရပြန်တယ် ကျွန်တော်လည်း မချမ်းသာပါဘူး ခင်ဗျားတို့ပြောတဲ့ သင်တန်းဆိုတာကိုလည်း အမျိုးအစား ၂ မျိုး ၃ မျိုးပဲ တက်ဖူးပါတယ် အားတိုင်းသင်တန်းတက်နေတဲ့ လူမျိုးမဟုတ်ပါဘူး သင်တန်းတက်ရင် စာတတ်တယ်လို့ ယုံကြည်တဲ့လူလည်းမဟုတ်ပါလို့ ပြောမိပြန်တော့ အားလုံးကမျက်စောင်းထိုးကြတယ်။ ဒီသတင်းကို ကျွန်တော်တက်တဲ့ ယူနီဗာစီတီက လက်ချာရာများက ကြားတော့ သူတို့ကိုထောက်ခံသူရှိတယ်ဆိုပြီး ပျော်ကြပါတယ်။ လက်ချာရာများက လူရှေ့မှာချီးကျူးပါတယ် ဒီကလေးပြောတာ သိပ်မှန်တယ်တဲ့ အဲဒီ့မှာ ပြဿနာတက်တာပဲ ကိုယ်ကလည်း သူတို့နဲ့ဆိုင်တဲ့ စကားကို ထပ်ပြောမိပြန်တယ် ဘာမှမလေ့လာပဲ ငုတ်တုတ်ထိုင်နေတဲ့ လက်ချာရာများလည်း သုံးမရပါဘူးဗျာလို့ ပြောလိုက်မိတော့ ဟယ်… ဒီကလေးမိုက်ရိုင်းလိုက်တာ ဖြစ်ပြန်ရော သူတို့ပဲ အမျိုးမျိုးပြောတတ်တယ် အခုပဲတော်လိုက်တာတဲ့ အခုပဲမိုက်ရိုင်းလိုက်တာ ဖြစ်ပြန်ရော။ ဒါပေမယ့် သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ ကိုက်နေတာပဲ နှစ်ဦးနှစ်ဘက် မကြိုးစားဘူးမဟုတ်လား။

အင်တာနေရှင်နယ်အဆင့် ဆိုတဲ့ ယူနီဗာစီတီကို ရောက်ခဲ့ပြန်တယ် ကိုယ့်ဆီကကျောင်းသားများ ဘာတွေပိုထူးသလဲ ဘာမှပိုထူးတာမမြင်မိပါဘူး။ မာစတာဒီဂရီ ပြီးသွားတဲ့အသိတစ်ယောက်က မေးစရာရှိပါတယ်ဆိုလို့ မေးသမျကိုဖြေပေးလိုက်ပါတယ်။ စာအုပ်တစ်အုပ်လည်း ယူလာပါတယ် အခြားသော ယူနီဗာစီတီက ဒီပလိုမာသင်တန်းမှာ သင်တဲ့အလုပ်သင်စာအုပ်ပါ။ ဆော့ဝဲတစ်ခုကို သုံးပုံသုံးနည်း အိုကေ ကင်ဆယ် နှိပ်တာကအစ ပုံနဲ့ပြထားပါတယ်။ ဒီတစ်ခါလည်း လာပြန်ရော ငါတို့ကျောင်းက မကောင်းပြန်ဘူးတဲ့ ဒါမျိုးအသေချာပါတဲ့ စာအုပ်နဲ့မသင်လို့ မတတ်လာတာတဲ့ ပြောပြန်ရော။ ဘွဲ့လွန်ပါဆိုနေမှ ဘယ်လိုလုပ်ဆိုတာ သင်တဲ့နေရာမဟုတ်ဘူး ဘာ့ကြောင့်ဆိုတာပဲ သင်မယ့်နေရာမှန်း သိပုံမရဘူး။ ရထားတဲ့ ဘွဲ့လက်မှတ်ကို ကျောင်းကို ပြန်အပ်ချင်အပ် ဘွဲ့ကြိုပဲဖြစ်ဖြစ် အလုပ်သင် ဒီပလိုမာပဲဖြစ်ဖြစ် ပြန်တက်လို့ ပြောချင်မိပြန်တယ် ပြောတော့မပြောလိုက်တော့ပါဘူးလေ။ ကိုယ်မတတ်ပြန်တော့လည်း ဒီကျောင်းမကောင်းလို့ ဟိုကျောင်းကမှတဲ့ အဲဒီ့ကျောင်းပြောင်းတက်လို့ကော တတ်လာဖို့အာမခံမလားလို့ မေးချင်မိပြန်တယ်။ သူတို့ထင်နေတာက ယူနီဗာစီတီကောင်းမှ တတ်တယ်တဲ့ မဟုတ်သေးဘူး လွဲနေတယ် ယူနီဗာစီတီဆိုတာက အခြေခံအဆင့်ပဲ ကောင်းမကောင်း လုပ်ပေးနိုင်မယ် လူမကောင်းလို့ကတော့ ယူနီဗာစီတီ ဘယ်လောက်ကောင်းကောင်း ကြားထဲကကျောင်းနာမည် ပျက်တာပဲ အဖတ်တင်တယ်။

တစ်ပါတ်အတွင်း လူ့ခွစာမှတ်တမ်း
တစ်ပါတ်အတွင်း အဆင်မပြေမှု့တွေကတော့ တနင်္လာနေ့ကတည်းက စတယ်ပြောရမယ်ထင်တယ် ရုံးကစက်တစ်လုံး ပျက်သွားလို့ မနက်ကတည်းက ပြင်လိုက်ရတာ ဝိုင်းကူရတယ် Recovery Software များစွာသုံးပြီး စာအုပ်ထဲကလို Disk ကိုရေခဲသေတ္တာထဲထည့်လိုက်လည်း ရေခဲမုန့်မဟုတ်လို့လားမသိပါဘူး ပြန်ကောင်းမလာရှာဘူး။ ပေါက်ပေါက်ရှာရှာဗျာ Disk ငါးလုံးမှာ ၄ လုံးအကုန်ပျက်သွားတယ်။ ကိုယ်နဲ့တိုက်ရိုက် မဆိုင်ပေမယ့် အလုပ်တူတူလုပ်တဲ့ တာဝန်ခံကုလားမလေးကတော့ အဆူခံလိုက်ရတာ သောက်သောက်လဲ မျက်နှာလည်း ဆီးရွက်လောက် ကျွန်တော့်တယ်ဆိုတာ လက်တွေ့မြင်ဖူးသွားတယ်။ တနင်္လာအစည်းအဝေးက စက်ပျက်တာနဲ့ အင်္ဂါကိုပြောင်းသွားပါရောလား။

အင်္ဂါနေ့ ၂ နာရီကတော့ မိတင်ခေါ်တယ်ဆိုတာနဲ့ ရုံးခန်းထဲမှာ ငုတ်တုတ်ထိုင်ပြီး မိတင်ငိုက်တာပေါ့။ တိုက်တိုက်ဆိုင်ဆိုင် အလုပ်လုပ်နေတဲ့စက်က IM ကို Idle မလုပ်ထားခဲ့မိဘူး။ ၃ နာရီခွဲလောက် ပြန်ရောက်တော့ GTalk Account ကနေလှမ်းခေါ်ထားတာ တွေ့ပါရော ကြည်လိုက်တော့ မကြာသေးပါဘူး ခေါ်ထားတာက ၄ မိနစ်လောက်ပဲရှိသေးတယ်။ ကြည့်လိုက်တော့လည်း ဘယ်သူမှန်းမသိဘူး။ ဒါနဲ့ ယဥ်ယဥ်ကျေးကျေးပြန်မေးပါတယ် အစည်းအဝေးလုပ်နေလို့ ချက်ချင်းမဖြေနိုင်လိုက်ဘူး ဘာအကူအညီပေးရမလဲပြောပါလို့ မေးလိုက်မိပါရောလား။

ပြန်ဖြေပုံကညက်တယ်ဗျာ “အသားလွတ်လာ မရောပါနဲ့ ရှင်ကဘာကောင်လဲ” တဲ့ဗျား။ ဒါနဲ့ သူငယ်ချင်းတော့ မဟုတ်ဘူးလို့ သဘောပေါက်လိုက်တယ်။ မဟုတ်သေးပါဘူး ခင်ဗျားခေါ်ထားတာတွေ့လို့ ပြန်မေးကြည့်တာပါ ကိစ္စမရှိပါဘူးဆိုပြီး စကားဖြတ်လိုက်ရော။ ဒါလည်းမရပြန်ဘူး ပြန်ပြောသဗျ “ကိုယ်ဟာကို ခေါ်ချင်လို့ ခေါ်တာဘာဖြစ်သလဲ” ဆိုပြီးရန်တွေ့ပါရောလား။ ပြန်ပြောမနေပါဘူးဆိုပြီး သည်းခံတယ်။ “ကိုယ်ဟာကိုယ်မှားခေါ်တာ ရှင်ကဘယ်လောက် *#$%! ဆင့် ရှိလို့လာပြော *#!@^*# ” ဆိုပြီး နှုတ်ခမ်းတလန် ပန်းတစ်လန် ရန်တွေ့ပါရောလား။

လူတွေနဲ့ အလိုက်အထိုက်ဆိုပြီး အလျော့အတင်းလုပ်ပြီး အပေါင်းအသင်းလုပ်နေတာ နည်းနည်းကြာပါပြီ။ ဒါပေမယ့်အခုတော့ မရတော့ဘူး အတုံးလိုက်အတစ်လိုက် မပြောလို့ကတော့ ဟိုကရပ်တော့မှာ မဟုတ်တော့ဘူး ယဥ်ယဥ်ကျေးကျေး ပြောတာကို ချက်တင်ထဲကငနဲများလို ဖွန်ကြောင်ဖို့ အစပျိုးတယ်များ ထင်နေသလားမသိ။ ရောင်းသူဝယ်သူ အသံတူရမယ် မဟုတ်လား။ “ငါ့မှာမင်းလို ငါးစိမ်းသည် မိတ်ဆွေမရှိဘူး ဘယ်ကအလေနတော အုတ်ကြားမြက်ပေါက်က ငါ့စာရင်းထဲ လာပါနေသလဲ” လို့လည်းပြောလိုက်ရော “မိုက်ရိုင်းလိုက်တာ” ဆိုပြီးတစ်ခွန်းမှ ပြန်မပြောတော့ဘူး။

ဒီရက်ပိုင်း ဘလော့တွေမှာ လိုက်ဆဲနေတယ်လို့ အစ်မ ကောင်းကင်ပြာက ပြောပါသေးတယ်။ ဒီတစ်ခါတော့ လူပျိုကြီးလည်း မဲပေါက်သွားပါတယ် CBox မှာလာဆဲသွားပါရောလား။ ကိစ္စမရှိပါဘူးလေ အများနည်းတူခေတ်မှီသွားတာပေါ့လို့ သဘောထားလိုက်ပါတယ်။ ဆဲတာတောင် စာလုံးပေါင်းမှန်အောင် မဆဲတတ်တဲ့ အကောင်လောက်တော့ အရေးလုပ်မနေလို့ ဖျက်တောင်ဖျက်မထားဘူး။

ကြာသာပတေး နေ့လည်ပိုင်းတွင်လည်း မိတ်ဆွေတစ်ယောက်က ဖုန်းဆက်ပြန်သည် အရေးတစ်ကြီး စာမေးချင်သည် ဆိုပြန်သည်။ အလုပ်ထဲတွင်ဖြစ်နေသဖြင့် ဖုန်းထဲမှပြန်ဖြေမည် မေးပါဆိုတော့ အကြောင်းအရာတစ်ခုကို ရှင်းပြရမည်ဟုဆိုသည်။ ထိုအကြောင်းအရာနှင့် ပါတ်သက်သည်များကို မေးကြည့်ပြန်တော့ တစ်လုံးမှမသိပါ။ ထိုကြောင့် ညနေရုံးဆင်းလျင်လာခဲ့မည် အခုရှင်းပြရန်မဖြစ်နိုင် စာကြိုဖတ်ထားပါဟု စာအုပ်တစ်အုပ်ပင် ညွန်းလိုက်သေးသည် ညနေစောင့်နေမည်ဆိုပြီး ဖုန်းချသွားသည်။ ကျွန်တော်အစ်မ တစ်ယောက်က ဖုန်းဆက်လာသည် စာရှင်းမပြလိုက်သဖြင့် ကျွန်တော့်ကို အင်မတန် စိတ်ဆိုးနေသည်ဟု ပြောသည် အစ်မကို ဖုန်းဆက်တိုင်ပုံရသည်။ အရေးမပါသဖြင့် ဖြေရှင်းရန်ပင် စိတ်ကူးမရှိပါ။<br/

မာမီကလည်း ဖုန်းမဆက်တာကြာလို့ မျော်နေတယ်ဆိုလို့ သောကြာနေ့အလုပ်နားလို့အိမ်ကို ဖုန်းဆက်ဖို့ကြိုးစားတယ် မနက်ကတည်းက ဆက်လိုက်တာ ညအထိခေါ်မရဘူး သုံးတာကတော့ Call Back ပါတယ်ဆိုတဲ့ Butterfly ကိုသုံးပြီးခေါ်တယ်။ အိမ်ကဖုန်းနံပါတ်ကိုမရှိပါဘူးဆိုပြီး လုပ်နေပါရောလား။ ဒါနဲ့တစ်ခြားဖုန်းခေါ်လည်း မရပါဘူး။ 1818 ဝယ်ပြီးခေါ်လိုက်မှ ဝင်သွားပါရော။ တစ်နေကုန်ခေါ်မရလို့ ထွက်နေတဲ့ဒေါသတွေက Butterfly အပေါ်ကျပြီသာမှတ် အော်ပရေတာကိုခေါ် သုံးမရမယ့်အတူတူတော့ အလကားမထားဘူး ၈ ကျပ်တန်အောင်တော့ ပြဿနာရှာရမှာပဲ အစုံပလုံ အော်ဟစ်လှတ်လိုက်တယ်။

ကိုယ်နေတတ်သလို နေတာပဲကောင်းတယ် အများလိုလိုက်နေရင် အလကားနေရင်း အလုပ်ရှုပ်တယ်။ ဝတ်ကျေတမ်းကျေ မေးခွန်းများလည်း မေးပြီး လောကဝတ်ပြုရန် မကြိုးစားတော့ပါ။ ကူညီနိုင်သည်များရှိလျင် အားတက်သရောလုပ်ပေးမည် ကျေးဇူးတင်ရန်မလို။ ပြန်လည်မကူညီနိုင်ဆိုပြီးလည်း အားနာရန်မလိုပါ မအားသောအချိန်များ ကူညီမှု့နောက်ကျလျင်သာ သည်းခံပါရန်။ မလုပ်တတ်သောအရာများ အကူအညီ တောင်းလာလျင် မသိပါဟုပြန်ဖြေပါမည်။