Calm Hill » ဘာသာရေး

လေးလေးနက်နက် ကြီးကြီးမားမား
ပေါ့ပေါ့ပါးပါးစာ မဖတ်တတ်ဘူး လေးလေးနက်နက်ရှိတဲ့ဟာပဲ ဖတ်တယ်လို့ပြောလို့ အတော်ကောင်းသွားတယ် သေးသေးမွှားမွှားလည်း ဖတ်လေ့မရှိဘူး ကြီးကြီးမားမားစာပဲ ဖတ်တယ်လို့ဆိုလို့လည်း ရသွားတယ်ပြောရမယ် မနက်ကညီမဖြစ်သူက ဦးလေးအိမ်ကအပြန်မှာ ဦးလေးဖြစ်သူကနင့်အစ်ကိုကို ပေးလိုက်လို့ဆို စာအုပ်တစ်အုပ်သယ်လာပါတယ်။ စာအုပ်ကြီးက အကြီးကြီးပဲ အလေးချိန်က ၄ ပိဿာလောက်ရှိတယ် ကိုင်ဖတ်လို့တော့ မဖြစ်နိုင်ပါဘူး အဲဒါကြောင့် တကယ်ကိုပဲ လေးလေးပင်ပင်ရှိတဲ့စာအုပ်ပါ။ အရွယ်အစားက အလျားတစ်ပေ အနံဆယ်လက်မ အမြင့်ကသုံးလက်မလောက် ရှိတယ်ဆိုတော တကယ့်ကိုပဲကြီးကြီးမားမားစာလို့ ပြောလို့ရပါတယ်။ စာအုပ်နာမည်က Illustrated Dhammapada ရေးတဲ့ဆရာတော်ကြီးက Ven. Weragoda Sarada Maha Thero လို့ခေါ်တဲ့ သီရိလင်္ကာကဘုန်းတော်ကြီးပါ ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် အထူးကြိုးစားတဲ့ ဆရာတော်ကြီးတစ်ပါးပါပဲ။ စာအုပ်ကို Singapore Buddhist Meditation Centre ကနေ ၁၉၉၃ ပုံနှိပ်ခဲ့ပါတယ် စာအုပ်ရေ ၁၀၀၀၀ ပဲပုံနှိပ်ခဲ့တာပါ

အခုအချိန်မှာတော့လိုချင်ရင် E-Book ပဲရနိုင်ပါတော့တယ်။ ဓမ္မပဒဖြစ်လို့ အင်္ဂလိပ်လိုပဲဖြစ်ဖြစ် ဗမာလိုပဲဖြစ်ဖြစ်သိပ်ကွာခြားမှုမရှိပါဘူး စာအုပ်ကိုဖွင့်ကြည့်တော့ အရင်ဆုံး သဘောကျမိတာက သရုပ်ဖော်ပုံတွေပါပဲ။

သရုပ်ဖော်ပုံတွေကို ကုလားလေးတွေနဲ့ ဆွဲထားပါတယ် သဘာဝကျတယ်ပြောရမယ် ဗမာပြည်ကစာအုပ်ဆို ဗမာပုံတွေနဲ့ဆွဲဦးမှာပါ စင်္ကာပူမှာရိုက်ပေမယ့် တရုတ်ပုံနဲ့ထည့်မဆွဲတာ ကျေးဇူးတင်ရမယ်ထင်ပါတယ်။

သင်္ကြန်ဆိုတာ နိုင်ငံခြားဖြစ်လားဟင်
ကိုယ်ကလည်း အမြင်မတော်တာတွေ့ရင် မနေနိုင်တာနဲ့ လျောက်လျောက်ပြောမိတော့ လူတွေကလည်း အမြင်ကပ်ကြပါတယ်။ စောစောကပဲ ဘလော့တစ်ခုမှာ ရေးထားတာတွေ့လို့ ကြည့်မိပါတယ်ဗျာ ဘာအကြောင်းရေးထားတာလဲဆိုတော့ သင်္ကြန်အကြောင်းရေးထားတယ်။ ဘာပါလဲဆိုတော့ “ဗုဒ္ဓဘာသာထုံးတမ်းစဥ်လာ ယုံကြည်ချက်အရ သင်္ကြန်ချိန်ခါမှာ နတ်တို့ရဲ့ဘုရင် သိကြားမင်းက လူယောင်ဖန်ဆင်းပြီး လူ့ပြည်ကို ရောက်လာပါတယ်” လို့ရေးထားတယ်ဗျာ။ သိကြားမင်း သူ့ဘာသာသူ ရေပက်ခံထွက်တာတော့ ဟုတ်မဟုတ်မသိဘူးဗျာ ဗုဒ္ဓဘာသာ ထုံးစံကတော့ လုံးဝမဟုတ်ဘူးဗျာ။ သင်္ကြန်အကြောင်း ကိုအကျဥ်းချုပ်ပြောရရင်တော့ တစ်ကယ်တမ်းက သိကြားမင်းနဲ့ ဗြဟ္မာမင်းတို့ ဖဲရိုက်တဲ့ကိစ္စကနေ စတာပဲဗျ။ အဲလေ အလောင်းအစား လုပ်တာကနေစတာပဲ။ လောင်းတာကလဲ ခေါင်းဖြတ်ကြေးဆိုပြီး မိုက်မိုက်ကမ်းကမ်းပေါ့ဗျာ။ ဘာအကြောင်းလောင်းတယ်တို့ ဘာတို့ကတော့ ရှည်မှာစိုးလို့မပြောတော့ပါဘူး။ ဒီလိုမျိုးဆတ်ဆော့ရာကနေ ဗြဟ္မာမင်းလည်း ရှုံးတာပေါ့ သိကြားမင်းကလည်း သူ့ခေါင်းဘာလုပ်စားလို့ရမှာလဲ ဒီတော့ မဖြတ်ပါနဲ့ဘော်တာရယ် ဆိုတော့လည်း မရဘူး။ ဗြဟ္မာကြီးကသူ့ခေါင်းသူဖြတ်ပါတယ်။ အဲ့ဒီမှာ ဗြဟ္မာကြီးဦးခေါင်းပြဿနာက စတော့တာပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒီ့ဗြဟ္မာကြီးကတန်ခိုး အင်မတန်ကြီးဆိုပဲ ဒီတော့ အဲ့ဒီ့ခေါင်းပြတ်ကြီးကို မြေပေါ်မှာထားရင်လည်း အပင်တွေလူတွေ ပူလွန်းလို့သေမယ် ဘာမှစိုက်လို့ပျိုးလို့မရဘူး မိုးပေါ်ထားပြန်ရင်လည်း မိုးခေါင်မယ် သမုဒ္ဒရာထဲချလိုက်ပြန်လည်း သမုဒ္ဒရာရေခန်းမယ် ဆိုပဲ။ ဒီခေတ်ဆိုရင်တော့ လောင်စာမကုန်ပဲ ရေနွေးငွေ့အင်ဂျင်လုပ်လို့ရတယ်ဆိုပြီး ပျော်နေမှာပေါ့။ သူတို့ခေတ်က ဒါမျိုးမှမလုပ်တတ်သေးတော့ ပြဿနာတက်နေတာပေါ့။ သိကြားမင်းကလည်း ဒါကြီးကို အမြဲဘယ်ကိုင်ထားနိုင်မလဲ ဒါနဲ့ တန်ခိုးကြီးတဲ့ နတ်တွေ တစ်ယောက်ပြီး တစ်ယောက်ခေါ်ပြီး ကိုင်ခိုင်းတာပေါ့ ဘယ်သူမှမကိုင်နိုင်ဘူး နောက်ဆုံးတော့သူလည်း ကြံရာမရဖြစ်ပြီးတော့ တစ်ခိုးကြီးတယ်လို့ နာမည်ကြီးတဲ့ နတ်သမီးတွေကိုခေါ် သူ့ရဲ့စလွယ်ကိုအရင်ပေးပြီးတော့ ကိုင်ခိုင်းတော့မှ နတ်သမီးတွေလည်း ကိုင်နိုင်ပါတယ်။ ဒီခေတ်လိုဆိုရင်တော့ ရှေ့နေနဲ့ စပယ်ရှယ်ပါဝါလွဲပြီး ကိုင်ခိုင်းထားတာပေါ့။ ခေါင်းကိစ္စပြီးတော့မှ ကျန်နေတဲ့ ဘော်ဒီကြီးကိုလည်း ရှင်းရသေးတယ် ဖြစ်ချင်တော့ သေခါနီးဆင်တစ်ကောင်တွေ့တာနဲ့ ခေါင်းဖြတ်ပြီးတော့ ဗြဟ္မာကြီးရဲ့ဘော်ဒီမှာ တပ်ပေးလိုက်ရာကနေ ဗြဟ္မာကြီးလည်း နှစ်ပိုင်းတစ်ပိုင်း ဖြစ်သွားတော့တယ် မှားလို့မှားလို့ နောင်လာနောက်သားတွေက အဲ့ဒါကြီးကို မဟာပိန္နဲလို့ခေါ်ကြတယ်တဲ့။ နောက်ပြဿနာက ခေါင်းကိုင်ထားတဲ့နတ်သမီးကလည်း သိကြားမင်းကိုလာရန်တွေ့ပါတယ် ကွန်မက ဒါကြီးကို တစ်သက်လုံးတော့ မကိုင်ထားနိုင်ဘူးတဲ့။ ဒါလည်းဟုတ်တာပဲ ဒီတော့သိကြားမင်းလည်း နတ်သမီးတွေကို လက်ရွေးစဥ်လုပ်ပြီးတော့ တစ်နှစ်တစ်ယောက်ဆိုပြီးတော့ ဂျူတီချပါတယ် အဲ့ဂျူတီချိန်းတဲ့အချိန်ဟာ သင်္ကြန်ကျတဲ့အချိန်ပဲ။ ဂျူတီချိန်းတဲ့အချိန်မှာ ပူလို့ဆိုပြီးတော့ လူတွေရေပက်ကြတယ် လို့တော့ကြားဖူးခဲ့တာပဲ။ ဒီတော့ ဘယ်မလဲဗုဒ္ဓဘာသာ ဆိုင်တဲ့နေရာကိုမပါဘူး။ အသေးစိတ်ပြောရရင် ပုံပြင်အစမှာ ဗြဟ္မာကြီးလေးဦး ကလေးကုလားနဲ့ မြေကြီးစားတာတွေရောပါတယ်ဗျာ စုံနေတာပဲ။ ဒီတော့ဗျာ စဥ်းစားကြည့်ရင် အားလုံး ဟိန္ဒူအယူအဆတွေပဲ ဒါပေမယ့် ဟိန္ဒူတွေသွားမေးတော့လည်း ပုံပြင်ကခွတ်စွတ်မတူပြန်ဘူး သူတို့ဟာကပိုရှုပ်တယ်။ မတူတာကတော့ မထူးဆန်းပါဘူး ဗမာနည်းဗမာဟန်နဲ့ အကုန်ပြင်လိုက်တယ် မွေးစားသင့်တာမွေးစား လုပ်လိုက်တော့ ဘယ်သူနဲ့မှမတူတဲ့ကိုယ်ပိုင် ပစ္စည်းဖြစ်သွားရောပဲလေဗျ

အများပြောတဲ့ဘာသာရေးနဲ့ကျွန်တော်
တစ်ခါတစ်လေတော့ ကိုယ့်ဘာသာကိုယ် ပြန်မေးမိသေးတယ်။ ငါဘယ်ဘာသာကို ကိုးကွယ်သလဲလို့။ ငယ်ငယ်ကတည်းက ယုံကြည်လာတာကတော့ ထေရဝါရ ဗုဒ္ဓဘာသာပေါ့ဗျာ။ ဒါပေမယ့် ကြာလာလေ သူများပြောတဲ့ ဗုဒ္ဓဘာသာနဲ့ ငါသိတဲ့ ဗုဒ္ဓဘာသာ လုံးဝကိုမတူသလိုပဲ။ တစ်ရေခြားမြေခြားကိုရောက်လာမှ ပိုပြီးတော့ကို ကွဲပြားသွားသလိုပဲ။ အတူတူနေတဲ့လူတွေက တစ်နေ့အနည်းဆုံးတစ်ခါတော့ မနက်ပိုင်းမှာ ဦးတော်လုပ်တယ် ဘုရားဆွယ်တော်ကပ်တယ်၊ ရေတော်ကပ်တယ် ငါရောက်လာတာ အချိန်လည်း တော်တော်ကြာပါပြီ သူတို့လိုတော့ ငါဘုရားဆွမ်းတော် မကပ်မိဘူး ရေတော်လည်း မကပ်ဖြစ်ပါဘူး ဆီမီးလည်း မပူဇော်မိပါဘူး။ ဒီတော့ ငါကသူတို့ကြားမှာ ဘာသာမဲ့လိုပဲဖြစ်နေတယ်။ သူတို့ကတော်တော်လုပ်နိုင်ကြတယ် မနက်တိုင်း ပရိတ်ကြီး ဆယုံတစ်သုတ်ကို အော်ကြီးဟစ်ကျယ်လည်း အလွတ်ရွတ်တတ်တယ်။ တစ်ခါတစ်လေ ငါကြားတယ် သက်စေ့ရွတ်တာတဲ့။ ဒီတော့ ငါတော်တော်အားငယ်မိတယ် ဘာလို့လဲဆိုတော့ ငါပရိတ်ကြီးဆယုံတစ်သုတ်မပြောနဲ့ သြကာသတောင်ဖြောင့်အောင်မရဘူး။ တစ်ခါတစ်ခါ သူတို့ ပုတီးလည်းစိတ်ကြတယ် သမထပေါ့ဗျာ တစ်ချို့ဆိုရင် မအားတဲ့ကြားကနေ တစ်ရက်တစ်ရက် ပုတီးအပါတ်ရေ နှစ်ဆယ် အစိတ် ရတယ်ဗျာ။ ငါများ ပုတီးစိတ်ဖို့မပြောနဲ့ စိတ်စရာပုတီးတောင်မရှိဘူး။ ဒီတော့လည်း ငါမလုပ်နိုင်တာတွေလုပ်နိုင်တဲ့ သူငယ်ချင်းတွေကို ငါတော်တော်လေး အားရမိတယ်။ သူတို့စကားလုံးကို ငှားပြောရရင် ဘာသာရေး အတော်လုပ်တယ်ပေါ့ဗျာ။ တစ်လောကမှ တစ်ခုသတိထားမိတာက အရင် တစ်နေ့ကို ပုတီးအပါတ် နှစ်ဆယ်အစိတ် လောက်ရအောင်စိတ်တဲ့လူလည်း စိတ်တာမမြင်မိဘူး။ ပရိတ်ကြီးဆယ်တစ်သုတ်ကို သက်စေ့ရွတ်တဲ့လူလည်း ရွတ်သံမကြားဘူး။ ဒါနဲ့မေးကြည့်မိတယ်။ ဘာပြန်ပြောသလဲဆိုတော့ ငါတို့ယတြာချေခိုင်းလို့ အဓိဌာန်ဝင်တာ အောင်သွားပြီတဲ့ ဒီတော့ဆက်ရွတ်စရာ မလိုတော့ဘူးတဲ့။ ဒီတော့မှငါသဘောပေါက်တယ် သူတို့က ဘုရားစင်ရှေ့မှာ သွားပြီးတော့ ဘုရားစာငါရတယ်ဆိုပြီးတော့ တိုင်တည်ပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို လိုချင်တာတွေ ကပ်ပြီးတော့ ပူဆာနေတာကိုး။ ဒီတော့မှပဲငါတော်တော် စိတ်ချမ်းသာသွားတယ် ဘာလို့လဲဆိုတော့ ငါဘုရားကို ဘာမှ နားပူနားဆာသွားပြီးတော့ နားညည်းအောင်မလုပ်ဘူးလေ။

ဘာသာရေးမုသားများ
ဘာသာရေးကိုလည်း လေ့လာစရာတစ်ခုအနေနဲ့လည်း သဘောထားပါတယ် ဘာလို့လဲဆိုတော့ လေ့လာနေတာတွေက ဘာသာတစ်ခုထက် ပိုနေတာမျိုးလည်းရှိတယ် ကိုယ့်ဘာသာကိုယ် ကောက်ချက်ချက် ချထားတာတွေလည်းရှိတယ်။ လေ့လာစရာတစ်ခုအနေနဲ့ ဘာသာရေးသမိုင်းကိုလည်း ကရုတစ်စိုက်လေ့လာဖြစ်ပါတယ်။ ကိုယ့်ဘာသာအကြောင်းကတော့ အဓိကလေ့လာပါတယ်။ အကျင့်တစ်ခုက ဆန့်ကျင်ဘက်မှတ်တမ်းတွေကို ယှဥ်ကြည့်တတ်ပါတယ်။ အစကတော့ ဗုဒ္ဓဘာသာကို တစ်ခြားဘာသာတွေနဲ့ ယှဥ်ကြည့်လေ့ရှိပါတယ် ဒါပေမယ့် နောက်ပိုင်းမှ ဆန့်ကျင်ဘက်တွေကို ယှဥ်ကြည့်လို့မရမှန်း သဘောပေါက်လာပါတယ်။ ဒီတော့လိုင်းတူတာတွေကို ယှဥ်ကြည့်ပါတယ် ထေရဝါရ၊ မဟာယာန၊ ဇင် ဒါတွေကိုယှဥ်ကြည့်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ ထေရဝါရကို ဘုရားဟောအတိုင်း အတိအကျလို့ပြောပေမယ့် အချိန်ကာလပြောင်းလဲမှု့ကြောင့် လက်ရှိစာတွေကို သိပ်စိတ်မချပါဘူး ပြီးတော့ မဟာယာနဖြစ်တဲ့အတွက် အကုန်မှားတယ်လို့ တစ်ယူသန်မဟုတ်ပါဘူး။ တူတာတွေရှာတယ် နှစ်ဘက်စလုံးကနေ ဘုရားဟောဖြစ်နိုင်တဲ့ အကြောင်းတွေကို သီးသန့်လေ့လာပါတယ်။ ကိုယ်ပြင်လို့ရတဲ့အရာတွေမဟုတ်တော့ ကိုယ့်စိတ်ထဲမှာပဲထားပါတယ် ဘယ်သူမှတော့ ထုတ်မပြောဖြစ်ပါဘူး။ အခုနောက်ပိုင်းကျတော့ ပြဿနာကို မီးထွန်းရှာပြန်ပါတယ် ဘာလုပ်သလဲဆိုတော့ ဗမာပြည်မှာ မတရားဝါဒအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဗုဒ္ဓဘာသာအဖွဲအစည်းတွေရှိပါတယ် ဒါတွေကိုပြန်ရှာပါတယ် ဘာတွေကြောင့်လည်း ပြန်ကြည့်ပါတယ်။ ဗုဒ္ဓဘာသာတွေက ဘာသာရေးအတွက်ဆိုရင် ပေါ်တင်လည်းလိမ်တတ်တယ် ဒါ့ကြောင့် ဘယ်သူ့ရေးတဲ့စာကိုမှ ကိုယ်အသိဥာဏ်နဲ့ မဆုံးဖြစ်ရင်ယုံလို့မရပါဘူး။ အသေးအဖွဲဆိုပေမယ့် လုံးဝမဟုတ်တာတွေကို မျက်စေ့မှိတ်ယုံနေတဲ့ အကြောင်းတွေကို ဥပမာပြောမယ်ဆိုရင် ဗမာပြည်မှာရှိတဲ့ တောင်ထိပ်တွေမှာ ဗျာဋ္ဌိပေးကိုယ်တော်ကြီးတွေ တည်ထားတတ်ကြတယ် ပြီးတော့နေရာတိုင်းမှာပြောတဲ့ တူနေတဲ့စကားက ဘုရားရှင်လက်ထက်က ဒီနေရာကိုကွလာပြီးတော့ ဗျာဋ္ဌိတော်ပေးဆိုတာကို အမြဲပြောတတ်တယ်။ ကလေးဥာဏ်နဲ့စဥ်းစားရင်တောင် ဗမာပြည်နဲ့ ဘုရားပွင့်တဲ့ အိန္ဒိယ အဝေးကြီးပဲ ပြီးတော့ ဘုရားဆိုတာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထက် အဆတစ်ရာမက အလုပ်များပါတယ် ဗမာပြည်အနှံ့ တောင်ထိပ်ပေါင်းစုံတော့ ဘုရားအလည်မလာအားဘူး။ ဘယုံနှယုံဗျာ နည်းတဲ့ခရီးမှမဟုတ်တာပဲ။ နောက်တစ်ခုက ရှေစက်တော် စက်တော်ရာအရှာထွက်မယ်ဆိုပြီးတော့ မင်းဘူးဘက်ထွက်သွားရနေ တွေ့ပြီးတော့ ရှေစက်တော်ဇာတ်လမ်းကစတာပဲ ဟုတ်မဟုတ်တို့ တောကြီးမျက်မည်းထဲမှာ ဘယ်လိုများ ရှာတွေ့သလဲဆိုတာတော့ တွေ့တဲ့ဘုန်းကြီးကို ပြန်မေးမှပဲ အသေအချာသိမှာပဲ။ လက်ရှိအမြင်နဲ့ပြောရရင်တော့ ဘုရားရခိုင်ပြည်ကို ရောက်တယ်မရောက်ဘူးဆိုတာကို ကျွန်တော်အခုအချိန်အထိ မသေချာသေးဘူး။ အခုထက်ထိ လေ့လာမိသလောက်ကတော့ ရခိုင်ကိုတောင်မရောက်သလိုပဲ။ သေချာတာကတော့ ရခိုင်ရောက်ခဲ့တယ်ဆိုရင်တောင် တစ်ပါးတည်းတော့ ရှေစက်တော်ကို ထွက်မလာလောက်ပါဘူး။ ပြီးတော့ ခြေတော်ရာကလည်း စာအုပ်ထဲဖတ်ရတာနဲ့ တစ်အားတူနေသလိုပဲ ဘာလို့လဲဆိုတော့ အကြီးကြီးပဲ။ ဘုရားလက်ထက်က အဆောက်အဦးတွေ အိန္ဒိယမှာ လက်ကျန်တွေရှိပါသေးတယ် တံခါးပေါက် အမြင့်တွေက အခုခေတ်နဲ့ သိပ်မကွာပါဘူး ဒီတော့ ဘုရားလည်း သူများထက် အလုံးအထည်ကြီးတောင် နည်းနည်းပေါ့။ ဒါမျိုးတွေကို ဗမာပြည်က ဗုဒ္ဓဘာသာဆိုတာတွေက ဆန်းစစ်တာ တစ်ခါမှ မတွေ့ဖူးဘူး။ ကိုယ်လည်း အယူဝါဒါအားဖြင့် ဗုဒ္ဓဘာသာစစ်စစ်ပါ လုံးဝကိုခိုင်မာပါတယ်။ ဒါကြောင့်လည်း လူအမုန်းခံပြီးတော့ ဘုရားဟောတာကဘာလဲ သီရိလင်္ကာက ကုလားတွေ ကိုယ်ဆီက ဘုရားကို ဗမာဖြစ်အောင် မွေးစားချင်နေတဲ့လူတွေကြောင့် ပိုနေတဲ့ဟာတွေကိုရှာကြည့်နေတာပါ။