Calm Hill » ဟာသ

မူတူးနဲ့ ဆာမိ
တစ်ခါက မြို့တစ်မြို့မှာ မူတူးနဲ့ဆာမိဆိုတဲ့ ကုလားသူငယ်ချင်း နှစ်ယောက်ရှိတယ် အင်မတန်ချစ်ကြတဲ့ သူငယ်ချင်းတွေဆိုတော့ တစ်ယောက်က တစ်ခုခုလုပ်ရင် နောက်တစ်ယောက်ကလည်း လိုက်လုပ်တာလည်း ထုံးစံလိုဖြစ်နေတယ် တစ်ယောက်က စက်ဘီးဝယ်တော့ နောက်တစ်ယောက်လည်း စက်ဘီးလိုက်ဝယ် တစ်ယောက် အိမ်ပြောင်းရင် နောက်တစ်ယောက်လည်း လိုက်ပြောင်းနဲ့ အကုန်လိုက်လုပ်တတ်တယ်။ တစ်ရက်တော့ ဆာမိက ဘယ်သူစည်းရုံးလိုက်တယ်မသိဘူး ဗုဒ္ဓဘာသာကိုပြောင်းလိုက်တယ် ဘာသာပြောင်းတော့ အိမ်မှာဘုန်းကြီးဆွမ်းကျွေးလုပ်တော့ သူငယ်ချင်း မူတူးကိုလည်းဖိတ်ပါတယ်။

သူငယ်ချင်း မင်းကတော့ ဘာသာကမတူဘူးပေါ့ ဒါပေမယ့် ထမင်းနဲ့မုန့်တော့လာစားပါကွာလို့ ဖိတ်ထားတော့ မူတူးလည်းလာပါတယ်။ သူကလည်း ဗုဒ္ဓဘာသာဆိုတာ ဘယ်လိုလည်းမသိဘူးပေါ့ဆိုပြီး သွားကြည့်ဦးမယ်ဆိုပြီး ဘုန်းကြီးတရားဟောကတည်းက အစောကြီးရောက်နေပြီး ဘေးကနေကြည့်တယ်။ တရားဟောတဲ့ ကိုယ်တော်ကလည်း အာပေါင်အာရင်းသန်သန်နဲ့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ …. ရှေ့ကနေတရားကို လိုက်ဆိုခိုင်းတယ် ခဏနေတော့ တရားနာတဲ့လူအုပ်ကြီးက သာဓု သာဓု ဆိုပြီး အသံကျယ်ကြီးနဲ့ အော်ကြတော့ သာဓုဆိုတာ ဘာတုံးသွားမေးတော့ ကောင်းတယ် ကောင်းတယ်လို့ ဆိုလိုတယ်ဆိုတော့ မူတူးလည်းသဘောကျသွားတယ်။

မူတူးလည်းစဉ်းစားတယ် ဆာမိကိုတော့ ဒီတစ်ခါတော့ရှုံးလို့မဖြစ်ဘူး ငါလည်းဘာသာပြောင်းမယ်ဆိုပြီး တရားဟောကိုယ်တော်ကို သွားလျှောက်တယ် သူလည်းဆွမ်းကျွေးလုပ်ပြီး ဘာသာပြောင်းချင်လို့ နောက်နေ့သူ့အိမ်ကို ဆွမ်းစားကြွပါဆိုပြီးပင့်တယ် တစ်ခါတည်း တရားနာပရိတ်သတ်ကိုလည်း နောက်နေ့သူ့အိမ်ကိုလည်း တရားနာရင်း ဆွမ်းကျွေးဖိတ်ပါတယ်ဆိုပြီး တစ်ခါတည်းဖိတ်ခဲ့တယ်။

မူတူးအိမ်မှာဆွမ်းကျွေးစတော့ ဘုန်းကြီးကလည်း ဒါယိကာကြီး ဘုန်းကြီးတိုင်ပေးသလို လိုက်ဆိုဆိုပြီးတိုင်ပေးတယ် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” အဲဒီ့မှာမူတူးလည်း နည်းနည်းအံ့ဩသွားတယ် ဒါနဲ့ဘုန်းကြီးကို အရှင်ဘုရားလွဲနေပါတယ် တပည့်တော်က မူတူးပါ ဆာမိမဟုတ်ပါဘူး ပြန်လျောက်ရတယ်။ ဘုန်းကြီးကလည်း အေး.. ဒါယိကာကြီး ဘုန်းကြီးသိပါတယ် လိုက်သာဆိုပါ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ လို့ထပ်တိုင်ပေးတယ်။ မူတူးကလည်း မဟုတ်သေးဘူးဘုရား တပည့်တောက် မူတူးပါလို့ ထပ်လျောက်ြပန်တယ်။ ဒီတော့မှ တရားဟောကိုယ်တော်လည်း သဘောပေါက်သွားပြီး စဉ်းစားတယ် အင်း… ငါတော့ တရားစာကို ပြင်မပေးရင် ဆွမ်းကျွေးပျက်ဖွယ်ရှိတယ် ဆိုပြီးတော့

ကဲကဲ ဒါယိကာကြီးမူတူး လိုက်ဆိုလိုက်ဆို ဗုဒ္ဓံ သရဏံ ဂစ်မူတူး ဓမ္မံ သရဏံ ဂစ်မူတူး သံဃံ သရဏံ ဂစ်မူတူး

အဖေ​ပြောတဲ့ အီကြာကွေး
သားအဖနှစ်ယောက် လက်ဘက်ရည်ဆိုင် တစ်ဆိုင်ရောက်လို့ အီကြာကွေးစားကြရင် အမြဲပြောလေ့ရှိတာက ဒါကအီကြာကွေးအစစ် ဒါကအီကြာကွေးအတုလို့ ပြောရင်းစားတတ်တယ်။ ဧည့်သည်ပါလာရင် ဘာပြောတာလဲလို့ ခဏခဏရှင်းပြရတယ်။ အဖေကကြံကြံဖန်ဖန် ပုံပြင်တစ်ခုပြောပြဖူးတယ် အီကြာကွေးဖြစ်လာတဲ့ ပုံပြင်ပေါ့လေ။ တစ်ခါက တရုတ်ပြည်မှာ အီကြာကွေးဆိုတဲ့ လူကြီးတစ်ယောက်ရှိတယ်တဲ့ ဖြစ်ချင်တော့သူကလည်း အင်မတန်ဆိုးတဲ့ လူဆိုးကြီးဆိုပဲ ဂန္တဝင်လူဆိုးကြီးဆိုရမယ် ငတက်ပြားကိုဖမ်းသလို ဘုရင်ကိုယ်တိုင်ဆင်းဖမ်းမှ မိတော့တယ်​ပြောတယ်။ ဘုရင်ကလည်း လူဆိုးကြီးဖမ်းမိတော့ နောက်လူတွေ မဆိုးရဲအောင်ဆိုပြီး စံပြဖြစ်အောင်ဒဏ်ပေးမယ်ဆိုပြီး တခြားရာဇဝတ်သားတွေ သတ်သလိုမျိုး ခေါင်းဖြတ်မသတ်ပဲ ပေါင်နှစ်ချောင်းကို မြင်းနဲ့ဆွဲပြီးပေါင်ဖြဲသတ်လိုက်တယ်။ နောင်လာနောက်သားတွေ အီကြာကွေးလို မဆိုးရဲအောင် အမှတ်ရနေအောင်ဆိုပြီး ဂျုံကိုရှည်ရှည်လေး နှစ်ခေါက်ခေါက် ဆီနဲ့ကြော်တဲ့မုန့် တစ်မျိုးကိုလုပ်စေတယ် မုန့်ကစားချင်ရင်ကပ်ထားတဲ့ နှစ်ချောင်းကိုဆွဲခွာစားရတော့ အီကြာကွေးကို ပေါင်ဖြဲသတ်တာ အမှတ်ရစေတယ်ဆိုပဲ။ တစ်ချို့အီကြာကွေးဆိုင်တွေက ဂျုံကိုနှစ်ခေါက်မခေါက်ပဲ အလည်ကနေဖြတ်ပြီးတော့ နှစ်ခုထပ်ကြော်တယ် အဲဒီတော့ ပေါင်ကဆွဲဖြဲလို့မရတော့ ကျွန်တော်တို့သားအဖက အီကြာကွေးအတုလို့ခေါ်လိုက်တာပဲ။ အခုထိတော့ စင်ကာပူမှာ အီကြာကွေးက အစစ်ကိုမမြင်မိသေးဘူး အကုန်အတုဖြစ်နေတယ်။

သင်္ချာတော်တဲ့ကလေး
တစ်ခါက မူလတန်းကျောင်း တစ်ကျောင်းမှာ ကလေးတွေကို သင်္ချာစိတ်တွက်ပြိုင်ပွဲ လုပ်ကြတာပေါ့။ ပြိုင်ပွဲလုပ်ပုံကရှင်းရှင်းလင်းလင်းပါ အရှေ့ကဆရာမက ဂဏန်းသုံးလေးလုံးကို ရွတ်ပြလိုက်ရင် ကျောင်းသားကအဲဒါကို စိတ်နဲ့ပေါင်းပြီးပြန်ဖြေရတာပေါ့။ ကလေးတွေက ငယ်သေးတော့ ဂဏန်းသုံးလုံးနဲ့အထက်မှာ အတော်နဲ့မပေါင်းနိုင်ပဲ အတော်ကြာမှသာဖြေနိုင်ကြတယ်။ အဲဒီ့မှာ စိတ်တွက် တော်တဲ့ကလေးတစ်ယောက်တော့ တွေ့ရပါတယ်။

ဆရာမ။ ။ ၃ နဲ့ ၄ ပေါင်းရင် ဘယ်လောက်ရပါသလဲ။

ကျောင်းသား။ ။ ၇ ပါခင်ဗျ။

ဆရာမ။ ။ ၅ ရယ် ၄ ရယ် ၆ ရယ် ပေါင်းရင်ရောကွယ်။

ကျောင်းသား။ ။ ၁၅ ပါခင်ဗျ။

ဆရာမ။ ။ ၆ ရယ် ၇ ရယ် ၈ ရယ် ၉ ရယ်ဆိုရင်ရောကွယ်။

ကျောင်းသား။ ။ ၃ဝ ပါခင်ဗျ။

ဆရာမ။ ။ နောက်ဆုံး မေးခွန်းမေးမယ် သားရယ် ၁ ရယ် ၂ ရယ် ၃ ရယ်ဆိုရင် ဘယ်လောက်ရသလဲကွယ်။

ကျောင်းသား။ ။ ၂၀ ပါခင်ဗျ။

ဆရာမ။ ။ သြော်… သင်းကဒါ့ကြောင့်ကိုး။

ဆရာကြီးဘာလုပ်သလဲ
တစ်ခါကနာမည်ကျော် ပန်းပဲဆရာကြီးတစ်ယောက်ရှိသတဲ့။ တစ်နေ့တော့ နာမည်ကြီးလွန်းလို့ဆိုပြီး အခုခေတ်စကားနဲ့ဆိုရင်တော့ အင်တာဗျူးတာပေါ့။ ပထမတော့ ဆရာကြီးအကြောင်းတွေမေး နောက်တော့ ပန်းပဲအလုပ်အကြောင်းတွေမေးပေါ့။ နောက်ဆုံးပြန်ခါနီးမှာ အဆုံးသတ်အနေနဲ့ အခုလုပ်နေတဲ့ ပန်းပဲအလုပ်ထဲမှာ ဆရာကြီးဘယ်အဆင့်မှာ ပါဝင်လုပ်ဆောင်ပါသလဲလို့ မေးတဲ့အခါမှာတော့။

မေး။ ။ ဆရာကြီးအခု အလုပ်ထဲမှာ သံရွေးတဲ့နေရာတွေ မှာဆရာကြီးပါဝင်သလား။
ဖြေ။ ။ အဲဒါတွေလောက်တော့ တပည့်တွေခိုင်းရတာပေါ့ဗျာ။

မေး။ ။ ဒါဆိုရင်သံစပ်တဲ့နေရာမှာ ဆရာကြီးကိုယ်တိုင်ဝင်လုပ်တာပေါ့နော်။
ဖြေ။ ။ ဒါတွေလည်း ကျုပ်ပါစရာမလိုပါဘူး တပည့်တွေရှိနေတာပဲဟာ။

မေး။ ။ ဒါဆိုရင် တူထုတဲ့နေရာမှာ ဆရာကြီးကိုယ်တိုင်လုပ်ပါသလား။
ဖြေ။ ။ အောင်မယ်လေးမောင်ရယ် ကျုပ်အသက်ကြီးပါပြီ ဒီလောက်တော့ ကျုပ်ပါစရာမလိုပါဘူး တပည့်တွေခိုင်းပေါ့။

မေး။ ။ ဒါဆိုရင်အချောသတ်တော့ ဆရာကြီးလုပ်ပါသလား။
ဖြေ။ ။ ငါ့မှာ တပည့်အရင်းတွေရှိပါတယ် အဲဒါတွေကို သူတို့လုပ်တယ်လေ။

မေး။ ။ ဒါဆိုရင် နောက်ဆုံးဆေးသားတင်တော့ ဆရာကြီးကိုယ်တိုင်တင်တာပေါ့နော်။
ဖြေ။ ။ အမွေခံမည့် တပည့်တစ်ယောက်ရှိတယ် အဲဒါသူအတွေ့အကြုံရအောင် ခိုင်းလိုက်တာပေါ့။

မေး။ ။ ဒါဆိုရင်ဆရာကြီးက အလုပ်ထဲမှာ ဘယ်နေရာမှာအဓိကပါဝင်ပါသလဲ။
ဖြေ။ ။ အကုန်လုံးက တပည့်တွေခိုင်းဖြစ်တာပဲ ကျုပ်ကတော့ ဖိုဆွဲတာပေါ့ဗျာ။

လူကြီးဆိုတာ တစ်ခါက လူငယ်ပါပဲ
တစ်ခါက ရွာတစ်ရွာမှာ မုဆိုးမ သားအမိနှစ်ယောက် ရှိကြသတဲ့။ ကြုံရာအလုပ် လုပ်ကိုင်စားကြပြီး ဆင်းဆင်းရဲရဲ နေကြရတာပေါ့။ ကံကောင်းသလား ကံဆိုးသလားတော့မသိဘူး မြို့က မုဆိုးဖို သူဌေးကြီးတစ်ယောက်က သမီးဖြစ်တဲ့ လူကိုမျက်စေ့ကျပြီး အိမ်လာလာနေပါရောတဲ့။ မုဆိုးဖိုကြီးကလည်း မုဆိုးဖို ဆိုတာကလွဲရင် ဘာမှတော့ အထွေထွေထူးထူး ပြောစရာတော့ မရှိဘူးတဲ့။ ဒီတော့ မအေဖြစ်သူကလည်း သဘောတွေတူနေတာပေါ့။ ဒါပေမယ့် သမီးဖြစ်သူကတော့ ဒီမုဆိုးဖိုကြီး ဘယ်ကြိုက်ပါ့မလဲ။ ကြာတော့ အမေဖြစ်သူက သမီးဖြစ်သူကို အပြတ်ပြောရတယ်။

အမေ။ ။ ညည်း ဒီတစ်ခါတော့ ငြင်းလို့မရတော့ဘူး ယူကိုယူရမယ်အေ။
သမီး။ ။ အမေကလည်း မုဆိုးဖိုကြီး သမီးက မကြိုက်ပါဘူးဆိုနေ၊ အမေသဘောကျရင် အမေယူပါလား။
အမေ။ ။ ငါ့မကြိုက်လို့ပေါ့အေ့ ကြိုက်ရင်ယူတယ်။ စကားများစမ်းပါနဲ့အေ မုဆိုးဖိုဆိုတာ အရင်ကတော့ လူပျိုပါပဲအေ့။
သမီး။ ။ ဟာ…. မယူနိုင်ပါဘူးဆိုနေ။
အမေ။ ။ စကားများနဲ့ ဒီနေ့ညနေ သူလာပြီး လူကြီးတွေနဲ့ လာတောင်းလိမ့်မယ် ညည်း လူကြီးတွေ ကွေးမွေးဖို့သာ ထမင်းဟင်း ချက်ဖို့ပြင်တော့။

သမီးဖြစ်သူကလည်း အမေဖြစ်သူ့စကားဆိုတော့ နားမထောင်လို့ကလည်းမရ ဒါနဲ့ ထမင်းဟင်း ချက်ရတာပေါ့။ ညနေပိုင်း မုဆိုးဖိုကြီးကလည်း လူကြီးစုံရာနဲ့ အိမ်ရောက်လာပါရော။ ပြောကြဆိုကြပေါ့ သမီးဖြစ်သူကတော့ မျက်နှာမကောင်းဘူးပေါ့။ ပြီးတော့ ထမင်းကွေးဧည့်ခံမယ်ဆိုပြီး မအေဖြစ်သူက သမီးဖြစ်သူကို ပြင်ဆင်ခိုင်းတယ်။

လူကြီးတွေအားလုံး စားကြသောက်ကြတာပေါ့ ဟင်းတွေကလည်း ဖွယ်ဖွယ်ရာရာပါပဲ။ လူကြီးတွေကလည်း ပြောကြတာပေါ့ ဟင်းတွေကလည်း စားလို့ကောင်းလိုက်တာဆိုပြီး။ အဲဒီလိုနေတုန်း သမီးဖြစ်သူက နေဦးမေ့နေတာ ဟင်းတစ်ခွက် ကျန်သေးတယ်ဆိုပြီး ကြောင်အိမ်ထဲကနေ ထုတ်လာတယ်။ စားလိုက်တော့ ဘယ်သူမှ အဲဒီ့ဟင်းကို ဖဲ့လို့လည်းမရ ဝါးလို့လည်းမရ။

လူကြီး။ ။ သမီးရယ် ညည်းဟင်းက ဘာလို့ ဝါးလုံးတွေ ချက်ထားတာလဲ ဝါးလို့မရဘူး။
သမီး။ ။ အဲဒါ မျစ်ပါ အဘရဲ့ ဝါးလုံးမဟုတ်ပါဘူး။
လူကြီး။ ။ ဟုတ်သေးပါဘူးကွယ် ဒါက ဝါးလုံးတွေပါဟ။
သမီး။ ။ အဘရယ် ဝါးလုံးဆိုတာ အရင်ကတော့ မျစ်ပါပဲ။

မအေဖြစ်သူကတော့ မျက်စိမျက်နှာတွေပျက်ပေါ့။ လူကြီးတွေကတော့ သဘောကျပြီး ဝိုင်းပြီးရယ်ကြတာပေါ့။ အဲဒီတင် သမီးဖြစ်သူကို လာပြီးတောင်းတဲ့ လူကြီးလည်း ရှက်ပြီး ပြန်ပြေးပါရောတဲ့။

ပုံတိုပတ်စနှင့် ထင်ရာမြင်ရာ (၂)
တစ်ခါက အင်မတန်ခေါင်တဲ့ နေရာမှရှိတဲ့ ရွာတစ်ရွာမှာ ယာစိုက်စားတဲ့ လင်မယားနှစ်ယောက်ရှိ သတဲ့။ သူတို့ကလည်း မြို့ကို အရောက်အပေါက် နည်းလို့ အိမ်မှာကလည်း အိမ်သုံးပစ္စည်းကလည်း သိပ်မရှိရှာဘူး တစ်ရက် ယောက်ျားဖြစ်သူက ကုန်တွေရောင်းရင်းနဲ့ စျေးရောက်တော့ မှန်တွေရောင်းနေတာ တွေ့တယ်။ သူကလည်းမှန်ကို ဘာလုပ်တဲ့ဟာမှန်းမသိဘူး ကြည့်လိုက်တော့ သူ့ပုံကပေါ်နေတာပေါ့။ သူ့ပုံမှန်းမသိတော့ သူ့အဖေ ငယ်ငယ်ကပုံ ပန်းချီကားပါဆိုပြီး ဝယ်လာတာပေါ့။ အိမ်ရောက်တော့ ထန်းခေါက်ဖာထဲ ထည့်သိမ်းပြီး အားရင် ကွယ်လွန်သွားတဲ့ အဖေဆိုပြီး အလွမ်းပြေ ထုတ်ထုတ်ကြည့်ပြီး ငိုသေးတာ။ မိန်းမဖြစ်သူကလည်း ယောက်ျားဖြစ်သူ ဘာကြည့်ပြီး ငိုငိုနေပါလိမ့်ဆိုပြီး တစ်ရက် ယောက်ျားဖြစ်သူ အပြင်သွားတုံး ဖွင့်ကြည့်လိုက်တော့ သူ့ပုံကိုမှန်ထဲ မြင်ပါရော။ ဒီတော့မှ ယောက်ျားဖြစ်သူက သူ့သေသွားတဲ့ မယားငယ်ပုံကို ခိုးကြည့်နေပါတယ်ဆိုပြီး ပြန်လာတော့ ရန်ဖြစ်ကြတော့တာပဲ။ နောက်ဆုံး မိန်းမဖြစ်သူက ရွာဦးကျောင်းက ဘုန်းကြီးသွားတိုင်တာပေါ့ အရှင်ဘုရားရဲ့ တပည့်ကျော် သူ့မယားငယ်ပုံကို သိမ်းထားတယ်ပေါ့။ ယောက်ျားဖြစ်သူကလည်း အဖေ့ပုံပါဆိုပြီး ငြင်းတာပေါ့။ ဘုန်းကြီးကလည်း ကိုင်းဒါဆိုလည်း ပြစမ်း ငါကြည့်မယ်ဆိုပြီး မှန်ကိုယူကြည့်တယ်။ ဖြစ်ချင်တော့ သူလည်းမှန်ကိုမမြင်ဖူးဘူး မှန်ထဲက သူ့ပုံကိုလည်းမြင်ရော ဟဲ့… နင်တို့တော့ အကုသိုလ်တွေ ဖြစ်တော့မှာပဲ ဘာမယားငယ်မှလည်း မဟုတ်ဘူး ဘာမှ မင်အဖေပုံလည်း မဟုတ်ဘူး။ ဒါငါ့ကျောင်းက ပျံလွန်တော်မူသွားတဲ့ ငါ့ဆရာတော်ကြီးပုံဟဲ့ အိမ်မှာမထားကောင်းဘူး ငါ့ကျောင်းထားခဲ့ သွားပြန်တော့ဆိုပြီး ပြန်လှတ်လိုက်သတဲ့။

ဒါက ကျောင်းကန်အနီးမှ မြန်မာပုံပြင်များထဲက ဟာကိုပြောတာ တောသူတောင်သားတွေ ခေတ်ပေါ်ပစ္စည်းမမြင်ဖူးဘူး လို့ပြောတာပဲ။ ကြားဖူးတာကတော့ တောသားမြို့ရောက်တဲ့ ဟုတ်ဘူးထင်တယ် အခုတော့ မြို့သားတောရောက် မျက်စေ့သူငယ် နားသူငယ်ဖြစ်တာပဲ။ အဖေဖြစ်သူက အညာသားစစ်စစ် လူမြင်လိုက်တာနဲ့ ငြင်းစရာမလိုဘူး။ ဒါပေမယ့် နေမကောင်းလို့ အဘိုးဆီမပြန်ဖြစ်တာ ကြာပြီ အဘိုးကပဲ အိမ်ကိုလာတယ်။ ဒီတော့ ငယ်ငယ်တုံးကပဲ ရောက်ဖူးတယ် အပြင်မထွက်လာခင်က အဘိုးဆီသွားမယ်ဆိုပြီး သွားလည်တယ်ဗျ။ အဘိုးက မ့်ရွာအထွက် အလုံနားလေးက ရွာမှာနေတယ် ရန်ကုန်လည်း ခေါ်ထားမရဘူး မန္တလေးလည်း ခေါ်ထားမရဘူး အဲဒီမှာပဲနေတယ်။ ရောက်တော့ ညနေကျတော့ ရေချိုးမယ်ဆိုတော့ အစ်မဖြစ်သူက ခြံထဲကရေတွင်းကိုသွားမယ် လာဆိုတော့ ကျွန်တော်က ရေငင်စရာ ရေပလုတ် ဘယ်မလဲ ကျွန်တော်သယ်ခဲ့မယ်ဆိုတော့ အစ်မက မလိုဘူးတဲ့ ဟိုမှာဂေါက်ရှိတယ်တဲ့။ ရောက်တော့ ဘယ်ဟုတ်မလဲ ရေစုတ်စက်မောင်းတဲ့ စက်နှိုးတဲ့ ဂေါက်ဖြစ်နေတယ်။ ရေချိုးတာ ဘယ်နှယ် စက်နှိုးစရာမလိုပါဘူးဆိုတော့ မဟုတ်ဘူးတဲ့ ခြံထဲရေသွင်းရမယ့် အတူတူ ဒို့ရေချိုးပြီးမှ ရေသွင်းမယ်တဲ့။ ကိုယ်သိတာက ငယ်ငယ်ကဆို ရေငင်ဖို့ သစ်စေးသုတ်ထားတဲ့ ရေပလုတ်လေးတွေ သယ်သွားရတာ အခုတော့ ကိုယ်တောင် မျက်စေ့လည်သွားတယ်။

ညနေပိုင်းလောက်ကျတော့ အစ်ကိုဝမ်းကွဲ တစ်ယောက်ကို ပြန်လာတာမတွေ့သေးတာနဲ့ မေးကြည့်တော့ ယာထဲက တလင်းမှာ ပဲခွေနေတယ်ဆိုပဲ။ ဒါနဲ့လိုက်သွားဦးမယ်ဆိုတော့ အစ်မဖြစ်သူက ဟဲ့… ဝေးတယ် ဆိုင်ကယ်စီးတတ်ရင် ယူသွားပါလားတဲ့။ ဟမ်… ဆိုင်ကယ်ဆိုတော့ ကြည့်လိုက်တော့ တရုတ်ဆိုင်ကယ်ဗျ။ ဘယ်နှယ် မန္တလေးသားကို ဆိုင်ကယ်စီးတတ်သလားဆိုတော့ သိက္ခာကျတယ် စီးတတ်ပါတယ်ဆိုပြီး စီးထွက်လာလိုက်တာ လယ်ထဲရောက်တော့ ပြဿနာတက်တာပဲ ဆိုင်ကယ်ဖက်မွေးလာတယ် ဆိုပေမယ့် တစ်ပေလောက် လယ်ကန်သင်းပေါ်ကို ကျတော့မစီးရဲပြန်ဘူး။ အစ်မကတ

သွားချင်တိုင်းသွားလို့ရမလား
ရထား တစ်ခါမှ မစီးဖူးတဲ့ ကိုသာအောင် တစ်ယောက် ရထားနဲ့ခရီးသွားမယ်ဆိုပြီး ဘူတာကိုအလာမှာပေါ့ ဖြစ်ချင်တော့ ဘူတာ ဆင်းချိန်ကလည်း နောက်ကျတော့ ရထားကစထွက်နေပြီ ဒီတော့ဘူတာထဲရောက်တော့ လိုက်ပို့တဲ့လူက ပြောတာပေါ့။

“သာအောင် ရထားထွက်နေပြီ မင်းပြေးသာတက်တော့” လို့ပြောတော ကိုသာအောင်က ဘာပြန်ပြန်ပြောသလဲဆိုတော့။
“ဟ… ပူပန်မနေစမ်းပါနဲ့ ရထားက ထွက်ချင်တိုင်း ထွက်လို့ရမလားဟ ရထားလက်မှတ်က ငါ့ထဲမှာ” လို့ပြောသတဲ့။

(ဘယ်သူ ပြောတာ ကြားဖူးတာမှန်း မမှတ်မိတော့ဘူး)

စျေးရောင်းမကောင်းတာလွယ်ပါတယ်
တစ်ရက်ပေါ့ဗျာ လူပျိုကြီး သင်တန်းမှာ တစ်နေကုန်စာသင်ပြီး အိမ်ကိုပြန်ရောက်တော့ အမေကလည်း အပြင်သွားနေတယ်ဗျ။ ဗိုက်ဆာတာနဲ့ ခူးကွေးမယ့်လူ မစောင့်နိုင်တော့ဘူး မီးဖိုထဲမှာ ဘာချက်သလဲ ရှာလိုက်တော့ ဘူးသီးနဲ့ ကြက်သားကို သားပွမ်းဟင်း ချက်ထားတာ တွေ့ပါရောလား။ လူပျိုကြီးက အိမ်မှာတော့ အင်မတန် ပစိပစပ်များသား ကြက်သပွမး်ဆိုရင် အမေချက်မှ ဝက်သားဆိုရင် အဒေါ်ချက်မှဆိုပြီး ရွေးသေးတာ။ အခုတော့ ဆာနေတာနဲ့ ဘယ်သူ့လက်ရာရယ် ခွဲမနေနိုင်တော့ဘူး ဆာဆာနဲ့စားလိုက်တာ ထမင်း နှစ်ပန်းကန်ကုန်တယ်။

စားပြီးသောက်ပြီး ဧည့်ခန်းထဲမှာထိုင်ပြီး စာဖတ်နေတုန်း ညီမဖြစ်သူက လာပြီးတော့ နေ့ခင်းကမြင်ခဲ့ တွေ့ခဲ့တာလေးတွေ လာပြီးပြောတာပေါ့။ အစ်ကိုတူ ညီမပီသစွာပဲ စကားလည်းများတယ်ဗျ။ သူသဘောကျတာက စျေးထဲမှာ တွေ့ခဲ့တဲ့ ဓာတ်ရိုက်ဓာတ်ဆင်ဆိုပဲ။ “အစ်ကိုရယ် ကိုင်းတန်းစျေး ဆင်ကြီးနှစ်ကောင်ဘေးနားက စျေးသည်နှစ်ယောက် စျေးရောင်းမကောင်းလို့ ဓာတ်ရိုက်ကြတာ တစ်ယောက်စျေးဗန်းကို တစ်ယောက် ထဘီမပြီးကျော်တယ် ထွက်ထွက်လို့ အော်ပြီး စျေးဘန်းကို ဖိနပ်နဲ့ရိုက်တယ်” လို့ပြောပါရောလား။ ဒါစျေးသည်တွေ လုပ်နေကျအလုပ်ပဲဟာ သူကအခုမှ မြင်ဖူးတော့ သဘောကျနေတာပေါ့လေ။ ကိုယ်ကတော့ ငယ်ကတည်းက စျေးထဲမြင်နေကျဆိုတော့ မထူးဆန်းတော့ပါဘူး။

ပြောဆိုပြီး ခဏနေတော့ စာကျက်ဦးမယ်ဆိုပြီး အခန်းထဲဝင်သွားပါရော။ ဒီလိုနေတုံး အမေပြန်ရောက်လာတယ်။ “သားရယ် အမေညနေက ကြက်သားနဲ့ ဗူးသီး စျေးချိုတာနဲ့ စျေးသည်ဆီက ပုတ်ပြတ်ဝယ်ပြီး ချက်ထားတယ် စားတော့မလား ခူးလိုက်မယ်” လို့မေးသဗျ။ စိတ်ကလည်း နည်းနည်းထင့်သွားလို့ ပြန်မေးရတယ် ဘယ်ကဝယ်သလဲလို့မေးတော့ ဆင်ကြီးနှစ်ကောင်နားကလေလို့ ပြောပါရောလား။ ဒါနဲ့သေချာအောင် ညီမဖြစ်သူကိုလှမ်းမေးရတယ် “ဟဲ့ နင်ပြောတဲ့ စျေးသည်တွေက ဘာရောင်းတာလဲ” မေးလိုက်တော့ “ဘူးသီးသည်နဲ့ ကြက်သားသည် အစ်ကိုရဲ့” လို့ပြန်ဖြေပါရောလားဗျာ။

ငရဲပြည် အောက်ဆုံးအထပ်
တစ်ခါက ရွာတစ်ရွာမှာ လူတစ်ယောက် ရှိတယ်။ အဲဒီလူက သူများနဲ့မတူပဲ ဘာဖြစ်ချင်တာလဲဆိုတော့ ငရဲကြီးချင်တာ။ ရောက်ချင်တာမှ ဘယ်ငရဲကိုရောက်ချင်လဲဆိုတော့ အဆင့်မြင့်မြင့်ပဲ ငရဲပြည် အောက်ဆုံး အထပ်ကို ရောက်ချင်တာတဲ့။ ဒါနဲ့ ရွာဦးကျောင်းက ဘုန်းကြီးကိုသွား လျောက်တယ် အရှင်ဘုရား တပည့်တော်ကို ငရဲဲကြီးစေမယ့် တရားလေးများ ရှိရင်ဟောပါဘုရားဆိုတော့ ဘုန်းကြီးကလည်း ငါ့က ငရဲမကြီးတဲ့ တရားပဲ ဟောတတ်တယ်လေ ငရဲကြီးစေမယ့် တရားတော့ မဟောတတ်ဘူး ပြောလှတ်လိုက်ရော။ ဒါနဲ့ ကြုံရာလူလိုက်မေးတယ် တစ်ချို့ကလည်း သူများအသက် သတ်ရတယ်ဆိုတာနဲ့ အကုန်သတ်တယ်။ သူများပစ္စည်း ခိုးဆိုတော့လည်း ခိုးတာပဲ။ တိုတိုပြောရရင် အကုသိုလ် အလုပ်စုံလုပ်လိုက်တာ သေတော့ သူရောက်ချင်တဲ့ ငရဲပြည်အောက်ဆုံး အထပ်ကို ရောက်တော့တာပဲ။ ဖြစ်ချင်တော့ အောက်ဆုံးထပ်မှာ သူ့တစ်ယောက်တည်း။ သူအရောက်ချင်ဆုံးနေရာ ရောက်ပြီဆိုပြီး ပျော်လွန်းလို့ ခုန်ပေါက်ပြီး ကတော့တာပဲ။ သူကနေတုံး ကြမ်းပြင်ကို အောက်ကနေ တုတ်နဲ့ ဒုန်းဒုန်း ဆိုပြီးလှမ်းထိုးတယ်တဲ့။ ဒါနဲ့ ဘယ်နှယ် အောက်ဆုံးထပ်ရောက်နေတာ ဘယ်သူများ ကြမ်းတုတ်နဲ့ထိုးသလဲဆိုပြီး အောက်ကဘယ်သူလဲ မေးလိုက်တော့ အောက်က ပြန်ပြောသံကြားရတာက

” ဟေ့… အပေါ်ကကောင် သိပ်မဆူနဲ့ ဒို့ဘုရားဂေါပကတွေ မြေတိုက်ခန်းထဲမှာ အစည်းအဝေးထိုင်နေတယ် “