တယ်လီဖုန်းကိုအခွံသွပ်ကြသူများ

မနေ့ကဖတ်မိတဲ့ ဆောင်းပါးတစ်ခုမှာ တယ်လီဖုန်း ကာဗာဈေးကွက်ဟာ တစ်ဖြည်းဖြည်း ကြီးလာတဲ့အကြောင်း ရေးထားတာ သတိထားလိုက်မိတယ်။ တကယ်တော့ဖုန်းအခွံဆိုတာ ကိုယ်နဲ့မအပ်စပ်သလိုပဲ ရင်တုံးကသုံးတဲ့ ဖုန်းလေးတစ်လုံး မောင်ပြုံးက မှတ်မှတ်ရရ အဲဒီ့ဖုန်းအတွက် အခွံတစ်ခုလက်ဆောင် ပေးထားဘူးတယ် ဖုန်းသာပျက်သွားတယ် ဖုန်းကလေးအဲဒီ့အခွံထဲ တစ်ခါမှမဝင်ဖူးလိုက်ဘူး။ အခုအချိန်မှာ အတွေ့အများဆုံးက အိုင်ဖုန်းအခွံတွေပါပဲ ပုံစံအမျိုးမျိုး ပစ္စည်းအစုံစုံနဲ့ လုပ်ထားတယ်။ ဖုန်းကိုဘာလို့ အခွံသွပ်သလဲစဉ်းစားရင် လှလို့တော့မဟုတ်တာ သေချာပါတယ် အခွံစွပ်လိုက်မှတော့ ဖုန်းကိုတောင် မမြင်ရတော့တာ ဘယ်လိုလုပ်လှပါတော့မလဲ။ လူအတော်များများကတော့ အပွန်းအပဲ့မဖြစ်အောင် အခွံစွပ်ထားတယ်လို့ပဲ ဖြေကြမယ်ထင်တယ်။

အသေချာစဉ်းစားမယ်ဆိုရင် အခွံစွပ်ထားလို့ အစဉ်းအရာမထင် အပွန်းအပဲ့မရှိပဲရှိနေလည်း ဖုန်းကတော့ ပျက်သွားမှာပါပဲ အဲဒီ့အချိန်ရောက်မှ ပျက်သွားသည့်တိုင် ကိုယ့်လက်နဲ့မထိလိုက်မိဘူးလို့ သတိရောထားမိပါရဲ့လားမသိ။ အပွန်းအပဲ့ဆိုတာက ကိုယ်သာဂရုတစိုက် ကိုင်မယ်ဆိုရင် အပွန်းအပဲမရှိနိုင်ပါဘူး အခွံတတ်ထားပြီး ပရမ်းပတာကိုင်မယ်လို့ သဘောထားရင်တော့ မပြောတတ်ဘူးပေါ့။ မတော်တဆဆိုတာက ရှိနိုင်တာပါပဲ အခွံတပ်ထားလို့ လွတ်ကျခံနိုင်တယ်ယူဆရင် လွှတ်ချကြည့်ပါဆို ဘယ်သူမှမလုပ်ရဲပါဘူး။ ဘာပဲဖြစ်ဖြစ်ပါ သံချပ်ကာ ဝတ်ထားတဲ့ ဖုန်းတစ်လုံးကိုတော့ လက်ထဲမှာ ကိုင်မထားချင်တာ အမှန်ပါပဲ။

လေးလေးနက်နက် ကြီးကြီးမားမား

ပေါ့ပေါ့ပါးပါးစာ မဖတ်တတ်ဘူး လေးလေးနက်နက်ရှိတဲ့ဟာပဲ ဖတ်တယ်လို့ပြောလို့ အတော်ကောင်းသွားတယ် သေးသေးမွှားမွှားလည်း ဖတ်လေ့မရှိဘူး ကြီးကြီးမားမားစာပဲ ဖတ်တယ်လို့ဆိုလို့လည်း ရသွားတယ်ပြောရမယ် မနက်ကညီမဖြစ်သူက ဦးလေးအိမ်ကအပြန်မှာ ဦးလေးဖြစ်သူကနင့်အစ်ကိုကို ပေးလိုက်လို့ဆို စာအုပ်တစ်အုပ်သယ်လာပါတယ်။ စာအုပ်ကြီးက အကြီးကြီးပဲ အလေးချိန်က ၄ ပိဿာလောက်ရှိတယ် ကိုင်ဖတ်လို့တော့ မဖြစ်နိုင်ပါဘူး အဲဒါကြောင့် တကယ်ကိုပဲ လေးလေးပင်ပင်ရှိတဲ့စာအုပ်ပါ။ အရွယ်အစားက အလျားတစ်ပေ အနံဆယ်လက်မ အမြင့်ကသုံးလက်မလောက် ရှိတယ်ဆိုတော တကယ့်ကိုပဲကြီးကြီးမားမားစာလို့ ပြောလို့ရပါတယ်။ စာအုပ်နာမည်က Illustrated Dhammapada ရေးတဲ့ဆရာတော်ကြီးက Ven. Weragoda Sarada Maha Thero လို့ခေါ်တဲ့ သီရိလင်္ကာကဘုန်းတော်ကြီးပါ ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် အထူးကြိုးစားတဲ့ ဆရာတော်ကြီးတစ်ပါးပါပဲ။ စာအုပ်ကို Singapore Buddhist Meditation Centre ကနေ ၁၉၉၃ ပုံနှိပ်ခဲ့ပါတယ် စာအုပ်ရေ ၁၀၀၀၀ ပဲပုံနှိပ်ခဲ့တာပါ

အခုအချိန်မှာတော့လိုချင်ရင် E-Book ပဲရနိုင်ပါတော့တယ်။ ဓမ္မပဒဖြစ်လို့ အင်္ဂလိပ်လိုပဲဖြစ်ဖြစ် ဗမာလိုပဲဖြစ်ဖြစ်သိပ်ကွာခြားမှုမရှိပါဘူး စာအုပ်ကိုဖွင့်ကြည့်တော့ အရင်ဆုံး သဘောကျမိတာက သရုပ်ဖော်ပုံတွေပါပဲ။

သရုပ်ဖော်ပုံတွေကို ကုလားလေးတွေနဲ့ ဆွဲထားပါတယ် သဘာဝကျတယ်ပြောရမယ် ဗမာပြည်ကစာအုပ်ဆို ဗမာပုံတွေနဲ့ဆွဲဦးမှာပါ စင်္ကာပူမှာရိုက်ပေမယ့် တရုတ်ပုံနဲ့ထည့်မဆွဲတာ ကျေးဇူးတင်ရမယ်ထင်ပါတယ်။

တစ်ခွက်တစ်ဖလား

တကယ်တော့ ပြန်မယ်ဆိုတာ နှစ်အတော်ကြာခဲ့ပြီ ပြန်မယ်ဆိုတော့ မပြန်ဖြစ် အမေနဲ့ညီမရောက်နေတော့ နောက်နှစ်မှပဲ ပြန်မလားဆိုတော့ အလုပ်ကပေါ်တော့ သွားဆိုတော့ ဆိုင်းမဆင့်ဗုံမဆင့်ပဲ ရန်ကုန်ဆိုတဲ့ အရပ်ကိုရောက်ရပြန်တယ်။ ကွန်ပျူတာတစ်လုံး အဝတ်အစားအိတ်နဲ့ ရန်ကုန်မှာယောင်ချာချာပေါ့ အလုပ်လုပ်ရမယ့်နေရာ တန်းသွားလိုက်ရတယ်။ ကိုပီဇီကမေးတယ် ခင်ဗျားဘုရားသွားမလားဆိုပဲ ဘာဘုရားလဲမေးမိတယ် နောက်မှဪ ရွှေတိဂုံပြောတာပဲလို့ သဘောပေါက်တယ် အရင်ကရန်ကုန်ရောက် သို့သော်လည်း ဘယ်တုံးကမှ ဘုရားမရောက်ခဲ့။ ဓာတ်ပုံရိုက်မယ်ဆိုပြီး ရိုက်တတ်တာ မရိုက်တတ်တာ လူမသိဘူးလေ ကင်မရာအိတ်လည်း လူမြင်ကောင်းအောင် ဆွဲထွက်ခဲ့တယ်။ ဘုရားပေါ်ရောက်တော့ တောင်ကြည့်မြောက်ကြည့် ဟိုရိုက်ဒီရိုက်ပေါ့ ကြာသာပတေးဒေါင့်ရောက်တော့ ဘုရားကိုရေလုလောင်းနေတာ မြင်မိလို့ ဓာတ်ပုံရိုက်မယ်ဆိုအသွား အစောင့်တစ်ယောက်က တစ်ခွက်တစ်ဖလားမော့နေတာ မြင်မိလို့ဓာတ်ပုံနဲ့တကွ လက်ပူးလက်ကြပ်ဖမ်းရိုက်ခဲ့တယ်။