Calm Hill » အိုက်ကိဒို

ဒိုဂျိုသို့အလည်တစ်ခေါက်
မန္တလေးကိုခဏပြန်ရောက်တော့ အိုက်ကီဒိုသင်တန်းကို အရောက်မဖြစ် ရောက်ပါတယ် သွားခဲ့တာနှစ်တွေကြာခဲ့တော့ တစ်ချိန်က ကိုယ်သင်ပေးခဲ့တဲ့ သင်တန်းသားတွေကိုပဲ လက်ထောက်ဆရာတွေ ဖြစ်နေကြပြီပေါ့ တစ်ညပဲနေမှာဖြစ်လို့ မတွေ့လိုက်ရဘူး ဖြစ်မှာစိုးရိမ်လို့ ဆက်သွယ်လို့ရသမျှ သင်တန်းသားတွေကို မန္တလေးမသွားခင် အရင်ဆုံးဆက်သွယ်ရတယ်။ ညနေပိုင်းရောက်တော့ ဝတ်စုံလေးအိပ်ထဲထည့်ပြီး သင်တန်းဘက်ထွက်လာခဲ့တယ် သင်တန်းရှေ့ဆိုင်ကယ်ရပ်မိတော့ သင်တန်းထဲကနေ သင်တန်းသားတွေက ဆရာဆိုပြီးဝိုင်းနှုတ်ဆက်ကြတယ်။ မြင်ဖူးတဲ့လူရော မမြင်ဖူးတဲ့လူရော ရှိသမျှလူအကုန် ဆရာခေါ်နေကြတော့ ကိုယ်မရှိတော့ပေမယ့် အမှတ်တရရှိနေကြသေးတဲ့အတွက် အတိုင်းမသိဝမ်းသာမိတယ်။

သင်တန်းကတော့ အရင်လိုပဲမှောင်မှောင်မဲမဲ ဖုန်တစ်လုံးလုံး သဲတစ်လျှပ်လျှပ်နဲ့ပေါ့ ဒါပေမယ့် ဒီနေရာကိုပြန်ရောက်လာဖို့ မျှော်လင့်ခဲ့မိတာ နှစ်အတော်ကြာတဲ့အထိ ပြန်မရောက်နိုင်ခဲ့ဘူး ပြန်ရောက်လာတော့ အရင်လိုပဲ စိတ်အင်အားတွေ ပေးနိုင်နေတုံးပါပဲ။ အင်္ကျီလဲလိုက်ဦးမယ်ဗျဆိုတော့ သင်တန်းသားတွေက ဆရာက ကစားဦးမှာလားဆိုတော့ မကစားပဲနဲ့သင်တန်းကို ဘာလုပ်ဖို့လာခဲ့မလဲ နောက်ပြီးတော့ အင်မတန်ဝန်ကျယ်တဲ့ သင်တန်းဝတ်စုံတွေကို မိုင်ထောင်ချီ ခရီးအဝေးကြီးဘာဖြစ်လို့ သယ်ခဲ့ဦးမှာလဲလို့ မေးချင်မိတော့တယ်။ မိုးယိုနေတော့ ဗွက်တွေနဲ့ဆရာ့ အင်္ကျီပေမယ်ဆိုတော့ အရင်လည်းဒီလိုပဲ စုတ်စုတ်ပြတ်ပြတ် ကစားတာပါပဲဗျာလို့ ပြန်ပြောချင်မိတော့တယ်။ ဆရာကြီးကတော့ ရန်ကုန်သွားနေလို့ သင်တန်းမှာမရှိ ဒါပေမယ့်ကိုယ့်ကို သင်ပေးခဲ့ဖူးတဲ့ လက်ထောက်ဆရာရှိနေတယ် တွေ့လိုက်တော့ ဆရာလို့ ဝမ်းသာအားရခေါ်ပြီးတော့ အလေးပြုလိုက်မိတယ်။

ဆရာကခြေထောက် ဒဏ်ရာရထားလို့ ခင်ဗျားရောက်တာအတော်ပဲ သင်တန်းဒီနေ့အတန်းကို ခင်ဗျားကိုင်ပေးဆိုလို့ တစ်ရက်တာဝန်ယူလိုက်တယ်။ သင်တန်းသားတွေကို အားလုံးကျွမ်းထိုးကြမယ်ဆိုပြီး နမူနာထိုးပြလိုက်တော့ မိုးရွာထားလို့အခင်းတွေပေနေလို့ ကျောမှာတံဆိပ်နှိပ်ပြီးသား အမှတ်တရဖြစ်သွားတယ်။ ပြီးတော့ ဂျူနီယာတွေနဲ့ စီနီယာတွေကို တစ်ဝက်စီခွဲပြီး အခြေအနေကြည့်ပြီးတော့ သင်လို့ရမယ့်ဟာတွေ သင်ပေးခဲ့မိတယ် ကြမ်းကြမ်းတမ်းတမ်းကစားတာတွေကို နည်းစနစ်အဆင်ပြေနေရင် မပြင်ပေးမိတော့ဘူး ဖြစ်စေချင်တာက ဝုန်းကနဲပြုတ်ကျသွားမည့်အစား ငြင်ငြင်သာသာပဲ လိမ့်ထွက်သွားစေချင်ပေမယ့် တစ်ညနဲ့တော့ ပြင်မပေးနိုင်မှန်းသဘောပေါက်လို့ မပြင်ခဲ့မိတော့ဘူး။

သင်တန်းပြီးတော့ သင်တန်းသားတွေက ထမင်းကျွေးမယ်ဆရာဆိုလို့ အကင်ဆိုင်ကိုရောက်ဖြစ်တယ် စကားမပြောဖြစ်တာကြာလို့ ရှေးဟောင်းနှောင်းဖြစ်တွေပြော ရယ်လိုက်မောလိုက် လက်ဘက်ရည်ဆိုင်နဲ့ အကင်ဆိုင်ပဲကွာခြားတယ် လွန်ခဲ့တဲ့သုံးလေးနှစ်ကို ပြန်ရောက်သလိုပဲ ခံစားမိတော့တယ်။ သင်တန်းသားတွေကလည်း ကိုယ့်တော့လူငယ်လည်းဖြစ်နေတော့ သူငယ်ချင်းလိုပဲဖြစ်နေတယ် သူတို့ရဲ့သင်တန်း ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ပြောပြကြပါတယ် ကိုယ်လည်းနားထောင်ပြီး အကြံပေးနိုင်တာပေးရတယ်။ တကယ်တော့ တာဝန်တွေပိုလာတာပါ ကိုယ်တိုင်က အိုက်ကီဒိုကိုပဲလေ့လာမယ် သင်တန်းပြဿနာတွေ အဖွဲ့အစည်းအစွဲအလမ်းတွေ မထားဘူးလို့ဆုံးဖြတ်ထားပေမယ့် ကိုယ့်သင်တန်းကိစ္စတော့ ပါသင့်ပါသေးတယ်လို့ ချို့ယွင်းချက်စာရင်းမှာ ထည့်ထားပြီး ကူရှင်းပေးပါ့မယ်လို့ ကတိပေးခဲ့မိတယ်။ အချိန်တန်တော့ လူစုခွဲခဲ့ကြပြန်တယ် သင်တန်းသားတစ်ယောက်က အိမ်လိုက်ခဲ့မယ်ဆိုလို့ အိမ်ကိုခေါ်ခဲ့ပြီးတော့ ကိုယ်အနှစ်နှစ်အလလ ခိုးထားခဲ့တဲ့ အိုက်ကီဒိုဗီဒီယိုတွေကို ကူးထည့်ပေးလိုက်တယ် ကိုယ်မရှိပေမယ့် သူတို့အတွက် အထောက်အကူတစ်ခု ဖြစ်နိုင်မယ်ဆိုရင်ပဲ အတော်လေးဝမ်းသာမိမယ်ထင်ပါတယ်။

Yudansha
အိုက်ကိဒိုစာမေးပွဲဆိုတာနဲ့ ဝေးနေခဲ့တာအနည်းဆုံး ၄ နှစ်လောက်ရှိခဲ့ပါပြီ။ တကယ်တော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဖြေခဲ့ရမယ့်စာမေးပွဲပါ စစ်မယ့်ဆရာနဲ့ဖြေမယ့်လူ အကြောင်းကြောင်းကြောင့် မဖြေဖြစ်ခဲ့တော့ပဲ ရပ်တန့်ခဲ့တာ အချိန်တွေအတော် ကျော်သွားတယ် တစ်ခြားနိုင်ငံတစ်ခုကို ထွက်လာခဲ့လိုက်တယ်။ ဒါပေမယ့် အဆင့်ဆိုတာကို ခေါင်းထဲမထည့်လို့ အိုက်ကိဒိုကိုတော့ မရပ်တန့်ခဲ့ပါဘူး ဒီကြားထဲကနှစ်တွေမှာ အခက်အခဲအမျိုးမျိုးနဲ့ ရုန်းကန်ရလည်း အိုက်ကိဒိုကို မရပ်တန့်စေခဲ့ဘူး။ ဝင်ငွေမရတဲ့အလုပ်ကို အချိန်တစ်ခုပုံမှန်ပေးပြီး လုပ်ယူရတာ အချိန်ကိုငွေနဲ့တိုင်းတာတဲ့ အရပ်ဒေသမှာတော့ တကယ်ကခက်ခဲလွန်းပါတယ်။ ဒီလိုနဲ့ပဲအချိန် ၃ နှစ်လောက်လွန်လာခဲ့တယ်။

ဆရာတွေမှာလည်း အမျိုးမျိုးရှိတယ် တစ်ချိန်ကသူတို့ ဖြတ်သမ်းခဲ့တဲ့လမ်းလို မဖြစ်စေလိုတဲ့ဆရာရှိသလို ဖြစ်စေလိုတဲ့ဆရာလည်းရှိတယ်။ လက်ရှိဆရာက မင်းစာမေးပွဲဖြေဖို့စဉ်စားပါတော့လို့ အကြံပေးတယ်။ မဖြေပါရစေနဲ့တော့ စာမေးပွဲလည်း စိတ်မဝင်စားတော့သလို အဆင့်ဆိုတာလည်း ကျွန်တော့်အတွက်တော့ ဘာမှခံစားချက် မရှိတော့ပါဘူး ကျွန်တော် ဘယ်နိုင်ငံရောက်ရောက် လက်ရှိအဆင့်ထက် ဘယ်သူမှနှိမ်လို့မရနိုင်ဘူးလို့ ပြောမိတယ်။ ဆရာကလည်း ကိုယ့်အကြောင်းသိနေတော့ မလိုချင်တာငါနားလည်တယ် ငါလည်းမင်းဘယ်အဆင့်ဖြစ်ဖြစ် ငါ့တပည့်ပါပဲလို့နားလည်တယ် ဒါပေမယ့် မင်းကိုငါဖြစ်ခဲ့သလို မဖြစ်စေချင်ဘူးလို့ သူ့အကြောင်းကိုပြောပြတယ်။

ငါအိုက်ကိဒိုစပြီးကစားတော့ ၁၉၆၂ ခုနှစ်မှာစခဲ့တယ် ဒါပေမယ့် ငါဘယ်တော့မှ ငါ့ဆရာကိုစာမေးပွဲ ဖြေပါရစေလို့မပြောဖူးဘူး ဆရာကမင်းဖြေလို့ပြောတဲ့အချိန်မှသာ ဝင်ဖြေပါတယ်လို့ ဆရာကပြောပြတယ်။ ဒါပေမယ့် ငါ Yudansha ပထမဆင့်ကို ရတာက ၁၉၇၇ ခုနှစ်မှရခဲ့တယ် အဲဒီ့အချိန်မှာ တစ်ချိန်က ငါသင်ခဲ့တဲ့တပည့်တောင် ဒုတိယအဆင့် ရောက်တဲ့လူကရောက်နေပြီလို့ ပြောပြပါတယ်။ ဒီလိုနဲ့ဒုတိယအဆင့် စာမေးပွဲလည်းငါမဖြေဖြစ်ပြန်ပဲ အချိန်တွေအတော်ကြာခဲ့ပြန်တယ် ၁၉၈၇ နှစ်ရောက်မှ Fujita Shihan နဲ့တွေ့လို့ Shihan ကြီးကမနေနိုင်လို့ တတိယအဆင့်ကို ကျော်ပြီးပေးခဲ့ရတယ်လို့ပြောပြတယ်။ နောက်လည်းစာမေးပွဲကို ကရုမစိုက်ပြန်ဘူး ၂၀၀၂ ခုနှစ်မှ ပဉ္စမအဆင့်ကို ကျော်ပြီးရောက်ခဲ့ပြန်တယ်။ ၂၀၁၀ မှာတော့ ဆဋ္ဌမအဆင့်ကိုရခဲ့တယ်။

စာမေးပွဲအတွက် ငါလည်းကရုမစိုက်ခဲ့ပါဘူး အချိန်တန်လို့ ထိုက်တန်တဲ့အချိန် မရမရှိဘူးမလိုချင်လည်း ရမှာပါလို့ ငါလည်းလက်ခံခဲ့တာပါလို့ ဆရာကပြောပါတယ်။ ဒါပေမယ့် ငါ့ရဲ့တတိယအဆင့်နဲ့ ပဉ္စမအဆင့်ကြားမှာ ခံပြင်းစရာအတော်များများ ရှိခဲ့တယ်လို့ပြောပြတယ်။ ငါသင်ပေးခဲ့တဲ့ တပည့်တွေကို စတုတ္ထအဆင့်ရောက်နေပြီ အဲဒါကိုငါဘယ်လိုမှ မခံစားရပါဘူး ဒါပေမယ့် တစ်ယောက်က ပြိုင်ဘက်လိုသဘောထားလာတယ် စော်စော်ကားကား အပြုအမူတွေလုပ်လာတယ် ငါ့ကိုဘယ်သူမှ ရိုသေစရာမလိုပါဘူး ဒါပေမယ့် အလကားနေရင် စော်စော်ကားကားလုပ်ခွင့်မရှိဘူး ဒါတွေဟာခံပြင်းစရာတွေပါလို့ ပြောပြပါတယ်။ ငါ့အကြောင်းကို လူတိုင်းသိသလို သူငါ့ထက်ပိုတော်လို့ မဟုတ်မှန်းလည်း လူတိုင်းသိတယ် ဒါပေမယ့် စာရွက်ထဲကနံပါတ်က ငါ့ထက်များနေတယ်လို့ ပြောပြာပါတယ်။

မင်းကတော့ငါ့လို ဒီအလုပ်လုပ်စားမယ့်လူမဟုတ်ဘူး ဒါပေမယ့်မင်းနောက်က လူတွေအခုတော့မင်းရဲ့ ဘယ်ဘက်ဘေးမှာတန်းစီတယ် မင်းရပ်နေရင် မင်းရဲ့ညာဘက်ကိုရောက်မယ် ငါ့ဆီမှာတော့ ငါ့လိုအဖြစ်မျိုးတွေထပ်ပြီးတော့ အဖြစ်မခံသင့်ဘူး မင်းဖြေကိုဖြေရမယ် တစ်ချိန်ကမင်း ဘာလို့မဖြေခဲ့သလဲဆိုတာ ငါ့ကိုမင်းမပြောဖူးဘူး ဒါပေမယ့် ငါခန့်မှန်းလို့ရပါတယ် ဘာကိုမှစိတ်ထဲမထားနဲ့ အကုန်မေ့လိုက်ပါ ငါ့ဆီရောက်ရင် ငါ့တပည့်ပဲ ဘာတစ်ခုမှခွဲခြားမှု့မဖြစ်စေရဘူး မင်းလည်းဖြေချိန်ကို ရောက်တာမဟုတ်ဘူး အချိန်တွေကျော်နေပါပြီလို့ ပြောလာခဲ့တယ်။

ဘာတွေပြင်ဆင်ဖို့လိုမလဲစဉ်းစား လိုအပ်တာငါ့ကိုပြော လေ့ကျင့်ဖို့လူလိုရင်လည်း ငါပြောပေးမယ်ပြောတော့ ကိုယ်လည်းဖြေမယ်လို့ ဆုံးဖြတ်လိုက်တယ်။ လွန်သွားတဲ့အချိန်တွေဟာ ကျွန်တော့်အတွက်တော့ အကောင်းဆုံးပြင်ဆင်ချိန်တွေပါ ဘာမှထူးပြီးမလိုအပ်ပါဘူးလို့ ဆရာ့ကိုပြောပြီး စာမေးပွဲဝင်ဖြေတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကတော့ လိုချင်စိတ်ရှိနေခဲ့သေးတယ် အနည်းနဲ့အများ စိတ်လှုပ်ရှားမှု့ရှိနေတယ်။ အခုအချိန်မှာတော့ လိုချင်စိတ်လည်းမရှိလို့ ကျသွားမယ်လို့ စိုးရိမ်စိတ်မရှိဘူး။ ကိုယ့်ရဲ့လှုပ်ရှားမှု့ နည်းစနစ်ကိုလည်း ပူပန်မှု့မရှိဘူး ချောချောမောမောပဲ စာမေးပွဲပြီးသွားပါတယ်။

အောင်စာရင်းဟာ ထုံးစံအရ ၇ ရက်လောက်ခွာပြီးမှ ကြေငြာလေ့ရှိပါတယ် ဒါပေမယ့် Yudansha အဆင့်ဖြစ်တဲ့အတွက် အောင်လက်မှတ်ဟာ Japan Aikikai ကနေယူပေးရမှာဖြစ်လို့ ဆရာ့ဆီကနေ အောင်လက်မှတ်မှာ နာမည်ကိုဂျပန်လို ရေးရမှာဖြစ်လို့ အရင်လက်မှတ်မှာ ရေးထားတဲ့စကားလုံးအတိုင်း ရေးပြီးပြန်ပို့ပေးပါလို့ အီးမေးရောက်တဲ့အတွက် အောင်မြင်ကြောင်း ကြိုသိလိုက်ရပါတယ်။ မန္တလေးသင်တန်းက လက်ရင်းဆရာကိုလည်း ဖုန်းဆက်ပြီးတော့ အကြောင်းကြားလိုက်တယ် ဆရာလည်း တပည့်တစ်ယောက် Yudansha ရရှိကြောင်းကြားတော့ အတော်ကိုဝမ်းသာပါတယ်။ ဆရာဆိုတာထက် ဦးလေးလို အဖေလိုဖြစ်နေခဲ့တဲ့ လူတစ်ဦးပါ။ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ကိုယ့်ကိုဖြစ်စေချင်ခဲ့တဲ့လူ Yudansha မဖြစ်သွားခဲ့လို့ အတော်လေး စိတ်မကောင်းဖြစ်ခဲ့တယ်။ အခုတော့သူလည်း ဝမ်းသာနိုင်ပြီပေါ့လေ။

စာကြွင်း။ ။ Yudansha စာမေးပွဲမှာ မအားမလပ်ပဲ တစ်ဦးတည်းသော ရည်းစားရဲ့အငြိုအငြင်ကိုခံပြီး ဓာတ်ပုံလိုက်ရိုက်ပေးသော ညီငယ် ဖြိုးမော် ကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။ အားပေးတဲ့ ပရိတ်သတ်အဖြစ် လာရောက်အားပေးတဲ့ သူငယ်ချင်း ခွန်သာထက် တို့ ဇနီးမောင်နှံကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ မအားမလပ်လို့ မလာရောက်နိုင်ပေမယ့် သတိတရ စာမေးပွဲသတင်းကို မေးလာတဲ့ ကိုကိုဒီဘီ ကိုလည်း အထူးကျေးဇူးတင်ပါကြောင်း။

ချော်လဲခဲ့ရုံလေးပါ
ဂျူဒိုကစားတုံးက ကိုက်ပေါက်တာမှာ အကျမမှန်လို့ ခြေကျင်းဝတ်  အဆစ်ပြုတ်သွားလို့ ကျောက်ပတ်တီးစီးခဲ့ရတယ်။ ကရာတေးသင်တန်းမှာ ကစားရင်းနဲ့  လက်သီးနဲ့ထိုးခံရလို့ မျက်ကွင်းညိုပြီး ပြန်လာရတာလည်း အခါခါပါ  သူများကိုကန်လိုက်တာ ခြေချောင်းလေးတွေ ချိုးတာမမှန်လို့ ခြေမနဲ့ကန်မိတာ  သူလည်းမှောက်ကိုယ်လည်း ခြေမအဆစ်ပြုတ်လို့ ဆေးခန်းရောက်ဖူးတယ်။ အမေကတော့  ဒဏ်ရာရလာတိုင်း မကစားဖို့ကန့်ကွက်ဖို့ အခွင့်ကောင်းရသလိုပဲ ဝမ်းသာပုံရတယ်  အဖေကတော့ ဒဏ်ရာရလာတိုင်း မဆူပေမယ့် အထိုးခံရ အကန်ခံရလို့ ဒဏ်ဖြစ်လာရင်တော့  ညံ့ရပါ့မလားဆိုပြီး အမြဲဆူပါတယ်။ ဘာလုပ်ဖို့ အနာခံသလဲ ကစားနေသလဲဆိုရင်  ဘာကြောင့်လို့ အကြောင်းပြရမှန်းမသိဘူး ဝါသနာပါလို့ကစားတာပါ ပြောမယ်ဆို  ရန်ဖြစ်စရာလည်း မရှိခဲ့သလို ရန်သူဆိုတာလည်း ရှိတဲ့လူမဟုတ်ဘူး ဘာပဲဖြစ်ဖြစ်  အမြဲသည်းခံတတ်တယ်။

ဂျူဒိုစပြီး လေ့ကျင့်တော့ အသက်က ၁၄ နှစ်ရှိပြီ အောက်ကိုပြုတ်ကျရင်  ခေါင်းနဲ့မြက်ဖျာနဲ့ မရိုက်မိဖို့ ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ခေါင်းကို  ဆွဲပြီးထားရတယ် လေ့ကျင့်ကာစက မနက်မိုးလင်း လည်ပင်းကြောတွေနာလွန်းလို့  တစ်ပါတ်လောက် မနက်မိုးလင်း အိပ်ယာထရင် ခေါင်းကိုခေါင်းအုံးပေါ်က  မြောက်အောင် မထနိုင်လို့ လက်နဲ့ထောက်ထရတယ်။ အာကီဒိုကစားတော့  သင်တန်းကဆင်းရဲလှတယ် မြက်ဖျာမဝယ်နိုင်လို့ ရာဘာပြားတွေခင်းထားရတယ်  အလွန်ဆုံးထူမှ လက်မဝက်ပဲရှိတယ် ပြင်းပြင်းထန်ထန် ကိုင်ပေါက်ကြပြီဆိုရင်  မြေပြင်နဲ့သိပ်မခြားနားဘူး။ ဘာမှမခင်းတဲ့ မြေပေါ်မှာလည်း ကစားခဲ့ရဖူးတယ်  အကျမမှန်လို့ ဒဏ်ရာလည်း ခဏခဏရတယ်။

ဒီနေ့နေ့လည် မိုးလေးတစ်ဖွဲဖွဲရွာနေတယ် ဖိနပ်ကလည်း ကွန်းဗက်ဖိနပ်  ပွိုင်မပါတဲ့ပြောင်ပဲ စီးထားမိတယ်။ ကော်ရီဒါတစ်လျောက် လမ်းလျောက်လာရင်း  လှေကားအဆင်း အောက်ဆုံးအထစ်မှာ ရေနဲ့ချော်လဲတယ် တစ်ကိုယ်လုံး ခြေလွတ်လက်လွတ်  မြောက်တက်သွားတယ် အလေ့အကျင့်ဖြစ်နေလို့ ပြန်ကျတော့လူက တစ်စောင်းအနေထားနဲ့  ကျလာတယ် လက်ဝါးတစ်ဘက်က လူအောက်မကျခင် ကြမ်းပြင်ကိုရိုက်မိတယ်  ခေါင်းကဆွဲထားမိတယ် ခြေထောက်လည်း မြေပေါ်မှာကျရင် ခြေမျက်စေ့နဲ့  မရိုက်မိအောင် သတိထားကျင့်မပျက်ဘူး။ ဘာပဲဖြစ်ဖြစ် ကျလိုက်တော့ အောက်က  အင်္ဂတေဖြစ်နေတော့ အတော်လေးနာပါတယ် ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ရတယ်  ကျိုးပဲသွားသလား သွေးထွက်နေသလား ကံအားလျော်စွာ ဘာမှမဖြစ်ဘူး  စိတ်လျော့လိုက်ပြီး ခေါင်းကိုအသာချလိုက်မှ အောက်ဆုံးလှေကားထစ်ဟာ  ခေါင်းအောက်မှာ အလွန်ဆုံးကွာမှ ၂ လက်မသာသာလေးပါ။

ညာဘက်လက်ဝါးကတော့ အင်္ဂတေကိုရိုက်လိုက်ရလို့ ယောင်ပြီးနာနေတယ်  မြေပေါ်မှာကျရရင် ခြေမျက်စေ့နဲ့ရိုက်တတ်လို့ သတိထားကျင့်က ဒီတစ်ခါတော့  ခြေမျက်စေ့ဘာမှမဖြစ်အောင် သတိထားမိသွားတယ် ကျန်တာတော့ လဲထားလို့နည်းနည်း  နာတာကလွဲရင် ထွေထွေထူးထူးဘာမှ မဖြစ်ပါဘူးလေ။ သာမန်အနေအထားသာဆိုရင်  နောက်စေ့နဲ့ လှေကားထစ်ဟာ အပြင်းအထန်ရိုက်မိပါပြီ။ ငယ်ကတည်းက အနာခံခဲ့တာတွေ  ဒီလိုဖြစ်မယ်တော့ မရည်မှန်းခဲ့ပါဘူး ဒါပေမယ့် အသက်အန္တရာယ်တော့  မဖြစ်ခဲ့တော့ဘူးပေါ့။ တစ်သက်မှာ တစ်ခါအသုံးကျချင်လည်းကျမယ်  မကျချင်လည်းမကျဘူးလို့ အမြဲမှတ်ယူပြီးဝါသနာအရ လေ့ကျင့်ခဲ့တာပါ ဓားပြလည်း  အတိုက်ခံရတာမဟုတ်ပါဘူး ဘယ်သူကမှလည်း ဓားနဲ့ထိုးတာ မဟုတ်ပါဘူး  ချော်လဲခဲ့ရုံလေးပါ ဒါပေမယ့် အသက်အန္တရယ်မဖြစ်အောင် အသုံးကျသွားခဲ့တယ်။

When One Eye Is Fixed Upon Your Destination
A young boy traveled across Japan to the school of a  famous martial artist. When he arrived at the dojo he was given an  audience by the Sensei

“What do you wish from me?” the master asked.

“I wish to be your student and become the finest kareteka in the land,”  the boy replied. “How long must I study?”

“Ten years at least,” the master answered.

“Ten years is a long time,” said the boy. “What if I studied twice as  hard as all your other students?”

“Twenty years,” replied the master.

“Twenty years! What if I practice day and night with all my effort?”

“Thirty years,” was the master’s reply.

“How is it that each time I say I will work harder, you tell me that it  will take longer?” the boy asked.

“The answer is clear. When one eye is fixed upon your destination, there  is only one eye left with which to find the Way.”

From AikidoFAQ

သင်တန်းတစ်ခုကို ကျောင်းသား အသစ်ရောက်တာနဲ့ အမြဲမေးတတ်တာက  အချိန်ဘယ်လောက်ကြာရင် တတ်မှာလဲ သင်တန်းပြီးရင် ဘာဖြစ်လာမှာလဲ။ တစ်သက်လုံး  သင်ယူလေ့လာနေဖို့ လိုတယ်ဆိုတာ မေ့နေကြတယ်။ ဒါ့ကြောင့်လဲ သင်တန်းပေါင်းစုံ  အလုပ်ဖြစ်နေတယ် ကြော်ငြာလို့ကောင်းတယ် သင်တန်းပြီးလျှင်ဘာဖြစ်မည်ပေါ့ ၆  လအပြတ် ဆော့ဝဲအင်ဂျင်နီယာဖြစ်သင်တန်း ၃ လအပြတ်နိုင်ငံတစ်ကာ  အဆင့်မှီပရိုဂရမ်မာ။ မည်သည့်နိုင်ငံမှ ပေးအပ်မည့် ဘွဲ့ကိုမြန်မာနိုင်ငံတွင်  သင်ယူနိုင်ဆိုတာကလည်း တွေ့တွေ့ရတတ်တယ် မည်သည့်နိုင်ငံလို့တော့ ပါလာပါတယ်  ဒါပေမယ့် မည်မျှအဆင့်အတန်းရှိဆိုတာ မပါလာတာကို သတိမပြုမိကြဘူး  ဒို့နိုင်ငံခြံစည်းရိုးအပြင်က မှန်မျှအဆင့်အတန်း မြင့်နေတယ်လို့ ထင်နေရင်  သူတပါးကို အထင်ကြီးလွန်းနေပြီ။

ပရိုဂရမ်မာဖြစ်ချင်တယ် ဆော့ဝဲအင်ဂျင်နီယာဖြစ်ချင်တယ် ဘာတွေသင်ရမလဲ  ဘာလက်မှတ်တွေ ရှိရမလဲမေးတာ ခဏခဏတွေ့ရတယ်။ ဆော့ဝဲအင်ဂျင်နီယာဖြစ်ဖို့  လက်မှတ်တွေ လိုနေတာမဟုတ်ပါဘူး လက်မှတ်တွေဆိုတာ သူလေ့လာခဲ့တဲ့  အချိန်အတိုင်းအတာတွေအတွက် မှတ်တိုင်တွေ အဖြစ်ပဲအသုံးဝင်ပါတယ်  လက်မှတ်တွေကြောင့် ဆော့ဝဲအင်ဂျင်နီယာဖြစ်တာမဟုတ်ပဲ သူ့အရည်အချင်းကြောင့်  ဖြစ်နေတာကို သတိထားရမယ်။ ဘာတွေသင်ရမလဲကိုပဲ အာရုံစိုက်သင့်တယ်  သင့်လျော်တဲ့အချိန် တစ်ခုအထိတော့ ရင်းနှီးရမှာပါပဲ။ လက်မှတ်အတွက်ကို  အာရုံစိုက်မယ်ဆိုရင်တော့ အပေါ်ကစာလိုပဲ အနှစ်သုံးဆယ်လည်း ဖြစ်လာမယ်မထင်။  “The answer is clear. When one eye is fixed upon your destination, there  is only one eye left with which to find the Way.” ဆိုတဲ့အဖြေကို  အကြိုက်ဆုံးပဲ။

See the same moon
Though there are many paths

At the foot of the mountain

All those who reach the top

See the same moon

အင်တာနက်မှာ ရှာရင်းဖွေရင် မရောက်တာကြာလို့ AikidoFAQ ကိုရောက်ဖြစ်လို့  ဖတ်မိတာလေး ကူးယူလာခဲ့တယ်။ Aikido, Karate, Judo, … စသည်ဖြင့် ဘယ်ဟာက  ပိုကောင်းသလဲဆိုတာကို “သွားချင်တဲ့လမ်းကသွား တောင်ပေါ်ရောက်ရင်  မြင်ရမယ့်လမင်းကတော့ အတူတူပါပဲ” အပေါ်ကစာသားနဲ့ ရှင်းထားတာကို သဘောကျမိတယ်။  နေ့စဥ်လှုပ်ရှားနေရတဲ့ လောကထဲမှာလည်း အတူတူပါပဲလေ လူတိုင်း  ကိုယ်သဘောကျရာလမ်းကို လျောက်ကြပါစေလား ဘယ်သူကမှ ပဲ့ကိုင်စရာမလိုပါဘူး  ကိုယ့်ဘဝအတွက်တော့ ကိုယ်ပဲအရှင်သခင်ပေါ့။ စိုးရိမ်လို့ဆိုတာ  တစ်ခုတည်းနဲ့တော့ ဘယ်သူ့ကိုမှထိမ်းချုပ်သလို မဖြစ်ပါစေနဲ့လား  သွားချင်တဲ့လမ်းကသွား အချိန်တန်ရင် တောင်ပေါ်အထိ ရောက်အောင် တက်ရမယ်ဆိုတဲ  အသိမျိုးရှိအောင် သင်ကြားပေးထားပါ အဲဒါတစ်ခုလောက်ဆို လုံလောက်နေပါပြီ။

Ukemi ဘာလဲသိသလောက်
Ukemi ဆိုတာဘယ်လိုဟာလဲမေးတော့ ဂျပန်လိုတော့ရှင်းမပြတတ်ဘူးဗျ အဲဒီ့အသုံးအနှုံးတွေက ရှေးကတည်းသုံးတဲ့ စကားလုံးတွေဆိုတော့ အခုခေတ်မသုံးသလောက် ဖြစ်သွားတာလည်းဖြစ်မှာပေါ့ ခက်တာကကျွန်တော်လည်း ဂျပန်လိုကမတတ်ဘူး။ နေ့စဥ်သုံးစကားလည်း မဟုတ်ဘူးလေ အဲဒီ့ဟာတွေက Technical Term တွေဖြစ်နေတယ်မဟုတ်လား တိုက်ရိုက်ဘာသာပြန်ရင်တော့ နည်းနည်းတော့လွဲမယ်ထင်တယ်။ Judo နဲ့ Aikido မှာဆိုရင် Tori ကလေ့ကျင့်တဲ့လူ Uke ကတော့ကူပေးတဲ့လူပေါ့။ Ukemi ဆိုတာက Judo နဲ့ Aikido မှာတော့ ကိုင်ပေါက်လိုက်တာ လှင့်ပစ်လိုက်တာများတော့ ကျတဲ့နည်းစနစ်တွေကို Ukemi ခေါ်ပါတယ် ဘာမှမသင်ခင် အဲဒါတွေအရင်သင်ရပါတယ်။ ကစားတဲ့နေရာမှာ Uke ကအရေးကြီးပါတယ် Tori ကစားသလိုအလိုက်သင့် နေပေးနိုင်ရပါတယ် အဲဒီလို Uke ကို Ukemi ကောင်းတယ်လို့ခေါ်ပါတယ်။ အဲဒါဆိုဇာတ်တိုက်ထားသလို ဖြစ်နေသလားဆိုတော့ အဲဒီလိုလည်းမဟုတ်ပါဘူး သာမန်လေ့ကျင့်တာဖြစ်လို့ Tori ကလည်းအားမထည့်ထားပါဘူး ဒါကြောင့် ဇာတ်တိုက်ထားသလို ကနေတယ်ထင်ရတာပါ တစ်ကယ်က ဇာတ်တိုက်ထားတာ မဟုတ်ပါဘူး လေ့ကျင့်နေကျဖြစ်နေလို့ Uke လုပ်ပေးတဲ့လူက Tori လှုပ်ရှားပုံကိုကြည့်ပြီး ဘာလုပ်မယ်ဆိုတာ သိနေလို့အလိုက်သင့် ဖြစ်နေတာပါ။ တောင့်နေရင် ဘာဖြစ်မလဲဆိုတော့ လက်အဆစ်တွေ ကျိုးသွားပါလိမ့်မယ်။ နမူနာကိုအောက်က Youtube ကိုသာကြည့်လိုက်ပါတော့။ သူတို့လည်း Ukemi တော်တော်ကိုကောင်းပါတယ်။

<object height="344" width="425"><param name="movie" value="http://www.youtube.com/v/UL4NdgHqRMk&hl=en_GB&fs=1&"></param><param name="allowFullScreen" value="true"></param><param name="allowscriptaccess" value="always"></param><embed src="http://www.youtube.com/v/UL4NdgHqRMk&hl=en_GB&fs=1&" type="application/x-shockwave-flash" allowscriptaccess="always" allowfullscreen="true" width="425" height="344"></embed></object>

တစ်ကယ်က Ukemi ဆိုတာက ရှေးကတော့ ကျနည်းစနစ်ဆိုတာထက်ပိုပါတယ် Uke တစ်ယောက်အနေနဲ့ Tori လေ့ကျင့်တာကို ကူညီပေးတဲ့နေရာမှာ အန္တရာယ်မရှိအောင် နေတဲ့နည်းစနစ်တွေပါ။ Judo နဲ့ Aikido ဆိုတာက ရှေးဟောင်း အတတ်ပညာတွေမဟုတ်တော့ အန္တရာယ်မရှိတော့ ကျတဲ့နည်းစနစ်အဖြစ်သာ ယူဆလိုက်တာပါ။ တစ်ကယ်က Aikido ဆိုတာက Takeda မိသားစု Shogun ဖြစ်ခဲ့စဥ်က နန်းတွင်းထဲမှာ လုပ်ကြံမှု့တွေကို ခုခံတဲ့နည်းစနစ်တွေကို စုစည်းထားတဲ့ အတတ်ပညာကို ခေတ်နဲ့ညီအောင်ပြုပြင်ထားတာပါ။ မူရင်းအတတ်ပညာက Daito Ryu Aiki Jujitsu လို့ခေါ်ပါတယ်။ Judo ဆိုလည်းအတူတူပဲ Jujitsu အတတ်ပညာမျိုးကွဲတွေ အများကြီးအပေါ်အခြေခံပြီးတော့ အားကစားအဖြစ် ပြုပြင်ထားခဲ့တာပါ။ Jujitsu ဆိုတာတွေက ကိုယ့်ကိုကိုယ်ကာကွယ်တဲ့ အတတ်ပညာဖြစ်တော့ တိုက်ခိုက်လာသူကို ကျိုးကန်းသွားစေတဲ့ နည်းစနစ်တွေများပါတယ် တစ်ချို့ဆိုရင်သေသွားစေနိုင်ပါတယ်။ အန္တရာယ်ဘယ်လိုရှိသလဲ အောက်က Youtube လေးတွေကို နည်းနည်းလောက်သာ ကြည့်လိုက်တာနဲ့ ရှင်းပြစရာ မလိုတော့ပါဘူး အဲဒါတွေက Aikido မဟုတ်ပါဘူး Daito Ryu က Aiki Jujitsu တွေပါ။ အဲဒီမှာ Uke တွေလို Ukemi ကောင်းဖို့ကတော့ အင်မတန်ခက်ပါတယ်။

<object height="344" width="425"><param name="movie" value="http://www.youtube.com/v/OO-ZKXhKxWQ&hl=en_GB&fs=1&"></param><param name="allowFullScreen" value="true"></param><param name="allowscriptaccess" value="always"></param><embed src="http://www.youtube.com/v/OO-ZKXhKxWQ&hl=en_GB&fs=1&" type="application/x-shockwave-flash" allowscriptaccess="always" allowfullscreen="true" width="425" height="344"></embed></object>

<object height="344" width="425"><param name="movie" value="http://www.youtube.com/v/8XuPIxKJl5I&hl=en_GB&fs=1&"></param><param name="allowFullScreen" value="true"></param><param name="allowscriptaccess" value="always"></param><embed src="http://www.youtube.com/v/8XuPIxKJl5I&hl=en_GB&fs=1&" type="application/x-shockwave-flash" allowscriptaccess="always" allowfullscreen="true" width="425" height="344"></embed></object>

<object height="344" width="425"><param name="movie" value="http://www.youtube.com/v/qrp0paz0sFI&hl=en_GB&fs=1&"></param><param name="allowFullScreen" value="true"></param><param name="allowscriptaccess" value="always"></param><embed src="http://www.youtube.com/v/qrp0paz0sFI&hl=en_GB&fs=1&" type="application/x-shockwave-flash" allowscriptaccess="always" allowfullscreen="true" width="425" height="344"></embed></object>

Training with Ikuhiro Kubota Shihan
Ikuhiro Kubota Shihan အကြောင်းကို ကြားဖူးနေတာကြာပါပြီ 7 Dan ဆရာဆိုတာ တစ်ကမာ္ဘလုံးမှာ လက်ချိုးရေလို့ပါတယ်။ သဘောကောင်းတယ် 7 Dan Shihan ဆိုပေမယ့်ကလေးတန်းတွေ သင်ရတာအင်မတန်စိတ်ရှည်တယ် ကိုယ်တိုင်လည်း Ukemi လုပ်ပြပြီးစိတ်ရှည်လက်ရှည် သင်ပေးတတ်တယ်။ မနှစ်ကတော့ Kubota Shihan ပါမလာဘူး Mutsuko Minegishi Shihan ပဲရောက်လာတယ် Minegishi Shihan ဆိုတာက အမျိုးသမီးတွေထဲမှာ 7 Dan အဆင့်ရှိတာ သူတစ်ယောက်ပဲရှိတယ်။ Minegishi က စင်ကာပူကဆရာနဲ့ တစ်ဆရာတည်းထွက်လို့ ပြောလို့ရသလို သူငယ်ချင်းတွေလည်း ဖြစ်နေတော့ ဆရာကအမြဲပဲ ဒုက္ခပေးပြီး စင်ကာပူကိုခေါ်လေ့ရှိတယ်။ မနှစ်ကတော့ စာမေးပွဲနဲ့တိုက်နေလို့ မသွားနိုင်လိုက်ဘူး။

သင်တန်းလည်း ပျက်နေတာကြာပေါ့ တစ်ခါတစ်လေ Aikido ဆိုတာတောင် မေ့တေ့တေ့ဖြစ်နေတာ။ ဖုန်းနံပါတ်ပြောင်းထားတာ ဆရာကိုမပို့ဖြစ်ဘူး ဖြစ်ချင်တော့ Facebook ကနေဆရာက Event နဲ့လှမ်းဖိတ်တယ် ဖေဖော်ဝါရီလထဲမှာ Kubota Shihan နဲ့ Minegishi Shihan တို့လာပြီးတော့ Seminar လုပ်မယ် လာမယ်ဆိုစာရင်းပေးဆိုမှ ဆရာကိုဖုန်းဆက်ပြီး နံပါတ်ပြောင်းသွားကြောင်း အကြောင်းကြားလိုက်ရတယ် စနေနေ့လာကစားပါ့မယ်ဆိုတော့ ဒီနေ့လာကိုလာရမယ် Kubota Shihan ဒီည Dojo မှာသင်တန်းပေးမယ် မလာရင်မင်းဘယ်တော့မှ Dojo ကိုမလာနဲ့လို့ ရာဇသံပေးတော့ ညပိုင်းသင်တန်းကို အပြေးအလှားသွားလိုက်ရတယ်။ သင်တန်းကိုရောက်တော့ ဖေဖော်ဝါရီဆိုပြီးတော့ ဘယ်နှယုံစောရောက်နေသလဲလို့ ဆရာကိုမေးတော့ အဲဒါက Kubota Shihan ကအခု တောင်အာဖရိက အိုက်ကိကိုင်းကိုသွားတာ ပြန်လာမှ Minegishi Shihan ကလိုက်လာမှာ ဒါက Kubota Shihan စင်ကာပူမှာ Transit လုပ်တဲ့အချိန် သင်တန်းခေါ်ပြီး ဒုက္ခပေးတာလေ နှစ်ခါဖြစ်တော့ဘာဖြစ်သလဲတဲ့။ သူ့လေယာဥ်က ဘယ်အချိန် ပြန်ထွက်မှာလဲမေးတော့ အဘိုးကြီးမနက် ၄ နာရီကတည်းက လေယာဥ်စီးလာတာ စင်ကာပူကို ၅ နာရီရောက် သင်တန်းမှာ ၉ နာရီခွဲအထိကစား မနက် ၁ နာရီလေယာဥ်ပြန်စီး တောင်အာဖရိကရောက်ရင် ၂ နာရီလောက်နားပြီး သင်တန်း ၂ ချိန်ကစားမယ်တဲ့။ ဆရာလုပ်ပုံများ အားမနာတမ်း ခေါ်လာတယ်။ ဆရာရယ် ဖြစ်ပါ့မလားဆိုတော့ ရပါတယ်ဟ ငါသူ့အကြောင်းသိပါတယ်တဲ့။

ပြေးနေတာကြာပြီဆိုတော့ မြက်ဖျာပေါ်မှာ ဟိုပြေးဒီပြေးပေါ့ လေ့ကျင့်ခန်း လုပ်ချင်ယောင်နေတာ သွေးပူလေ့ကျင့်ခန်းကနေကို မတက်နိုင်တော့ဘူး စဥ်းစားကြည့်တယ် Fly Fall မပြောနဲ့ Roll တောင်ရရဲ့လား သံသယဖြစ်လာတယ် စမ်းလည်းမထိုးရဲဘူးရယ်။ Shihan ကြီးလည်း အဝတ်လဲပြီး အခန်းထဲရောက်လာရော စောရောက်နေတဲ့ သင်တန်းသားများက အပြင်ထွက်ကုန်တယ်ဗျာ ကိုယ့်တစ်ယောက်တည်း မအူမလည်နဲ့ သွေးပူလေ့ကျင့်ခန်းနဲ့ ကျန်နေခဲ့ရော။ မကြာပါဘူး Shihan ကြီးကလာဦးဆိုခေါ်ပါရော ဆရာကလည်း ခိုင်းတော့မယ်ဆိုတာသိလို့ သူသင်တန်းပျက်နေတာ လအတော်ကြာပြီ သို့ပေမယ့် ဒီကောင် Ukemi အင်မတန်ကောင်းတယ်လို့ ထန်းပင်တက်လက်မှတ်ပါ ပြောပြီးတော့ အခွန်နဲ့မတယ်ခင်ဗျာ။ Shihan ကြီးကလည်း ကိုယ့်ကြည့်ပြီး ပူမနေပါနဲ့ အနက်ဖြစ်နေမှတော့ သင်တန်းပျက်တာလောက်နဲ့ မကျိုးပါဘူးဗျာ စိတ်ချဆိုပြီး သင်တန်းမစခင် သင်ရမယ့်ဟာတွေ သူ့ဟာသူစဥ်စားရင်းကိုယ့်နဲ့ ကစားလိုက်တာ စောစောမလုပ်ရဲတဲ့ Fly Fall တွေလည်းဘယ်က ထွက်လာမှန်းမသိဘူး အဲလိုမှမဟုတ်လည်း ကျိုးတော့မှာကိုးဗျ။ ကိုယ်ကသာ ဖတ်ဖတ်မောနေတာ သူကဖြင့် သင်တန်းပြီးအထိ ဆက်တိုက်တောင် ဘာမှဖြစ်ဘူးဗျာ အသက် ရဝ ဆိုတာဘယ်လိုယုံရမှန်းမသိဘူး။ ပြန်ခာနီးနှုတ်ဆက်သွားတယ် Ukemi အားကြီးကောင်းတယ် ဖေဖော်ဝါရီထဲကျ မင်းနဲ့ငါနဲ့ထပ်တွေ့တာပေါ့

O'Sensei's Training
စိတ်ရှည်လက်ရှည်စုပြီး ပေါင်းထားတဲ့ Video လေးပါ။ တော်တော်လေးကောင်းပါတယ်။ တစ်ချက်တစ်ချက်တော်တော်လေး အ့သြမိတယ် အသက် ရဝ နီးနီး အဖိုးကြီးတစ်ယောက် ဒီလောက်သွက်သွက် လက်လက် လှုပ်ရှားနိုင်တာ ယုံချင်စရာတောင်မရှိဘူး။ Partner အဖြစ်လိုက်ပေးတဲ့ Saito Sensei ဆိုတာက အနည်းဆုံး ပေါင် ၂၀ဝ လောက်ရှိတဲ့လူကြီး။ နောက်ပြီးတော့ Koichi Tohei ဆိုတာကလည်း နည်းတဲ့လူကောင်ကြီး မဟုတ်ဘူး။ O’Sensei ကအရပ် ၅ ပေ ၁ လက်မပဲရှိတယ်။ ဒါတောင် Saito ရော Tohei ရောသူ့အောက်မှာ ပြားပြားဝပ်ပဲ။ ဘယ်လိုများ လှုပ်ရှားနိုင်သလဲ စဥ်းစားမရဘူး။

<object height="350" width="425">
<param name="movie" value="http://www.youtube.com/v/VOnwTwUp1_w">
<param name="wmode" value="transparent">
<embed src="http://www.youtube.com/v/VOnwTwUp1_w;rel=0" type="application/x-shockwave-flash" wmode="transparent" height="350" width="425">
</object>

Aikido Friendship
Aikido Video လေးတွေ တွေ့လို့ဒီရက်ပိုင်း မကစားနိုင်တာနဲ့ အဆက်မပြတ်အောင် ဆိုပြီးဖွင့်ကြည့်မိတယ်။ ဘာတစ်ခုတွေ့သလဲဆိုတော့ Aikido Friendship ဆိုတဲ့ Video တစ်ခုကိုပြန်တွေ့တယ်။ အဲ့ဒီမှာ ပါတဲ့လူအားလုံးက အိုက်ကိကိုင်းလက်အောက်ခံ တစ်ယောက်မှမပါဘူး။ ဒါပေမယ့် အားလုံးကတော့ O’Sensei ရဲ့တပည့်အရင်းတွေပဲ သူတို့အားလုံး အဖွဲ့အစည်း အတူမဟုတ်ကြပေမယ့် တစ်ကယ်တမ်း ပြပွဲလုပ်တဲ့အချိန်မှာတော့ ဘာပြဿနာမှ မဖြစ်လာဘူး အားလုံး အရင်ကလိုပဲ ချစ်ချစ်ခင်ခင်ပဲ ပြသွားတာကို သဘောကျမိတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ သူတို့တစ်တွေ လမ်းခွဲသွားကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အခုအချိန်မှာတော့ Video ထဲကဆရာကြီးတွေအားလုံးနီးနီးလည်း မရှိကြတော့ပါဘူး။

<object height="350" width="425">
<param name="movie" value="http://www.youtube.com/v/sJ8VLPPTuH0">
<param name="wmode" value="transparent">
<embed src="http://www.youtube.com/v/sJ8VLPPTuH0;rel=0" type="application/x-shockwave-flash" wmode="transparent" height="350" width="425">
</object>

Every Aikido is Same or Different
ဒီနေ့ညနေကတော့ မရောက်တာကြာလို့ အိုက်ကီဒိုသင်တန်းကို အရောက်သွားပါတယ်။ သင်တန်းနဲ့ပြတ်နေတာကလည်း လေးပါတ်လောက်ရှိပြီဆိုတော့ သက်လုံလည်း အရင်လောက် မကောင်းတော့ပါဘူး။ နည်းပြချုပ်ကလည်း မြင်မြင်ချင်းပဲပြောပါတယ် တရုတ်နှစ်ကူးမှာတော့ မင်းမအားတဲ့ကြားကနေပြီး ငါ့အိမ်ကိုလာပြီး သောက်စားသွားပြီး အိမ်တောင်မပြန်နိုင်တော့လို့ ငါပြန်ပို့လိုက်ရတယ် သင်တန်းကျတော့ မင်းမအားလို့ပုံမှန်မလာဘူး တော်တယ်လို့ပြောပါတယ်။ ဖြစ်ချင်တော့ ဒီနေ့က Kinonagari လို့ခေါ်တဲ့ ရန်သူ့အင်အားကို လွတ်လပ်စွာစီးဆင်းသွားစေတဲ့ နည်းစနစ်တွေကိုပဲ ကစားခိုင်းပါတယ်။ သူတို့ကစားတဲ့ဟန်နဲ့ ကျွန်တော် ဗမာပြည်မှာကစားခဲ့တဲ့ဟန်နဲ့ သိပ်မတူပါဘူး ကိုယ်လည်း တတ်နိုင်သလောက်တော့ သူတို့ကစားတဲ့ပုံစံကို လိုက်ကစားပါတယ် ဒါပေမယ့်ခေါက်ရိုးကျိုးနေတဲ့ ပုံစံကတော့ အနည်းနဲ့အများတော့ ပါနေတာပါပဲ။ မှတ်မှတ်ရရ နည်းပြချုပ်က ကျွန်တော်ကို လာကြည့်ပြီးတော့ နည်းနည်း အတိမ်းအစောင်းကို လာပြင်ပေးပါတယ် ပြီးတော့ပြောပါတယ် ဒီလှုပ်ရှားမှု့ဟာ မင်းခန္တာကိုယ်အချိုးအစားအလိုက် ကွာဟမယ်လို့ပြောပါတယ်။ သူကစားတဲ့အတိုင်းလိုက် ကစားပါလို့ တစ်ခွန်းမှမဟဘူး ဘယ်သူ့ကိုမှလည်း သူအဲ့ဒီလိုမပြောဘူး။ ဗမာပြည်မှာဆိုရင်တော့ ဆရာဒီအတိုင်းဆိုရင် တစ်သွေမတိမ်းလိုက်လုပ်ရပါတယ်။ ကိုယ်လည်း ကိုယ့်တပည့်တွေကို ဒီလိုပဲသင်ခဲ့ပါတယ်။ ကြာတော့ ဘာတွေဖြစ်လာသလဲဆိုတော့ ကိုယ်သင်တာများလာရင် ကိုယ့်သင်တဲ့တပည့်တွေက ကိုယ့်ပုံစံမျိုးတွေ ဖြစ်လာတယ် သူတို့ကိုယ်ပိုင်ပုံစံမဟုတ်ဘူး။ ဒီတော့ သင်တန်းထဲမှာ မနက်ပိုင်းသင်တန်းသားနဲ့ ညနေပိုင်းသင်တန်းသား ပေါင်းလိုက်တဲ့အချိန်ကျရင် သင်တန်းကြီး နှစ်ခုကွဲနေသလိုပဲ။ ဒါကိုဘယ်လိုပြောရမလဲဆိုတော့ Unified Aikido လို့ပြောရမလိုဖြစ်နေတယ်။ ဒီမှာကတော့ပိုဆိုးတယ် တစ်ယောက်တစ်မျိုး။ ဒီတော့ Dynamic Aikido လို့ပြောရမယ်ထင်တယ်။ မှတ်မှတ်ရရ မန္တလေးကို Sensei Kanameda လာတော့ ညစာလိုက်ကွေးတယ်။ စားရင်းသောက်ရင်း သူကဘာပြောလဲဆိုတော့ “Every Aikido is ..” လို့ပြောနေတယ်။ မန္တလေးက ဆရာတစ်ယောက်က ဝင်ပြီးတော့ အားရပါးရထောက်ခံလိုက်တယ် “Same” ဆိုပြီးတော့။ တစ်ကယ်တမ်းက သူပြောမယ့်စကားလုံးက “Different” လို့ပြောချင်တာ။ သူလည်းအူလည်လည်နဲ့ ရောယောင်ပြီးတော့ “Same” လို့လိုက်ပြောလိုက်ရတယ်။ တစ်ကယ်တမ်းက တစ်ယောက်နဲ့ တစ်ယောက်ကွဲပြားနေတာကိုတောင် တစ်စုတစ်စည်းတည်းစုပေါင်း ကစားနိုင်ကြတယ်လို့ ဂုဏ်ယူချင်တာပါ။ ဗမာပြည်ရောက်မှ “Every Aikido is Same” ဖြစ်သွားတာကို သူလည်း သဘောပေါက်သွားပုံရတယ်။ ကိုယ့်ဘာသာကိုယ်လည်း သတိပေးရသေးတယ် မင်းဗမာပြည်အလည်ပြန်ရင် ဒုက္ခတွေ့မယ်လို့ ဘာလို့လည်းဆိုတော့ အခုကကိုယ့်မှာ ဗမာပြည်မှာကစားခဲ့တဲ့ဟန်တွေက ပျောက်ကုန်ပြီ ဗမာပြည်နည်းပြချုပ်တွေ့ရင်တော့့ ကောင်းကောင်းအဆဲခံရနိုင်တယ် သူသင်ပေးလိုက်တာနဲ့ လုံးလုံးမတူတော့ဘူး။ ကိုယ်သင်ခဲ့ကလေးတွေကတောင် ကိုယ်ကိုမှားတယ်ပြောကြမယ်ထင်တယ်။ သြော်…ဘာရယ်တော့မဟုတ်ပါဘူး ကိုယ့်ဆီကလူတွေကို ဒီပညာရပ်နဲ့ပါတ်သက်ပြီးတော့ အမြင်ကျယ်စေချင်တာတစ်ခုတည်းပါ။